Sunday, October 27, 2013

ဦးသန်းရွှေတစ်ယောက် ညဘက် အသံနက်ကြီးဖြင့် ယောင်ယောင်အော်နေ

နေပြည်တော်သတင်းရပ်ကွက်မှ အရေးကြီးသတင်းတစ်ခု ပို့လာပါသည် ၊

ဦးသန်းရွှေ တစ်ယောက် ညဘက် သန်းခေါင်ကျော် အချိန်လောက်ဆို အသံနက်ကြီးဖြင့် ထထအော်နေခြင်းဖြစ်သည် ၊ အားလုံးအိပ်နေသည့် အချိန်ဖြစ်သဖြင့် အလွန်ကြောက်စရာကောင်းသော အသံဖြစ်နေသည် ၊ ပြီးခဲ့သည့် သီတင်းကျွတ်လပြည့်နေည မှ စတင်ဖြစ်နေခြင်းဖြစ်သည် ၊

ထိုနေ့က တပည့်သားမြေးများမှ လာရောက်ကန်တော့ကြသဖြင့် ညဘက် အိပ်ရာဝင်နောက်ကျခဲ့သည် ၊
စစဖြစ်ခြင်းညက အိပ်နေရင်း အစ်အစ်ဟု အော်သံကြားသဖြင့် ဒေါ်ကြိုင်ကြိုင်မှ လှုပ်နှိုးခဲ့ရသည် ၊
ထမင်းလုံးတစ္ဆေအခြောက်ခံနေရသည့်ပုံစံဖြစ်သည် ၊

နောက်ပိုင်းရက်များတွင် ပိုပိုဆိုးလာသည် ၊ အိပ်နေရင်း ယောင်နေသည့် အသံက ပိုပိုကျယ်လာသည် ၊ အိပ်ယာမှ အတင်းလှုပ်နှိုးရသည် ၊ ဦးသန်းရွှေတစ်ကိုယ်လုံး ချွေးများဖြင့် စိုရွှဲနေသည် ၊

သီတင်းကျွတ်လပြည့်ကျော် ၃ရက်နေ့က စပြီး အထူးဆရာဝန်ကြီးများ တိုင်းရင်းဆေးဆရာဝန်များ ဖြင့် ရောဂါရှာဖွေကြသည် ၊ မည်သည့်ရောဂါမှမတွေ့ ၊

ဦးသန်းရွှေ ကျန်းမာရေးကို အနီးကပ်စောင့်ရှောက်နိုင်ရန်အတွက် နေပြည်တော် နှင့် တပ်ကုန်းကြား ရှမ်းရိုးမတောင်စောင်းအစပ်များအကြားတွင် ၂၀၁၁ ခုနှစ်ခန့်က ဆေးသုတေသနတပ် အမည်ခံဖြင့် စစ်တပ်ပိုင်ဆေးတပ်တစ်တပ်ကိုတိုးချဲ့တည်ဆောက်ခဲ့သေးသည် ၊

ထူးခြားသည်က ဦးသန်းရွှေသည် နေ့လည်ဖက်တွင်အကောင်း ၊ ညအိပ်ယာမဝင်ခင်အချိန်အထိအကောင်း ၊ သန်းခေါင်ကျော်တာနှင့် အသံနက်ကြီးဖြင့် ထထယောင်ခြင်းဖြစ်သည် ၊

ဘာတွေ အိပ်မက်မက်နေလို့ ဒီလိုထထအော်နေရတာလဲဟု ဒေါ်ကြိုင်ကြိုင်ကမေးရာ ဦးသန်းရွှေက မဖြေ ၊

သမီးတော်များလည်း စိုးရိမ်နေကြသည် ၊ လူတကာရှေ့တွင် ဟန်ဆောင် အပြုံးများ ပြုံးနေရသော်လည်း ၊ လူကွယ်ရာတွင် သမီးတော်များ မျက်ရည်နှင့်မျက်ခွက် ၊

ခုနေများ ဦးသန်းရွှေတစ်ယောက် တစ်ခုခုဖြစ်သွားလျှင် သူတို့မိသားစုရှေ့ရေး မတွေးဝင့်စရာ ၊ သူတို့မိသားစုကို အသက်နှင့်လဲပြီး သစ္စာရှိမည့်သူများက များများစားစားမရှိတော့ ၊

လောလောဆယ် အနားမှာ ဝိုင်းနေကြသည့် အနားပျာခရိုနီများကိုလည်း စိတ်မချရ ၊ အာဏာမရှိတော့ဘူးလို့ သိသည်နှင့် သူ့ထက်ငါ ခွာသွားကြမည့်သူများသာ ၊

သီတင်းကျွတ်လာကန်တော့တုန်းကလည်း ဦးသန်းရွှေမှ ဦးသိန်းစိန်နှင့် ကာချုပ်မင်းအောင်လှိုင်တို့ကို ငေါက်လိုက်သေးသည်ဟု သိရသည် ၊

ဦးရွှေမန်းနှင်လည်း စကားအခြေအတင်များခဲ့သေးသည်ဟု ဦးသန်းရွှေမှ သူ့မိသားစုကို ပြန်ပြောပြခဲ့သေးသည်ဟု သိရသည် ၊

ဦးရွှေမန်း က အတောင်မစုံသေးဘူး ဆရာကို ကာပြန်ချင်သည့် သဘောမျိုးတွေ တွေ့နေရသောကြောင့်ဖြစ်သည် ၊

သေချာသည်က အခုတစ်လော ဦးသန်းရွှေတစ်ယောက်ကြိတ်ပြီး ဒေါသထွက်နေသည် ၊ တောက်တစ်ခေါက်ခေါက် သက်ပြင်းတစ်ချချနှင့်ဖြစ်သည် ၊

လက်သွက်ခြေသွက်မရှိသော ဦးသိန်းစိန်နှင့် ကာချုပ်မင်းအောင်လှိုင်တို့ကို အားမရတာကြောင့် လည်းဖြစ်သည် ၊

အရင်ပုံစံမျိုးနှင့်ဆိုလျှင် အခုတစ်လော အာချောင်ချောင်နေသော ဦးခင်ညွန့်ကို ထောင်ထဲပြန်ပို့ထားပြီးနေလောက်ပြီ ၊

မနေ့ညက တရုတ်တိုင်းရင်း အထူးကု ဆေးဆရာကြီးတစ်ဦးရောက်လာသည် ၊

သွေးခုန်နှုန်စမ်းကြည့်ပြီး ဦးသန်းရွှေတွင် အဆိပ်တစ်မျိုးမိနေသည်ဟုဆိုသည် ၊

ဒီသတင်းကြောင့် အနီးကပ်လုံခြုံရေးများက သီတင်းကျွတ်လပြည့်နေ့မှစကာ လာကန်တော့သူများ၏ ကန်တော့ခံပစ္စည်းများ ၊ ဝတ်ဆင်လာသော အဝတ်အစားများ ၊ ဆွတ်လာသောရေမွှေးများ ၊ ချိုင်းချွေးနံ့ပျောက်ဆေးရည်များ ၊ နှုပ်ခမ်းနီများနှင့် ၊ လက်သည်းနီများ 

စသည်တို့ အထိ စီစီတီဗီ များပြန်ကြည့်၍ စစ်ဆေးနေကြသည် ၊

ဦးသန်းရွှေ၏ အနီးကပ်လုံခြုံရေးများက ဦးအောင်သောင်းတို့ အဖွဲ့ကို သင်္ကာမကင်းဖြစ်နေပုံရသည် ၊

ဒေါ်ကြိုင်ကြိုင်၏ ဘိုးတော်များကတော့ ယတြာမအောင်မြင်သောကြောင့်ဖြစ်သည်ဟု ကောက်ချက်ချနေကြသည် ၊

အထူးစီမံယတြာများထပ်မံခြေရမည် ဟုဆိုသည် ၊ ဦးသန်းရွှေ ကံဇာတာနိမ့်ခြင်းက ရက်ပေါင်း ၉၀ ကြာမည်ဖြစ်သည် ၊

တိတိကျကျပြောမည်ဆှိုလျှင် ၂၀၁၄ ခုနှစ် ဇန်နဝါရီလ ၃ ရက် သန်းခေါင်ကျော်မှ ဦးသန်းရွှေ ကံဇာတာပြန်ကောင်းမည်ဟု ဘိုးတော်များက ဆိုကြသည် ၊

ဒီသတင်းကို ဦးသန်းရွှေမိသားစုမှ အထူးလျှို့ဝှက်ထားသည် ၊

နေပြည်တော်တွင်လည်း လုံခြုံရေးများတင်းကျပ်ထားသည် ၊ ညဘက် လမ်းဆုံလမ်းခွတိုင်းတွင် လုံခြုံရေးကို စစ်တပ်မှပင် တာဝန်ယူထားသည် ၊

အာဆီယံနိုင်ငံများက ဆီးဂိမ်းလုံခြုံရေးအတွက် ကင်းထောက်ရဟတ်ယာဉ်များဖြင့် ကူညီပေးမည်ဟူသော အစီအစဉ်ကို ဦးသန်းရွှေမှ ပယ်ချထားသည် ၊ ရဟတ်ယာဉ်လိုလျှင် လေတပ်မှရဟတ်ယာဉ်များကိုသာ အသုံးပြုရန် ညွှန်ကြားထားသည် ၊

နောက်ပိုင်းရက်များတွင် ဦးသန်းရွှေတစ်ယောက် အိပ်မပျော်ဖြစ်
နေသဖြင့် အထူးအိပ်ဆေးများ တိုက်နေရသည်ဟုကြားသည် ၊

အိပ်ဆေးမည်မျှတိုက်တိုက် သန်းခေါင်ကျော်တာနှင့် ထထအော်နေသည် ၊ မည်သည့်အိပ်မက်မြင်မက်၍ ဒီလိုထထအော်ရသလဲဟု မိသားစုဝင်များ ဝိုင်းမေးတာကိုလည်း ဦးသန်းရွှေပြန်မဖြေ ၊ အံကြိတ်၍သာနေသည် ၊

တိုက်ဆိုင်တာသည်ဟုဆိုရမည်လားမသိ ၊ ထိုသီတင်းကျွတ်နေ့က မြန်မာနိုင်ငံနေရာအနှံ့တွင် အကျွတ်အလွတ်ပွဲများ ကျင်းပကြသည် ၊ ဆွေမျိုးတော်ခဲ့ဘူးသော ဝေမာနိက ပြိတ္တာများကိုခေါ်၍ ကျွေးမွေးကြသည့်ပွဲဟု သိရသည် ၊

ဦးသန်းရွှေ အဖြစ်က သို့လောသို့လောတွေးချင်စရာ . . .

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...