Wednesday, October 16, 2013

ဖိုးလပြည်အကြောင်းတစေ့တစ်စောင်း....

 Blue Peace အဘိုးကြီးမိသားစု စီးပွားရေး သောင်းကျန်းတာကတော့ မျောက်လောင်း ဖို့လပြည့်တောင် မကျန်ဘူးလို့ ပြောရမှာပဲ .. ကုမ္မဏီတွေထောင်ပြီး စီးပွားရေး လုပ်တာမဟုတ်ပဲ အဘိုးကြီး အရှိန်အ၀ါနဲ့ မာဖီးယားဂိုဏ်ဆန်ဆန် လုပ်ရပ်တွေကတော့ ပြောမဆုံးပေါင် တောသုံးတောင်ဖြစ်ခဲ့ဖူးပါတယ်...
သူ့လုပ်နည်းလုပ်ဟန်တွေက ကုမ္မဏီတစ်ချို့နဲ့ ပူးပေါင်းပြီး တရားမ၀င် တင်သွင်းလာတဲ့ပစ္စည်းတွေကို အကောက်အခွန်ဋ္ဌာန အစစ်အဆေးမခံမရအောင် အခွန်မဆောင်ရအောင် ဆိပ်ကမ်းမှာ ရှင်းပေးတဲ့ မျက်နှာပြရုံသက်သက် စီးပွားရေးပါ.. ၀န်ဆောင်မူ့အနေနဲ့ကတော့ ပစ္စည်ုးအမျိုးအစားပေါ်မူတည်ပြီး ပိုက်ဆံယူပါတယ်... ဒါအပြင် ရန်ကုန်မြို့ မြေနေရာတွေမှာအလုပ် လုပ်ချင်တဲ့ လုပ်ငန်းရှင်တွေကို သက်ဆိုင...်ရာ ၀န်ကြီးဋ္ဌာနတွေနဲ့ ဆက်သွယ်ပေးတဲ့ပွဲစားမျိုး အလုပ်လဲ လုပ်ပါတယ်... အထင်ရှားဆုံးဖြစ်သွားတဲ့ တစ်ခုကတော့ ပြည်လမ်းနဲ့အနော်ဟရီလမ်း အတွင်းမှာရှိတဲ့ ထိုင်းနိုင်ငံသံရုံးဘေးက ဖျာပုံ မမြနွယ်ခြံလို့ လူသိများတဲ့မြေကွတ်ကြီးကို ဆောက်လုပ်ရေး လုပ်ငန်းလုပ်ကိုင်တဲ့ နိုင်းဂရု(Naing Group) ကုလားသူဋ္ဌေးတွေ ၀ယ်ယူရာမှာ မြို့တော်စည်ပင်က အတည်မပြုပေးလို့ အဲဒီတုန်းက မြို့တော်ဝန်လုပ်နေတဲ့အောင်သိန်းလင်းကို နားချပြီး ကုလားသူဋ္ဌေးဆီက ငွေကျပ်သိန်း 5000 ရယူခဲ့တဲ့ ဖြစ်ရပ်ပါပဲ. စီးပွားရေးနဲ့ ပတ်သတ်လာရင် ဘယ်ဗိုလ်ချုပ်သားသမီးကိုမှ ဗိုလ်မထားပါဘူး.. နေရာကောင်းမှာဆိုင်ဖွင့်ထားတဲ့အရင်ကအတွင်:ရေးမှူး(၁)သီဟသူရတင်အောင်မြင့်ဦးရဲ့သား ဗိုလ်ကြီးဟောင်းတေဇာစောဦးရဲ့ "7 Lekker" ကော်ဖီဆိုင်ကို နောက်လိုက်တွေစေလွတ်ပြီး ဖျက်ဆီးပြခဲသလို့ ပြည်သူ့ဥယျာဉ်ထဲက မြေကွတ်နဲ့ ပတ်သက်ပြီး ကာကွယ်ရေးဝန်ကြီးဋ္ဌာနက ညွန့်ကြားရေးမှူးဟောင်း ဗိုလ်ချုပ် ၀င်းလိုင်ရဲ့သားဝင်းထွေးလိုင်ကိုလဲနောက်လိုက်တွေကိုခိုင်းပြီး ရိုက်နှက်ဖို့ ခိုင်းစေခဲ့ဖူးပါတယ်... အနိုင်ကျင့်တဲ့နေရာမှာ သူအဘိုးကိုမှီပါတယ်.... ဖိုးလပြည့်မကောင်းကြောင်း Facebookမှာရေးမိတဲ့ အမေရိကားနေ သူငယ်ချင်းတစ်ယောက်ကို မြန်မာပြည်ပြန်အလာ ရဲနဲ့ဖမ်းခိုင်းပြီးဒုက္ခပေးခဲ့တာကြောင့် မိဘများအခတ်ကြုံခဲ့ရပါတယ်... 2009 ခုနှစ်တုန်းကလည်း စင်္ကာပူမှာကျောင်းတက်နေတဲ့ သူငယ်ချင်းတစ်ယောက်အလားတူမကောင်းကြောင်းရေးမိခဲ့လို့ ရန်ကုန်မြို့က အဲဒီသူ့သူငယ်ချင်းမိဘတွေရဲ့ အိမ်ကို ခဲနဲ့ထု....လူတွေကို ရဲနဲ့ဖမ်းခိုင်းပြီး ဦးချတောင်းပန်ခိုင်းတဲ့တွက် မိဘတွေမျာရှက်ရှက်နဲ့သားဇောကြောင့် ဦးချတောင်ပန်ခဲ့ရပါတယ်နောက်အဖြစ်အပျက်တစ်ခုကတော့ ရန်ကုန်မြို့ လမ်း(၅၀)မှာရှိတဲ့ မြန်မာ့စီးပွားရေးဦးပိုင်လီမီတက်ရုံး ကားရပ်နားရာနေရာမှာ နိုင်ငံခြားရေးဝန်ကြီး ဦးဥာဏ်ဝင်းရဲ့ ကိုယ်ရေးအရာရှိဗိုလ်ကြီးတစ်ဦးက ဖိုးလပြည့်ကားရှေ့မှာ ပိတ်ရပ်မိတဲ့အတွက် အိမ်ခေါ်သွားပြီး ဆုံးမသြ၀ါဒပေးတာ အဲဒီအရာရှိခံခဲ့ရဘူးပါတယ်... အခုလဲ facebook စာမျက်နှာတော်တော်များများမှာ မျောက်လောင်းနဲ့ ပတ်သက်ပြီး ရေးကြ ပြောကြနဲ့ တရုပ်မ မိုးစက်ဝိုင်းက ပဲလျှော်ကြား ဆားညှပ်သလို ဖြစ်သွားတယ်လို့ မြင်မိပါတယ် .. ဒီကိစ္စနဲ့ ပတ်သက်ပြီး ဘယ်တုန်းကမှမည်သူကိုမဆို လက်တုန့်ပြန်ရမှ ကျေနပ်တဲ့ ဖိုးလပြည့်ဟာ ပြည်သူ့တွေကို ဗုံးနဲ့များပြန်လည်တုံ့ပြန်ခဲ့လေသလားလို့ အတွေးပွားရပါတယ်. ဖိုးလပြည့်လက်အောက်မှာ အင်အားဘယ်လောက်ရှိတယ်ဆိုတာ ဘယ်ပြည်သူမှ ခန့်မှန်းလို့မရပါဘူး .. လောလောဆယ် အမြင်မှာတော့ ဦးသန်းစိန်ကော.. မင်းအောင်လိုင်ပါ .. မျောက်လောင်းက မျက်လုံးထဲ ထည့်ပုံမပေါ်ပါဘူး ....

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...