Tuesday, November 19, 2013

အော်စလိုမှာ လာမဲ့၂၁ ကြာသပတေးနဲ့ ၂၂ သောကြာနေ့မှာ ပွဲ၂ ပွဲရှိတယ်။ တပွဲက ဒီဗွီဘီ ပိတ်ပွဲဆိုလား၊ ဆုတ်ခွါပွဲဆိုလားဘဲ။

Than Htut and 2 other friends shared Ko Nyo's photo.

ပြည်တွင်းက ဒီဗွီဘီသတင်းထောက်တွေ၊ စာရေးဆရာ၊ ဂျာနယ်လစ်တွေ၊ ဒီဗွီဘီ အမှုထမ်းဟောင်း၊ အမှုထမ်းမြဲတွေ နဲ့ နီးနီးကပ်ကပ် ပတ်သက်သူတွေ(တချို့ ခေတ်ဆိုးကြီးတလျှောက်လုံး ဒီဗွီိဘီကို အနစ်နာခံ အားပေးထမ်းပိုးသွားသူတွေဗမာပြည်မှာ ပြုတ်ကျန်ခဲ့သတဲ့)စုပေါင်းပြီးလုပ်ကြမှာပါ။
ကုန်ကျစရိတ်တွေကို နော်ဝေးနိုင်ငံခြားရေးဝန်ကြီးဌာန၊ အိုအက်စ်အိုင်နဲ့ နော်ဝေးအခြေစိုက် ဖရီးဒန်းအော့ဖ် အိပ်စ်ပရက်ရှင်း တို့ကုန်ကျခံတယ်။ ၁၉၉၂ ကနေ ပြည်သူ့ဒီမိုကရေစီအသံဆိုလို့ ကျနော်တို့ပြည်သူတွေ လက်ခုတ်လက်ဝါးတီးပေးလိုက်ရတဲံ အဲဒီအသံလွှင့်အဖွဲ့ကြီးဟာ ပြည်သူပိုင်လိုလို ဘာလိုလိုကနေ အခုဘယ်သူတွေပိုင်ပြီး ဘာတွေဖြစ်နေလဲ ဘယ်သူမှ မသိကြတော့ဘူး။ ဒီဗွီဘီဟာ နော်ဝေးမှာတော့ တော်တော်ဂုဏ်သိက္ခာမဲ့သွားတယ်။ မြန်မာပြည်သား သူခိုးမီဒီယာအဖွဲ့လို့ သတ်မှတ်သွားကြတယ်။ ကျနော်တို့ မြန်မာပြည်သားတွေ အချောင်နာမည်ပျက်တယ်။

သူခိုးတွေက ခိုးလည်းစားကြသေးတယ် လူမိတော့ ခတ်တည်တည် မျက်နှာပြောင်ကြီးတွေတိုက်ပြီး သူတ်ု့နဲ့ ဘာမှမဆိုင်သလို ဟန်ဆောင်နေကြတယ်။ စစ်အစိုးရခေါင်းဆောင်တွေနဲ့ သိပ်မကွာပါဘူး။ လူတကာက ပြောလည်းပြောစရာပဲလေ. အမေရိကန်ဒေါ်လာသိန်းနဲ့ချီဝါးစားသွားတာကိုး။ ကျနော်တို့ အခွန်ငွေတွေ မတရားအလုပ်ခံရတာကိုတော့ ငြိမ်ခံနေမှာမဟုတ်ဘူး။ ဒီဗွီဘီ တာဝန်ရှိသူတွေကလည်း သူတို့လုပ်တာ အမှန်လို့ပဲ ပြောနေတုန်း။ တောင်းပန်ရကောင်းမှန်းလည်းမသိဘူး။ အမှုတွေဖြစ်၊ ဘာတွေဖြစ်နဲ့ အခုတော့လည်း ခြေရာလက်ရာပျောက်ကုန်တော့တာပဲ။ (ဒီအကြောင်းတွေ သေသေချာချာစာရေးပြီး နောက်မှရှင်းပြတော့မယ်)

သောကြာနေ့ ၂၂ရက် လုပ်မဲ့ပွဲကိုတော့ ကျနော်တို့ စိတ်ဝင်စားတယ်။ ဗမာပြည်ကစာရေးဆရာတွေ ပြည်တွင်း စာနယ်ဇင်းလောက အခြေအနေတွေ ရှင်းပြမှာဖြစ်တယ်။ နော်ဝေးက မြန်မာတွေကို ဖိတ်ထားတယ်။ ဖိတ်စာကိုတော့ အောက်မှာဖော်ပြထားပါတယ်။

မြန်မာ့စာပေနှင့် သတင်း နယ်ပယ်မှ ပဂ္ဂိုလ်များနှင့် နော်ဝေးရောက် မြန်မာမိသားစမျုား တွေ့ဆုံပွဲ
မြန်မာနိုင်ငံ စာပေနှင့် သတင်းနယ်ပယ်မှ အထင်ကရပုဂ္ဂိုလ်များ DVB ဖိတ်ကြားချက်အရ နော်ဝေးနိုင်ငံ၊ အော်စလိုမြို့တွင် နိုဝင် ဘာလ ၂၀ မှ ၂၃ ရက်နေ့များအတွင်း ရောက်ရှိနေမည်ဖြစ်သည်။ ထိုကာလအ တွင်း နော်ဝေးနငိုငံရောက် မြန်မာမိသားစုများနှင့် တွေ့ဆုံကာ မြန်မာ့ စာပေ၊ သတင်းလောကမှ သူတို့ဖြတ်သန်းခဲ့ရသည့် အတွေ့အကြုံများ အကြောင်း တင်ပြဆွေးနွေးကာ နော်ဝေးရောက် မြန်မာမိသားစုများ နှင့် အတွေးအမြင်ဖလှယ်ပွဲကျင်းပရန် စီစဉ်ထားပါသည်။ နော်ဝေး ရောက် မြန်မာမိသားစုများ တက်ရောက်အားပေးချီးမြှင့်ပါရန် လှိုက်လှဲ စွာ ဖိတ်ကြားအပ်ပါသည်။
နေ့ရက်၊ အချိန်၊ နေရာ၊
နိုဝင်ဘာလ၂၂ရက်၊ ၂၀၁၃ခုနှစ် (သောကြာနေ့) မွန်းလွဲ ၃ နာရီမှ ၆ နာရီအထိ Norwegian Burma Committee Office, Kirkegata 5, 0153 Oslo, Norway
မြန်မာနိုင်ငံမှလာရောက်မည့် စာပေနှင့်သတင်းနယ်ပယ်မှ ပုဂ္ဂိုလ်များ
ထဲတွင် ဆရာဖေဖြင့်၊ ဆရာဖျာပုံနီလုံဦး၊ ဆရာမတင်ဇာဇော်၊ ဆရာမတူးတူးသာ၊ ဆရာသောင်းထိုက်၊ ဆရာကျော်ရင်မြင့်၊ ဆရာမော်လင်း၊ ဆရာဝင်းချိုတို့ ပါဝင်သည်။
ဆရာကျော်မင်းဆွေ၊ ဆရာမြင့်ကျော်၊ ဆရာဇော်သက်ထွေး ဆရာမော်လင်း၊ ဆရာဝင်းချိုတို့ ပါဝင်သည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...