Saturday, November 2, 2013

ငါ့ကိုချစ်ရင်....မညာပါနဲ့ ( ၂၅ ) နှစ်ပြည့် ABSDF ငွေရတုအမှတ်တရနေ့- ကဗျာ


October 31, 2013 at 5:16pm

ငါ့ကို......သမိုင်းရဲ့လိုအပ်ချက်အရ
နိုဝင်ဘာမှာ
၈၈ မျိုးဆက်တွေက မွေးဖွါးပေးလိုက်တယ်.။

ကမ္ဘာပေါ်မှာ ပထမဦးဆုံး
ငါ့အမည်ကို လူသိရှင်ကြား
မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦးအဖြစ်
၈၈ မျိုးဆက်တွေက ကင်းမွန်းတပ်ပြီး အမည်ပေးခဲ့ကြတယ်..။

ငါပြောမယ်.....ငါ့နဲ့သက်ဆိုင်တဲ့ ABSDF ရဲဘော်တွေကို
ငါ့ကိုအမည်ဆိုးနဲ့ ကျော်ကြားအောင်လုပ်ခဲ့ကြသူတွေရှိ.....သလို
ငါ့ကိုအသက်ပေးပြီး ချစ်ခဲ့ကြတဲ့သူတွေရှိတယ်..။

ပြီးတော့......ငါ့ကိုအသုံးချပြီး
ရွှေရ- ငွေရ ဟန်ကျနေတဲ့ ခေါင်းဆောင်တွေရှိ.....သလို
ခြေကျိုးလက်ကျိုး မြစ်တွေချိုးပြီး
ဘဝပေး၍
ဒုက္ခရောက်သွားတဲ့သူတွေလည်းရှိတယ်..။

အဲဒီထဲမှာ.....ဌက်ဖျားမိလို့အခြေမလှ
ပြန်ကြသူတွေလည်းရှိတယ်..။

ရှက်စရာကောင်းတာက ခေါင်းဆောင်မဖြစ်ရင်
ရဲဘော်တွေကိုစွန့်ခွါပြီး
နိုင်ငံခြားကို ကိုယ်လွတ်ရုန်းထွက်သွားသူတွေပဲ..။

အတုအယောင်ခေါင်းဆောင်တွေကြောင့်ပဲ
အချင်းချင်း ရက်ရက်စက်စက်
လူမဆန်စွာ သတ်ဖြတ်တာတွေလည်းရှိခဲ့တယ်..။

ဟေ့......ခေါင်းဆောင်ကောင်းဆိုတာ
လုပ်ရဲရင် ခံရဲတဲ့သတ္တိ အပြည့်ရှိရတယ်.....ကွ။
နိုင်အောင်လုပ်တာလား ရှူံးအောင်လုပ်တာလား ငါနားမလည်ဘူး။
မိုးသီးလုပ်တာလား ဆောင်းသီးလုပ်တာလား ငါမသိဘူး။
သမိုင်းဆိုတာ.....ပကတိဖြစ်စဉ်မှန်တွေကို
ထုတ်ဖော်ပြောဆိုရေးသားရဲရမယ်..။
ဒါကြောင့်........ငါပြောမယ်
ငါ့ကိုချစ်ရင်................မညာပါနဲ့..။

( ကိုဗလိုင် ) ၁၀၁- ၁၀၂ တပ်ရင်း ( ဘုရားသုံးဆူဒေသ )

ဤကဗျာဖြင့် ( ၂၅ ) နှစ်ပြည့် ABSDF ငွေရတုနေ့ကိုဂုဏ်ပြုလိုက်ပါသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...