Monday, November 25, 2013

၂ ၅ နှ စ် အ ချိ န်ေ တွ .... ။


သမိုင်း မှာ
လူပင်လယ်လှိုင်းတံပိုးထ
တိုင်းပြည်မှာ ပေါက်ကွဲသံတွေနဲ့
တော်လှန်ကြတဲ့ အချိန် ...

လမ်းပေါ်မှာ
သွေးနီနီ အိုင်ထွန်းဗွက်ထ
အာဏာရှင် ချောင်ပိတ်ပြန်ကိုက်သံတွေနဲ
လူသတ်ပွဲ ကျင်းပတဲ့ အချိန် ...

ရင်ထဲ ကို
ကြယ်စင်တွေကြွေကျည
နှလုံးသားကတောက်ခေါက်သံတွေနဲ့
ငါ လူဖြစ်ခဲ့ရတဲ့ အချိန် ....

နှလုံးသား မှာ
ခံပြင်းစိတ်ဆုံးဖြတ်ချက်ချ
ဘဝကို စွန့်ခွာချတဲ့ ရဲဘော်တွေနဲ့
လက်တွဲတော်လှန်တဲ့ အချိန် ...

လက်ရှိ မှာ
ခေတ်ပြောင်းပြီလို့ ပြောနေကျ
ရေစုန်မျောလိုက်တဲ့ သူတွေနဲ့
ပြည့်နှက်နေတဲ့ အချိန် ...

နိုင်ငံ မှာ
သပ်လျိုခွဲပြီး လက်ယဉ်နေ
ပ စားမှု သာယာသူတွေနဲ့
အသွင်ပြောင်းပြီပြောတဲ့ အချိန် ...

ဒီအချိန်တွေကို
အလူးအလဲ
အံတုရင်း လက်တွဲထားခဲ့ကြတာ
(၂၅) နှစ် ရှိပြီ ။

-----------
ကိုဝိုင်ဝိုင်ကေ
၂၉-၇-၁၃

ချစ်ခင်လေးစားရသော ပေးဆပ်သူများနှင့်
ကြည်ညို အားကျခဲ့ရသော ကျဆုံးခဲ့သူများ သို့
ဦးညွှတ်လျက်ပါ ။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...