Tuesday, November 19, 2013

သစ်ထူးလွင် သတင်းစုစည်းမှု (၁၉-၁၁)

သစ်ထူးလွင်



Posted: 19 Nov 2013 04:31 AM PST
လှည်ကူးမြို့နယ် နေအိမ်မှ ပျောက်သွားသည် လေးနှစ်အရွယ် ကလေးငယ်ကို လူမှုကွန်ရက် ဖေ့စ်ဘွတ်ခ်ကြောင့် လေးရက်အ ကြာတွင် ပြန်လည်ရှာ ဖွေတွေ့ရှိခဲ့ကြောင်း ကလေးငယ်၏ မိခင်ဖြစ်သူ ဒေါ်ဝင်းဝင်းဌေးကပြောသည်။ လှည်းကူးမြို့နယ် အောင်မင်္ဂလာ ရပ်ကွက်အတွင်း နေထိုင်သော အသက် လေးနှစ်အရွယ် မောင်ပြည်စုံအောင်သည် နေအိမ်မှ နိုဝင်ဘာ ၁၃ ရက်မှစ၍ ပျောက်ဆုံး သွားခဲ့ပြီးနောက် ၄င်း၏ဆွေမျိုးများက ဖေ့စ်ဘွတ်ခ်ပေါ်တွင် ကြော်ငြာ၍ အကူအညီတောင်းခဲ့သည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

Posted: 19 Nov 2013 04:28 AM PST
အတည်ပြုလိုက်သော ပြည်ထောင်စု လွှတ်တော်ဥပဒေကို ပြင်ဆင်သည့် ဥပဒေအရ သမ္မတအား လုပ်ပိုင်ခွင့်ပေးထားသည့် အချက်အချို့ကို ပြည်ထောင်စု လွှတ်တော်ကိုပါ ခွဲဝေပေးလိုက်ပြီး နိုင်ငံအတွင်း သယံဇာတတူးဖော်သည့်လုပ်ငန်းများ၊ မြစ်ဆုံစီမံကိန်းကဲ့သို့ စီမံကိန်းကြီးများ ပြုလုပ်လိုပါက ပြည်ထောင်စုလွှတ်တော်၏ သဘောတူ ညီ ချက်ရရှိမှသာ ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း သတင်းရရှိသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

Posted: 19 Nov 2013 04:22 AM PST
ရခိုင်ပြည်နယ် ကျောက်တော်နှင့် ပေါက်တောမြို့နယ်အတွင်း တည်ရှိသော ကျေးရွာ နှစ်ခုမှ အသက် (၅ ) နှစ်အရွယ် ကလေးမလေး နှစ်ဦးသည် အကြမ်းဖက် အသတ်ခံခဲ့ရသည်ဟု သတင်း ရရှိသည်။ အသတ်ခံရသူ အမျိုးသမီးငယ် တစ်ဦးမှာ ကျောက်တောမြို့နယ် ကြာညိုပြင်ကျေးရွာမှ ရခိုင်လူမျိုး ဦးရွှေအောင်နှင့် ဒေါ်မိုးမိုးစံတို့ သမီး မိမိငယ် (၆) နှစ် ဖြစ်ကြောင်း သိရသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

အသတ်ခံရသူ အမျိုးသမီးငယ်နှင့် ရတက်မအေး ဖြစ်နေကြသော ရွာသားများ( ဓါတ်ပုံ- ဝေဟင်အောင်)

Posted: 19 Nov 2013 02:34 AM PST
ပဋိပက္ခများကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးခဲ့ရသူများကို အစားအစာ၊ ရေနှင့် သန့်ရှင်းရေး ပစ္စည်းများ၊ အသက်မွေးဝမ်းကျောင်း အစီအစဉ်များ ထောက်ပံ့ပေးရန်အတွက် အမေရိကန် အစိုးရက အမေရိကန် ဒေါ်လာ ၂၅ သန်း ပံ့ပိုးပေးသွားမည် ဖြစ်ကြောင်း နိုဝင်ဘာလ ၁၈ ရက်နေ့တွင် ရန်ကုန်မြို့ အခြေစိုက် အမေရိကန်သံရုံးက ထုတ်ပြန်သည်။ လူသားချင်း စာနာထောက်ထားမှု အကူအညီ ရရှိမည့် ဒေသများတွင် ရခိုင်ပြည်နယ်၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ် တောင်ပိုင်း၊ ကရင်ပြည်နယ်၊ ကယားပြည်နယ်နှင့် မွန်ပြည်နယ်တို့ ပါဝင်ကြောင်း၊ ယင်းရန်ပုံငွေများကို အစိုးရနှင့် နိုင်ငံတကာ ရန်ပုံငွေ အဖွဲ့အစည်းများ အကူအညီဖြင့် ထောက်ပံ့သွားမည် ဖြစ်ကြောင်း အဆိုပါ ထုတ်ပြန်ချက်အရ သိရသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

Posted: 19 Nov 2013 02:31 AM PST
 ရှမ်း​ပြည်​နယ် ​တောင်​ပိုင်း ​လွိုင်​လင်​ခ​ရိုင် ​ပင်​လုံ​မြို့​နယ်​ထဲ​မှာ  ​ဟင်း​သီး​ဟင်း​ရွက် ​ခူး​ထွက်​တဲ့​  ​က​လေး​ငယ်​တ​ဦး ​အ​ပါ​အ၀င်    ​ရွာ​သူ ၄ ​ဦး ​မိုင်း​နင်း​မိ​ပြီး ​ဒဏ်​ရာ​တွေ​ရ​သွား​ခဲ့​တယ်​လို့ ​ပင်​လုံ​ဆေး​ရုံ​နဲ့ ​ဒေ​သ​ခံ​တွေ​ရဲ့ ​ပြော​ပြ​ချက်​အ​ရ ​သိ​ရ​ပါ​တယ်။ ပြီး​ခဲ့​တဲ့ ​နိုဝင်​ဘာ ၁၆ ​ရက်​နေ့ ​မွန်း​လွဲ​ပိုင်း​က  ​တော​ထဲ​မှာ   ​မိုင်း​နင်း​မိ​တဲ့​  ​လူ​နာ ၄ ​ဦး​  ​ဆေး​ရုံ​ကို ​ရောက်​လာ​ပြီး ၂ ​ဦး​မှာ ​ဒဏ်​ရာ ​ပို​ပြင်း​တဲ့​အ​တွက် ​လွိုင်​လင်​ခ​ရိုင် ​ဆေး​ရုံ​ကို ​ဆက် ​ပို့​ဆောင်​ထား​ရ​ကြောင်း ​ပင်​လုံ​ဆေး​ရုံ ​တာဝန်​ကျ ၀န်​ထမ်း​တ​ဦး​က ​ပြော​ပါ​တယ်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 19 Nov 2013 02:25 AM PST
 ​ရ​ခိုင်​ပြည်​နယ် ​ကျောက်​ဖြူ​မြို့​မှာ ​နိုဝင်​ဘာ ၁၈ ​ရက် ​ည​ပိုင်း​က ​လူ​အုပ်​စု​တ​စု​ဟာ ​ဗ​လီ​တ​လုံး​ကို ​ဖျက်​ဖို့ ​ကြိုး​ပမ်း​ခဲ့​ကြ​ပေ​မယ့် ​ရဲ​တပ်​ဖွဲ့​က ​အ​ချိန်​မီ ​တား​ဆီး​လိုက်​နိုင်​ခဲ့​တယ်​လို့ ​ပြည်​နယ်​အ​စိုး​ရ ​တာဝန်​ရှိ​သူ​က ​ပြော​ပါ​တယ်။ ​တ​န​င်္လာ​နေ့​  ​ည ၈ ​နာ​ရီ​ကျော်​လောက်​က ​ဖြစ်​ပွား​ခဲ့​တာ ​ဖြစ်​ပြီး ​ကျောက်​ဖြူ ​လူ​မှု​ကွန်​ရက်​အ​ဖွဲ့​က ​ဦး​ထွန်း​နိုင် ​ပြော​ပြ​တာ​က “​မ​နေ့​က ​ည​နေ​ပိုင်း​က ​ဗ​လီ​ဘက်​ကို ​အ​ချို့​က ​သွား​ပြီး​တော့ ​ဖျက်​ကြ​တယ်​လို့ ​အဲ​ဒီ​အ​သံ​ကြား​တယ်။ ​ကျ​နော် ​မ​နက်​က ​သွား​ပြီး​တော့ ​ပျက်​တော့ ​နည်း​နည်း​ပျက်​နေ​တယ်။ ​အဲ​ဒီ ​ဗ​လီ​က ​ဟို​တုန်း​က​လည်း ​ပျက်​နေ​တာ​ပဲ။ ​တံ​ခါး​တွေ​က ​အ​ကုန်​လုံး ​ပျက်​နေ​တယ်။ ​----

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 19 Nov 2013 01:38 AM PST
ပုဂ္ဂလိက ကိုယ်ပိုင်မီးစက်များအား လူသွားစင်္ကြံနှင့် လမ်းနယ်နမိတ်တို့ တွင် ချထားသုံးစွဲခွင့်ပြုခဲ့ရာမှ မကြာမီ ဖယ်ရှားရှင်းလင်းတော့မည်ဖြစ်၍ ရန် ကုန်မြို့တော်စည်ပင်သာယာရေးကော် မတီ အင်ဂျင်နီယာဌာန( လမ်းနှင့်တံ တား)မှ သက်ဆိုင်သူများအား နိုဝင်ဘာ (၁၁)ရက်နေ့က အသိပေးနှိုးဆော်ထား ကြောင်းသိရသည်။ ရန်ကုန်မြို့တော် စည်ပင်သာယာ ရေးကော်မတီသည် မြို့တော်နေပြည်သူ များ လျှပ်စစ်မီးသုံးစွဲရန် အဆင်ပြေစေ ရေးအတွက် လူသွားစင်္ကြံများ၊ လမ်းဧရိ ယာများအတွင်းတွင် မီးစက်များချထား မှုအပေါ် နှစ်စဉ်ကြေးကောက်ခံ၍ ယာယီခွင့်ပြုထားပြီး ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

Posted: 19 Nov 2013 01:13 AM PST
မြောက် ​ကို​ရီး​ယား ​ရီ​ဗြူး​ဂျာ​နယ်​ရဲ့ ​မ​ကြာ​ခင်​က ​လေ့​လာ​တွေ့​ရှိ​မှု​အ​ရ ​မြောက်​ကို​ရီး​ယား နိုင်​ငံ​မှာ ​မက်​သာ​အက်​ဖက်​တ​မင်း ​စိတ်​ကြွ​ဆေး​တွေ ​ကျယ်​ကျယ်​ပြန့်​ပြန့် ​သုံး​စွဲ​လာ​နေ​တယ် ​တာ ​တွေ့​ရှိ​ရ​ပါ​တယ်။ ​အ​များ​ကြား​မှာ ​အိုက်စ်​လို့ ​သိ​ကြ​တဲ့ ​ဒီ​ဆေး​ဟာ ​ဆေး​စွဲ​သွား​နိုင်​မှု ​မြင့်​မား​ပါ​တယ်။ အ​သက် ၂၅ ​နှစ် ​ရှိ​အ​ရွယ် ​ကျောင်း​သား​တ​ဦး​ဖြစ်​တဲ့ ​ကင်မ်​ဟွန်​ဘင်း (​အ​မည်​ရင်း​မ​ဟုတ် ​က ​မက်​သာ​အက်​ဖက်​တ​မင်း ​ဆေး​ကို ​မြောက်​ကို​ရီး​ယား​က ​ထွက်​ပြေး​လာ​ခဲ့​တဲ့ ၂၀၀၉ ​ခု​နှစ်​က ​နောက်​ဆုံး​သုံး​စွဲ​ခဲ့​တယ်​လို့ ​ပြော​ပါ​တယ်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

Posted: 19 Nov 2013 01:08 AM PST
ဖူကူရှီးမားလျှပ်စစ်ဓာတ် အားပေးစက်ရုံမှ အခက်အခဲဆုံးနှင့် အန္တရာယ်အများဆုံးလုပ်ငန်းဖြစ် သော ယူရေနီယမ်နှင့် ယူတိုနီ ယမ်လောင်စာချောင်းများ ထုတ် ယူရေးလုပ်ငန်းကို Tepco မှ နျူ ကလီးယားအင်ဂျင်နီယာများ စတင်ပြင်ဆင်နေကြောင်း သိရ သည်။ သဘာဝဘေးကြောင့် ပျက် စီးသွားခဲ့ရသော ဓာတ်ပေါင်းဖို သုံးခုမှ လောင်စာချောင်းများ ထုတ်ယူမှုကို တနင်္လာနေ့တွင် စတင်မည်ဟု သိရသည်။ ဖူကူ ရှီးမားဓာတ်ပေါင်းဖိုသိုလှောင်ကန် ထဲတွင် လောင်စာချောင်း ၁၅၀၀ ကျော်ရှိနေပြီး နှစ်ရက်အတွင်း လောင်စာချောင်း ၂၂ချောင်း ထုတ်ယူနိုင်လိမ့်မည်ဟု ကုမ္ပဏီ မှ မျှော်လင့်ထားပြီး လုပ်ငန်းစဉ် ကြီးတစ်ခုလုံးအတွက် တစ်နှစ် ကျော် ကြာမည်ဟု သိရသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

Posted: 19 Nov 2013 12:58 AM PST
ရန်ကုန်- နေပြည်တော်ရှိ အစိုးရ၀န်ထမ်းအိမ်ရာအားလုံးတွင် ယခင်အစိုးရလက်ထက်က အခမဲ့တပ်ဆင်ပေးထားသည့် ရုပ်သံလိုင်းများကို ဒီဇင်ဘာ ၁ ရက်မှ စတင်ဖြတ်တောက်သွားမည်ဖြစ်ပြီး အခမဲ့ပြသနေသည့် မြန်မာ့အသံနှင့် ရုပ်မြင်သံကြားအပါအ၀င် ရုပ်သံလိုင်းများ ကြည့်ရှုလိုပါက ကျပ် ၃၂၀၀၀ တန် ဒစ်ဂျစ်တယ်ရုပ်သံဖမ်းစက်များကို ၀ယ်ယူတပ်ဆင်ရန် နေပြည်တော်ကောင်စီက ၀န်ထမ်းများအား စာထုတ်ပြန်ထားကြောင်း သတင်းရရှိသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

Posted: 19 Nov 2013 12:52 AM PST
အ ​လုပ်​သ​မား​၀န်​ကြီး​ဌာ​န​နဲ့ ​နိုင်​ငံ​တ​ကာ ​အ​လုပ်​သ​မား​အ​ဖွဲ့​ချုပ် (​အိုင်​အယ်လ်​အို ​ပူး​ပေါင်း​ပြီး ​လာ​မယ့် ၂၀၁၄ ​ခု​နှစ်​ကျ​ရင် ​မြန်​မာ​နိုင်​ငံ​ရဲ့ ​အ​လုပ်​သ​မား​အင်​အား​စာ​ရင်း ​သု​တေ​သ​န ​ပြု​စု​ကောက်​ခံ​မယ့် ​နား​လည်​မှု ​စာ​ချွန်​လွှာ​တ​ခု​ကို ​နေ​ပြည်​တော်​မှာ ​လက်​မှတ်​ရေး​ထိုး​ခဲ့​ကြောင်း ​သိ​ရ​ပါ​တယ်။ စာ​ချွန်​လွှာ​ထဲ​မှာ ​မြန်​မာ​နိုင်​ငံ​ထဲ​မှာ ​လုပ်​ငန်း ​အ​မျိုး​အ​စား ​ဘယ်​လောက်​ရှိ​တယ်၊ ​အ​လုပ်​သ​မား​တွေ ​ဘယ်​လောက် ​လုပ်​ခ ​လ​စာ​ရ​နေ​ကြ​တယ်၊ ​---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 19 Nov 2013 12:50 AM PST
လွှတ် ​တော်​အ​မတ်​တွေ​ဟာ ​မြို့​နယ် ၁ ​မြို့​နယ်​စီ​အ​တွက် ​ချ​ထား​ပေး​တဲ့ ​ဒေ​သ ​ဖွံ့​ဖြိုး​ရေး ​ရန်​ပုံ​ငွေ ​ကျပ် ​သိန်း ၁ ​ထောင်​စီ​ကို ​စ ​ပြီး ​သုံး​နိုင်​ပြီ​လို့ ​အန်​အယ်လ်​ဒီ​ပါ​တီ​က ​အ​မျိုး​သား​လွှတ်​တော်​အ​မတ် ​ဒေါက်​တာ​မြတ်​ဥာ​ဏ​စိုး​က ​ပြော​ပါ​တယ်။ ပြီး​ခဲ့​တဲ့ ​နိုဝင်​ဘာ ၁၅ ​ရက်​နေ့ ​လွှတ်​တော် ​အ​စည်း​အဝေး​ပွဲ​တွေ​အ​ပြီး ​ကျပ် ​သိန်း ၁ ​ထောင်​စီ ​သုံး​စွဲ​ရ​မယ့် ​လုပ်​ထုံး​လုပ်​နည်း​တွေ​ကို ​ထုတ်​ပြန်​ပေး​လိုက်​တဲ့​အ​တွက် ​ခု​လို ​စ​ပြီး ​အ​သုံး​ပြု​နိုင်​တာ​လို့ ​သူ​က ​ပြော​ပါ​တယ်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

Posted: 19 Nov 2013 12:47 AM PST
ရခိုင်ပြည်နယ် ကျောက်ဖြူမြို့တွင် ယမန်နေ့ သူခိုးကြီးများည ၈နာရီခွဲအချိန်ခန့်က မူးယစ်နေကြသော လူ ၃၀ ကျော်ခန့်သည် သန်ပန်ချောင်းရပ်ကွက်၊ ကမ်းနားလမ်းရှိ ဗလီတစ်လုံးအား ဖျက်ဆီးရန် ကြိုးပမ်းခဲ့ကြပြီး ရဲတပ်ဖွဲ့က ည ၉နာရီခွဲခန့် အချိန်တွင် ရောက်သွားပြီး ထိမ်းသိမ်းနိုင်ခဲ့သည်ဟု ကျောက်ဖြူရဲစခန်းမှ တာဝန်ကျ ရဲအရာရှိတစ်ဦးက ပြောသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

Posted: 18 Nov 2013 11:56 PM PST
ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး အတွက် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီ၏ လုပ်ငန်းစဉ်များကို ဝေဖန် ပြောဆိုနေပြီး တပ်မတော်နှင့် NLD အကြား စိတ်ဝမ်းကွဲအောင် ပြုလုပ်နေသူများ ရှိကြောင်း NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။ NLD ပါတီက နိုဝင်ဘာလ ၁၈ ရက်နေ့တွင် နေပြည်တော် ဇမ္ဗူသီရိမြို့နယ်၌ ပြုလုပ်သော ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ဆိုင်ရာ လူထုသဘောထား ရယူရေး ဟောပြောပွဲတွင် ၎င်းက ယင်းသို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

Posted: 18 Nov 2013 11:51 PM PST
ရန်ကုန်တိုင်းဒေသကြီး ရွှေပြည်သာမြို့နယ် (၁၂) ရပ်ကွက် စံပယ်လမ်းသွယ် (၁) လမ်း၊ အမှတ် (၁၉၃) နေအိမ်မှ အိမ်ရှင် ဖြစ်သူ၏ နှိပ်စက်မှုတို့ကို မခံနိုင်၍ ထွက်ပြေး လွတ်မြောက်ခဲ့သော အသက် ၁၄ နှစ်အရွယ် မိန်းကလေးအမှုကို တရားဝင် တိုင်ကြားလာပါက တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ် အေးချမ်းရေး ကော်မတီက ကူညီဖြေရှင်းပေးမည် ဖြစ်ကြောင်း အဆိုပါ ကော်မတီမှ အတွင်းရေးမှူး ဦးဝင်းမြင့်က The Voice သို့ ပြောကြားသည်။ ယင်းအိမ်တွင် အိမ်အကူအဖြစ် လုပ်ကိုင်နေသော အသက် ၁၄ နှစ်အရွယ် မိန်းကလေးမှာ နိုဝင်ဘာလ ၁၄ ရက်နေ့ ည ၉ နာရီခွဲခန့်က လူမရှိခိုက် သံဆူးကြိုးများပေါ်မှ ခိုးထွက်ပြီး ပတ်ဝန်းကျင်သို့ အကူအညီ တောင်းခံ ခဲ့သဖြင့် အနီးပတ်ဝန်းကျင် အိမ်များမှ လူတချို့၏ လမ်းညွှန်ချက်အရ (၁၂) ရပ်ကွက် NLD ရုံးခန်းသို့ ထွက်ပြေး လွတ်မြောက်ခဲ့ခြင်း ဖြစ်ကြောင်း ရွှေပြည်သာ မြို့နယ် (၁၂) ရပ်ကွက်တွင် နေထိုင်သူများထံမှ သိရသည်။---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

Posted: 18 Nov 2013 11:47 PM PST
လွှတ်တော် ကိုယ်စားလှယ်များအတွက် ဝန်ထမ်းတစ်ဦးစီ ခန့်အပ်ခွင့်ပြုရန် လွှတ်တော် ကိုယ်စားလှယ်များ ဆိုင်ရာ အခွင့်အရေး ဥပဒေကြမ်းတွင် ထည့်သွင်း ရေးဆွဲထားကြောင်း လွှတ်တော် ကိုယ်စားလှယ်များက ပြောကြားသည်။ လွှတ်တော်အတွင်း ဆွေးနွေး မေးမြန်းရာတွင် လိုအပ်သော အထောက်အထားများ ဖြစ်သည့် ဥပဒေများ၊ အစိုးရဌာနဆိုင်ရာ လုပ်ထုံးလုပ်နည်းနှင့် အချက်အလက်များကို ရှာဖွေ ရေးသားခြင်း၊ စာစီခြင်း၊ မိတ္တူကူးခြင်းတို့ကို ကိုယ်တိုင် ပြုလုပ်ရသဖြင့် လွှတ်တော် ကိုယ်စားလှယ် တစ်ယောက်အနေနှင့် ထိထိရောက်ရောက် လုပ်ဆောင်နိုင်ရန် အခက်အခဲ ရှိကြောင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးရဲထွန်းက ရှင်းပြသည်။---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

Posted: 18 Nov 2013 11:44 PM PST
မြန်မာ နိုင်ငံတွင် အမည်ပျက်စာရင်းဝင် နေသေးသည့်ဆရာဝန် ၅၅၅ဦး ခန့် ကျန်ရှိနေသေးကြောင်း သိရ သည်။အဆိုပါဆရာဝန်များမှာ ဌာနမှကင်းကွာနေသောဆရာ ဝန်များ၊ အကြောင်းတစ်စုံတစ်ရာ ကြောင့် လျော်ကြေးငွေပေးဆောင် ရမည်ဟု အမိန့်စာထုတ်ပြန်ခြင်း ခံရသူများဖြစ်ကြောင်း သိရသည်။''အဲဒီဆရာဝန်တွေထဲမှာ လျော်ကြေးငွေပေးလျော်ဖို့ လိုအပ် တဲ့သူတွေဆိုရင် ပေးလျော်ရမယ်။ အဲဒီဆရာဝန်တွေကို အမည်ပျက် စာရင်းကနေ ပယ်ဖျက်ပေးလိုက် ပေမယ့် နိုင်ငံ့ဝန်ထမ်းအဖြစ် ပြန် လည်ခန့်ထားတာမျိုး၊ တာဝန် ထမ်းဆောင်စေတာမျိုးတော့ မရှိ ပါဘူး''ဟု ကျန်းမာရေးဦးစီးဌာန မှ ညွှန်ကြားရေးမှူးချုပ် ဒေါက် တာမင်းသန်းညွန့်က ပြောသည်။---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

Posted: 18 Nov 2013 11:31 PM PST
နိုဝင်ဘာလဆန်းပိုင်းမှ စတင်ကာ တဖြည်းဖြည်းကျဆင်းလာသည့် ပြည်တွင်းရွှေဈေး အကျပိုင်းသို့သာ ဦးတည်နေနိုင်သည်ဟု ရွှေဆိုင်လုပ်ငန်းရှင်များက ပြောသည်။ နိုဝင်ဘာလဆန်းပိုင်းတွင် တစ်ကျပ်သားလျှင် ကျပ် ၆၈၇,၀၀၀ ဈေးရှိခဲ့ပြီး နိုဝင်ဘာ ၁၈ ရက်တွင်ကျပ် ၆၇၇,၀၀၀ ဈေးရှိလာသည်ဟု ရွှေဆိုင်လုပ်ငန်းရှင်များက ဆိုသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

Posted: 18 Nov 2013 11:26 PM PST
စစ်ကိုင်းမြို့နယ်အတွင်း လူတစ်ဦးက သံဃာတစ်ပါးနှင့် လူသုံးဦးကို ဓားဖြင့်ခုတ်ခဲ့ပြီး၊ ကျူးလွန်သူကို လတ်တလော သံသယရှိထားသည်မှာ စိတ်ဒေနာသည် တစ်ဦးဖြစ်ကြောင်း စစ်ကိုင်းမြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်တစ်ဦးက နိုဝင်ဘာ ၁၈ တွင် ပြောကြားလိုက်သည်။ သေဆုံးသူ အမျိုးသားတစ်ဦးမှာ ရွာသစ်တိုက်နယ် အုပ်စုနှင့် ငါ့တရော်ကျေးရွာအကြားရှိ ကျေးလက် ဖွံ့ဖြိုးရေး လမ်းပေါ်တွင် နိုဝင်ဘာ ၁၇ ရက် နံနက်က လည်ပင်းနေရာတွင် ပြတ်ရှဓားဒဏ်ရာများနှင့် သေဆုံးခဲ့ခြင်းဖြစ်သည်။---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

Posted: 18 Nov 2013 11:21 PM PST
 နှစ်နှစ်နီးပါးခန့် ကြာမြင့်သည်အထိ ဖား ကန့်လုပ်ကွက်များ ပိတ်ထားသည့်အတွက် ဒေသခံများအပါအဝင် ရွှေ့ပြောင်းလုပ်သား များမှာ စားဝတ်နေရေးအတွက် အခက် အခဲများ ရှိနေကြောင်း သိရှိရသည်။ ပြီးခဲ့သည့် နှစ်ကစ၍ လုပ်ကွက်များ ရပ် နားခဲ့ရရာ အခက်အခဲရှိသော်လည်း ကာလတို သာဖြစ်လိမ့်မည်ဟုအထင်ဖြင့် စားဝတ်နေရေး အတွက် လတ်တလော ဖြေရှင်းမှု များသာ ပြု လုပ်ခဲ့ကြောင်း လက်ရှိတွင် အခြေအနေ တည် ငြိမ်လာသော်လည်း နှစ်နှင့်ချီကာ ပိတ်လာသည့် အတွက် အခက်အခဲတွေ့ကြုံမှုက ပိုမိုဆိုးရွား လာကြောင်း ဖားကန့်ကျောက်လုပ်သားတစ် ဦးက ပြောသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

Posted: 18 Nov 2013 11:17 PM PST
မွန်ပြည်နယ် အတွင်း ဖမ်းဆီးရမိ သော လိုင်စင်မဲ့ မော်တော်ယာဉ် ၈၈ စီး အား နိုဝင်ဘာ ၆ ရက်နေ့ နံနက်က မော်လမြိုင်မြို့ ကမ်းနားလမ်းရှိ မြို့နယ် အကောက်ခွန် ဦးစီး ဌာန ရုံးတွင် လေလံပွဲ ကျင်းပရာ မော်တော်ယာဉ် ၇၇ စီး လေလံ အောင်မြင်သဖြင့် နိုင်ငံတော်မှ ငွေကျပ် ၈၅၇၅ ဒသမ ၁ဝ၇ သိန်းရရှိ သည့်အပြင် လေလံအောင်မြင်သူ များ အနေဖြင့် မိမိလေလံရရှိသော မော်တော်ယာဉ် တင်ဒါအောင်မြင်ငွေ၏ ၇ ဒသမ ၅ ရာခိုင်နှုန်း ကို မြို့နယ် အခွန် ဦးစီးဌာနသို့ ထပ်မံပေးသွင်း ရမည်ဖြစ် ၍ နိုင် ငံတော်မှ ငွေကျပ် ၆၄၃ ဒသမ ၁၃၃ ထပ်မံ ရရှိမည်ဖြစ်၍ စုစုပေါင်း ကျပ် ၉၂၁၈ ဒသမ ၂၄ဝ သိန်း ရရှိမည် ဖြစ်ကြောင်း သိရသည်။---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 18 Nov 2013 11:14 PM PST
နှစ်နိုင်ငံ သံတမန် ဆက်ဆံရေး ထူထောင်အပြီး နှစ်ပေါင်း ၆၀ နီးပါးအတွင်း နိုင်ငံ့ခေါင်းဆောင် တစ်ဦး၏ ပထမဆုံး ခရီးစဉ်အဖြစ် မွန်ဂိုလီးယားနိုင်ငံ သမ္မတ မစ္စတာအယ်လ်ဘတ်ခ် ဒေါ့ဂ်ျဇတ်ခ် ဟီးလ်ယာဒ်သည် နိုဝင်ဘာလ ၁၈ ရက်နေ့တွင် မြန်မာနိုင်ငံ သို့ ရောက်ရှိလာကြောင်း နိုင်ငံတော် သမ္မတရုံးထံမှ သိရသည်။
မွန်ဂိုလီးယား ခေါင်းဆောင်၏ ခရီးစဉ် ပထမနေ့တွင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် သမ္မတအိမ်တော်၌ တွေ့ဆုံအပြီး နှစ်နိုင်ငံ ခရီးသွား လုပ်ငန်းနှင့် သတ္တုကဏ္ဍများတွင် ပူးပေါင်း ဆောင်ရွက်ရေးနှင့် အာဆီယံ- မွန်ဂိုလီးယား ဆက်ဆံရေးတို့ကို ဆွေးနွေးကြောင်း သမ္မတရုံးက ထုတ်ပြန် ကြေညာသည်။---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 18 Nov 2013 11:10 PM PST
မြန်မာနိုင်ငံ၏ နာမည်ကျော် ဈေးဝယ်စင်တာ တစ်ခုဖြစ်သော စိန်ဂေဟာ (Sein Gay Har) ဈေးဝယ် စင်တာ၏ Facebook စာမျက်နှာကို နိုဝင်ဘာလ ၁၅ ရက်နေ့ နံနက်အစောပိုင်းက အတိုက်ခိုက် ခံထားရကြောင်း စိန်ဂေဟာ၏ ဒါရိုက်တာ အဖွဲ့ဝင်တစ်ဦး ဖြစ်သူ ဦးအောင်ဇော်မြင့်က ပြောကြားသည်။ နိုဝင်ဘာလ ၁၅ ရက်နေ့နံနက် အစောပိုင်းမှစ၍ နိုဝင်ဘာလ ၁၈ ရက်နေ့အထိ အဆိုပါ တိုက်ခိုက်သူတို့၏ ထိန်းချုပ်မှုအောက်တွင် ရှိနေဆဲ ဖြစ်ကြောင်း၊ ထို့ကြောင့် ယင်းကာလအတွင်း အဆိုပါ စာမျက်နှာတွင် ရေးသား ဖော်ပြထားသည့် အကြောင်းအရာများသည် စိန်ဂေဟာ မိသားစုနှင့် မသက်ဆိုင်ကြောင်း၊ ၎င်းတို့၏ အာဘော် မဟုတ်ကြောင်း ရန်ကုန်မြို့၊ ဒဂုံမြို့နယ် ပြည်လမ်းရှိ စိန်ဂေဟာ ဈေးဝယ်စင်တာ၏ ရုံးခန်းတွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ၎င်းကရှင်းလင်း ပြောဆိုသည်။---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

Posted: 18 Nov 2013 06:02 PM PST
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဒီမိုကရေစီစံနှုန်းတွေနဲ့အညီ စစ်မှန်တဲ့ ပြုပြင်ပြောင်းလဲတာမျိုးမလုပ်တဲ့ ပါတီတွေ၊ လူပုဂ္ဂိုလ်တွေကို ၂၀၁၅ ရွေးကောက်ပွဲမှာ မဲမပေးကြဖို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က လူထုကို တိုက်တွန်းလိုက်ပါတယ်။ ပျဉ်းမနား နေပြည်တော်မှာ တနင်္လာနေ့က ကျင်းပတဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးဆိုင်ရာ လူထုဆန္ဒသဘောထားရယူတဲ့ အခမ်းအနားမှာ ဒေါ်အောင်ဆန်းစုကြည်က အဲဒီလို ပြောခဲ့တာပါ။ မအင်ကြင်းနိုင်က တင်ပြပေးထားပါတယ်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

Posted: 18 Nov 2013 04:23 PM PST
မကြာသေးခင်က ပြုလုပ်ခဲ့တဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲမှာ မြန်မာအစိုးရက အသစ်ထပ်မံ တင်သွင်းဆွေးနွေးလာတဲ့ တပ်ပိုင်းဆိုင်ရာ စစ်ရေးထိန်းချုပ်မှုတွေကို မွန်ပြည်သစ်ပါတီက သဘောမကျဘူးလို့ အရေးပေါ်ကျင်းပတဲ့ ပါတီဗဟို ကော်မတီအစည်းအဝေးက ဆုံးဖြတ်လိုက်ပါတယ်။ နိုဝင်ဘာလ(၁၃)ရက်ကနေ (၁၅)ရက်နေ့အထိ မွန်ပြည်သစ်ပါတီ ဗဟိုဌာနချုပ်မှာကျင်းပတဲ့ အရေးပေါ် ဗဟိုကော်မတီအစည်းအဝေးကနေ အဓိကအားဖြင့် အကြောင်းအရာနှစ်ရပ်ကို ဆွေးနွေးဆုံးဖြတ်ခဲ့ရာမှာ တာဝန်ရာထူးအပြောင်းအလဲနဲ့ တစ်ပြည်လုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာကိစ္စမှာ မြန်မာအစိုးရရဲ့ သဘောထားတွေအပေါ်ကို မွန်ပြည်သစ်ပါတီကစိစစ်ပြီး မိမိတို့သဘောထားတွေကို ချမှတ်ခဲ့တယ်လို့သိရပါတယ်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...