Sunday, October 27, 2013

" အဘ စိတ်ပူတယ် "

Hlaing Bwa Maung shared MyanmarDaily.net's photo.
 
 ဟင်း,,, စိတ်ညစ်ပါတယ်ဗျာ ,, ကျုပ်မလဲ အသက်ကြီးမှ ဒင်းတို့ အတွက် စိတ်ကပူနေရသေး ,, ဝိုက် ထားသမျှလေးနဲ့ အေးအေးလေးထိုင်စား,, စည်းစိမ်လေး ခံမလား အောက်မေ့တယ်,, ခုတော့,, တွတ်ပီတောင် ဇိမ်နဲ့ မဖတ်ရ ,, ကျုပ်စား နေကျ နတ်သုဒ္ဓါလေး,, ဒင်းတို့ကို တစ်လှည့်ပေးကျွေးပါတယ် ,, တကတည်း စားမာန်တွေခုတ်နေလိုက်ကြတာ ,, ၃ နှစ်တောင်မခံသေးဘူး ,, စားခွက်လုပြီး အဝေကမတည့်ကြ ,, သီတင်းကျွတ်တုံး ခေါ်ကြိမ်းပြီး,,, ဝေပုံတွေ ခွဲပေးလိုက်ရတယ် ,, ဟင်း,, ဒင်းတို့အတွက် စိတ်ပူတယ်,, အမလေး ,, ဒီကြားထဲ ဘုရားတရား မ ပေလို့သာပေါ့ ,, မြစ်ဆုံ ကိစ္စကြီး ပေါ်တော့ မလို့ ,, ပေါက်ဖေါ်ကြီးတွေ ကယ်ပေလို့ သာပဲ ,, ဒင်းတို့ကို ကျးဇူးဆပ်ဖို့ ,,, မယ် တစ်ယောက်တော့ မွေးပေးအုံးမှပဲ,, ဘုရား ,, ဘုရား ,, ဝမ်ပေါင်ကိစ္စလည်း ဟိုမယ်မင်းကြီးမ ,,, အငှားဗိုက်နဲ့ ဒါးထိုးခံသွားပေလို့ ,, ဒီလိုကျတော့လဲ ဒင်းကလေးက,, လွှတ်ပေးရကျိုး နပ်ပြန်ရော ,, လွှတ်ပေးဆိုလို့ အကုန်လွှတ် ပေးပြန်တော့လဲ ,, ဒင်းတို့ တွေက မီးခိုးကြွက်လျှောက် ,, ငယ်ကျိုး ငယ်နာ အကုန်ဖွ ကြပြန်ရော ,, ဟိုတစ်လောကလဲ ၁၁ ဘီလျံကိစ္စ ,, ကံကြီး ပေလို့သာပေါ့ ,, ဝေ့လည်ကြောင်ပတ်နဲ့ ငရဲလေး ဝင်ရှင်းပေးလို့သာပေါ့ ,, ဒီကလေးက မွေးရကျိုး နပ်ပါပေ့ ,,, ဟင်း,,,,စိတ်ပူတယ် စိတ်ပူတယ်,,, ဖွတ်တွေကလည်း အသုံးမကျ,, ဟိုမယ်မင်းကြီးမ သာ အာဏာရသွားရင်,, ဟိုကဖွ ဒီကလှန် ကပြောင်းကပြန်နဲ့ ,, ကျုပ်ရှုပ်ထားသမျှ ,, နှစ်ထောင့်ရှစ်လဲ မကယ်နိုင် ,, ကျုပ်လုပ်ထားသမျှ အစိတ်သားနဲ့လည်း မဖုံးနိုင်,,,ဟင်း,, စိတ်ပူတယ် စိတ်ပူတယ်,,, စိတ်ပူတယ် စိတ်ပူတယ် ,,, စိတ်ပူတယ်ဗျ ,,, စိတ်ပူတယ်,, သဗ္ဗေသတ္တာ ကမ္မသကာ " အဘဟစ် " ဟစ်တစ်လုံး ပေးပို့သည်။ 
 
via MyanmarDaily.net

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...