Monday, November 18, 2013

သစ်ထူးလွင် သတင်းစုစည်းမှု (၁၈-၁၁)

သစ်ထူးလွင်



Posted: 18 Nov 2013 05:20 AM PST
မြန်မာနိုင်ငံသားဟု ယူဆရသူ အမျိုးသားတစ်ဦး ဒဏ်ရာများစွာဖြင့် သေဆုံးနေပြီး ခြေထောက်များကိုလည်း စည်းနှောင်ခံထားရကြောင်း မလေးရှားနိုင်ငံ ကလန်အရပ်မှ သတင်းရရှိသည်။ ကလန်မြောက်ပိုင်းဒေသ ရဲမှူး ဆူကာစုလောင်က သေဆုံးသူခန္ဓာကိုယ်ပေါ်မှ ယင်းဒဏ်ရာဒဏ်ချက်များသည် နှိပ်စက်ခံခဲ့ရကြောင်း ပြဆိုနေသည်ဟုဆိုသည်။ သေဆုံးသူသည် အသက် ၂၀ ၀န်းကျင်ရှိသည်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

Posted: 18 Nov 2013 05:18 AM PST
ညအချိန် သင်္ချိုင်းကုန်းရှိ  မှောင်ရိပ်ထဲတွင် ချိန်းတွေ့ကြသည့် စုံတွဲတစ်တွဲကို အမျိုးသားလေးဦးက ရန်စကာ ၀ိုင်းဝန်းထိုးကြိတ်ရာ အမျိုးသားသည် ဒဏ်ရာများဖြင့် သေဆုံးသွားကြောင်း သတင်းရရှိသည်။ ဒဂုံဆိပ်ကမ်းမြို့နယ်၊ အမှတ်(၁၆၈)ရပ်ကွက်၊ ရိုးမရိပ်သာလမ်းရှိ ကျီစုသုသာန်၏ အရှေ့ဘက်အမှောင်ရိပ်ထဲတွင် နိုဝင်ဘာ ၁၅ရက် ည ၁၀နာရီခွဲခန့်က ဆိုင်ကယ်ရပ်ကာ ချိန်းတွေ့နေကြသည့် အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးကို ဆိုင်ကယ်နှစ်စီးဖြင့် ရောက်လာကြသည် လူလေးဦးတို့က ရန်စကာ ၀ိုင်းဝန်းထိုးကြိတ်ကြသောကြောင့် အမျိုးသား သေဆုံးသွားကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ မှုခင်းမှတ်တမ်းတွင် ဖော်ပြထားသည်။  ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 18 Nov 2013 05:14 AM PST
အ​မျိုး​သား​ဒီ​မို​က​ရေ​စီ​အ​ဖွဲ့​ချုပ်​က ​ဖွဲ့​စည်း​ပုံ​အ​ခြေ​ခံ​ဥ​ပ​ဒေ ​ဆိုင်​ရာ ​ပြည်​သူ့ ​ဆ​န္ဒ​သ​ဘော​ထား​ရ​ယူ​ရေး ​လူ​ထု ​ဟော​ပြော​ပွဲ​ကို ​ဒီ​က​နေ့ ​နေ​ပြည်​တော်​မှာ ​ပြု​လုပ်​ခဲ့​ကြ​ရာ ​လူ​ထု ၂ ​သောင်း​လောက် ​တက်​ရောက်​ပြီး ​အ​များ​စု​က ​ဖွဲ့​စည်း​ပုံ​ပြင်​ဆင်​ရေး ​သ​ဘော​ထား​ပေး​ခဲ့​ကြ​ပါ​တယ်။အ​မျိုး​သား ​ဒီ​မို​က​ရေ​စီ ​အ​ဖွဲ့​ချုပ် ၂၀၀၈ ​ဖွဲ့​စည်း​ပုံ​အ​ခြေ​ခံ ​ဥ​ပ​ဒေ​ပြင်​ဆင်​ရေး ​လူ​ထု ​ဆ​န္ဒ​ခံ​ယူ​ပဲ ​အ​ခမ်း​အ​နား​ကို ​နိုဝင်​ဘာ​လ ၁၈ ​ရက်​နေ့ ​မ​နက်​က ​နေ​ပြည်​တော် ​ဇ​ဗ္ဗူ​သီ​ရိ​မြို့​နယ်၊ ​လက်​ပံ​ခါး​လှ​ကျေး​ရွာ​မှာ ​ပြု​လုပ်​ခဲ့​ပါ​တယ်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

Posted: 18 Nov 2013 05:11 AM PST
က ​ချင်​ပြည်​နယ် ​မန်​စီ​မြို့​နယ် ​နမ်​လင်း​ပါ​ရွာ​အ​နီး ​နိုဝင်​ဘာ ၁၇ ​ရက် ​အ​စိုး​ရ​တပ်​နဲ့ ​က​ချင် ​လွတ်​မြောက်​ရေး​တပ်​မ​တော် (​ကေ​အိုင်​အေ ​ရဲ့ ​ပြင်း​ထန်​တဲ့ ​တိုက်​ပွဲ​တွေ​ကြောင့် ​တော​တောင်​တွေ​ထဲ​ကို ​ထွက်​ပြေး​တိမ်းေ​ရှာင်​နေ​ရ​တဲ့ ​ဒု​က္ခ​သည်​တွေ ​ထောင်​ချီ​ရှိ​နေ​ပါ​တယ်။မြစ်​ကြီး​နား​မှာ ​ကျင်း​ပ​ခဲ့​တဲ့ ​အ​စိုး​ရ​နဲ့ ​ကေ​အိုင်​အေ​အ​ကြား ​ငြိမ်း​ချမ်း​ရေး ​ဆွေး​နွေး​ပွဲ​နောက်​ပိုင်း​မှာ ​အ​စိုး​ရ​နဲ့ ​ကေ​အိုင်​အေ​တပ်​တွေ​အ​ကြား ​ပြင်း​ထန်​တဲ့ ​တိုက်​ပွဲ​တွေ​ကြောင့် ​နမ်​လင်း​ပါ​ရွာ​နဲ့ ​အ​နီး​က ​ပြည်​တွင်းေ​ရွှ့​ပြောင်း​ဒု​က္ခ​သည် ​စ​ခန်း​က ​ထောင်​ချီ​တဲ့ ​ဒု​က္ခ​သည်​တွေ​ဟာ ​ဆောင်း​ဒဏ်​ကို ​အံ​တု​ရင်း ​တော​တောင်​တွေ​ထဲ​မှာ ​ခို​အောင်း​နေ​ကြ​ရ​တယ်​လို့ ​က​ချင်​ဒု​က္ခ​သည် ​ကယ်​ဆယ်​ရေး ​အ​ဖွဲ့​တွေ​က ​ပြော​ပါ​တယ်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

Posted: 18 Nov 2013 05:02 AM PST
ရခိုင်ပြည်နယ်ဘက်မှ ဘင်္ဂလာဒေခ်ျ့သို့ ခိုးဝင်လာသူ ၁၉ ဦးကို ပြန်လည် ပို့ဆောင်လိုက်သည်ဟု ဘင်္ဂလာဒေခ်ျ့ နယ်ခြားစောင့်တပ်က ပြောသည်။ ယင်းခိုးဝင်လာသူ ၁၉ ဦးကို လွန်ခဲ့သော သောကြာနေ့ ညနေပိုင်း ၇ နာရီ အချိန်တွင် တက်ကနက်မြို့နယ် ဇာတီမူရနှင့် နာယာပါရာ နယ်စပ်တွင် ဖမ်းဆီးရမိသည်ဟု သတင်းတွင် ဖေါ်ပြသည်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

မြန်မာနယ်စပ်အနီးမှ ဘင်္ဂလာ နယ်ခြားစောင့်တပ် ( ဓါတ်ပုံ- အင်တာနက်)


Posted: 18 Nov 2013 04:50 AM PST
အောင်ဆန်းရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးခန်းအတွင်း ညအချိန်ဓားမကိုင်၍ ၀င်လာသူ အမျိုးသားတစ်ဦးက အုပ်ချုပ်ရေးမှူးကို ဓားမဖြင့် ဆက်တိုက်ခုတ်သောကြောင့် ပြည်သူ့ဝန်ထမ်းအား နာကျင်အောင်ပြုလုပ်မှုဖြင့် အရေးယူလိုက်ကြောင်း သတင်းရရှိသည်။ အင်းစိန်မြို့နယ်၊ အောင်ဆန်းရပ်ကွက်အတွင်း နေထိုင်သည့် အငှားယာဉ်မောင်းတစ်ဦးက နိုဝင်ဘာ ၁၆ ရက် ည ၉ နာရီ မိနစ် ၃၀ တွင် ရပ်ကွက်အုပ်ချုပ်ရေးရုံးအတွင်း ဓားမကိုင်၍ ၀င်လာကာ အုပ်ချုပ်ရေးမှူးအား ဆက်တိုက်ခုတ်သောကြောင့် ဦးခေါင်းနှင့်လက်တို့တွင် ဒဏ်ရာများရကာ အင်းစိန်ဆေးရုံသို့ ပို့ဆောင်လိုက်ရကြောင်း ရန်ကုန်တိုင်းဒေသကြီး  ရဲတပ်ဖွဲ့မှုခင်းမှတ်တမ်းတွင် ဖော်ပြထားသည်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

Posted: 18 Nov 2013 04:49 AM PST
ကသာခရိုင်တရားရုံးတွင် စစ်ဆေးပြီး ရဲစခန်းသို့ ပြန်လည်ခေါ်ဆောင်လာစဉ် အချုပ်သားတစ်ဦး ထွက်ပြေးလွတ်မြောက်သွား၍ ကသာမြို့နယ် ရဲစခန်းမှူးနှင့် ရဲတပ်ဖွဲ့ဝင်သုံးဦးကို ရဲစည်းကမ်းထိန်းသိမ်းရေးဥပဒေဖြင့် စစ်ဆေးအရေးယူထားကြောင်း စစ်ကိုင်းတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သတင်းရရှိသည်။ နိုဝင်ဘာ ၁၅ ရက်က ကသာခရိုင်တရားရုံးတွင် စစ်ဆေးပြီး ရဲစခန်းအချုပ်သို့ ပြန်လည်ခေါ်ဆောင်လာသည့် ထွန်းထွန်းဝင်းဆိုသူ  အချုပ်သား လွတ်မြောက်သွားခြင်းကြောင့် ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 18 Nov 2013 02:33 AM PST
ရန်ကုန်တိုင်းဒေသကြီး သာကေတမြို့နယ်နှင့် လှိုင်သာယာမြို့နယ်တွင် မဲဇလီပင်ပေါ်သို့ မဲဇလီဖူး တက်ခူးသည့် အမျိုးသားနှစ်ဦး နိုဝင်ဘာလ ၁၇ ရက်နေ့က (တန်ဆောင်မုန်း လပြည့်နေ့) ဓာတ်လိုက် သေဆုံးခဲ့ကြောင်း သက်ဆိုင်ရာ ရဲတပ်ဖွဲ့စခန်းများထံမှ စုံစမ်းသိရှိရသည်။ နိုဝင်ဘာလ ၁၇ ရက် သာကေတမြို့နယ် ၄ တောင်ရပ်ကွက်၊ ယမုံနာလမ်းမပေါ် ရှုခင်းသာ ပန်းခြံရှေ့အနီးရှိ မဲဇလီပင်ပေါ်တွင် မဲဇလီ အဖူးများကို ခူးဆွတ်နေသည့် အသက် ၃၂ နှစ်အရွယ် ဦးမျိုးမင်းသိန်းသည် ဗို့အား ၆ သောင်း ၆ ထောင်ရှိသည့် မဟာဓာတ်အားလိုင်း၏ ဆွဲယူခြင်း ခံရပြီး ယင်းနေရာတွင်ပင် သေဆုံးခဲ့ကြောင်း (၄) တောင်ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးအောင်ထွန်းက The Voice သို့ ပြောကြားသည်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 18 Nov 2013 02:30 AM PST
မွန်ပြည်နယ် မုဒုံမြို့တွင် အတောင် ၄၀၀ ပြည့် လျောင်းတော်မူ ဘုရာကြီးကို ဦးစီးတည်ထား ကိုးကွယ်ခဲ့သည့် ဝင်းစိန် တောရဆရာတော် အဂ္ဂမဟာသဒ္ဓမ္မ ဇောတိက ဓဇဘဒ္ဒန္တကေသရကို ထိုင်းနိုင်ငံ ဘုရင်မင်းမြတ် ဘူမိဘောက ကထိန်သင်္ကန်း ဆက်ကပ်လှူဒါန်းခဲ့ကြောင်း ဝင်းစိန်တောရ ဂေါပကအဖွဲ့ထံမှ သိရှိရသည်။ ထိုင်း ဘုရင်မင်းမြတ်၏ ကထိန်သင်္ကန်းကို ဘုရင့်ကိုယ်စားလှယ်အဖွဲ့ ရှစ်ဦးနှင့် ထိုင်းသံဃာတော် နှစ်ပါးတို့က နိုဝင်ဘာ ၁၆ ရက်နေ့တွင် လာရောက် ဆက်ကပ်လှူဒါန်းခဲ့ခြင်း ဖြစ်သည်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

Posted: 17 Nov 2013 11:53 PM PST
 လာ​မယ့် ​ဘ​ဏ္ဍာ​နှစ်​အ​စ ၂၀၁၄ ​ဧ​ပြီ​လ ​က​စ ​နိုင်​ငံ​တော်​သ​မ္မ​တ​ဟာ ၁ ​လ ​လ​စာ ​ကျပ်​ငွေ ​သိန်း ၅၀ ​ခံ​စား​တော့​မယ်​လို့ ​ပြည်​ထောင်​စု​လွှတ်​တော် ​နောက်​ဆုံး​နေ့ ​သ​မ္မ​တ​က​နေ ​လွှတ်​တော်​ကို ​ပေး​ပို့​တဲ့ ​သ၀ဏ်​လွှာ​ဖော်​ပြ​ချက်​အ​ရ ​သိ​ရ​ပါ​တယ်။ အဲ​ဒီ ​သ၀ဏ်​လွှာ​ထဲ​မှာ ​သူ​တို့ ​အ​စိုး​ရ​အ​ဖွဲ့ ​တာဝန်​ယူ​ကာ​စ​မှာ ​တိုင်း​ပြည်​ရဲ့ ​ဘ​ဏ္ဍာ​ငွေ​ကြေး​နဲ့ ​အ​ခြေ​အ​နေ ​အ​ကြောင်း​ကြောင်း​ကြောင့် ​ဥ​ပ​ဒေ ​ပြ​ဋ္ဌာန်း​ချက်​ပါ ​သတ်​မှတ်​ထား​တဲ့ ​လ​စာ​တွေ​အ​တိုင်း ​မ​ခံ​စား​ဘဲ ​အ​ရင် ​စစ်​အ​စိုး​ရ​ခေတ်​က ​လ​စာ​တွေ​အ​တိုင်း​ပဲ ​ခံ​စား​ခဲ့​တယ်။ ​အ​ခု ​အ​စိုး​ရ​သက်​တမ်း ၂ ​နှစ်​ခွဲ၊ ၃ ​နှစ်​ရောက်​လာ​တဲ့​အ​ခါ ​တိုင်း​ပြည် ​ဘ​ဏ္ဍာ​ကို​လည်း ​အ​သင့်​အ​တင့် ​တိုး​တက်​အောင် ​ဖော်​ဆောင်​နိုင်​ခဲ့​ကြ​တယ်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

Posted: 17 Nov 2013 11:48 PM PST
နိုင်ငံတော် ပုန်ကန်မှုဖြင့် အကျဉ်းကျခဲ့ပြီး ဦးနေဝင်း၏ မြေးနှစ်ဦးနှင့်အတူ လွတ်မြောက်လာသော စကြာ အောင်ပွင့်ခေါင်သည် ဗေဒင်ဟော သည့်အလုပ်ကိုသာ ဆက်လက် လုပ်ကိုင်သွားမည်ဖြစ်ကြောင်း ရန်ကုန် တိုင်းမ် နေ့စဉ်နှင့် နိုဝင်ဘာ ၁၇ ရက်က သီးသန့်တွေ့ဆုံစဉ် ပြောကြားခဲ့သည်။ ဗေဒင်ဟော၊ ဓာတ်ခန်းဖွင့်ပြီးခုနစ်ရက်သားသမီးများအကျိုး ကို ဆောင်ရွက်ပေးသွားမည်ဖြစ်ကာ ယင်းကဲ့သို့ဟောကြားဖွင့်လှစ် မည့်အစီအစဉ်ကို တရားဝင်ကြေ ညာသွားမည်ဖြစ်ကြောင်း သိရ သည်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 17 Nov 2013 11:37 PM PST
ကော့သောင်းခရိုင် ခမောက်ကြီး မြို့နယ် ဆိတ်ဖူးကျေးရွာနှင့် ထိုင်း နိုင်ငံ ရနောင်းခရိုင်၊ ကလပ်ပူရိ မြို့နယ်သို့ နှစ်နိုင်ငံချစ်ကြည်ရေး တံတားထိုးနိုင်ရန်အတွက် နှစ်နိုင် ငံစီးပွားရေးလုပ်ငန်းရှင်များက ဆွေးနွေး လျက်ရှိကြောင်း သွား ရောက်ဆွေးနွေးရာတွင် ပါဝင် ခဲ့သည့် ကော့သောင်းခရိုင် ငါး လုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦး မင်းလွင်က ပြောကြားခဲ့သည်။ ခရိုင်ငါးလုပ်ငန်းရှင်များအ သင်းအပါအဝင် တခြားစီးပွား ရေးလုပ်ငန်းရှင် များနှင့် ထိုင်းစီး ပွားရေးလုပ်ငန်းရှင်များက နိုဝင် ဘာ ၁ရက် က ပေ၂၅ဝ အရှည်ရှိ သည့် တံတားတည်ဆောက်ရေးနှင့် စက်မှုဇုန်တည်ဆောက်ရေးနှင့် ပတ်သက်ပြီး ဆွေးနွေး ခဲ့ခြင်းဖြစ် ကြောင်း ဦးမင်းလွင်က ပြောသည်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

Posted: 17 Nov 2013 11:38 PM PST
မြန်မာနိုင်ငံ အတွင်းရှိ ပြည်နယ်များ တွင်ရှိသော လေဆိပ်၃၀ကို နိုင်ငံတကာ အဆင့်မြင့်မည် ဖြစ်ကြောင်း
လေကြောင်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန အုပ် ချုပ်ရေးနှင့် စီမံခန့်ခွဲရေးဌာနမှ ညွှန်ကြားရေးမှူး
ဦးရဲထွဋ်အောင်က People Powerသတင်းစာသို့ အတည်ပြု ပြောကြားသည်။ ပြည်တွင်း လေဆိပ် ၃၀ကို နိုင်ငံတကာ အဆင့်မှီ ဖွံ့ဖြိုး တိုးတက်စေရန်အတွက် ပုဂ္ဂလိကလုပ် ငန်းရှင်းများနှင့် ပူးပေါင်းဆောင် ရွက်မည်ဖြစ် ကြောင်း ၎င်းကဆိုသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

Posted: 17 Nov 2013 11:15 PM PST
နိုဝင်ဘာလ(၂၀)ရက်နေ့ ထုတ် မြန်မာပို့စ် ဂျာနယ် အတွဲ(၅) အမှတ်(၄၆)
ဂျာနယ် ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ

Posted: 17 Nov 2013 11:12 PM PST
နိုဝင်ဘာလ(၁၇)ရက်နေ့ ထုတ် Mobile Guide Journal Issue 2 Volume 28
ဂျာနယ် ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ

Posted: 17 Nov 2013 11:09 PM PST
နိုဝင်ဘာလ(၁၇)ရက်နေ့ ထုတ် Digital Life ဂျာနယ် အတွဲ ၂ အမှတ် ၂၈
ဂျာနယ် ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ

Posted: 17 Nov 2013 10:56 PM PST
သောင်ထွန်းသဖြင့် ရေလမ်းကြောင်း ကျပ်တည်း လာမှုများနှင့် ပတ်ဝန်းကျင် ထိခိုက်မှု ဆိုးရွားစွာ ရင်ဆိုင်လာနေရသည့် ဧရာဝတီ မြစ်ကြောင်းကို ထိန်းသိမ်း ပြုပြင်ရန်အတွက် ၂၀၁၃ - ၂၀၁၄ ဘဏ္ဍာရေးနှစ်တွင် ကျပ်သန်းပေါင်း တစ်ထောင်ကျော် အသုံးပြုမည် ဖြစ်ကြောင်း ပို့ဆောင်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဟံစိန်က ပြောကြားသည်။ ဧရာဝတီ မြစ်ကြောင်း ပြုပြင် ထိန်းသိမ်းရေး လုပ်ငန်းတွင် ဗန်းမော်မှ ရန်ကုန်အထိ မြစ်အတွင်း ရေလမ်းကြောင်း ကျပ်တည်း ကျဉ်းမြောင်းသည့် နေရာ ၄၆ နေရာကို သောင်တူး ရေယာဉ် ၁၉ စီးဖြင့် သောင်တူးဖော်ခြင်း၊ သဲသောင် စုပ်ယူခြင်း စသည်တို့ကို ဆောင်ရွက်မည် ဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

Posted: 17 Nov 2013 10:53 PM PST
ဆီးရီးယား နိုင်ငံ ဒမားစကပ်စ်မြို့တော်နားက စစ်စခန်းတခုမှာ အင်အားပြင်း ဗုံးတလုံးနဲ့ ဖောက်ခွဲ တိုက်ခိုက်ခံခဲ့ရလို့ အစိုးရ တပ်ဖွဲ့ဝင် အယောက် ၃ဝကျော် သေဆုံးသွားပြီး အဲဒီအထဲက လေးယောက်က ဗိုလ်ချုပ်ကြီးတွေ ဖြစ်တယ်လို့ အတိုက်အခံ အဖွဲ့တွေက ပြောပါတယ်။
ပေါက်ကွဲမှုကြောင့် အဆောက်အဦပြိုကျမှုတွေ ဖြစ်ခဲ့ပြီး ဖောက်ခွဲရေး ပစ္စည်းတွေကို မြေအောက်ခန်းထဲမှာ ထား ဖောက်ခွဲခဲ့တာလို့ အတိုက်အခံ အဖွဲ့တွေက ဆိုပါတယ်။

ဒီသတင်းသာ အတည်ဖြစ်မယ် ဆိုရင် အတိုက်အခံဖက်က တိုက်ခိုက်ရေးသမားတွေဟာ အစိုးရဖက်က လုံခြုံရေး အစောင့်အကြပ်တွေကို ကျော်သွားနိုင်တဲ့ သဘောမျိုး ဖြစ်နေပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်လို့ ဆီးရီးယား အစိုးရဖက်က သတင်းတစုံတရာ ထွက်ပေါ်လာတာ မရှိသေးပါဘူး။

ဘီဘီစီ (မြန်မာပိုင်း)


ပေါက်ကွဲမှုကို အဝေးက မြင်ရပုံ

Posted: 17 Nov 2013 10:30 PM PST
လူသားအားလုံး ကျန်းမာဖို့လိုသလို ကမ္ဘာကြီးလည်း ကျန်းမာဖို့ လိုပါတယ်။ ဒါကြောင့်လည်း ကမ္ဘာမြေကို ချစ်သူတွေက လူမှုပတ်ဝန်းကျင်နဲ့ သဘာဝဝန်းကျင်တွေ ထိန်း သိမ်းကာကွယ်စောင့်ရှောက် ပြီး စိမ်းလန်းသာယာလှပစေဖို့ကမ္ဘာ တစ်ဝန်းမှာ တက်ကြွစွာ လှုပ်ရှားနေကြပါပြီ။ နိုင်ငံသား တစ်ဦးချင်းဆီမှာတစ်ကိုယ်ရေ ကျန်း မာေ ရးစောင့်ရှောက်မှု အသိစိတ်ဓာတ်ကနေ မိမိနေထိုင်ရာ ဒေသန္တရနဲ့ လူ့အဖွဲ့ အစည်းတစ်ခုလုံး ” သန့်ရှင်းကျန်းမာ လူ့ဝန်းကျင်ကမ္ဘာ” ဖြစ်လာအောင် ပါဝင်ရွက်ေ ဆာင်ကြ ရမှာက မွေးရာပါလူသားအခွင့် အရေးတာဝန်ပဲ ဖြစ်ပါတယ်။ ---
ဆောင်းပါး အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 17 Nov 2013 10:12 PM PST
မြန်မာနိုင်ငံ စစ်ကိုင်းတိုင်း ဒေသကြီး နှင့် နယ်နိမိတ်ချင်း ထိစပ်နေသည့် အရူနာချာ ပရာဒေ့ရှ် ပြည်နယ် နယ်စပ်တစ်လျှောက်ဖြစ်သော ပန်ဆောင်တောင်ကြားလမ်း (Pangsau Pass) နယ်စပ် ကုန်သွယ်ရေးစခန်းကို မကြာမီ ဖွင့်လှစ် သွားမည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီး နန်ဆီးပါးက ပြောဆိုသည်။ ကုန်သွယ်ရေး လမ်းကြောင်းသစ် ပြန်လည်ပေါ်ထွန်းလာခြင်း အားဖြင့် မြန်မာ၊ တရုတ်၊ အိန္ဒိယ ကုန်သွယ်မှု ပိုမိုဖြစ်ထွန်း လာမည်ဖြစ်၍ အာဆီယံ- အိန္ဒိယ နိုင်ငံများ အကြား ဆက်သွယ်ရေးကို ထူထောင်မည့် ထူခြားသော ခြေလှမ်း တခုလည်း ဖြစ်ကြောင်း ၄င်းက ပြောသည်ပာု အိန္ဒိယ Itanagar သတင်းဌာနက ရေးသားထားသည်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

 (ပုံ) ပန်ဆောင်တော် ဖြတ်ဝင်လာမည့် မြန်မာ- အိန္ဒိယ


Posted: 17 Nov 2013 09:56 PM PST
မြန်မာနိုင်ငံ၏ အရေးကြီးသော ရေနက် ဆိပ်ကမ်းနှင့် အထူးစီးပွားရေးဇုန် တည်ဆောက်ရေး စီမံကိန်း တစ်ခုဖြစ်သည့် ထားဝယ် ရေနက်ဆိပ်ကမ်း စီမံကိန်း ကနဦး လုပ်ကိုင်ခွင့်ရ အီတာလျံ-ထိုင်း (ITD) ကုမ္ပဏီ စီမံကိန်းမှ နုတ်ထွက်မည် ဆိုသည့် သတင်းများ ယခုရက်ပိုင်းအတွင်း ထွက်ပေါ်လျက် ရှိကြောင်း ထားဝယ်ဒေသခံ အချို့နှင့် အဆိုပါ စီမံကိန်းတွင် လုပ်ကိုင်နေသူများက ပြောကြားသည်။ ထားဝယ် စီမံကိန်းကို အကောင်အထည်ဖော် ဆောင်ရွက်နေသည့် အီတာလျံ-ထိုင်း ကုမ္ပဏီ (ITD) သည် နိုဝင်ဘာလ ၂၀ ရက်နေ့မှစပြီး နဘုလယ်ရှိ မြေပြင် လုပ်ငန်းခွင်မှ စတင်ထွက်ခွာတော့မည် ဖြစ်ကြောင်း ကုမ္ပဏီ ဝန်ထမ်းများနှင့် နဘုလယ် ဒေသခံများ အကြား၌ သတင်းထွက်ပေါ်လျက် ရှိသည်။---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 17 Nov 2013 09:47 PM PST
အမေရိကန် ပြည်ထောင်စု က Illinois ၊ Indiana နဲ့ Kentucky ပြည်နယ်တွေမှာ အင်အားပြင်းထန်တဲ့ လေဆင်နှာမောင်း တိုက်ခတ်ခဲ့ပါတယ်။ အမေရိကန် အနောက်အလယ်ပိုင်း တလွှားမှာ အရှိန် အဟုန်နဲ့ ဝင်ရောက် တိုက်ခတ်ခဲ့ လေဆင်နှာမောင်းဒဏ်က ဘေးလွတ်ရာ ပြေးကြဖို့ ဒေသခံတွေဆီကို ဆိုင်ရင် အချက်ပေးသံတွေနဲ့ သတိပေးခဲ့ပါတယ်။ Peoria မြို့နဲ့ အနီးက Washington (in Illinois) မြို့တို့က ရတဲ့ ဓါတ်ပုံတွေ အရ ကားတွေ ကျွမ်းပျံနေတာ ၊ အိမ်တွေဆို အောက်ခြေကနေ လဲပြိုကုန်တာကို တွေ့ရပါတယ်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


လေဆင်နှာမောင်းဒဏ် ခံခဲ့ရပြီးတဲ့နောက် မြင်ကွင်း
Posted: 17 Nov 2013 09:30 PM PST
အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ၀န်ကြီး ဌာနမှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောပြချက် အရ အရှေ့ အလယ်ပိုင်း ဒေသတွေဖြစ်တဲ့ ကူဝိတ်၊ ယူအေအီး စတဲ့ နိုင်ငံတွေသို့ အလုပ်သမား သံအရာရှိ စေလွှတ်ဖို့ အတွက် စီစဉ်လျက် ရှိတယ်လို့ သိရပါတယ်။ အခုလို စီစဉ်ရာ မှာလည်း အခက်အခဲ အနေနဲ့ အဆိုပါ နိုင်ငံတွေရဲ့ စရိတ်ကြီးမှုကြောင့် ငွေကြေးပိုင်း ဆိုင်ရာတွေကို ထည့်သွင်း စဉ်းစား လျက်ရှိနေတာ ဖြစ်တယ်လို့ သိရပါတယ်။ အခုလို အလုပ်သမား သံအရာရှိ ထားရှိမှုတွေကို ကိုရီးယား၊ မလေးရှား စတဲ့ နိုင်ငံတွေမှာ ထားရှိပြီး ဖြစ်တယ်လို့ သိရပါတယ်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 17 Nov 2013 09:25 PM PST
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရေး လူထုဆန္ဒရယူပွဲ အခမ်းအနားကို နံနက် ၈ နာရီ ၃၀ မိနစ်မှာ စတင်ရာ အဖွဲ့ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် တက်ရောက်လာခဲ့သည်။ အခမ်းအနားကို အစီအစဉ် ၉ ရပ်နဲ့ကျင်းပမှာ ဖြစ်ကြောင်း၊ အခမ်းအနားအစတွင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်မှ အဖွဲ့ချုပ်၏ ဖွဲ့စည်းပုံနှင့် ပါတ်သက်သော ကြေညာချက်ကို ဖတ်ကြားခဲ့ပြီး ယခုအချိန်တွင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းမြင့်မှ ဖွဲ့စည်းပုံ အခြေခံ ဥပဒေပေါ်ပေါက်လာပုံကို ရှင်းလင်းဟေယပြောလျက်ရှိသည်။ ထို့နောက် နံနက် ၉နာရီ ၃၀ မိနစ်တွင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်မှ အခြေခံဥပဒေနှင့် ပါတ်သက်၍ ဆွေးနွေးဟောပြောလျက်ရှိသည်။
National League for Democracy







Posted: 17 Nov 2013 08:57 PM PST
ရွှေပြည်သာမြို့နယ်တွင် ဆယ်ကျော်သက်အိမ်ဖော်မိန်းကလေးကို ကြိမ်လုံးဖြင့် ရိုက်နှက်နှိပ်စက်သည့် အိမ်ရှင်လင်မယား အမှုဖွင့်အရေးယူခံရကြောင်း သတင်းရရှိသည်။ ရွှေပြည်သာမြို့နယ် ၁၂ ရပ်ကွက်ရှိ နေအိမ်တွင် ငါးလကြာ အိမ်ဖော်အဖြစ် လုပ်ကိုင်နေသည့် အသက် ၁၄ နှစ်အရွယ် မိန်းကလေးကို  နေအိမ်ပိုင်ရှင်တို့က နေအိမ်အတွင်း ညှဉ်းပန်းနှိပ်စက်၍ ကြိမ်လုံးများဖြင့် ရိုက်နှက်ခဲ့သဖြင့် အဆိုပါအိမ်ဖော်မှာ နိုဝင်ဘာ ၁၄ ရက်တွင် နေအိမ်မှ ထွက်ပြေးခဲ့သည်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...