Friday, November 1, 2013

မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး စတင်ဖွဲ့စည်းခဲ့သောနေ့နှင့်ပတ်သက်၍ ရှင်းလင်းချက်

October 31, 2013 at 6:51pm

ကေအင်န်ယူ ဗိုလ်ချုပ်ကြီး တာမလာဘောက သဘာပတိအဖြစ် ဆောင်ရွက်ခဲ့သည့် “တော်လှန်ရေးနယ်မြေရောက်ကျောင်းသားများနှီးနှောဖလှယ်ပွဲ” ခေါင်းစဉ်ဖြင့် ၁၉၈၈ ခုနှစ်၊ နိုဝင်ဘာလ ၁ ရက်နေ့တွင် ထုတ်ပြန်ခဲ့သောမှတ်တမ်း

“တော်လှန်ရေးနယ်မြေရောက်ကျောင်းသားများနှီးနှောဖလှယ်ပွဲ” ခေါင်းစဉ်ဖြင့် ၁၉၈၈ ခုနှစ်၊ နိုဝင်ဘာလ ၁ ရက်နေ့တွင် သဘာပတိအဖြစ် ကေအင်န်ယူ ဗိုလ်ချုပ်ကြီးတာမလာဘောက ဆောင်ရွက်၍ ကေအိုင်အို နိုင် ငံခြားရေး တာဝန်ခံ ဒေါက်တာတူးဂျာက အကျိုးတော်ဆောင်၊ အရံအကျိုးတော်ဆောင်အဖြစ် ဆင်မြူရယ် တို့က ဆောင်ရွက်သည်။
မှတ်တမ်းတင်သူများအဖြစ် ရခိုင်ပြည်လွတ်မြောက်ရေးပါတီမှ ခိုင်ထွန်းခိုင်နှင့် ခိုင်ဇော်ခိုင်တို့နှစ်ဦးက ညီလာခံ မှတ်တမ်းများကို မှတ်တမ်းတင်ပေးခဲ့သည်။

ပူးတွဲပါမူရင်းစာရွက်များကို ကြည့်ပါက နိုဝင်ဘာလ ၁ ရက်နေ့တွင် ကျောင်းသားများနှီးနှောဖလှယ်ပွဲ အခြေအနေသာရှိသေးပြီး မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး သည် အဖွဲ့အစည်း အဖြစ်ပေါ်ပေါက်ခြင်းမရှိသေးသည်ကို ထင်ထင်ရှားရှား တွေ့ရမည်ဖြစ်သည်။ ထိုနေ့တွင် အေဘီအက်စ်ဒီအက်ဖ် အဖွဲ့ကို ဖွဲ့စည်းရန် မဆိုထားနှင့် တက်ရောက်မည့် ကျောင်းသားကိုယ်စားလှယ်များကို စိစစ်နေစဲရှိသေးသည်။

သို့ရာတွင် ထိုစဉ်က ညီလာခံတွင် မပါဝင်ခဲ့သော နောက်ပိုင်းခေါင်းဆောင်များက “အေဘီအက်စ်ဒီအက်ဖ်” ၏ ခေါင်းဆောင်မှုကို ရယူလာသည့်အခါ “အေဘီအက်စ်ဒီအက်ဖ်” စတင်ဖွဲ့စည်းသည့်နေ့ကို နိုဝင်ဘာလ ၁ ရက်နေ့ဟု ပြောင်းလဲသတ်မှတ်လိုက်ခြင်းသည် အဓိပ္ပါယ်ကင်းမဲ့သော သမိုင်းမှားကို ပြုလုပ်ခြင်းပင်ဖြစ်သည်။ လက်ရှိဥက္ကဋ္ဌ ကိုသံခဲကို စာရွက်စာတမ်းနှင့်တကွ ရှင်းလင်းတင်ပြသော်လည်း လက်မခံခဲ့ဘဲ နိုဝင်ဘာလ ၁ ရက်နေ့ဟုဆိုလျှင် မှတ်သားရသည်မှာ လွယ်ကူကြောင်း ပြန်လည်ပြောဆိုခဲ့သည်။ ဤသို့ဆိုလျှင် ဇန်နဝါရီလ ၄ရက်နေ့သည် မြန်မာ့လွတ်လပ်ရေးနေ့ဖြစ်သော်လည်း မှတ်မိလွယ်ရန် ဇန်နဝါရီလ ၁ ရက်နေ့ဟု ပြောင်းလဲသတ်မှတ်ပေးရမလို ဖြစ်နေခဲ့သည်။

မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး  (မကဒတ)“ ဖွဲ့စည်းခဲ့သောနေ့သည် လွယ်သည်ဖြစ်စေ ခက်သည်ဖြစ်စေ နိုဝင်ဘာလ ၅ ရက်နေ့မှာ အမှန်ပင်ဖြစ်သည်။

တော်လှန်ရေးသစ္စာဖြင့်
ထွန်းအောင်ကျော်
ဥက္ကဋ္ဌဟောင်း (၁၉၈၈ ခုနှစ်)မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး

ကေအင်န်ယူ ဗိုလ်ချုပ်ကြီး တာမလာဘောက သဘာပတိအဖြစ် ဆောင်ရွက်ခဲ့သည့် “တော်လှန်ရေးနယ်မြေရောက်ကျောင်းသားများနှီးနှောဖလှယ်ပွဲ” ခေါင်းစဉ်ဖြင့် ၁၉၈၈ ခုနှစ်၊ နိုဝင်ဘာလ ၁ ရက်နေ့တွင် ထုတ်ပြန်ခဲ့သောမှတ်တမ်း
၁၉၈၈ ခုနှစ်၊ နိုဝင်ဘာလ ၅ ရက်နေ့၌ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး စတင်ဖွဲ့စည်းခဲ့ကြောင်း ကြေညာချက် (၂) စာမျက်နှာ ၁
၁၉၈၈ ခုနှစ်၊ နိုဝင်ဘာလ ၅ ရက်နေ့၌ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး စတင်ဖွဲ့စည်းခဲ့ကြောင်း ကြေညာချက် (၂) စာမျက်နှာ ၁
၁၉၈၈ ခုနှစ်၊ နိုဝင်ဘာလ ၅ ရက်နေ့၌ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး စတင်ဖွဲ့စည်းခဲ့ကြောင်း ကြေညာချက် (၂) စာမျက်နှာ ၂
 
၁၉၈၈ ခုနှစ်၊ နိုဝင်ဘာလ ၅ ရက်နေ့၌ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး စတင်ဖွဲ့စည်းခဲ့ကြောင်း ကြေညာချက် (၂) စာမျက်နှာ ၂

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...