Thursday, September 19, 2013

ဘဏ်အကောင့် ငါးခု ဒေါ်လာ ၁၁ ဘီလျံနဲ့ ဆင်းရဲနေဆဲ မြန်မာ ပြည်သူတွေ

Kyaw Soe Moe shared ပြည်သူ့ခေတ်'s photo.








“မြန်မာနိုင်ငံမှ နိုင်ငံခြား ဘဏ်တွေမှာ ဘဏ်စာရင်း ငါးခု ဖွင့်ပြီး အပ်နှံထားတဲ့ ပမာဏဟာ ဒေါ်လာ ၁၁ ဘီလျံ အထိ ရှိနေပြီး ထိုဘဏ်စာရင်းတွေကြောင့် မြန်မာနိုင်ငံကို ကမ္ဘာ့ ဘဏ်က အကြွေးတွေ လျှော်ပေးမယ့် အခွင့်အရေးကို လက်လွတ် ဆုံးရှုံးခဲ့ရတဲ့အတွက် မြန်မာနိုင်ငံ အနေနဲ့ နစ်နာရတယ်”လို့ ရေးသားထားတဲ့ သတင်းတစ်ပုဒ်ကို လွန်ခဲ့တဲ့ ရက် အနည်းငယ် က ထုတ်ဝေခဲ့တဲ့ ပုဂ်္ဂလိက သတင်းစာ တစ်စောင်မှာ ဖတ်လိုက်ရပါတယ်။

ပြည်ပမှာ ကိုင်ထားတဲ့ ဘဏ်စာရင်းငါးခု
က်္ဘာ့ဘဏ်ရဲ့ အာရှဒေသဆိုင်ရာ ဒါရိုက်တာ Mr. Jelson Garcia က “ကမ္ဘာ့ဘဏ်မှာ တင်ရှိ နေတဲ့ မြန်မာနိုင်ငံရဲ့ အကြွေးစုစုပေါင်းဟာ အမေရိကန် ဒေါ်လာသန်း ၈၉၀ ကျော်ရှိပြီး တစ်ဘီလျံပင်မရှိတဲ့ ထိုပမာဏဟာ မူလက ချေးထားတဲ့ ငွေပမာဏမဟုတ်ဘဲ အကြွေးဟောင်းတွေအပေါ် အတိုးတွေ တက်လာတဲ့အတွက် စုစုပေါင်း အကြွေးဟာ ဒေါ်လာ တစ်ဘီလျံနီးပါးအထိ ရှိလာတာ ဖြစ်တယ်”လို့ ပြောဆိုခဲ့တယ်လို့ ထိုသတင်းထဲမှာ ဖော်ပြ ထားပါတယ်။
ဆက်လက်ပြီး မစ္စတာ ဂျယ်လ်ဆန်ဂါးရှားက “တခြား နိုင်ငံတွေဆိုရင် ကမ္ဘာ့ဘဏ်က လျှော်ပစ်ပေးတယ်၊ မြန်မာနိုင်ငံကို ဘာကြောင့် လျှော်မပေးလဲဆိုရင် ကမ္ဘာ့ဘဏ် စာရင်းတွေ အရ မြန်မာနိုင်ငံက ပြည်ပမှာ ကိုင်ထားတဲ့ ဘဏ်စာရင်း ငါးခုရှိတယ်၊ ဘယ်သူ့အကောင့် (account) တွေလဲဆိုတာ ကမ္ဘာ့ဘဏ်က သိတယ်၊ အဲဒီအကောင့် ငါးခုမှာ ဒေါ်လာ ၁၁ ဘီလျံ အထိ ရှိနေတယ်၊ ကမ္ဘာ့ဘဏ် အကြွေး အားလုံးပေါင်းမှ တစ်ဘီလျံတောင် မရှိဘူး၊ ဒါကြောင့် က်္ဘာ့ဘဏ်က မြန်မာနိုင်ငံကို အကြွေးတွေ လျှော်မပေးခဲ့ဘူး”လို့ ပြောဆိုပါတယ်။
ဒါ့အပြင် ထိုသတင်းထဲမှာပဲ ၂၀၁၂ ခုနှစ်အထိ မြန်မာ နိုင်ငံအနေနဲ့ ပြည်ပကို ဆပ်ဖို့ ကျန်ရှိတဲ့ အကြွေးစုစုပေါင်း ပမာဏဟာ အမေရိကန် ဒေါ်လာ ၁၁ ဘီလျံကျော်ရှိတယ်လို့ ဖတ်ရပါတယ်။

အံ့သြဘနန်းဖြစ်ရ
ကျွန်တော်ဟာ ထိုသတင်းတွေကိုဖတ်မိချိန်မှာတော့ ကြွေးမြီတွေ လည်ပင်းခိုက်နေတဲ့ မိမိနိုင်ငံရဲ့အဖြစ်ကြောင့် စိတ်မကောင်းခြင်းကြီးစွာ ဖြစ်ရသလို မိမိနိုင်ငံမှ အပ်ငွေ ဒေါ်လာ ၁၁ ဘီလျံအထိ ပြည်ပဘဏ်တွေမှာ အပ်ထားနိုင်တဲ့ အဖြစ်ကိုလည်း အံ့သြဘနန်း ဖြစ်ရပါတယ်။
ကြွေးတွေ ကြွေးတွေ နည်းတဲ့ ကြွေးတွေမှ မဟုတ်တာဘဲ။ ဒေါ်လာ တစ်ဘီလျံဟာ ဒေါ်လာ ကုဋေတစ်ရာဖြစ်တယ်။ တစ်ဒေါ်လာကို ကျပ်တစ်ထောင်နှုန်းနဲ့ တွက်မယ်ဆိုရင် ဒေါ်လာ တစ်ကုဋေဟာ ကျပ်ကုဋေတစ်ထောင်ပါ။ ဒေါ်လာ ကုဋေတစ်ရာဟာ ကျပ်ကုဋေ တစ်သိန်းရှိမှာ ဖြစ်ပါတယ်။
ဒီတော့ ကျပ်ငွေနဲ့ တွက်မယ်ဆိုရင် ကျွန်တော်တို့ နိုင်ငံအပေါ်မှာ တင်ရှိနေတဲ့ ကြွေးတွေဟာ ဒေါ်လာငွေရဲ့ အဆတစ်ထောင်ရှိပါတယ်။ အလားတူပဲ ပြည်ပဘဏ်စာရင်း တွေမှာ အပ်နှံထားတယ်ဆိုတဲ့ ငွေတွေဟာလည်း ကျပ်ငွေနဲ့ တွက်ရင် ဒေါ်လာနဲ့ ဖော်ပြ ထားတဲ့ ငွေပမာဏရဲ့ အဆ တစ်ထောင်ရှိပါတယ်။
သတင်းထဲမှာ ၁၉၈၈ ခုနှစ် မတိုင်မီမှာ ချေးယူခဲ့ပြီး ပြန်လည် ပေးဆပ်ဖို့ ကျန်နေတဲ့ ပြည်ပချေးငွေ စုစုပေါင်းဟာ အမေရိကန် ဒေါ်လာသန်းပေါင်း ၈၄၀၈ ဒဿမ ၃၄၈ ရှိတယ်လို့ သိရတယ်။
ဒါ့အပြင် ၁၉၈၈ ခုနှစ် နောက်ပိုင်း ချေးယူခဲ့တဲ့ ချေးငွေတွေထဲက ပြန်လည် ပေးဆပ်ဖို့ရှိတဲ့ ကြွေးမြီ စုစုပေါင်းဟာ ဒေါ်လာသန်းပေါင်း ၂၆၁၄ ဒဿမ ၉၅၀ ရှိကြောင်း တွေ့ရပါတယ်။ ထိုချေးငွေတွေကို ထုတ်ချေးခဲ့တဲ့ အဖွဲ့အစည်းနဲ့ နိုင်ငံတွေကတော့ အိုပက် (OPEC) အဖွဲ့၊ အိနိ္ဒယ၊ ကိုရီးယား၊ သမ္မတနိုင်ငံ၊ ဂျပန်နိုင်ငံ၊ ထိုင်းနိုင်ငံ၊ မလေးရှား၊ ဆားဗီးယားနိုင်ငံနဲ့ တရုတ် နိုင်ငံတို့ ဖြစ်ကြပါတယ်။
ပြည်သူတွေဟာ ဆင်းရဲမြဲ ဆင်းရဲ
ပထမဦးစွာ ကျွန်တော်တို့ နိုင်ငံအပေါ်မှာ ထိုမျှ များပြားတဲ့ ကြွေးတွေ ဘာကြောင့်တင်ခဲ့သလဲ။ ဘယ်လို တင်ခဲ့သလဲ။ ကျွန်တော် စဉ်းစားကြည့်မိတယ်။ ၁၉၈၈ ခုနှစ် မတိုင်မီ ကာလမှာရော ၁၉၈၈ ခုနှစ် နောက်ပိုင်းမှာပါ မြန်မာနိုင်ငံအနေနဲ့ နိုင်ငံပေါင်းစုံ အဖွဲ့အစည်းပေါင်းစုံမှ ထိုမျှ များပြားလှတဲ့ ချေးငွေတွေကို ချေးယူခဲ့ပေမယ့် ထိုကာလတွေနဲ့ သည့်နောက်ပိုင်းကာလတွေ အတွင်းမှာ မြန်မာနိုင်ငံနဲ့ ပြည်သူတွေဟာ ဆင်းရဲမြဲ ဆင်းရဲခဲ့ကြရတယ်။ ပြည်သူတွေရဲ့ ဘ၀ဟာ နိမ့်ကျမြဲ နိမ့်ကျခဲ့ရပါတယ်။
ထိုမျှ များပြားတဲ့ ချေးငွေတွေကို ချေးယူခဲ့ပေမယ့်လည်း ပြည်သူတွေ အကျိုးအတွက် လုပ်ဆောင်ပေးခဲ့တဲ့ လုပ်ငန်း ဆိုလို့ ဘာတစ်ခုမျှ မည်မည်ရရ မတွေ့ခဲ့ရပါဘူး။ ပြည်သူတွေ အကြားမှာ အလုပ်လက်မဲ့တွေ ပေါများမြဲ ပေါများခဲ့တယ်။ အခြေခံ စားသုံးကုန်စည် ဈေးနှုန်း တွေဟာ မြင့်တက်မြဲ မြင့်တက်ခဲ့ပါတယ်။ ကျန်းမာရေး ပညာရေးလုပ်ငန်းတွေဟာ ကျဆင်းမြဲ ကျဆင်းခဲ့တယ်။
၁၉၈၈ ခုနှစ် မတိုင်မီကာလမှာ မြန်မာနိုင်ငံဟာ အေဒီဘီ (ADB) ခေါ် အာရှဖွံ့ဖြိုးရေး ဘဏ်ချေးငွေ၊ အိုင်ဒီအေ (IDA) ခေါ် နိုင်ငံတကာ ဖွံ့ဖြိုးရေး ထောက်ပံ့မှု ချေးငွေတွေနဲ့ ပြင်သစ်၊ အင်္ဂလန်၊ နော်ဝေ၊ ဒိန်းမတ်၊ နယ်သာလန် စတဲ့ ဥရောပနိုင်ငံတွေမှ ချေးငွေ စုစုပေါင်း ဒေါ်လာ သန်း ၈၄၀၈.၃၄၈ ရရှိခဲ့ပေမယ့်လည်း ၁၉၈၇ ခုနှစ်မှာ အဆင်းရဲဆုံးနိုင်ငံ (LDC) အဖြစ် ခံယူခဲ့ရတယ်။
ဒုဝန်ကြီးရဲ့ ဖေ့စ်ဘွတ် စာမျက်နှာ
မနေ့တစ်နေ့ကတော့ “နိုင်ငံပြင်ပမှာ ရှိတဲ့ နိုင်ငံခြား ဘဏ်တွေမှာ မြန်မာနိုင်ငံမှ အပ်နှံထားတဲ့ ဘဏ်စာရင်း ငါးခုရှိပြီး ထိုအပ်နှံငွေ စုစုပေါင်းရဲ့ ပမာဏဟာလည်း ဒေါ်လာ ၁၁ ဘီလျံအထိ ရှိတယ်”ဆိုတဲ့ သတင်းတစ်ရပ် ပေါ်ထွက်ခဲ့တယ်။ “ကမ္ဘာ့ဘဏ်ဟာ နိုင်ငံတစ်နိုင်ငံမှာ အစိုးရသစ်တစ်ရပ် တက်လာတဲ့အခါတွေမှာ ကြွေးကျန်တွေကို လျှော်ပစ်လေ့ရှိတတ်ပေမယ့် မြန်မာနိုင်ငံအနေနဲ့ကတော့ ထိုအပ်ငွေတွေ ရှိနေတဲ့အတွက် အကြွေး ဒေါ်လာသန်း ၈၉၀ ကျော်ကို လျှော်မပေးခဲ့ဘူး”လို့ ဆိုပါတယ်။
ထိုစကားကို ပြောဆိုသူကတော့ ကမ္ဘာ့ဘဏ်ရဲ့ အာရှ ဒေသဆိုင်ရာ ဒါရိုက်တာ မစ္စတာဂျယ်လ်ဆန်ဂါးရှားလို့ သတင်းစာထဲမှာ ဖော်ပြထားတယ်။
သို့ပေမယ့် စက်တင်ဘာ ၁၂ ရက်ထုတ် Daily နေ့စဉ်သတင်းစာမှာ ပါတဲ့ ထိုသတင်းနဲ့ ပတ်သက်ပြီး ထိုနေ့ညနေပိုင်းမှာပဲ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီးရဲ့ ဖေ့စ်ဘွတ် လူမှုရေးကွန်ရက် စာမျက်နှာမှာ ပြန်လည် ရှင်းလင်းထားတယ်လို့ နိုင်ငံခြား အသံလွှင့်ဌာန အချို့နဲ့ ပြည်တွင်းဂျာနယ်အချို့ရဲ့ ဖော်ပြချက်အရ သိရပါတယ်။
ပြန်ကြားရေး ဒုတိယ၀န်ကြီးက “နိုင်ငံပိုင်ငွေတွေကို ပြည်ပမှာ လုံးဝ အပ်နှံထားခြင်း မရှိကြောင်း၊ ကမ္ဘာ့ဘဏ် ကလည်း ယင်းကိစ္စ မှန်ကန်မှု မရှိကြောင်းကို သတင်း ထုတ်ပြန်ရန် ရှိတယ်”လို့ ပြောဆိုခဲ့ကြောင်း ဂျာနယ် တစ်စောင်မှာ ဖတ်ရတယ်။

အချက်လေးချက် တွေ့ရ
ဒီနေရာမှာ စဉ်းစားစရာတွေ ဆွေးနွေးစရာတွေ ရှိလာပါတယ်။ အထက်ပါ သတင်းကို ဖတ်ရှုရာမှာ အောက်ပါအချက်တွေကို တွေ့ရပါတယ်။

၁။ မြန်မာနိုင်ငံအနေနဲ့ ကမ္ဘာ့ဘဏ်မှာ ကြွေးမြီတိုးရင်းပေါင်း ဒေါ်လာသန်း ၈၉၀ ကျော် တင်ရှိနေခြင်း။
၂။ မြန်မာနိုင်ငံမှ ပြည်ပမှာ အပ်နှံထားတဲ့ ဘဏ်စာရင်း ငါးခုနဲ့ အမေရိကန် ဒေါ်လာ ၁၁ ဘီလျံအထိ ရှိနေခြင်း။
၃။ မြန်မာနိုင်ငံအနေနဲ့ ဒေါ်လာ ၁၁ ဘီလျံကို အတိုးနှုန်း ၂ ရာခိုင်နှုန်းနဲ့ အောက်သာ ပြန်ရမယ့် နိုင်ငံခြားဘဏ်တွေမှာ အပ်နှံထားပြီး မိမိက ချေးယူတဲ့ ငွေတွေအတွက် အတိုးနှုန်း ၄.၅ ရာခိုင်နှုန်းအထိ ပေးနေရတဲ့အတွက် နိုင်ငံအတွက် နစ်နာခြင်း။
၎။ မြန်မာနိုင်ငံအပေါ်မှာ ၁၉၈၈ ခုနှစ် မတိုင်မီက နိုင်ငံစုံမှ ချေးယူခဲ့တဲ့ ချေးငွေပေါင်း ဒေါ်လာသန်းပေါင်း ၈၄၀၈ ဒသမ ၃၄၈ သန်းနဲ့ ၁၉၈၈ ခုနှစ် နောက်ပိုင်း ချေးယူခဲ့တဲ့ ချေးငွေ စုစုပေါင်း ဒေါ်လာသန်း ၂၆၁၄ ဒသမ ၉၅၀ တင်ရှိနေခြင်း ဆိုတဲ့ အချက် လေးချက်ကို တွေ့ရပါ တယ်။
\ ထိုသတင်းနဲ့ ပတ်သက်ပြီး ပထမဦးစားပေးအနေနဲ့ စဉ်းစားစရာရှိလာတာကတော့ ပြည်ပ ဘဏ်တွေမှာ မြန်မာနိုင်ငံမှ ငွေစာရင်းငါးခုနဲ့ အပ်နှံထားတဲ့ ဒေါ်လာ ၁၁ ဘီလျံ ကိစ်္စပါ။ ထိုကိစ်္စနဲ့ ပတ်သက်ပြီး ပြန်ကြားရေး ဒုတိယ၀န်ကြီးက “ထိုမျှ များပြားတဲ့ ငွေတွေကို ပြည်ပ ဘဏ်တွေမှာ အပ်နှံခဲ့ရင် အမေရိကပြည်ထောင်စုနဲ့ ဥရောပ သမဂ္ဂ (EU) တို့ မသိဘဲနေမှာ မဟုတ်ဘူး”လို့ ပြောဆိုပါတယ်။ ဒါ့အပြင် ဒု-၀န်ကြီးက မစ္စတာဂျယ်လ်ဆန် ဂါးရှားဟာ ကမ္ဘာ့ဘဏ်ဝန်ထမ်းတစ်ဦးမဟုတ်ဘဲ Bank Information Center (BIC) ဟာလည်း အစိုးရ မဟုတ်သော အဖွဲ့ (NGO) တစ်ခုသာ ဖြစ်တယ်လို့ ရှင်းလင်းခဲ့ပါတယ်။

ကမ္ဘာ့ဘဏ်က သိတယ်
သို့ Daily Eleven ပါ သတင်းကို ဖတ်ရှုရာမှာ “မြန်မာနိုင်ငံက အပြင်မှာ ကိုင်ထားတဲ့ အကောင့် (account) ငါးခု ရှိတယ်၊ ဘယ်သူ့ အကောင့်တွေလည်းဆိုတာ ကမ္ဘာ့ဘဏ်က သိတယ်၊ အဲဒီအကောင့်ငါးခုမှာ ၁၁ ဘီလျံ အထိ ရှိတယ်”လို့ ရေးသား ဖော်ပြထားတာ တွေ့ရတယ်။
ဒီတော့ ထိုငွေစာရင်းတွေကို တစ်ဦးချင်း ပုဂ်္ဂိုလ်တွေရဲ့ အမည်တွေနဲ့ အပ်ထားတဲ့ သဘော အဓိပ္ပာယ် သက်ရောက်နေတာ တွေ့ရပါတယ်။ တကယ့် လုပ်ထုံး လုပ်နည်း အနေနဲ့ကတော့ နိုင်ငံတစ်နိုင်ငံအနေနဲ့ ပြည်ပနိုင်ငံတွေရှိ ဘဏ်တွေမှာ ငွေကြေး အပ်နှံမယ ဆိုရင် ထိုဘဏ်ရဲ့ ဗဟိုဘဏ်အနေနဲ့သာ ငွေစာရင်းဖွင့်ပြီး အပ်နှံရမှာ ဖြစ်ပါတယ်။
ဘယ်သို့ပင်ဖြစ်စေ ယခုကိစ္စမှာတော့ နေ့စဉ် သတင်းစာပါ ရေးသားချက်အတိုင်းဆိုရင် တစ်ဦးချင်း ပုဂ်္ဂိုလ်တွေအနေနဲ့ ပြည်ပနိုင်ငံ ဘဏ်တွေမှာ လျှို့ဝှက် ငွေစာရင်းတွေဖွင့်ပြီး ငွေကြေး အပ်နှံထားတဲ့ သဘောမျိုး ဖြစ်နိုင်တာ တွေ့ရတယ်။ အကယ်၍ ထိုသို့ ဖြစ်မယ် ဆိုရင်တော့ ထိုမျှများပြားလှတဲ့ ငွေတွေကို ဘယ်သူတွေက ဘယ်ဘဏ်တွေမှာ အပ်နှံ ထားတယ်၊ ထိုငွေတွေကို ဘယ်လို နည်းလမ်းတွေနဲ့ ရရှိထားတယ်ဆိုတဲ့ အချက်အလက် တွေကို စိစစ်သင့်ပါတယ်။
(အကယ်၍ Mr.Jelson Garcia ပြောဆိုတာဟာ မမှန်ကန်ဘူးဆိုရင်တော့ ထိုပုဂ်္ဂိုလ်ကို တစ်နည်းနည်းနဲ့ တုံ့ပြန် အရေးယူနိုင်မယ်လို့ ထင်မြင်ပါတယ်)
“ပြည်သူတွေ ဆင်းရဲပြီး
လူတစ်စုက ချမ်းသာနေတယ်”
တကယ်တော့ ကျွန်တော်တို့ နိုင်ငံမှာ ဦးနေ၀င်း (ဗိုလ်ချုပ်ကြီးနေ၀င်း) အာဏာရရှိနေတဲ့ တော်လှန်ရေး ကောင်စီခေတ်နဲ့ မဆလခေတ်တွေတုန်းကလည်း “ပြည်ပ နိုင်ငံ ဘဏ်တစ်ခုမှာ ဦးနေ၀င်း အပ်နှံထားတဲ့ ငွေတွေ ရှိနေတယ်”ဆိုတဲ့ အတည်မပြုနိုင်တဲ့ သတင်းတွေကို မကြာခဏ ကြားခဲ့ရတယ်။ ဒါ့အပြင် “ဦးနေ၀င်းဟာ ကမ္ဘာ့အချမ်းသာဆုံး ပုဂ်္ဂိုလ်တွေထဲမှာ နံပါတ်ခုနစ်အဆင့် ရှိတယ်” ဆိုတဲ့ သတင်းတွေကိုလည်း (ဟုတ်မဟုတ်တော့ မသိပါ) မကြာခဏ ကြားခဲ့ရတယ်။
ဦးနေ၀င်း အာဏာလက်လွှတ်ခဲ့ရပြီး နောက်ပိုင်း ကာလတွေမှာတော့ ကမ္ဘာ့စီးပွားရေး ဟာလည်း အကြီးအကျယ် တိုးတက် ပြောင်းလဲလာပါတယ်။ ရေနံ၊ သစ်တော၊ သတ်္တု စတဲ့ သယံဇာတတွေဟာ ကမ္ဘာမှာ ဈေးအကောင်းဆုံး ရရှိနေတဲ့ သယံဇာတတွေဖြစ်ပြီး ထိုသယံဇာတတွေကို ရောင်းဝယ် ဖောက်ကားသူတွေဟာလည်း အချိန်တို အတွင်းမှာ ဓနဥစ္စာ အမြောက်အမြား ပိုင်ဆိုင်လာနိုင်ပါ တယ်။
ဒါ့အပြင် ကမ္ဘာပေါ်မှာရှိတဲ့ အာဏာရှင် အများအပြား ဟာလည်း ၎င်းတို့ရဲ့ နိုင်ငံတွေကို သူတို့ အုပ်စိုးခဲ့စဉ်မှာ နိုင်ငံရဲ့ဘဏ္ဍာငွေတွေ သယံဇာတတွေကို ခိုးယူခဲ့ပြီး နိုင်ငံခြားဘဏ် တွေမှာ လျှို့ဝှက် အပ်နှံထားတဲ့ သတင်းတွေကို မကြာခဏ ကြားရဖူးပါတယ်။
ဘယ်သို့ပင်ဖြစ်စေ Mr.Jelson Garcia ပြောကြား ခဲ့တဲ့ မြန်မာနိုင်ငံမှ နိုင်ငံခြားဘဏ်တွေမှာ ဒေါ်လာ ၁၁ ဘီလီယံအထိရှိတဲ့ ငွေတွေကို ဘဏ်စာရင်း ငါးခုဖွင့်ပြီး အပ်နှံထားတယ်ဆိုတဲ့ ကိစ္စကတော့ တကယ့်ကို စိတ်ဝင်စား စရာပါ။
ယခု ဖြစ်ရပ်ကြောင့် “ပြည်သူတွေ ဆင်းရဲပြီး လူတစ်စု က ချမ်းသာနေတယ်”ဆိုတဲ့ စကားကို သက်သေပြတာပဲ လားလို့ စဉ်းစားစရာ ဖြစ်ရပါတယ်။
တကယ်တော့ မစ္စတာ ဂျယ်လ်ဆန်ဂါးရှားဆိုတဲ့ ပုဂ်္ဂိုလ်ကလည်း အထောက်အထား ခိုင်ခိုင်လုံလုံ မရှိဘဲ ယခုကိစ္စမျိုးကို အလုပ်မရှိ အလုပ်ရှာပြီး ပြောဝံ့ပါ့မလား ဆိုတာကလည်း စဉ်းစားစရာပါ။
ပြည်သူ့ခေတ် ဂျာနယ် အတွဲ - ၄၊ အမှတ် - ၁၆၃ ဆရာဝင်းထွဋ်ဇော်၏ ဆောင်းပါး ...

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...