Saturday, October 19, 2013

သမိုင်းထဲက ရဲရဲတောက် မိန်းမပျို မ၀င်းမော်ဦး

==========================

သူမကွယ်လွန်ချိန်မှာ ဆယ်ကျော်သက်ပဲရှိသေးတယ်။ ဆော့ရင်း ကစားရင်း ပျော်ရမယ့် ရွှင်ရမယ့် ပညာတွေ တရှိုက်မက်မက် သင်နေရမယ့်အရွယ်ပေါ့။

ခုနေ သူမရှိရင် အသက် လေးဆယ်စွန်းစွန်း အမျိုးသမီးကြီးတစ်ဦးပေါ့။ အိမ်ထောင်ရက်သားကျလို့ သားတွေသမီးတွေနဲ့ ဖြစ်ချင်လည်း ဖြစ်နေမှာပေါ့။ လူထုခေါင်းဆောင်တစ်ဦး ဒါမှမဟုတ် ပညာရှင်ကြီးတစ်ဦး ဒါမှမဟုတ် လုပ်ငန်းရှင်ကြီး တစ်ဦးလည်း ဖြစ်ချင်ဖြစ်နေမှာပေါ့။

ဒါပေမယ့် "လွတ်လပ်မှ အမျှဝေပါ" ဆိုတဲ့စကားတစ်ခွန်းနဲ့ သူမ ထွက်ခွာသွားပါပြီ။
ကျွန်တော်တို့ သူ့မှာတမ်းအတိုင်း အမျှဝေရအောင် အခုထိ တာဝန်မကျေနိုင်ကြသေးဘူး။

မျက်လုံးနဲ့သာမက နှလုံးသားနဲ့ပါ ကြည့်နိုင်ရင် ခင်ဗျား အသံတွေပါ ကြားလာရလိမ့်မယ်။ သူ့မိဘတွေရဲ့ သောကတွေ ခင်ဗျား ခဏတာဖြစ်ဖြစ် ခံစားမိနိုင်ပါလိမ့်မယ်။

ဒီနေ့ ဒီရက် ရောက်တိုင်း သူမ ကျဆုံးသွားချိန်မှာ နာနာကျင်ကျင်နဲ့ နာရီကိုငုံကြည့်လိုက်တိုင်း ကျလာမယ့် သူ့မိဘတွေရဲ့ မျက်ရည်စက်တွေ။

အဲသည် နာရီပေါ်က မျက်ရည်စက်တွေ ဘယ်တော့မှ မခန်းခြောက်နိုင်တော့ဘူး။

ဆယ်ကျော်သက် ဘ၀။ ကြည့်မြင်တိုင် အမှတ် (၄) အလယ်တန်းကျောင်းသူ ဘ၀။
ကလေးမကလေးတစ်ဦး ကိုင်ခဲ့တဲ့ ကျောင်းသားကဒ် အနွမ်းလေး။

ရက်ရက်စက်စက် ပစ်ခတ်မှုကြားက အသက်ကယ်ဖို့ သူမကို အသက်စွန့်ကြိုးပမ်း သယ်ထုတ်လာတဲ့ ဆရာဝန်နှစ်ဦး။

အဲသည်ဆရာဝန့်တွေလက်မှာ ပျော့ခွေနေပြီဖြစ်တဲ့၊ အသက်မှပါသေးရဲ့လား မသိနိုင်တော့တဲ့ သူမ။

ကြည့်ရင်း ယမ်းနံ့တွေ ခင်ဗျား ရမလာဘူးလား။ ငိုသံတွေ ခင်ဗျား ကြားမလာဘူးလား။ လူမဆန်မှုတွေ ခင်ဗျား မခံစားရဘူးလား။

သူတို့မျက်နှာတွေ။ နာကျင်မှုတွေ။ သူတို့ တောက်ခေါက်သံတွေ။ သူတို့ မျက်ရည်တွေ။

သူမ နောက်ဆုံး မကွယ်လွန်မီ ချီတက်စဉ် ကိုင်ဆောင် တိုက်ပွဲဝင်ခဲ့တဲ့ ဗိုလ်ချုပ်အောင်ဆန်းဓါတ်ပုံ။ အဲဒီအောက်နားမှာ သူမ ဓါတ်ပုံလေး။ ဓါတ်ပုံထဲမှာ … ပြောရရင် ပန်းတွေနဲ့ဝေနေတဲ့ ဓါတ်ပုံထဲမှာ ပန်းတွေနဲ့ ဘယ်လိုမှ မဝေခဲ့တဲ့ သူမ ဘ၀။

ဓါတ်ပုံရှေ့မှာ ... သူမကို ရည်ရွယ်လေသလားမသိတဲ့ စားစရာလေးတွေ တချို့။ သူမ ရှင်သန်စဉ်က သူမကြိုက်တတ်ခဲ့တာလေးတွေကို မိဘများက နေ့တိုင်း ရက်တိုင်း ချပေးထားကြရှာတာ ဖြစ်မှာပေါ့။

အဲဒါတွေအားလုံးရဲ့ရှေ့မှာ တစ်ခုခုကို သောကအပြည့်နဲ့ ပြောပြနေဟန်ရှိတဲ့ ဖခင်တစ်ဦး။ အဲဒီ သွားကျိုးပါးကျိုး ပင်စင်စားအရွယ် လူကြီးရဲ့ မျက်ဝန်းတွေကို ခင်ဗျားမြင်လား။

ကောင်းမှုလုပ်ပြီး အမျှလေးတောင် ဝေခွင့်မရတဲ့ မိဘတွေ အဖြစ်။

ခင်ဗျား ဆက်ကြည့်နိုင်သေးလား။

ကျွန်တော်တော့ဖြင့် ဘယ်လိုခွန်အားနဲ့မှ ဆက်မကြည့်နိုင်တော့ပါဘူး …

---

စာကြွင်း။
တိုင်းပြည်အတွက် ဒီလို အသက်စွန့်သွားသူတစ်ဦးရဲ့ ကျန်ရစ်သူမိသားစုကို ကျွန်တော်တို့ ဒီလိုပဲ ပစ်ထားကြတာပါကလား။ ပုံတွေကိုကြည့်ပါ။ သူတို့လူနေမှုဘ၀ အခြေအနေကို လူတိုင်း အလွယ်တကူ မြင်နိုင်တွေ့နိုင်ပါတယ်။

---

ပုံများကို အောက်ပါလင့်တွေက ယူပါတယ်။ ကျေးဇူးတင်ပါတယ်။

https://www.facebook.com/photo.php?fbid=322828434520078&set=a.135378839931706.25621.100003787733026&type=1&relevant_count=1&ref=nf

http://2.bp.blogspot.com/_9wCCVa8-Ojk/TGR2vnShJ3I/AAAAAAAAMEA/8QzP4W8edvk/s400/8.jpg

http://3.bp.blogspot.com/_CGn0m5p-F-A/TGRFjNmQXrI/AAAAAAAAPeA/m09Tc-hGDus/5.jpg

http://1.bp.blogspot.com/_9wCCVa8-Ojk/TGR0yf9xihI/AAAAAAAAMCw/GvHGQITQZ6w/s400/2.jpg

http://www.badasf.org/8888/8888%20Win%20Maw%20Oo.jpg

သူမကွယ်လွန်ချိန်မှာ ဆယ်ကျော်သက်ပဲရှိသေးတယ်။ ဆော့ရင်း ကစားရင်း ပျော်ရမယ့် ရွှင်ရမယ့် ပညာတွေ တရှိုက်မက်မက် သင်နေရမယ့်အရွယ်ပေါ့။
ခုနေ သူမရှိရင် အသက် လေးဆယ်စွန်းစွန်း အမျိုးသမီးကြီးတစ်ဦးပေါ့။ အိမ်ထောင်ရက်သားကျလို့ သားတွေသမီးတွေနဲ့ ဖြစ်ချင်လည်း ဖြစ်နေမှာပေါ့။

လူထုခေါင်းဆောင်တစ်ဦး ဒါမှမဟုတ် ပညာရှင်ကြီးတစ်ဦး ဒါမှမဟုတ် လုပ်ငန်းရှင်ကြီး တစ်ဦးလည်း ဖြစ်ချင်ဖြစ်နေမှာပေါ့။

ဒါပေမယ့် "လွတ်လပ်မှ အမျှဝေပါ" ဆိုတဲ့စကားတစ်ခွန်းနဲ့ သူမ ထွက်ခွာသွားပါပြီ။
ကျွန်တော်တို့ သူ့မှာတမ်းအတိုင်း အမျှဝေရအောင် အခုထိ တာဝန်မကျေနိုင်ကြသေးဘူး။

မျက်လုံးနဲ့သာမက နှလုံးသားနဲ့ပါ ကြည့်နိုင်ရင် ခင်ဗျား အသံတွေပါ ကြားလာရလိမ့်မယ်။ သူ့မိဘတွေရဲ့ သောကတွေ ခင်ဗျား ခဏတာဖြစ်ဖြစ် ခံစားမိနိုင်ပါလိမ့်မယ်။

ဒီနေ့ ဒီရက် ရောက်တိုင်း သူမ ကျဆုံးသွားချိန်မှာ နာနာကျင်ကျင်နဲ့ နာရီကိုငုံကြည့်လိုက်တိုင်း ကျလာမယ့် သူ့မိဘတွေရဲ့ မျက်ရည်စက်တွေ။

အဲသည် နာရီပေါ်က မျက်ရည်စက်တွေ ဘယ်တော့မှ မခန်းခြောက်နိုင်တော့ဘူး။

ဆယ်ကျော်သက် ဘ၀။ ကြည့်မြင်တိုင် အမှတ် (၄) အလယ်တန်းကျောင်းသူ ဘ၀။
ကလေးမကလေးတစ်ဦး ကိုင်ခဲ့တဲ့ ကျောင်းသားကဒ် အနွမ်းလေး။

ရက်ရက်စက်စက် ပစ်ခတ်မှုကြားက အသက်ကယ်ဖို့ သူမကို အသက်စွန့်ကြိုးပမ်း သယ်ထုတ်လာတဲ့ ဆရာဝန်နှစ်ဦး။

အဲသည်ဆရာဝန့်တွေလက်မှာ ပျော့ခွေနေပြီဖြစ်တဲ့၊ အသက်မှပါသေးရဲ့လား မသိနိုင်တော့တဲ့ သူမ။

ကြည့်ရင်း ယမ်းနံ့တွေ ခင်ဗျား ရမလာဘူးလား။ ငိုသံတွေ ခင်ဗျား ကြားမလာဘူးလား။ လူမဆန်မှုတွေ ခင်ဗျား မခံစားရဘူးလား။

သူတို့မျက်နှာတွေ။ နာကျင်မှုတွေ။ သူတို့ တောက်ခေါက်သံတွေ။ သူတို့ မျက်ရည်တွေ။

သူမ နောက်ဆုံး မကွယ်လွန်မီ ချီတက်စဉ် ကိုင်ဆောင် တိုက်ပွဲဝင်ခဲ့တဲ့ ဗိုလ်ချုပ်အောင်ဆန်းဓါတ်ပုံ။ အဲဒီအောက်နားမှာ သူမ ဓါတ်ပုံလေး။ ဓါတ်ပုံထဲမှာ … ပြောရရင် ပန်းတွေနဲ့ဝေနေတဲ့ ဓါတ်ပုံထဲမှာ ပန်းတွေနဲ့ ဘယ်လိုမှ မဝေခဲ့တဲ့ သူမ ဘ၀။

ဓါတ်ပုံရှေ့မှာ ... သူမကို ရည်ရွယ်လေသလားမသိတဲ့ စားစရာလေးတွေ တချို့။ သူမ ရှင်သန်စဉ်က သူမကြိုက်တတ်ခဲ့တာလေးတွေကို မိဘများက နေ့တိုင်း ရက်တိုင်း ချပေးထားကြရှာတာ ဖြစ်မှာပေါ့။

အဲဒါတွေအားလုံးရဲ့ရှေ့မှာ တစ်ခုခုကို သောကအပြည့်နဲ့ ပြောပြနေဟန်ရှိတဲ့ ဖခင်တစ်ဦး။ အဲဒီ သွားကျိုးပါးကျိုး ပင်စင်စားအရွယ် လူကြီးရဲ့ မျက်ဝန်းတွေကို ခင်ဗျားမြင်လား။

ကောင်းမှုလုပ်ပြီး အမျှလေးတောင် ဝေခွင့်မရတဲ့ မိဘတွေ အဖြစ်။

ခင်ဗျား ဆက်ကြည့်နိုင်သေးလား။

ကျွန်တော်တော့ဖြင့် ဘယ်လိုခွန်အားနဲ့မှ ဆက်မကြည့်နိုင်တော့ပါဘူး …

---

စာကြွင်း။
တိုင်းပြည်အတွက် ဒီလို အသက်စွန့်သွားသူတစ်ဦးရဲ့ ကျန်ရစ်သူမိသားစုကို ကျွန်တော်တို့ ဒီလိုပဲ ပစ်ထားကြတာပါကလား။ ပုံတွေကိုကြည့်ပါ။ သူတို့လူနေမှုဘ၀ အခြေအနေကို လူတိုင်း အလွယ်တကူ မြင်နိုင်တွေ့နိုင်ပါတယ်။

---

ပုံများကို အောက်ပါလင့်တွေက ယူပါတယ်။ ကျေးဇူးတင်ပါတယ်။

https://www.facebook.com/photo.php?fbid=322828434520078&set=a.135378839931706.25621.100003787733026&type=1&relevant_count=1&ref=nf

http://2.bp.blogspot.com/_9wCCVa8-Ojk/TGR2vnShJ3I/AAAAAAAAMEA/8QzP4W8edvk/s400/8.jpg

http://3.bp.blogspot.com/_CGn0m5p-F-A/TGRFjNmQXrI/AAAAAAAAPeA/m09Tc-hGDus/5.jpg

http://1.bp.blogspot.com/_9wCCVa8-Ojk/TGR0yf9xihI/AAAAAAAAMCw/GvHGQITQZ6w/s400/2.jpg

http://www.badasf.org/8888/8888%20Win%20Maw%20Oo.jpg

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...