Tuesday, November 26, 2013

အန်ကယ် ဦးထွေးမြင့် ကောင်းရာသုဂတိ လားပါစေ

Poe Poe Thu's photo.

  • အန်ကယ် ဦးထွေးမြင့်ဟာ ၈၈ အရေးတော်ပုံကြီး မတိုင်ခင် ဒီမိုကရေစီလှုပ်ရှားမှုတွေမှာပါဝင်ခဲ့ သူဖြစ်လို့ ကြိုးဒဏ် သေဒဏ် (၂)ကြိမ်ကျခံရပြီး လွတ်ငြိမ်းချမ်းသာခွင့်ရရှိခဲ့ ပါတယ်။ ဒေါ်အောင် ဆန်းစုကြည် မြန်မာ့ဒီမိုကရေစီလှုပ်ရှားမှုထဲ ပါဝင်လာနိုင်အောင် ထဲထဲဝင်ဝင် အဓိက ပံ့ပိုးပေးခဲ့သူ တစ်ဦးဖြစ်ပါတယ်။ 
     
    ၁၉၈၈ ၈၈ အရေးတော်ပုံကြီး ကာလမှာ ထွေးမြင့် အောင်ဆန်းစုကြည်ဆိုပြီး သူတို့လက်မှတ်နှစ်ခုနဲ့ မြန်မာ့နိုင်ငံရေးသမားများသို့ တိုက်တွန်းချက်ဆိုးတဲ့ ပူးတွဲကြေငြာချက် ထုတ်ပြန်ဖူးပါတယ်။ ဒါဟာ ဒေါ်အောင်ဆန်းစုကြည် မြန်မာဒီမိုကရေစီလောကထဲ တရားဝင် ဝင်ရောက်ခဲ့တဲ့ ပထမဦးဆုံး ထုတ်ပြန် ကြေငြာချက်ဖြစ်ပါတယ်။ အန်ကယ် ဦးထွေးမြင့်ဟာ ဗိုလ်ချုပ်အောင်ဆန်းရဲ့လုပ်ဖော်ကိုင်ဘက် ဦးကျော်ငြိမ်းရဲ့ ယောက်ဖ တော်စပ်သူဖြစ်ပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ထူထောင်သူတွေထဲ အန်ကယ် ဦးထွေးမြင့် ပါဝင်ခဲ့ပါတယ်။ နောက်တော့ ဦးသုဝေ ဦးဆောင်တဲ့ ဒီမိုကရေစီပါတီမှာ ဒု ဥက္ကဌအဖြစ် တာဝန်ယူခဲ့ဖူးပါတယ်။ ၈၈ နောက်ပိုင်းလည်း ထောင်နှစ်ရှည်လများ ကျခံရသူဖြစ်ပါ တယ်။ ထောင်ကလွတ်ပြီး နောက်ပိုင်းကာလတွေမှာ ဝါရင့် နိုင်ငံရေးသမားကြီးများအဖွဲ့မှာ ပါဝင်ခဲ့ပါတယ်။ သူဟာ မြန်မာ့ဒီမိုကရေစီလှုပ်ရှားသူတွေထဲက စိတ်ဓါတ်ကြံ့ခိုင်သူ စစ်အုပ်စုနဲ့ အပေးမယူမလုပ်သူတွေထဲ ပါဝင်ပါတယ်။ ဘီဘီစီ သတင်းသမားဖြစ်ဖူးတယ်။ ပြည်ပြေးဖြစ်ဖူးတယ်။ စစ်အစိုးရရဲ့ အကျဉ်းသား ဒီမိုကရေစီ ဘက်တော်သား တစ်ဦးဖြစ်ပါတယ်။ အန်ကယ် ဦးထွေးမြင့် ကွယ်လွန်တာ ကျနော် အထူး ယူကြုံးမရ ဝမ်းနည်းကြေကွဲရပါတယ်။ 
    အန်ကယ် ဦးထွေးမြင့် ကောင်းရာသုဂတိ လားပါစေ။

    Credit Zaw Win

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...