Wednesday, November 27, 2013

သန်း ၄၀ ကို ဘယ်လိုစည်းရုံးရေးဆင်းမလဲ???

ကျနော်တို့ မြန်သျန့် (မြန်မာပြည်ကို တရုတ်လိုခေါ်သည်)မှာ လူသန်း၆၀ရှိတယ်လို့ဆိုကြတယ်။ အဲဒီထဲက ၇၅%က တောင်သူလယ်သမားတွေ။ ၇၅%ဆိုတော့ ၄၅သန်းပေါ့ဗျာ။ ရေးလို့ကောင်းအောင် သန်း၄၀ ပဲထားလိုက်ဗျာ။ အဲဒီတော့ သန်း၄၀ ကိုသာ စည်းရုံးးရေးဆင်းနိုင်မယ်ဆိုရင် အင်အားအလွန်တောင့် ပါတီဖြစ်တော့မှာပေါ့ဗျာ။ ဟုတ်ဘူးလား။

တနှစ်က မိတ်ဆွေတယောက်က ကျွန်းစိုက်ခင်း ဧကအများကြီး လုပ်ချင်လို့ဆိုပြီး လိုအပ်မယ့် နည်းပညာဆိုင်ရာစာအုပ်စာပေ အကိုးအကား ရှာဖွေရေးဆင်းတောာ့ ကျနော်လဲ ယောင်ပေပေနဲ့ ပါသွားလေရဲ့။ အဲဒီမှာ ဘာတွေ့လဲဆိုတော့ စိုက်ပျိုးရေးတိုင်းပြည်လုပ်မယ်ဆိုတဲ့ မြန်သျန့်နိုင်ငံက စိုက်ပျိုးရေးနဲ့ပတ်သက်တဲ့ research ၊ technical data ပြည့်ပြည့်စုံစုံ မရှိဘူးဆိုတာပါပဲ။

အဲဒီတော့ ကျွန်းနဲ့ပတ်သက်တာတွေကို လက်တွေ့ research လုပ်ရင်းစိုက်ပျိုးနေတဲ့ ခရိုနီကြီးရဲ့ ပဲခူးရိုးမက ခြံကို ညာတာပါတေးနဲ့ခိုးဝင် တာဝန်ခံနဲ့ လက်ဖ၀ါးရိုက်ပြီး data တွေတောင်းတော့ အကုန်ထုတ်ပြပါတယ်။ ဒါပေမယ့် ခုမှ ငါးနှစ်သားအထိရောက်နေတဲ့ reserch data တွေသာရခဲ့ပါတယ်။ ဘယ်ဒေသမှာ ဘယ်အပူချိန် ဘယ်မိုးရေချိန်နဲ့ဆိုရင် ဘယ်နှနှစ်သားမှာ လုံးပတ်ဘယ်လောက်ရမယ်ဆိုတာကို ဘယ်ပညာရှင်ကမှ research လုပ်ထားတာ မရှိဘူးဆိုတာကို သိလိုက်ရပါတယ်။

တကယ်တမ်း စိုက်ပျိုးရေးလုပ်ကိုင်နေကြတဲ့တောင်သူတွေကို စိုက်ပျိုးရေးနည်းစနစ်တွေ၊ အထွက်နှုံးပိုကောင်းစေမယ့် နည်းစနစ်တွေ၊ ပိုးသတ်ဆေးအကြောင်းတွေ၊အခြေခံ ဈေးကွက်မြှင့်တင်ရေးနည်းလမ်းတွေ၊ တာရှည်အထားခံသိုလှောင်နည်းလမ်းတွေ မသိပဲ မိရိုးဖလာ သမားရိုးကျလုပ်နေကြသူတွေ သန်း၄၀လောက်ရှိပါတယ်။ ရွာတရွာကို တရက်နှုံးနဲ့ လူစုပြီး စိုက်ပျိုးရေး ပညာပေးလေးတွေလုပ်မယ်ဆိုရင် အဲဒီရွာက လူအားလုံးနီးပါးက ကြိုဆိုကြမှာပါ။ကျေးဇူးတင်ကြမှာပါ။ ကြက်သွန်စိုက်တဲ့တောင်သူကို ကြက်သွန်ပရော်ဖက်ရှင်နယ်ဖြစ်အောင် ပညာရှင်တွေခေါ်ပြီးတွန်းတင်ပေးမယ်ဆိုရင် ဘ၀နဲ့ချီပြီးကို ကျေးဇူးတင်နေကြမှာပါ။

ပိုက်ဆံတွေအကုန်ခံ အရှုံးခံပြီး ခရိုနီအတင်းတုတ်ဂျာနယ်ထုတ်ဝေနေမယ့်အစား အေဖိုးစာရွက်နဲ့ စိုက်ပျိုးရေးနည်းစနစ်လေးတွေဖြန့်ဝေမယ်ဆိုရင် ကျနော်တို့ မြန်သျန့်ကြီးလဲ တိုးတက်လာမယ်ထင်ပါတယ်။ ၀င်း-၀င်းဆော်လူးရှင်းပေါ့ဗျာ။ တောင်သူတွေလဲအကျိုးရှိ-ပါတီကြီးလဲလူသိများကျော်ကြား မကောင်းဘူးလားခင်ဗျာ။

(သဘောမတူသူများ အားပါးတရ ဆဲနိုင်ကြပါသည်)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...