Thursday, September 19, 2013

Venus New ဂျာနယ်မှ ခင်နှင်းကြည်သာ ရေးတဲ့ "စနစ်ဆိုးကို အာခံခဲ့သူ"



အိမ်ထဲကို ၀င်လာသည့် ကျွန်မကို အြ့ပုံးချိုချိုနှင့် ဆီးကြိုလိုက်ပြီး “အိမ်ထဲဝင်ပါ။ ဒီမှာပဲ ထိုင်ကြတာပေါ့” ဟု ညွှန်ပြရာ ညွှန်ပြရာကို မမြင်မိဘဲ တုံးတိဖြစ်နေသည့် လက်နှစ်ဖက်ကို သာ မြင်မိလေသည်။ မျက်လုံးနှစ်ဖက်ကွယ်ပြီး အခြားတဖက်က မှုန်ဝါးခဲ့ကာ လက်နှစ်ဖက်လုံး လက်ဖျံလယ်မှ တုံးတိဖြစ်နေ သည့် မြင်ကွင်းမှာ စနစ်ဆိုးကို ခေါင်းငုံ့မခံပဲ တွန်းလှန်ခဲ့သည့် ကျောင်းသား စိတ်ဓါတ်၏ ပြယုဂ် တစ်ခုပင် ဖြစ်လေသည်။



နျစ်ပေါင်း ၁၅ နှစ်ကြာမှာ ဂုဏ်ပြုကျင်းပခွင့်ရခဲ့သည့် ၈၈ ငွေရတုပွဲသို့ တက်ရောက်ရန် အမေရိကန်နိုင်ငံမှ မိုင်ပေါင်းများစွာကို ဖြတ်သန်းကာ မြန်မာပြည်သို့ ရောက်ခဲ့လေသည်။ သူ့စိတ်ထဲတွင် တိုက်ပွဲဝင်ရင်း ကျဆုံးခဲ့ရသည့် ရဲဘော်များအား ဂုဏ်ပြရန်နှင့် အမျှဝေရန်အတွက် မြန်မာနိုင်ငံဆီသို့ ၁၅ နှစ်ကျော်ကြာခဲ့ပြီးမှ ပထမဦးဆုံးအကြိမ် လာရောက်ခဲ့ခြင်းဖြစ်သည်။ သူသည် စွပ်ကျယ်အဖြူရောင်နှင့် ကွာတားဘောင်းဘီ မီးခိုးရင့်ရောင်ကို ၀တ်ဆင်ထားပြီး အနက်ရောင်ဘော် တပ်ထားသော မျက်မှန်တပ်ဆင်ထားကာ အသားဖြူဖြူနှင့် ခင်မင်စရာကောင်းပြီး စကားပြောရင်း မျက်မှန်ပင့်တင်တတ်သူဖြစ်သည်။

သူသည် ကရင်ပြည်နယ်အတွင်းရှိ ဒေါင်းဂွင်ကုန်းတွင် ဖြစ်ပွားခဲ့သည့် အစိုးရနှင့် ABSDF ၏ နော်ဆုံးတိုက်ပွဲတွင် မိုင်းထိခဲ့သည့်အတွက် မျက်လုံးတစ်လုံးနှင့် လက်နှစ်ဖက် ဆုံးရှုံးခဲ့ရပြီး ပြည်ပနိုင်ငံတွင် ဒုက္ခသည်အဖြစ် နေထိုင်ရင်း အခြေအနေ အရပ်ရပ်ကြောင့် အမေရိကန်နိုင်ငံသားအဖြစ် ခံယူလိုက်သည့် ABSDF ရဲဘော်ဟောင်း ကိုမိုးကျော်ပင် ဖြစ်သည်။ ပြဘ်မြို့တွင် နေထိုင်ခဲ့သော ကိုမိုးကျော်၏ ငယ် ဘ၀မှာ မိဘနှင့်အတူ အေးချမ်းစွာနေထိုင်ရင်း အဠမတန်းအရောက်တွင် ပညာရေး အပြောင်းအလဲကို မကျေနပ်ကြောင်း ပြောဆိုခဲ့မှုကြောင့် အ.ထယက (၂) ပြည်မှ ကျောင်းထုတ်ခံခဲ့ရသည်။

ယင်းကာလသည် ၁၉၈၃-၈၄ ကာလ ၀န်းကျင်တွင် ဖြစ်သည်။ ကျောင်းမှ ထွက်လာခဲ့ပြီး နောက်ပိုင်တွင် မိသားစု စီးပွားရေးကို ကူရင်း အေချမ်းစွာ နေထိုင်ခဲ့သည်။ ၁၉ ၈၇ ခုနှစ်တွင် မန္တလေးသူ မတင်တင်အေးနှင့် အိမ်ထောင်ကျခဲ့ပြီး ယင်းမြို့တွင်ပင် စီးပွားရေးလုပ်ကိုင်ကာ အခြေချနေထိုင်ရန် ကြိုးစားခဲသော်လည်း ယင်းနှစ်၏ စက်တတင်လာလ ၁၅ ရက်နေတွင် ဖြစ်ပွားခဲ့သည့် တရားမ၀င်ငွေအဖြစ် ကြေညာကြောင်း ထုတ်ပြန်ခဲ့မှုကြောင့် လူထုဆူပူ အုံကြွမှုတွင် ပါဝင်ခဲ့လေသည်။

“အစိုးရက ၇၅၊ ၃၅ နဲ့ ၂၅ ကျပ်တန်တွေကို သိမ်းကြောင်း ကြေညာလိုက်တယ်။ လက်ထဲမှာ ၇၅ ကျပ်နဲ့ ၂၅ ကျပ်က လာမိတယ်။ တစ်ပြားမှ သုံးစရာမကျန်ဘူး။ အဲဒီအချိန်မှာ မန္တလေးက လူထုက ပေါက်ကွဲပြီး ဆူပူကြတယ်။ မခံချင်စိတ်နဲ ဆူပူထဲမှာ ပါလိုက်တယ်။ ခေါင်းဆောင်လုပ်တာမျိုး မဟုတ်ပါဘူး၊ောက်ကနေ လိုက်အော်တာမျိုးပါပဲ“ ညာဘက်လက်ဖြင့် မျက်မှန်ကို ပင့်တင်လိုက်ပြီး သူသည် ယင်း လူထုအုံကြွမှုကြီး အပြီးတွင် ပြည်သို့ ပြန်ရောက်လာခဲ့ကာ ပြည်ဲမို့ရှိ ကျောင်းသားများနှင့် ပူးပေါင်းကာ စာရွက်စာတမ်းများ ဝေခြငး၊ စုစည်းခြင်များကို လုပ်ဆောင်ခဲ့ကြောင်း၊ မိသားစုက ယင်းသို့ လုပ်ဆောင်မှုများကို ကန့်ကွက်မှု မရှိခဲ့ကြောင်း၊ ၁၉ ၈၈ ခုနှစ်၏ ရှစ်လးလုံး အရေးအခင်းကာလများတွင် ပြည်မြို့ရှိ ရွှေဆံတော်ဘုရား ရင်ပြင်ပေါ်တွင် ကျောင်းသား ၅၀ ကျော်ခန့်ဖြင့် ပိတ်ဆို့တားဆီးခံခဲ့ကြောင်း ကိုမ်ုးကျော်က စိတ်အားထက်သန်စွာ ရှင်းပြသည်။ သူသည် အသံကိုမြှင့်ပြီး “အဲဒီတုန်းက အ၀ိုင်းခံရတာ အငယ်ဆုံးတန်းက လေးတန်းကျောင်းသားပဲ။ အထက်တန်း ကျောင်းသားတွေက ပိုများတယ်။ ကောလိပ်ကျောင်းသား နည်းတယ်။ စောင်းတန်းတွေက အပိတ်ခံလိုက်ရတော့ မင်းကြီးတောင်ပေါ်ကနေ အတင်း ထွက်ပြေးရတာ။ အဲဒီတုန်းက ကျောင်းသား ၂၀ ကျော်လောက် ဖမ်းမိသွားတယ်“ဟု ဆိုသည်။ ထိုအခိန်တွင် အနီးအနား မြို့ရွာများသို့ ပါဝင်လာကြရန် တိုက်တွန်းကြခြင်းကြောင့် ရွာနီးချုပ်စပ်များ ပါဝင်လာခဲ့ပြီး ဆန္ဒပြပွဲများ ပြည်မြို့တွင် ထပ်မံ ဖြစ်ပွားခဲ့ပြန်သည်။

၁၉ ၈၈ ခုနှစ် သြဂုတ်လတွင် ပုပ်မ ၁၄၄ ညမထွက်ရအမိန့်ကို ထုတ်ပြန်ခဲ့ပြီး ဆန္ဒပြသူများအား အကြမါးနည်းဖြင့် ဖြိုခွင်းခဲ့ပြီး ဖမ်းမိသူကို မတရာက်နှိပ်စက်ခြင်းများ ပြုလုပ်ခဲ့သည်ကို မျက်မြင်တွေ့ခဲ့ရသည့်အတွက် မခံခင်စိတ် ပိုမိုဖြစ်လာခဲ့ကြောင်း ကိုမိုးကျော်က လွန်ခဲ့သည့် ၁၅ နှစအား ပြန်ပြောင်း ပြောဆိုသည်။ ၁၉ ၈၉ ခုနှစ် ဇူလိုင်လတွင် ဒေါ်အောင်ဆန်းစုကြည် အား နေအိမ်အကျယ်ချုပ်ချခဲ့သောကြောင့ ကျောင်းသားများနှင့် ပူးပေါင်းကာ “ဒေါ်အောင်ဆန်းစုကြည် ပြန်လွတ်မြောက်ရေး၊ ကျောင်းသားသမဂ္ဂ ဖွဲ့စည်းရေး၊ ဖမ်းဆီးကျောင်းသားပြန်လွတ်ရေး“စသည့် ထုတ်ပြန်ချက်များ ထုတ်ပြန်ကာ ဆန္ဒပြရာမှ ဖမ်းဆီးခံခဲ့ရပြီး တရာဥပဒေအရ ရုံးထုတ်စစ်ဆေးခြင်း မရှိ၊ တရားသူကြီးနှင့်ပင် မဆုံလိုက်ရဘဲ ပြည်ထောင်ကြီးချုပ်တွင် ပုဒ်မ ၁၄၃/၁၄၉ /၅၀၅(ခ)နှင့် ချုပ်ထားရာမှ ပုဒ်မ ၅(ည)အဖြစ် ပြောင်းလိုက်ပြီး ယင်းထောင်ကြီးချုပ်တွင်ပင် တစ်နှစ်နီးပါး အချုပ်ခံခဲ့ရသည်။

“ထောင်ထဲမှာ တိုက်ပွဲဖြစ်ရသေးတယ်၊ အခြားအဆောင်တွေလို ကျွန်တော်တို့နေတဲ့ အဆောင်က အခွင့်ရေးအတူတူ မရဘူး။ မနက် ၆ နာရီ တခါးဖွင့် နေလယ် ၁ နာရီဆို တံခါးပိတ်၊ ၃ နာရီလောက်ဆို ပြန်ဖွင့်၊ အဲဒီလို အခွင့်အရေးတွေရှိတယ်။ တံခါးဖွင့်ထားတဲ့အချိန် ကိုယ်လက်လှုပ်ရှားမှုတွေ လုပ်၊ လမ်းလျှောက်၊ ဒါမျိုးပေါ့လေ။ ကျွန်တော်တို့ အဆောင်က အဲဒါတွေ မရဘူး။ ဒါနဲ့ ကျွန်တော်နဲ့ အမှုတွဲ ၁၀ ယောက် အခြားအမှုတွဲ နှစ်ယောက် အားလုံး ၁၂ ယောက် အစာအငတ်ခံ ဆန္ဒပြကြတယ်။ ကျွန်တော်က ဦးဆောင်တာဆိုတော့ နည်းနည်းပိုကြတယ်။ သူတို့ဘက်က လိုက်လျောပြီး တန်းတု အခွင့်အရေးတွေ ပြန်ပေးခဲ့တယ်“

ယင်းနောက် ၁၉ ၉ ၀ ရွှေကောက်ပွဲ မတိုင်ခင် မတ်လတွင် ထောင်မှ လွတ်လာခဲ့ပြီး ပြည်တွင် တစ်ညသာ အိမ်ခဲ့ရသည်။ အကြောင်းမှာ ရပ်ကွက်အတွင်း လာရောက် ရမ်းကားနေသော စစ်ဗိုလ်များအာ ရိုက်နှက်မှုဖြင့် ရှာဖွေနေမှုကြောင့် မန္တလေးတွင် ပြန်လည် ဘနေထိုင်ခဲ့ရ လေသည်။ ပုလောင်အိုက်စပ်သည့် ရာသီဥတုကြောင့် ပါကေးခင်းထားသော ကြမ်းပြင်ပေါ်တွင် ဘောင်းဘီ ကွာတားဖြင့် တင်ပလ္လင် ခွေထိုင်ရင်း ကိုကသမျှ ခြင်ကို မောင်းလိုက် မျက်မှန်ပင့်တင်လိုက်ဖြင့် ကိုမိုးကျော်က ဆက်ပြီး“၁၉၉၀ ဇူလိုင်လ ၁၉ ရက်နေ့ အာဇာနည်နေ့မှာ ပန်းခွေချဖို့ လုပ်ကြတယ်။ ကောလိပ်ကျောင်းသား ၂၀၀ လောက်ရှိတယ်။ အဲဒီအချိန်မှာ စစ်ကားတွေ ရောက်လာပြီး တားတယ်။ ဒီမှာ ဦးဆောင်တဲ့ အောင်းကြီး ဆိုတဲ့ ကျွန်တော့်သူငယ်ချငးကု စစ်ဗိုလ်က အင်္ကျီကို ဆွဲပြီး စကားပြောတယ်။ သူတို့ကတော့ ညှိတာနေမှာပေါ့။ ဒါနဲ့ ပန်းခွေချချင်တဲ့ သူတွေပဲ သွားလို့ ပြောတယ်။ အဲဒီမှာ အောင်ကြီးကို ဆွဲထားတာကြောင့် လူထုက ဒေါသထွက်လာတယ်။ ပိုလည်း အင်အားများလာတယ်။ ဒီမှာပဲ စ်စ်ဗိုလ်က လန့်ပြီး သေနတ် မိုးပေါ်ထောင်ဖောက်လိုက်တယ်။ ပါလာတဲ့ စစ်သားတွေကလည် လိုက်ဖောက်တယ်။ အဲဒီမှာပဲ လူတွေက ပြေးကြ၊ သူတို့က ဖမ်းကြနဲ့ ရှုပ်ထွေးကုန်ပြန်တယ်။ ဒါနဲ့ ကျွန်တော် ပြည်ပြန်ဖို့ ပြင်လိုက်တယ်။ မိတ္တီလာအရောက်မှာပဲ ကျွန်တောညီလေး အဖမ်းခံလိုက်ရပြီ ဆိုတာ သိလိုက်ပြီး ပြန်လို မဖြစ်တော့လို့ ရန်ကုန်ကို ဆင်းလာခဲ့တယ်“။

သူသည် ရန်ကုန်အရောက်တွင် ပါတီဝင် ကျောင်းသားများနှင့် တွေ့ဆုံကာ ကြားဖြတ်အစိုးရဖွဲ့စည်းရေးကို လှုပ်ရှားခဲ့ပြီး သာဓုကုန်တွင် ပြုလုပ်ခဲ့သည့် အစည်းအဝေးမှ သတင်းပေါက်ကြားမှုကြောင့် ကျောင်းသားအချို့ ဖမ်းဆီးခခဲ့ရပြီး သူ့နောက်တွင်လည်း ထောက်လှမးရေးလိုက်နေသည့်အတွက် တောခိုရန် ဆုံးဖြတ်ကာ ၁၉၉၀ နိုဝင်ဘာလဆွင် တောင်ကြီးသို့ ရထားဖြင့် ထွက်ခွာခဲ့သည်။ စကားပြောနေရင်း မီးပျက်သွားသည့်အတွက် “မီးက ခဏ ခဏ ပျက်တယ်နော်“ဟု ရေရွက်ရင်း မျက်မျန်ကို ညာဘက်လက်ဖျံရိုးဖြင့် ပင့်တင်လိုက်ကာ ABSDF အဖွဲ့မှ ဗိုလ်မှူး တိုက်မောင်း၏ ဦးဆောင်မှုဖြင့် သူသည် ပအိုဝ့်တပ်၏ ပအိုဝ့်နယ်မြေတွင် ကျင်လည်ခဲ့သည်။ ပထမဦးဆုံး ကြုံတွေ့ခဲ့ရသော တိုက်ပွဲတွင် စစ်ရေးလေ့ကျင့် သင်ကြားထားမှု မရှသည့်အတွက် ခြေထောက်တွင် ဒဏ်ရာရခဲ့ရာ ဘယ်ဘက်ခြေဘေက်မှ ခြေခလယ်အား ဆုံးရှုံးခဲ့ရလေသည်။ ယင်းနောက်ပိုင်းတွင် အစိုးရနှင့် ပအိုဝ့်တပ်တို့ ငြိမ်းချမ်းရေး ဆွေးနွေးကြသည့်အတွက် ပအိုဝ့်တပ်မှ ထောက်ပံထားသည့် သေနတ်များ ပြန်လည်သိမ်းယူသွားကြသောကြောင့် လက်ကျန် သေနတ် လေးလက်ဖြင့် ကရင်နီနှင့် ထိုင်းနယ်စပ်သို့ ထွက်ခွာလာခဲ့ပြီး စစ်သင်တန်းများ သင်ကြားကာ အစိုးရတပ်နှင့် တိုက်ပွဲပေါင်းများစွာကို တိုက်ခဲ့ရပြီး ABSDF ၏ နောက်ဆုံးတိုက်ပွဲဖြစ်သော ဒေါင်းဂွင်ကုန်းတွင် မိုင်းထိပြီး ယခုကဲ့သို့ လက်နှစ်ဖက်နှင့် မျက်လုံးတစ်ဖက် ဆုံးရုံးခဲ့ရခြင်း ဖြစ်လေသည်။

“ဒဏ်ရာတွေကို ဘန်ကောက်မှာ ဆေးကုခံတယ်။ တောထဲ ၀င်လိုက်၊ ဆေးကုလိုကပဲ။ နောက်တော့ UNHCR က ဒုက္ခသည်အဖြစ် လက်ခံလိုက်တယ်။ ဒီမှာ ကျွန်တော်တို့ရဲ့ ရဲဘော်တွေက ကျွန်တော့်ကို စိတ်ဓာတ် ခွန်အားပေးတယ်။ သူတို့ မျက်လုံး နှစ်ဘုံးမှာ တစ်လုံးထုတ်ပေးမယ် ဆိုပြီး ပြောကြတယ်။ ဒီလိုနဲ့ ကျွန်တော် ပြန်လည် ရှင်သန်လာခဲ့တယ်။ ရဲဘော်တွေက ကျွန်တော့်ကို အမေရိကန်ကို သွားဖို့ တိုက်တွန်းတယ်။ ဒါနဲ့ ၁၉၉၉ မှာ ကျွန်တော်နဲ့ အတူ ရဲဘော် အတော်များများ အမေရိကန်မှာ ဒုက္ခသည် အဖြစ် ခိုလှုံလိုက်ကြတယ်။ အမေရိကန်က ဒုက္ခသည်တွေကို တစ်လ ဒေါ်လာ ၅၀၀ ပေးတယ်။ ဒီလိုနဲ့ နေလာခဲ့ပြီ့းျွန်တော့် အခြေအနေက နိုင်ငံသား ခံယူမှ ဖြစ်တော့မယ်။ ပြီူတော့ အမျိုးသမီးကိုလည်း ခေါ်ဖို့ တိုက်တွန်ကြတယ်“

ကိုမိုးကျော်သည် အမျိုသမီးကို အမြန်ဆုံး ခေါ်ယူနိုင်ရန် ၂၀၀၅ ခုနှစ်တွင် နိုင်ငံသား ခံယူလိုက်သည်။ အမေရိကန် အစိုရက နိုင်ငံသားဖြစ်သွားပြီး မသန်စွမ်းဖြစ်ရသည့် ABSDF ၏ ရဲဘော် ကိုမိုးကျော်အား တစ်လ ဒေါ်လာ ၇၀၀ ကျော်အထိ ထောက်ပံခဲ့သည်။ ကိုမိုးကျော်သည် ဘ၀ကို အရုံး မပေးခဲ့ဘဲ လက်နှစ်ဖက် ဆုံးရှုံးခဲ့သိတိုင် ကာမောင်းကာ ဒုက္ခသည်အဖြစ် ရောက်ရှိလာသူများကို တတ်နိုင်သည်ဘက်က ကူညီခြင်း၊ စကားပြန် လုပ်ပေးခြင်း၊ ထောက်ပံပေးခြင်း စသည်တို့ကို လုပ်ဆောင်ခဲ့သည် သူသည် ကွန်ပြုတာကို လေ့လာကာ ပြုပြင်ခြင်း၊ Website ရေးခြင်း၊ Blog ရေးခြင်းများ လုပ်ဆောင်ကာ စာများ၊ ကဗျာများလည်း ရေးသားခဲ့သည်။ ထို့ပြင် မြန်မာနိုင်ငံအကြောင်းအား အမြဲမပြတ် လေံလာခဲ့ပြီး ကူညီနိုင်မည့် ကိစ္စရပ်များကို စောင့်ကြည့် လေံလာခဲ့သည်။ “ကျွန်တော် ဟိုမှာ နိုင်ငံသားခံယူလိုက်ပေမယ့် မြန်မာနိုင်ငံသားဆိုတဲ့ ခံယူချက်ကတော့ ဘယ်တော့မှ မပြောင်းလဲဘူး။ ဟိုမှာ ငွေသုံးရင်တောင် ဒေါ်လာလို့ မခေါ်ဘူး၊ မြန်မာလို ကျပ်လို့ပဲ သုံးနေတာ ခုချိန်ထိပါပဲ၊ နိုင်ငသားခံယူဖို့ တိုက်တွန်းကြတာ ခုနှစ် နှစ်ကြာတယ်။ ကျွန်တော် မခံယူဘူး။ ဒါပေမယ့် ကျွန်တော့် အခြေအနေနဲ့ ခံယူမှ ဖြစ်တော့မှာမို့ ခံယူလိုက်တယ်“ဟု ကိုမိုးကျော်က ရင်ဖွင့်လေသည်။

ညနေ ၆ နာရီခွဲခန့် ရှိပြီဖြစ်သည့်အတွက် အမှောင်ထုမှာ ပိုမိုကြီူစိုးလာပြီး သူသည် အမှောင်ထဲတွင် ထိုင်ရင်း မျက်မှန်ကို ပင့်တင်ကာ “ကျွန်တော် အဓိက လုပ်ချင်တာက ဒီနိုင်ငံက မသန်စွမ်းတွေအတွက်ပေါ့။ ဟိုမှာ ကျွန်တော်က မသန်စွမ်း အခွင့်အရေးတွေ အအကုန်ရတယ်။ ဒီမှာတော့ အဲဒီလောက်မရဘူး။ ဒါကို ပြောရင် နောက်ဆုံးသွားရမှာက အခြေခံဥပဒေပဲ၊ ဒါကို ကျွန်တော် စိတ်ဝင်စားတယ်။ ဒါကိုကို ဟိုပြန်ရောက်တာနဲ့ လုပ်ရမယ်၊ ပြီးတော့ ဟိုပြန်ရောက်တာနဲ လုပ်ရမယ့် ကိစ္စတွေကို ဒီမှာ သူငယ်ချင်းတွေနဲ့ တိုင်ပင်ထားတယ်။ ကျွန်တော်တို့ လုပ်စရာတွေ အများကြီး ကျန်သေးတယ်“ဟု ပြာသည်။

ထို့နောက် ABSDF ၏ ကျဆုံး ရဲဘော်များအား အမျှဝေမည့် အခမ်းအနားကို ပြင်ဆင်ရန်အတွက် အင်္ကျီအဖြူတစ်ထည်ကို ၀တ်ဆင်လိုက်ပြီး အနက်ရောင် အိတ် တစ်လုံးကို လွယ်ကာ သူက ဆက်ပြီး မြန်မိာုင်ငံကို လေယာဉ် ဆင်းမယ်ဆို ကတည်းက မြင်လိုက်ရတဲ့ ရေမြိုပ်နေတဲ့ လယ်ကွင်းတွေ၊ ပြီးတော့ လူနေမှု ဘ၀တွေကို ကြည့ပြီး ကျွန်တော်တို့ လုပ်ဖို့ အများကြီးကျန်နေသေးတယ် ဆိုတာကို မြင်လိုက်ရတယ်။ ကျွန်တော်တို့ အများကြီး ကြိုးစားရဦးမယ် ဗျာ ဟု ထပ်ဆင့်ပြောဆိုပြီး ငှားထားသော ကားဖြင့် အခမ်းအနား ကျင်းပမည့် ပုဇွန်တောင်မြို့နယ်သို့ ထွက်ခွာရန် လိုက်ပါသွား တော့လေသည်။

ခင်နှင်းကြည်သာ (Venus New)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...