Friday, November 22, 2013

"တရုတ်အစိုးရမှ ရန်ကုန်မြို့ရှိတရုတ်သံရုံးသို့ ဦးသန်းရွှေနှင့်ပတ်သတ်၍ လျှို့ဝှက်ညွှန်ကြားစာပေးပို့"

(သံတမန် သတင်းရပ်ကွက်)
Wednesday, November 13, 2013
တရုတ်အစိုးရမှ ရန်ကုန်မြို့ရှိတရုတ်သံရုံးသို့ ဦးသန်းရွှေနှင့်ပတ်သတ်၍ လျှို့ဝှက်
ညွှန်ကြားစာပေးပို့သည်ဟု သံတမန်သတင်းရပ်ကွက်မှ သိရသည်။

ညွှန်ကြားစာအထဲတွင်....

၁) မြန်မာလူထုအတွင်း ဦးသန်းရွှေ၏ သြဇာအရှိန်အဝါရှိသေး/မရှိတော့
 သေချာစွာ လေ့လာစုံစမ်းရန်၊

၂) လက်ရှိ စစ်တပ်အတွင်း ဦးသန်းရွှေ၏ အာဏာသြဇာ မည်သည့် အတိုင်း
အတာအထိရှိသေးသလဲ သေချာစွာ လေ့လာစုံစမ်းရန်၊

၃) ၂၀၀၈ ဖွဲ့စည်းပုံ ပြင်ဆင်ရေး အချက်ကို လက်ရှိ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များ က အောင်မြင်စွာကန့်ကွက်နိုင်ခြေရှိမရှိ၊

၎) ဒေါ်အောင်ဆန်းစုကြည်ကို တရုတ်ပြည်သို့ အလည်အပတ်လာရောက်ရန် တရုတ်မြန်မာချစ်ကြည်ရေး အဖွဲ့မှ ဖိတ်ကြားမှုကို စစ်တပ်အတွင်းမှ မည်သို့ သဘောထားမှတ်ချက်ပေးသလဲ၊

၅) လက်ရှိကာချုပ်မင်းအောင်လှိုင်ကို ဦးသန်းရွှေက ဖြုတ်ပစ်၍ နောက်
တစ်ယောက်နှင့် အစားထိုးလဲလှယ်မည်ဆိုလျှင် ဖြစ်နိုင်ခြေရှိသော နောက်
တစ်ယောက်က မည်သူလဲ၊ စတဲ့ အချက် (၅) ချက်ပါဝင်ပါတယ်လို့ သိရပါတယ်။

မြစ်ဆုံကိစ္စမှစ၍ မြန်မာလူထုအတွင်း တရုတ်နိုင်ငံရဲ့ ဂုဏ်သိက္ခာ ကျဆင်းနေမှု
အပေါ် တရုတ်အစိုးရမှ အလွန်အမင်း စိုးရိမ်လျှက်ရှိပါတယ်။ 

လျှပ်စစ်မီတာခများ ဈေးတက်လိုက်ခြင်းအပေါ် လူထုမှ ကန့်ကွက်နေမှုများကို တရုတ်အစိုးရမှ မြန်မာနိုင်ငံအတွင်း ဦးသန်းရွှေ၏ သြဇာအရှိန်အဝါ ကျဆင်း
နေမှုအဖြစ် ရှုမြင်သုံးသပ်လျှက်ရှိပါတယ်။

ဦးသန်းရွှေအနေနဲ့ တရုတ်တို့ အပေါ်ပေးထားတဲ့ မြစ်ဆုံစီမံကိန်း စတဲ့ ကတိ 
ကဝတ်များ ကို ကျေပြွန်စေရပါမယ်လို့ ကာချုပ်မင်းအောင်လှိုင်ကို တရုတ်ပြည် 
သို့ စေလွှတ်ပြီး ပြောခိုင်းတဲ့ ဦးသန်းရွှေရဲ့ စကားအမှာပါးမှုများကို တရုတ်တို့က သံသယရှိနေပြီဖြစ်ပါတယ်။

ညွှန်ကြားစာအထဲမှာပါဝင်တဲ့ အချက် ၅ ချက်နဲ့ပတ်သတ်တဲ့ အစီရင်ခံစာကို 
အခုလ နိုဝင်ဘာ ၃၀ ရက်နေ့ နောက်ဆုံးထားပြီး ရန်ကုန်မြို့ရှိတရုတ်သံရုံးမှ 
တရုတ်အစိုးရထံ ပေးပိုရမယ်လို့လဲ စာထဲမှာပါဝင် တယ်လို့ သတင်းရရှိပါတယ်။

Hawdeka Khalaylay
from Aung Lynn Htut 

( http://www.theburmapost.info/2013/11/blog-post_1346.html မှ
ကူးယူ ဖေါ်ပြပါသည်။)

(သံတမန် သတင်းရပ်ကွက်) Wednesday, November 13, 2013

တရုတ်အစိုးရမှ ရန်ကုန်မြို့ရှိတရုတ်သံရုံးသို့ ဦးသန်းရွှေနှင့်ပတ်သတ်၍ လျှို့ဝှက်
ညွှန်ကြားစာပေးပို့သည်ဟု သံတမန်သတင်းရပ်ကွက်မှ သိရသည်။
ညွှန်ကြားစာအထဲတွင်....

၁) မြန်မာလူထုအတွင်း ဦးသန်းရွှေ၏ သြဇာအရှိန်အဝါရှိသေး/မရှိတော့
သေချာစွာ လေ့လာစုံစမ်းရန်၊

၂) လက်ရှိ စစ်တပ်အတွင်း ဦးသန်းရွှေ၏ အာဏာသြဇာ မည်သည့် အတိုင်း
အတာအထိရှိသေးသလဲ သေချာစွာ လေ့လာစုံစမ်းရန်၊

၃) ၂၀၀၈ ဖွဲ့စည်းပုံ ပြင်ဆင်ရေး အချက်ကို လက်ရှိ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များ က အောင်မြင်စွာကန့်ကွက်နိုင်ခြေရှိမရှိ၊

၎) ဒေါ်အောင်ဆန်းစုကြည်ကို တရုတ်ပြည်သို့ အလည်အပတ်လာရောက်ရန် တရုတ်မြန်မာ
ချစ်ကြည်ရေး အဖွဲ့မှ ဖိတ်ကြားမှုကို စစ်တပ်အတွင်းမှ မည်သို့ သဘောထားမှတ်ချက်ပေးသလဲ၊

၅) လက်ရှိကာချုပ်မင်းအောင်လှိုင်ကို ဦးသန်းရွှေက ဖြုတ်ပစ်၍ နောက်
တစ်ယောက်နှင့် အစားထိုးလဲလှယ်မည်ဆိုလျှင် ဖြစ်နိုင်ခြေရှိသော နောက်
တစ်ယောက်က မည်သူလဲ၊ စတဲ့ အချက် (၅) ချက်ပါဝင်ပါတယ်လို့ သိရပါတယ်။

မြစ်ဆုံကိစ္စမှစ၍ မြန်မာလူထုအတွင်း တရုတ်နိုင်ငံရဲ့ ဂုဏ်သိက္ခာ ကျဆင်းနေမှု
အပေါ် တရုတ်အစိုးရမှ အလွန်အမင်း စိုးရိမ်လျှက်ရှိပါတယ်။

လျှပ်စစ်မီတာခများ ဈေးတက်လိုက်ခြင်းအပေါ် လူထုမှ ကန့်ကွက်နေမှုများကို တရုတ်အစိုးရမှ မြန်မာနိုင်ငံအတွင်း ဦးသန်းရွှေ၏ သြဇာအရှိန်အဝါ ကျဆင်း
နေမှုအဖြစ် ရှုမြင်သုံးသပ်လျှက်ရှိပါတယ်။

ဦးသန်းရွှေအနေနဲ့ တရုတ်တို့ အပေါ်ပေးထားတဲ့ မြစ်ဆုံစီမံကိန်း စတဲ့ ကတိ
ကဝတ်များ ကို ကျေပြွန်စေရပါမယ်လို့ ကာချုပ်မင်းအောင်လှိုင်ကို တရုတ်ပြည်
သို့ စေလွှတ်ပြီး ပြောခိုင်းတဲ့ ဦးသန်းရွှေရဲ့ စကားအမှာပါးမှုများကို တရုတ်တို့က သံသယ
ရှိနေပြီဖြစ်ပါတယ်။

ညွှန်ကြားစာအထဲမှာပါဝင်တဲ့ အချက် ၅ ချက်နဲ့ပတ်သတ်တဲ့ အစီရင်ခံစာကို
အခုလ နိုဝင်ဘာ ၃၀ ရက်နေ့ နောက်ဆုံးထားပြီး ရန်ကုန်မြို့ရှိတရုတ်သံရုံးမှ
တရုတ်အစိုးရထံ ပေးပိုရမယ်လို့လဲ စာထဲမှာပါဝင် တယ်လို့ သတင်းရရှိပါတယ်။

Hawdeka Khalaylay
from Aung Lynn Htut

( http://www.theburmapost.info/2013/11/blog-post_1346.html မှ
ကူးယူ ဖေါ်ပြပါသည်။)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...