Wednesday, October 16, 2013

“ကားပါမစ်ငြိမ်းချမ်ရေး..နဲ့ …မဆိုင်တဲ့.........ABSDFပန်းဘဲဖိုတော်လှန်ရေး.ခွတ်ဒေါင်းများ(၂)….”


၁၉၈၉ /၉၀..ကာလတုံးက..တောခိုကျောင်းသာတွေပြန်လာရင်လွတ်ငြိမ်းချမ်းသာခွင့်. .ပေးမယ်.. လို့ န.ဝ.တ ကကြေငြာတော့…နယ်စပ်စခမ်းအသီးသီး..အတော်လေး.. လှုပ်သွားခဲ့တယ်…. ဘယ်သူတွေများပြေးကြတော့မလဲ ပေါ့လေ……. နီမင်းကတော့အေးဆေးဘဲ…
"လွတ်ငြိမ်းချမ်းသာခွင့်ဆိုတာ…အပြစ်လုပ်တဲ့သူတွေကို..တရားဝင်အစိုးရတခုက ပေးတာဗျ ...

ကျွန်တော်တို့က ပြစ်မှု ကျူးလွန်သူတွေမှမဟုတ်ဘဲ.... ဒါကြောင့် …လွတ်ငြိမ်းချမ်းသာခွင့် ပေးခြင်းပေးရင် ကျွန်တော်တို့ ABSDF က..န၀တ.. ကိုပေးရမှာ……" လို့ ကျနော့ဆိုင်လေးမှာလာထိုင်ရင်းပြောသွားခဲ့တယ်…
…………………………………………………………………………………………………………
 
မြင်းခြံမြို့ မှာ..အလွန်ချစ်ကြတဲ့..သူငယ်ခြင်း၂ယောက်……… တယောက်ကိုလက်နှစ်ဖက်အုံးဆံကြိုးနဲ့ ပူးချည်..ခြေဖျားထောက်ထားမှသက်သာမဲ့အနေအထားနဲ့ …
ထုပ်တန်းမှာမမှီ့ တမှီလေးဆွဲထားတယ်… တယောက်ကိုတော့သက်တောင့်သက်သာထိုင်ခိုင်းပြီးမေးခွန်းတွေ..မေးတယ်. .ဖြေတာမကြေနပ်ရင်ကြိုးနဲ့ ဆွဲထားသူကိုရိုက်တယ်… အရမ်းမရိုက်ဘူး …မော်တော်ကားပန်ကာ..ရော်ဘာကြိုးလုံးတွေကို…အဝတ်နဲ့ စုချည်ပြီး..ရင်ညွန့် တို့ ..နံစေါင်းတို့ .
.ကြောကုန်းတို့ ကိုဆော်တာ…. မပေါက်..မပြဲ..အရှိုးမထင်ဘူလေ… သူငယ်ခြင်း၂ယောက်..တလှည့်စီ….၂ပါတ်လောက်ခံလိုက်ရတယ်။

သေမှာစိုးလိုလား..ခေါင်မာကြလို့ လားတော့ မသိဘူး..နည်းပြောင်းလိုက်တယ်….. သစ်သားပုံးထဲမှာရပ်ခိုင်း..ဒူးဆစ်အထက်..လက်တဝါးလောက်အထိကွန်ကရစ်လောင်းလိုက်တယ်…
.ရေနက်တခုထဲပြစ်ချအစဖျောက်တော့မယ်ထင်လိုက်တာ… .နောက်တော့…အဲ့ဒီလိုအစဖျောက်လိုက်ရင်ကောင်းသား..... ကွန်ကရစ်မာသွားတော့..ဒီအတိုင်း၁၀ရက်လောက်ပစ်ထားတယ်…ခံစါးကြည့်ကြပေါ့  …အဲ..နောက်တော့…ထောင်တသက်တဲ့…ပြစ်မှုက… တရားမဝင်ဘူးလို့ ကြေငြာလိုက်တဲ့…ငွေစက္ကူတွေကို…ဇောက်ထိုးဆွဲထားတဲ့ဦးနေဝင်းပုံနဲ့ အတူ…
မြင်းခြံပါတီယူနစ်ရုံးရှေ့ မှာ..မီးရှို့ ပြမှုတဲ့…။

ရှစ်လေးလုံးမှာ..ထောင်တွေပေါက်တော့..နီမင်းလွတ်လာပြီး… အမေတခုသားတခုမိခင်ကြီးကိုချို့ ငဲ့နေတာဝမ်နဲစွာတွေ့ လိုက်ရတယ်…… နီမင်းထောင်ထဲမရောက်ခင်လေးမှာ….စသုံးလုံးကအရာရှိတချို့ ရောက်လာပြီး…… "ခင်ဗျားသားတော့သေဒဏ်ချလိုက်ပြီ….အဲ့ဒါ.. ထောင် နှစ်ရှည်ဖြစ်အောင်တော့ လုပ်ပေးနိုင်တယ်…" .ဆိုပြီးအကြံအဖန်လာလုပ်တာ…. သားဇောနဲ့ ..လုပ်စါးနေတဲ့..ဆီစက်နဲ့ အိမ်ကိုရောင်းချပေးလိုက်လို့ .. စါးရမဲ့ဘဝရောက်သွားတာလေ…စစ်အာဏာသိမ်းတော့..နီမင်းတောခိုရတယ်.... …သေ့ဘောဘိုးစခမ်ရောက်လာတယ်…
(ဆက်ပါမည်)။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...