Saturday, October 12, 2013

ဘူမိဗေဒပညာရှင် ဆရာဆင်တဲဝ မြတ်ဖုန်း၏ သက်သေထွက်ဆိုချက်။

မင်းဒင်ရဲ့ အလေးစီးသဲသတ္တုဆောင်းပါးအပေါ် သက်သေထွက်ဆိုခြင်း

(၂၄-၉-၂၀၁၃) နေ့ထုတ်News Watch ဂျာနယ် (အတွဲ ၈၊ အမှတ် ၁၆) ကို စက်တင်ဘာလ (၂၆) ရက်မှာ ဖတ်ရှု ရပါသည်။ ခါတိုင်းကလိုပင် မင်းဒင်ရဲ့ သက်ခိုင်ကို ဦးစားပေးဖတ်ဖြစ်ပါ၏။ ဖတ်နေရင်း Hoisting Flag Manufacturing Co (ဂျာနယ်တွင်Hosting ဟု လွဲမှားနေပါသည်) အမည်ကို တွေ့လိုက် ရတော့ ဆတ်ခနဲဖြစ်သွားမိသည်။ ကျွန် တော်နှင့် တရင်းတနှီးရှိခဲ့ဖူးသော အမည်။ သတ္တုတွင်းဝန်ကြီးဌာနမှာ Geologist အဖြစ် တာဝန်ထမ်းဆောင်ခဲ့စဉ်က ကျွန်တော်နှင့် တစ်စုံတစ်ရာ ပတ်သက်ခဲ့ဖူး သော ကုမ္ပဏီ၊ ဂျာနယ်၏ စာမျက်နှာ (၂၉) ကော်လံ (၁) (၂) (၃) (မင်းဒင်၏ သက်ခိုင် အခန်း- ၂၃)မှာ ကုမ္ပဏီက အလေးစီးသဲ (Heavy Sand) ထုတ်လုပ်ခွင့်လျှောက် ထားခဲ့သည့်ကိစ္စနှင့် နောက် ဆက်တွဲဖြစ်ရပ်များကို မင်းဒင်က ဖော်ထုတ်ဖွင့်ချထားပါသည်။ အလေးစီးသဲဆိုတာကတော့ ရေချိန်သိပ်သည်းဆ (ှSpecific Gravity) (၂ . ၈၉) အထက်ရှိသော တွင်းထွက်များကို ခေါ်တာပါ။ သို့ပေမဲ့ အဲဒီတွင်းထွက် (Mineral) တွေထဲမှာ အဖိုးတန် ရှားပါးသတ္တုတွေပါလေ့ရှိတာမို့၊ အလေးစီးသဲ ထုတ်လုပ်ခွင့် လျှောက်ထားလာတဲ့အခါ တာဝန်ရှိ သူတွေက အသေအချာ စိစစ်ကြ ရပါသည်။
တနင်္လာရီကမ်းရိုးတန်းက ပင် လယ်သဲတွေကို ဆောက်လုပ်ရေးလုပ်ငန်း သုံးအတွက်ဆိုပြီး နိုင်ငံခြားက လာဝယ် တာတွေကို အလေးစီးသဲပါ-မပါ အသေ အချာဓာတ်ခွဲစမ်းသပ်ကြည့်ကြရပါသည်။

ယခုဆောင်းပါးကို ရေးမည်ပြုသော အခါ ကျွန်တော်သည် ဆရာဦးသိန်းဖေ မြင့်က ရှေ့နေကောင်းနှင့် သက်သေ ကောင်းဆိုပြီး နှိုင်းယှဉ်ပြခဲ့ဖူးတာကို ပြေး သတိရလိုက်မိပါသည်။ ယခု အလေးစီး သဲကိစ္စနှင့် စပ်လျဉ်း၍ ကျွန်တော်ကိုယ် တွေ့ကိုတင်ပြရာမှာ ကျွန်တော်သည် ရှေ့ နေအလုပ်ကို လုပ်မည်မဟုတ်ပါ။ မည်သူ့ ဘက်ကမှ ရှေ့နေလိုက်မည်မဟုတ်ပါ။ မိမိ ကိုယ်တိုင်မြင်သမျှ ကြားသမျှ သိသမျှကို သာ အမှန်အတိုင်း သက်သေထွက်ဆိုသွား မည်ဖြစ်ပါသည်။ အထက်ဖော်ပြပါ ကုမ္ပဏီက အလေးစီးသဲ ထုတ်လုပ်ခွင့်လျှောက်ထားခဲ့ သည်မှာ နှစ်နေရာဖြစ်ပါသည်။ ပထမ လျှောက်ထားသော နေရာမှာ ရှမ်းပြည် နယ် မြောက်ပိုင်း၊ မိုးမိတ်မြို့နယ်၊ မြစ်ဆုံကျေး ရွာအုပ်စု၊ ခေါက်ခိုးဒေသဖြစ်ပြီး ဒုတိယ လျှောက်ထားသောနေရာမှာ မန္တလေး တိုင်းဒေသကြီး သပိတ်ကျင်းမြို့နယ် အတွင်း (ဝါးဖြူတောင်၊ ဖော့တောလမ်းဆုံ အလွန်) မိုးကုတ်သွားကားလမ်း၏ တောင် ဘက်မှာ ဖြစ်ပါသည်။ နာမည်ကို မမှတ်မိ တော့ပါ။ မင်းဒင်၏ ဆောင်းပါးမှာ ဒုတိယ နေရာကို ဖော်ပြထားပြီး ထိုနေရာကို စစ် ကိုင်းတိုင်းဟုလည်း လွဲမှားဖော်ပြထားပါ သည်။ ထိုသို့ ဓာတ်သတ္တု စမ်းသပ်တိုင်း တာခွင့်၊ တူးဖော်ထုတ်လုပ်ခွင့်တို့ လျှောက် ထားလာလျှင် သတ္တုတွင်းဝန်ကြီးဌာနက လျှောက်ထားသည့် လုပ်ကွက်ဧရိယာသို့ သွားရောက်၍ ကွင်းဆင်းစစ်ဆေးရပါ သည်။

ယခုအလေးစီးသဲ လျှောက်ထား လာခြင်းအတွက်လည်းSenior Geologist အချို့ပါဝင်သော ကွင်းဆင်းအဖွဲ့တစ်ဖွဲ့ စေလွှတ်ခဲ့ပါသည်။ အဖွဲ့ငယ်ဆိုသော်လည်း နှစ်ဦးသာပါဝင်ပြီး သတ္တုတွင်းဦးစီးဌာနမှ ကျွန်တော်နှင့် ဘူမိဗေဒ လေ့လာရေးနှင့် ဓာတ်သတ္တု ရှာဖွေရေးဦးစီးဌာန (ဘ. ဓ .ရ) မှ နောက် တစ်ဦးတို့ ဖြစ်ကြပါသည်။ ကျွန်တော်တို့ ကွင်းဆင်းစစ်ဆေးရသော လုပ်ကွက်မှာ မိုးမိတ်မြို့နယ်ထဲက လုပ် ကွက်ဖြစ်ပါသည်။ ထို့နောက် သပိတ်ကျင်းမြို့နယ်ထဲက လုပ်ကွက်ကို လည်း ကွင်းဆင်းစစ်ဆေးပါသည်။ ထိုအဖွဲ့မှာတော့ ကျွန်တော်မပါဝင်ပါ။ ကျွန်တော်တို့ သတ္တုတွင်း ဦးစီးဌာနမှ ဘူမိဗေဒအရာရှိတစ်ဦးပါဝင်ပါသည်။ မိုးမိတ်သိွုှ့သတည Town Ace ကားဖြင့် သွားခဲ့ကြတာပါ။ ကုမ္ပဏီအစုရှယ်ယာဝင် လေးဦး (ဇနီးမောင်နှံစုံတွဲနှစ်ခု)နှင့် သူတို့ ၏ အသိမိတ်ဆွေ အမျိုးသားတစ်ဦးတို့ ပါဝင်ပါသည်။ မိုးမိတ်မြို့၏ တည်းခိုခန်း တစ်ခုမှာ ညအိပ်ရပ်နားပြီးနောက် တစ်နေ့ မှာ လုပ်ကွက်သို့ သွားကြပါသည်။

မိုးမိတ် မြို့၏ အနောက်မြောက်ဘက် (၁၂ )မိုင် ခန့်အကွာ မြစ်ဆုံရွာ (ရွှေလီမြစ်ကမ်း) တွင် ကားရပ်ထားခဲ့ပြီး၊ အနောက်ဘက် (၄) မိုင် ခန့်အကွာ နမ့်ဖိတ်ချောင်းတစ်နေရာရှိ ခေါက်ခိုးဒေသသို့ ကျွန်တော်တို့ အားလုံး လမ်းလျှောက်သွားကြပါသည်။ ကျွန်တော် တို့ ဘူမိဗေဒအဖွဲ့က လုပ်ကွက်အခြေ အနေကို လေ့လာစူးစမ်းပြီး ကျောက်စရစ်လွှာထဲက လိုအပ်သော နမူနာများ ကောက်ယူခဲ့ပါသည်။ မြစ်ဆုံရွာမှ မိုးမိတ်သို့ပြန်တော့ ဆတ်သားခြောက်တွေ တစ်ပုံတစ်ခေါင်း ကြီး ဝယ်ပြန်ခဲ့ကြတာကို ကျွန်တော် မှတ်မိ နေပါသည်။ တောကြီးသောဒေသဖြစ်၍ ပေါဟန်တူပါ၏။ ဆတ်သားတွေကို ဝါးလုံးတွေတန်းပြီး လှန်းထားကြသည်မှာ အိမ် တိုင်းလိုလိုပင်။ ကောင်းစွာ မခြောက်သေးသဖြင့် ဆတ်သားခြောက်များကို ကား နောက်ပိုင်းမှာ ဖြန့်လှန်းပြီး တင်ခဲ့ကြရ သည်။ သတ္တုတွင်းဝန်ကြီးဌာနကိုပြန်ရောက် တော့ နမူနာများကို (ဘ .ဓ .ရ)ရှိ သေလဗေဒ ဓာတ်ခွဲခန်း Petrological Lab သို့ ကျွန်တော် သွားအပ်ခဲ့ပါသည်။ ဓာတ်ခွဲ စမ်းသပ်ချက် အဖြေတွေရတော့ ကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးကို ကျွန်တော် မိတ္တူ တစ်စုံပေးခဲ့ပါသည်။ ကျွန်တော်က မြေပုံတွေဆွဲ၊ ကွင်း ဆင်းစစ်ဆေးချက် မှတ်တမ်းရေးပြီး ဓာတ် ခွဲခန်းအဖြေများ ပူးတွဲလျက် (ညွှန်ကြား ရေးမှူးချုပ် လက်မှတ်ရေးထိုးပြီး) သတ္တု တွင်းဝန်ကြီးဌာန၊ ဝန်ကြီးရုံးသို့ တင်ပြလိုက် ပါသည်။ ကုမ္ပဏီက (၁၈၅၉၄ . ၉ ဧက) လျှောက်ထားခဲ့သော်လည်း ကျွန်တော်တို့ အဖွဲ့က (၁၃၇၃ ဧက) ကိုသာ ထောက်ခံ တင်ပြခဲ့ပါသည်။ သေလဗေဒ လေ့လာ ချက်အရ နမူနာများတွင် ပါဝင်သော တွင်း ထွက်များမှာ (မှတ်မိသမျှ)Ilmenite, Rutile, Sphene, Zircon နှင် Garnetစသည်တို့ဖြစ်ကြပါသည်။

ထိုတွင်းထွက် အများစုမှ အဓိကအားဖြင့် တိုင်တေနီယမ် (Titanium)သတ္တုထွက်ရှိနိုင်မည်ဖြစ် ပါသည်။ ဓာတ်သတ္တုခွင့်ပြုမိန့် လျှောက်ထား မှုများကို ဝန်ကြီးရုံး၌ ပုံမှန်အားဖြင့် တစ် ပတ်လျှင် တစ်ကြိမ် လုပ်ငန်းညှိနှိုင်းဆောင် ရွက်မှုကော်မတီ (EC)အစည်းအဝေးထိုင်ပြီး ဆွေးနွေးညှိနှိုင်းဆုံးဖြတ်လေ့ရှိပါသည်။ ထိုကော်မတီကို သတ္တုတွင်း ဝန်ကြီးဌာန၊ ဝန်ကြီးက ဦးဆောင်ပြီး ဝန်ကြီးဌာန လက်အောက်ရှိ ဌာန (၈)ခုမှ ညွှန်ကြားရေးမှူး၊ ဦးဆောင် ညွှန်ကြားရေးမှူးချုပ်များနှင့် ရုံးအဖွဲ့မှူးတို့ ပါဝင်ကြပါသည်။ Hoisting Flag ကုမ္ပဏီ၏ လျှောက်ထားလာမှုကို ဝန်ကြီးရုံး (EC) က သဘောတူလိုက်ပါသည်။ ခွင့်ပြုနိုင်မည့် လုပ်ကွက်မှာ (၁) စတုရန်းကီလိုမီတာ (၂၄၇ ဧကခန့်) ထက်ပိုကျယ်သဖြင့် အကြီး စား ဓာတ်သတ္တုထုတ်လုပ်ခွင့်ဖြစ်နေ၍ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် (Myanma Investment Commission) (M.I.C)သို့ သတ္တုတွင်း ဝန်ကြီးဌာနက ဆက်လက်တင်ပြ သဘောထား မှတ်ချက်တောင်းခံရပါသည်။ (အစိုးရဝန်ကြီးဌာနအားလုံးပင် အကြီးစား လုပ်ငန်းများနှင့် ပတ်သက်၍ ထိုသို့M.I.C သို့တင်ပြကြရပါသည်။M.I.C သဘောတူ ခွင့်ပြုမှသာလျှင် သတ္တုတွင်း ဝန်ကြီးဌာနက ကုမ္ပဏီသို့ လုပ်ထုံးလုပ် နည်းများနှင့်အညီ ခွင့်ပြုမိန့် ထုတ်ပေးရပါ သည်။

များသောအားဖြင့် ဝန်ကြီးဌာနနှင့် ကုမ္ပဏီတို့ စာချုပ်ချုပ်ဆိုသော အခမ်း အနားတွင် ခွင့်ပြုမိန့်ကို တစ်ပါတည်း ထုတ်ပေးလေ့ရှိပါသည်။ ထိုစဉ်ကM.I.C၏ဥက္ကဋ္ဌမှာ ဦးသောင်းဖြစ်ပါသည်။ သူက သိပ္ပံ နည်း ပညာဝန်ကြီးဌာန၊ ဝန်ကြီးတာဝန်ကိုလည်း ထမ်းဆောင်လျက်ရှိပါသည်။ Hoisting Flag ကုမ္ပဏီ၏ အလေးစီးသဲသတ္တုထုတ်လုပ်ခွင့် လျှောက် ထားမှုက(M.I.C) ကသဘောမတူ ကြောင်း သတ္တုတွင်းဝန်ကြီးဌာနသို့ အကြောင်းကြားလာပါတော့သည်။ တိုက် တေနီယမ် သတ္တုထုတ်နိုင်သော တွင်း ထွက်များမှာ စစ်လက်နက် ပစ္စည်းများ ထုတ်လုပ်ရာတွင် အသုံးပြုနိုင်သော မဟာဗျူဟာ တွင်းထွက်များ(Strategic Minerals) ဖြစ်နေသဖြင့် တစ်ချိန် ချိန်တွင် နိုင်ငံတော် အတွက် အသုံးပြုနိုင် ရန် အရန်ထားရှိမည်ဖြစ်၍ ခွင့်မပြု ကြောင်း ဖော်ပြထားပါသည်။ သို့ဖြစ်၍ သတ္တုတွင်းဝန်ကြီးဌာနက ကုမ္ပဏီသို့ ခွင့်ပြုမိန့် ထုတ်ပေးခဲ့ခြင်းမရှိ သလို စာချုပ်ချုပ်ဆိုခဲ့ခြင်းလည်း မရှိပါ။ံ Hoisting Flag ကုမ္ပဏီ၏ အလေးစီးသဲ သတ္တု ထုတ်လုပ်ခွင့်လျှောက်ထားသည့် ကိစ္စမှာ ဤမျှနှင့်ပင် နိဂုံးချုပ်သွားခဲ့ရပါ သည်။

သို့ဖြင့် (ကျွန်တော် ကိုယ်တိုင်လည်း အလုပ်မှ အနားယူလိုက်ပြီဖြစ်၍) ဤကိစ္စကို မေ့မေ့ပျောက်ပျောက်ပင် ထားလိုက်ပါ တော့သည်။
ယခု မင်းဒင်၏ ဆောင်းပါးကို ဖတ် လိုက်ရတော့မှ ထိုကိစ္စက ခေါင်းထဲပြန် ဝင်လာခြင်းပင်။ မင်းဒင်၏ ဆောင်းပါးတစ်နေရာမှာ ဒီလို ရေးထားတာ တွေ့ရပါသည်။ မကြာခင်မှာ ပါကစ္စတန်ကုန် သည်တစ်ဦးနဲ့ အဆက်အသွယ် ရတယ်။ ရသလောက်ယူမယ်။ ဈေးကောင်းကောင်း ပေးမယ်ဆိုတာနဲ့ သတ္တုတွင်းဝန်ကြီးဌာန နဲ့ ကြားဖြတ်ညှိနှိုင်းပြီး စထရင်းဟော်တယ် မှာ အရောင်းအဝယ် စာချုပ် ချုပ်လိုက်ကြ တယ်တဲ့}} စာချူပ် ချုပ်လိုက်ကြတာက သတ္တု တွင်းဝန်ကြီးဌာနနဲ့ ကုမ္ပဏီလား၊ နိုင်ငံခြား ကုန်သည်နဲ့ ကုမ္ပဏီလား၊ ရှင်းရှင်းလင်း လင်းမရှိပါ။ နိုင်ငံခြား ကုန်သည်နဲ့ကုမ္ပဏီချုပ် တာဆိုရင် သတ္တုတွင်းဝန်ကြီးဌာနက အနေသာကြီးပါ။ သတ္တုတွင်းဝန်ကြီးဌာနနဲ့ ကုမ္ပဏီချုပ် တယ်ဆိုရင်တော့ ပြောစရာ တွေရှိလာမည်ဖြစ်သည်။ စာချုပ်ချုပ်မည်၊ ခွင့်ပြုမိန့်ထုတ်ပေးတော့မည်ဆိုလျှင် စာချုပ်မူကြမ်း ညှိနှိုင်းပြင်ဆင်ဖို့ ခွင့်ပြုမိန့် မူကြမ်းရေးဖို့ အလုပ်တွေကို သတ္တုတွင်း ဝန်ကြီးဌာန ဝန်ကြီးရုံး၏ကိုယ်စား ကျွန် တော်တို့ သတ္တုတွင်းဦးစီးဌာနက ကြိုတင် ဆောင်ရွက်ပေးရတာပါ။ စာချုပ်ချုပ်ဆိုတဲ့ အခမ်းအနားမှာ ဝန်ကြီးက စာချုပ် အချော နှင့် ခွင့်ပြုမိန့် အချောတွေမှာ အဆင့်သင့် လက်မှတ်ရေးထိုးရုံပါပဲ။ ယခု မင်းဒင်၏ ဆောင်းပါးပါ စာချုပ်ချုပ် ဆိုသည်ဆိုသောကိစ္စနှင့် စပ် လျဉ်း၍ ကျွန်တော် ဘာမှမသိရှိခဲ့ပါဟု တင်ပြလိုပါသည်။

နောက်ထပ် ဖော်ပြလိုသည်မှာ နမူ နာများကို ဓာတ်ခွဲစမ်းသပ်သည့်ကိစ္စ ဖြစ်ပါ သည်။ ဆောင်းပါးတစ်နေရာမှာ (Heavey Send)နမူနာတွေကို သိပ္ပံနည်းပညာ ဝန်ကြီးဌာန ဓာတ်ခွဲခန်းပို့ပြီး အစစ်ဆေးခံ ခဲ့ကြပါတယ်}}ဟုလည်းကောင်း၊ ]]သိပ္ပံ နဲ့နည်းပညာဝန်ကြီးဌာနကို ပို့ထားတဲ့ နမူနာကို စစ်ဆေးတွေ့ရှိချက် ဓာတ်ခွဲ ခန်းအဖြေထွက်လာပါတယ်။ အဲဒီ စစ် ဆေးချက်ကို ဝန်ကြီးထံ သိသာရန် တင်ပြထားပြီး မိတ္တူတစ်စောင်ကို ကိုစံလင်းရခဲ့ပါ တယ်။ အဲဒီ မိတ္တူကို ကျွန်တော်ဖတ်ရ တယ်ဗျ}}ဟုလည်းကောင်း ရေးထားပါ သည်။ အဲဒီကိစ္စကို ကျွန်တော် ဘာမှ မသိ ခဲ့ရိုး အမှန်ပါ။ နမူနာတွေကို ဓာတ်ခွဲစမ်း သပ်ဖို့ သိပ္ပံနည်းပညာဝန်ကြီးဌာနကို ပို့ မယ်လို့လည်း ကုမ္ပဏီတာဝန်ရှိသူတစ် ယောက်တစ်လေကမှ ကျွန်တော့်ကို မပြောခဲ့ကြပါ။ နောက်တစ်ခုပြောရန်ရှိ သည်မှာ သတ္တုတွင်းဝန်ကြီးဌာနက ကိုင် တွယ်ဆောင်ရွက်လျက်ရှိသော လုပ်ကွက် မှ နမူနာများကို သိပ္ပံနည်းပညာဝန်ကြီး ဌာနတွင် စမ်းသပ်လိုပါက သတ္တုတွင်းဝန် ကြီးဌာန၏ ရုံးစာပါရှိမှသာ သိပ္ပံနှင့် နည်း ပညာဝန်ကြီးဌာနက ဆောင်ရွက်ပေးမှာ ဖြစ်ပါသည်။ ထိုသိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန က ဓာတ်ခွဲစမ်းသပ်၍ ရရှိသော အဖြေ ဆိုတာကိုလည်း ကျွန်တော် မမြင်ခဲ့ရပါ။ ကုမ္ပဏီကလူတွေကလည်း မပြောကြပါ။

ကျွန်တော်သိတာကတော့ ကျွန်တော် ကိုယ်တိုင် နမူနာတွေကို ဘ-ဓ-ရ ဓာတ် ခွဲခန်းသို့ သွားပို့ခဲ့တာ၊ ဓာတ်ခွဲအဖြေကို လည်း ကျွန်တော်ပင် ရယူခဲ့တာ၊ ကုမ္ပဏီကလူကို ကျွန်တော် မိတ္တူတစ်စုံပေးခဲ့တာ၊ ထိုဓာတ်ခွဲခန်းအဖြေကို ကုမ္ပဏီ၏ File မှာတွဲပြီး ကျွန်တော် သတ္တုတွင်းဝန်ကြီး ဌာန (ဝန်ကြီးရုံး)သို့ တင်ပြခဲ့တာ . . . ဒါပဲ ကျွန်တော် သိသည်။ ကျန်တာတွေ ကျွန်တော်မသိပါ။ (ဖိုင်ဟောင်းတွေကို ဖျက်ဆီးမပစ်သေးဘူးဆိုလျှင်၊ ထို Case File သတ္တုတွင်းဦးစီးဌာနမှ ရှိပါလိမ့်ဦး မည်) ဆက်လက်၍ ဖော်ပြလိုသည်မှာ အစိုးရဝန်ကြီးဌာနအချင်းချင်း ဆက်ဆံ ရေးနှင့်ပတ်သက်ပါသည်။ မင်းဒင်၏ ဆောင်းပါးတစ်နေရာမှာ ]]သိပ္ပံနှင့် နည်း ပညာဝန်ကြီးဌာကနေ သတ္တုတွင်းဝန်ကြီး ဌာနကို ညွှန်ကြားစာတစ်စောင် ရောက် လာပါတယ်။ အဲဒီစာက အဲဒီကိုစံလင်းတို့ သတ္တုရှာဖွေနေတဲ့ စီမံကိန်းကို ချက်ချင်း ရပ်ပြီး သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာနကို လွှဲအပ်ဖို့လုပ်ရမယ်တဲ့}}ဟု ရေးထားပါ သည်။ ဒါကို ရှင်းပြပါရစေ။ အစိုးရဝန်ကြီးဌာန တစ်ခုနှင့်တစ်ခု သည် (အရေးပါတာ၊ အရေးမပါတာ အသာထား) အဆင့်တူ၊ ပါဝါတူဖြစ်ပါ သဖြင့် ဝန်ကြီးဌာနတစ်ခုက အခြားဝန်ကြီး ဌာနတစ်ခုကို ညွှန်ကြားလို့မရပါ။ အပြန် အလှန် ညှိနှိုင်းဆောင်ရွက်ခြင်းသာ ရှိပါသည်။

ဓာတ်သတ္တုနှင့်ပတ်သက်၍ မြန်မာ့ သတ္တုတွင်း ဥပဒေကို (၆-၉-၁၉၉၄)ရက်စွဲ ဖြင့်လည်းကောင်း၊ မြန်မာ့သတ္တုတွင်း နည်းဥပဒေများကို (၃၀-၁၂-၁၉၉၆)ရက် စွဲဖြင့်လည်းကောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေ လက်မှတ်ရေးထိုး၍ တရားဝင်ထုတ်ပြန်ခဲ့ပါသည်။ အဆိုပါ ဥပဒေ၊ နည်းဥပဒေအရ ဓာတ်သတ္တုနှင့်ပတ်သက် လာလျှင် သတ္တုတွင်း ဝန်ကြီး ဌာနမှာသာ လုပ်ပိုင်ခွင့် အပြည့်အဝရှိပါသည်။ အခြား သော ဝန်ကြီးဌာနများက ဓာတ်သတ္တုလုပ် ငန်းဆောင်ရွက်လို လျှင်ပင် သတ္တုတွင်း ဝန်ကြီးဌာနလို့ လျှောက်ထားရပြီး သတ္တု တွင်းဝန်ကြီးဌာနက လုပ်ထုံးလုပ်နည်းများ နှင့်အညီ ခွင့်ပြုမိန့်ထုတ်ပေးရစမြဲ ဖြစ်ပါ သည်။ ဥပမာအားဖြင့် အမှတ်(၁) စက်မှု ဝန်ကြီးဌာနက ကျောက်ဂွမ်း၊ ဘိလပ်မြေ သုံး ထုံးကျောက်၊ မာဘယ်လ်စသော စက်မှုကုန်ကြမ်းနှင့် အလှဆင်ကျောက်များ ထုတ်လုပ်ခွင့်ရရှိရေးအတွက် သတ္တုတွင်း ဝန်ကြီးဌာနသို့ လျှောက်ထားခဲ့ပြီး သတ္တု တွင်းဝန်ကြီးဌာနက ခွင့်ပြုမိန့်များ ထုတ် ပေးခဲ့သည့် သာဓကများ အထင်အရှားရှိ ခဲ့ပါသည်။ မင်းဒင်သည် သိပ္ပံနှင့် နည်းပညာ ဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံ ရင်းနှီးမှုကော် မရှင်( M.I.C )ကို ခွဲခွဲခြားခြား မစဉ်းစား မိလို့လားဟုလည်း အတွေးဝင်မိပါသည်။

ဦးသောင်းသည် သိပ္ပံနှင့်နည်းပညာဝန်ကြီး ဌာန၏ ဝန်ကြီးဖြစ်သလို တစ်ချိန်တည်း မှာပင် ( M.I.C )၏ ဥက္ကဋ္ဌလည်း ဖြစ်နေ ပြန်ပါသည်။ သို့ဖြစ်၍ ဦးသောင်းသည် (MIC) ဥက္ကဋ္ဌအနေဖြင့် သတ္တုတွင်း ဝန်ကြီးဌာနသို့ ညွှန်ကြားနိုင်မည် ဖြစ်ပါ သည်။ သို့ရာတွင် သိပ္ပံနှင့် နည်းပညာ ဝန်ကြီးဌာန၏ ဝန်ကြီးအနေဖြင့်ဆိုလျှင် သတ္တုတွင်းဝန်ကြီးဌာနသို့ ညွှန်ကြားနိုင်မည် မဟုတ်ပါ။ အလေးစီးသဲထည့်ထားတဲ့ အိတ်ကားလေးစီးတိုက်လောက်ကို (သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန လက်အောက်က) ဧလာ၊ ရွှေသတ္ထုသန့်စင်စက်ရုံသို့ ပို့တယ် ဆိုတာတို့၊ သန့်စင်လို့ရတဲ့ရွှေတွေကို ဘယ် သူက ဘယ်သူ့ဆီပို့ရတယ်ဆိုတာတို့၊ အဲဒီ အကြောင်းတွေကိုတော့ ကျွန်တော်ကိုယ် တိုင် မကြား၊ မမြင်၊ မသိရတာတွေဖြစ် လို့ သက်သေထွက်ဆိုပေးလို့ မရနိုင် ကြောင်းပါခင်ဗျား။ မင်းဒင်ရဲ့ ဆောင်းပါးအာဘော်ကို အနှစ်ချုပ်ကြည့်လိုက်ရင် အောက်ပါ အတိုင်း တွေ့ရမှာပါ။
(၁) Hoisting Flag ကုမ္ပဏီက အလေးစီးသဲကို ရှာဖွေတွေ့ရှိခဲ့ကြောင်း၊

(၂) သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာနမှ ဓာတ်ခွဲစမ်းသပ်ချက်အရ အဲဒီအလေးစီး သဲထဲမှ ယူရေနီယမ်စတဲ့ ရေဒီယို သတ္တိကြွတွင်းထွက် တွေ့ရှိပါသည်ဟု သိရှိရကြောင်း၊
(၃) ဒါ့ကြောင့် Hoisting Flag ရဲ့ သတ္တုရှာဖွေရေးစီမံကိန်းကို ချက်ချင်းရပ်ပြီး သိပ္ပံနှင့် နည်းပညာဌာနကို လွှဲပြောင်း ပေးရမယ်လို့ သတ္တုတွင်းဝန်ကြီးဌာနသို့ ညွှန်ကြားခဲ့ကြောင်း၊
(၄) ဒါဟာ ဗမာပြည်ရဲ့ နျူကလီး ယားစီမံကိန်းအစများ ဖြစ်နေမလား။ ယခင့် ယခင် ဘူမိဗေဒအစီရင်ခံစာ များကိုဖတ်ရှု လေ့လာခြင်းနှင့် အနှစ် ၄၀ခန့် ဘူမိဗေဒ ကွင်းဆင်းအတွေ့အကြုံများကို အခြေခံပြီး ကျွန်တော် ဒီလို ထွက်ဆိုလိုက်ပါရစေ။

(၁) မိုးကုတ်၊ မိုးမိတ်၊ သပိတ်ကျင်း ဒေသသည် လွန်ခဲ့သော နှစ်သန်းပေါင်းများစွာက ပြင်းထန်စွာ တွန့်ခေါက်၊ ပြတ် ရွေ့ခြင်း၊ မီးသင့်ကျောက်များတိုးဝင်ခြင်း၊ အသွင်ပြောင်းကျောက်များ ဖြစ်ပေါ်လာ ခြင်း၊ ချော်ရည်ပူများတိုးဝင်ခြင်း စသော ဘူမိဖြစ်စဉ်ကြီးများနှင့်အတူ ဖြစ်ပေါ်လာသော ပတ္တမြား၊ နီလာ စသော ကျောက် မျက်ရတနာများ၊ ရွှေသတ္တုများ ထွက်ရှိ ရာဖြစ်၍ ရှေးကတည်းက လူအများ စိတ် ဝင်စားခဲ့ကြပါကြောင်း၊

(၂) အလေးစီးသဲ(Heavy Sand) ဆိုတာကိုလည်း ဘူမိဗေဒ ကွင်းဆင်းအစီရင်ခံစာများအရ ယခင်ကတည်းကသိရှိ ထားပြီးဖြစ်ပါကြောင်း ယခင်က ဓာတ် သတ္တုလုပ်ငန်း များကို ပုဂ္ဂလိကများလုပ် ကိုင်ခွင့်မရှိခဲ့ဘဲ (ပုဂ္ဂလိက ကုမ္ပဏီများ လည်း ဖွဲ့စည်းခွင့်မရှိခဲ့ဘဲ) သတ္တုတွင်း ဝန်ကြီးဌာနကသာ လုပ်ပိုင်ခွင့်ရှိခဲ့ပြီး (၁၉၉၆ ခုနှစ်၊ မြန်မာ့သတ္တုတွင်း နည်း ဥပဒေများ ပြဋ္ဌာန်းပြီးနောက်မှသာ) ပုဂ္ဂလိ က ကုမ္ပဏီများ ပေါ်ပေါက်လာ၊ ဓာတ်သတ္တုလုပ်ငန်းများ လုပ်ကိုင်ခွင့်များရှိလာ ခဲ့ခြင်းဖြစ်ပါသဖြငHoisting Flag ကုမ္ပဏီကဲ့သို့သော (Mining Com-pany) များအနေဖြင့် ဓာတ်သတ္တုလုပ်ငန်း လုပ်ကိုင်ခွင့်
(အလေးစီးသဲသတ္တုတူးဖော်ခွင့်) လျှောက်ထားလာခြင်းသာ ဖြစ်ပါကြောင

(၃) ၁၉၆၀ ခုနှစ်လောက်ကတည်း က မိုးမိတ်ဒေသမှာ စိန်(ကျောက်မျက် တန်းဝင်သောစိန်) တွေ့ရှိခဲ့သည်ကို အကြောင်းပြုလို့ စိန်ရှာဖွေရေး ဆောင် ရွက်ခဲ့သော်လည်း ယနေ့ထိ စီးပွားဖြစ် စိန်ဖြစ်ထွန်းမှု တွေ့ရှိပြီဆိုသောသတင်း များ မကြားသိရသေးပါကြောင်း၊ ထိုနည်း တူ မိုးကုတ်၊ မိုးမိတ်ဒေသမှာ တွေ့ရှိရ သော မီးသင့်ကျောက်(ဂရက်နိုက်)တစ်မျိုး ဖြစ်သော အာလာ့စကိုက် (Alaskite)ကျောက်များမှာ ရေဒီယိုသတ္တိကြွ တွင်း ထွက်များ (Radioactive Minerals) ပါရှိကြောင်းကိုလည်း ထိုအချိန်လောက် ကတည်းကပင် သိရှိထားပြီးဖြစ်သည့်တိုင် အောင် အဆင့်မြင့်နည်းပညာများဖြင့် ထိရောက်အောင်မြင်စွာ စမ်းသပ်တိုင်းတာ ဖော်ထုတ်နိုင်ပြီဆိုသော တရားဝင် သတင်း စကားများ ကြားသိရခြင်း မရှိသေးပါကြောင်း၊ မည်သို့ပင်ဖြစ်စေ မိုးကုတ်၊ မိုးမိတ်ဒေသကို (နျူးကလီးယား စွမ်းအား ထုတ်လုပ်နိုင်သည့်) ရေဒီယိုသတ္တိကြွ တွင်းထွက်များ ထွက်ရှိနိုင်သည့် အလားအလာ ရှိသော ဧရိယာ (Prospect Area)ဟု တော့ အသေအချာ ပြောနိုင်ပါကြောင်း၊

ဆင်တဲဝ မြတ်ဖုန်း

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...