Thursday, October 10, 2013

အိပ်မရတဲ့ညတွေများခဲ့ပြီ

October 9, 2013 at 1:52pm

ငြိမ်းချမ်းရေးဆိုတာ
ဂျောင်ပိတ်ထားလို့မရ လှောင်ပိတ်ထားလို့မရဘူး
အနှောင်အဖွဲ့ကင်းရမယ်၊


ငြိမ်းချမ်းရေးဆိုတာ
လွတ်လမ်းရှာသောထွက်ပေါက်မဟုတ်
ရင်ထဲကအစစ်အမှန်လာသောဆန္ဒဖြစ်ရမယ်၊

ငြိမ်းချမ်းရေးဆိုတာ
ရယူခြင်းမဟုတ် တန်းတူမျှတရေးဖြစ်တယ်၊
အပေးအယူ(အခွင့်အရေး)ကင်းရှင်းရမယ်၊
အပေးအယူ(လာဘ်ပေးလာဘ်ယူ)ကင်းရှင်းရမယ်၊

ငြိမ်းချမ်းရေးဆိုတာ
လွတ်လပ်ရမယ်
မျှတရမယ်
ငါ့အတွက်မဖြစ်စေရ

ငြိမ်းချမ်းရေးဆိုတာ
စကားလုံးလေးနဲ့ပြောလို့မရသလို
စာနဲ့ရေးလို့မရနိုင်ပါဘူး၊
နှလုံးသားချင်းထပ်တူမှသာရတာဖြစ်တယ်

ငြိမ်းချမ်းရေးဆိုတာ
အင်အားချင်းပြိုင်တာမဟုတ်ဘူး
လူမျိုးခြင်းနိုင်တာမဟုတ်ဘူး
နှလုံးသားကိုစတေးခြင်းသာလျှင်ဖြစ်တယ်

ငါ့အတွက်လုပ်သောငြိမ်းချမ်းရေးမှန်သမျှ
မုချ...ကျဆုံးရမည်

ထွက်ပေါက်ရှာသောငြိမ်းချမ်းရေးမှန်သမျှ
မုချ...ကျဆုံးရမည်

အပေးအယူလုပ်သောငြိမ်းချမ်းရေးမှန်သမျှ
မုချ...ကျဆုံးရမည်

ရင်ထဲကအစစ်အမှန်လာသော
ငြိမ်းချမ်းရေးဖြစ်ဖို့
နှလုံးသားမပါတဲ့
လူညာကြီးတွေကိုရှင်းပြစ်ဖို့
အတွေးစတွေကြား
အိပ်မရတဲ့ညတွေများခဲ့ပြီ
သူငယ်ချင်းတို့ရေ။



ကိုကိုဦး (သူပုန်မျိုးဆက် - ၈၈)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...