Wednesday, September 25, 2013

၂၀၁၅ မှာ အမျိုးသားရေးလား၊ နိုင်ငံရေးလား

မြန်မာ့နိုင်ငံရေးဆောင်းပါးများ's photo.
၂၀၁၅ မှာ အမျိုးသားရေးလား၊ နိုင်ငံရေးလား

ဦးကြည်မြင့် (လသာ)

ကမ္ဘာ့ငွေကြေး စီးပွားရေးအဖွဲ့အစည်းကြီးတွေနဲ့ စည်းမျဉ်းတွေ၊ ပြဋ္ဌာန်းချက်တွေ လိုက်နာ ကြပြီး အလိမ္မာကလေး လုပ်နေခဲ့ပေမယ့် အမေရိကန်ပြည်ထောင်စုက နာမည်ပျက်စာရင်း Black List  ကိုလည်း မဖျက်ပေးဘူး။ စီးပွားရေး ပိတ်ဆို့မှု Sanction ဆိုတာကြီးလဲ ရုပ်သိမ်း မပေးဘူး။ ဒီကြားထဲ သူ့ဆီက တုံပြန်မှုရစရာမရှိတဲ့ အထွေထွေ ဦးစားပေးစနစ် General Preference System – GPS ကို မျှော်လိုမျှော်… တောင်းလိုတောင်း လုပ်နေသေးတာတွေ တွေ့ရတယ်။

ဈေးကြီးသော အလဲအလှယ်

ဒီကြားထဲ နော်ဝေတို့၊ ဆွစ်ဇာလန်တို့မှာ ဒေါ်လာ ၁၁ ဘီလီယံတောင် သွားထားတာ တွေ့ရတယ် ဆိုတဲ့သတင်းကို အလွန်မရေမရာနိုင်တဲ့ အင်တာနက်သတင်းမှာ ဖော်ပြတာတွေ့ရပြန်တယ်။ ကျွန်တော်ကတော့ သမ္မတတို့၊ နာယကတို့ အမေရိကန်ပြည်ထောင်စု သွားပြီးတဲ့ နောက် တရုတ် ဘက် အခေါက်ခေါက် ပြန်လှည့်သွားတဲ့ အချိန်မှာပဲ နောက်ဆုံး သုံးသပ်ချက် ချထားခဲ့ပါတယ်။ အမေရိကန်ပြည်ထောင်စုရဲ့ ဆန်ရှင်ရုပ်ဖို့၊ ဘလက်လစ်ဖျက်ဖို့ ဆိုတာ သူတို့လူ၊ သူတို့လူမျိုး ဘာသာမနွှယ်ရင်တောင် သူတို့ကို အထင်ကြီးပြီး နောက်က တကောက် ကောက် လိုက်တောင်း ရမ်းပြီး ခိုင်းတာလုပ်၊ အရိုးအရင်း ချကျွေးသမျှ ကျေးဇူးတွေ တင်နေ မယ့် အုပ်စုတွေလက်ထဲ အာဏာမရောက်သရွေ့ “ဆောရီးပဲ” ဆိုတဲ့ သဘောထားတဲ့ အကြောင်းပါပဲ။

ကျွန်တော့်မှာ နိုင်ငံရေးနဲ့ ပတ်သတ်လို့ အနောက်က ဘာလက်မှတ်တိုရှည်မှ မရှိပါဘူး။ လိုက်လဲ မတက် မယူပါဘူး။ လူပျိုပေါက်အရွယ်ကတည်းက ဆင်းရဲတဲ့ ကျွန်တော်တို့နိုင်ငံ ချမ်းသာ ဖွံ့ဖြိုးအောင် ဘယ်လိုလုပ်ရမလဲဆိုတာ သင်ယူဖို့ ပထဝီ၊ သမိုင်း၊ ဘောဂဗေဒ၊ သင်္ချာ တွဲကို အလယ်တန်းအောင်လို့ အထက်တန်းရောက်တာနဲ့ ယူခဲ့တာနဲ့ လုံလောက်ပြီလို့ ထင်ပါ တယ်။ (စီးပွားရေးပညာနိုဗယ်ဆုရှင် များ အမှာစာ/ မိုးမြင့်ကြယ်စာပေ) ရန်ကုန် စီးပွားရေး တက္ကသိုလ်က အောင်တော့လည်း Q1 ရပေ မယ့် လက်တွေ့ဘက်ကို လိုက်တဲ့အနေနဲ့ စီမံကိန်း ဌာနကိုသာ သွားရောက်ခဲ့ပါတယ်။ ကျူတာ ကိုးယောက်ခေါ်တာ ခုနှစ် ယောက်ပဲလျှောက်တဲ့ ၁၉၇၂ ပါ။

တစ်လောက Trade Time ဂျာနယ်မှာ ပါမောက္ခဆရာမကြီး ဒေါ်လှမြင့်က ကျောင်းစာသာ သင်နေတာ လက်တွေ့မရှိဘူးလို့ ဝန်ခံထားတာတွေ့ရပါတယ်။ ကျွန်တော်ကတော့ ၁၉၈၂ လောက်က စပြီး ကိုယ်ပိုင်စီးပွားရေးလိုင်းကို ပြောင်းဖြစ်ခဲ့တာ ရန်ကုန်မြို့လယ်မှာ ရွှေဆိုင် နှစ်ဆိုင်၊ ပို့ကုန် သွင်းကုန် ကုမ္ပဏီ၊ ဆောက်လုပ်ရေးကန်ထရိုက်တာတွေအထိ ချဲ့ထွင်နိုင်ခဲ့ ပါတယ်။ ၁၉၉၃ ခုနှစ် လယ် မှာ နိုင်ငံရေးနဲ့ ထောင်ကျသွားတဲ့အထိပါ။

စီးပွားရေး အကြောင်းဖန်

ဆိုလိုချင်တာက ဒီနေ့ နိုင်ငံရေး၊ စီးပွားရေးမှာ ကျွန်တော်ဟာ သီအိုရီအခြေခံပေါ် မူတည်ပြီး လက်တွေ့ကဲတဲ့ အမြင်ရှိသူလို့ ကိုယ့်ကိုယ်ကိုယ် ခံယူထားတယ်ဆိုတဲ့ သဘောပါ။ ဒီမိုကရေစီ ရဲ့ ပျော့ကွက်ဟာ ဟိုက ဒီက ဟိုဟာ ပြဋ္ဌာန်း….ဒီဟာပြဋ္ဌာန်းနဲ့ အလွန် အန္တရယ်ကြီးပါတယ်။ ဗိုလ်ချုပ်ပြောသလို နိုင်ငံမျိုးဖြစ်သွားနိုင်ပါတယ်။ ဒီကြားထဲ အများဆုံး တွေ့ရတတ်တာကတော့ ဝတ်လုံမောင်သောင်းဖေလို အနောက်ကို တစ်ဖက်သတ် အထင်ကြီးလွန်းတာမျိုးပါပဲ။ ဒီမှာ ကိုယ့်အမျိုးသားရေးကို အပြစ်တင်တဲ့ နိုင်ငံတကာရောဂါ ဝင်လာတာပါပဲ။


အရာရာရဲ့ အကြောင်းတရား အများစုဟာ စီးပွားရေး အကြောင်းခံ၊ အကြောင်းဖန်ပါပဲလို့ ၁၉၉၀ ပြည့်နှစ်များလောက်က ကမ္ဘာမှာ ခေတ်စားတဲ့ Freakonomics  တို့၊ Undercover Economist တို့၊ ၁၉ ရာစုနှောင်းက Conspicious Consumption ( အထက်လွှာ လူပေါ်ကြော့နဲ့ ဆင်းရဲဇာတာပါ အောက်လွှာလို့ မိုးလစဉ်ဂျာနယ်မှာ ၂၀၀၅ လောက်က ကျွန်တော်ပြန်ဆိုတင်ဆက်ဖူးပါတယ်) ဆိုတဲ့ စာအုပ်တွေမှာ တွေ့ရမှာပါ။

ကွန်မြူနစ်တွေ တောထဲကပြန်ရောက်ရင် ပထမဆုံးသွားတဲ့နေရာက အမေရိကန် ပြန်ကြားရေး ဌာနပါပဲလို့ ကျွန်တော်သီအိုရီထုတ်ထားဖူးပါတယ်။ အခုလဲ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ဒီမိုကရေစီလုပ်တော့မယ်ဆိုတော့ စနစ်ဟောင်းက လူတွေရော၊ ဒီမိုကရေစီ တိုက်ပွဲဝင်သမ္ဘာ ဆိုသူတွေရော၊ အယောင်ဆောင်သူရဲကောင်းခေါင်းဆောင်တွေရော အဲဒီမှာ သင်တန်းတွေ တက်ကြ၊ အလှူခံအဆက်အသွယ်တွေရှာကြနဲ့ ရှိနေခဲ့ပါတယ်။

လက်တွေ့စီးပွားရေး၊ နိုင်ငံရေး၊ လူမှုရေး စတာတွေမှာ ဘာမှ အလကားမရပါဘူး။ အပေးအယူ အခြေခံတာချည်းပဲ ဖြစ်ပါတယ်။ ဒီတော့ ကင်တားနားကို ထိရင် မချိအောင် နာတယ်တို့၊ သားက အမေရိကားမှာ၊ သမီးက အော်စီမှာ အားလုံး အိမ်ထောင်ကျပြီး …. ဘာသာလူမျိုး ခွဲစရာ မလိုဘူးတို့၊ ငါးစာမြင်တယ် ငါးမျှားချိတ် မမြင်ဘူးတို့ ဖြစ်လာရပါတယ်။

အလုပ်လုပ်စရာတွေ အများကြီးရှိပြီး လုပ်ဖို့က အချိန်လည်း ကျန်နေသေးပေမယ့် ၂၀၁၅ အကြောင်း အပြောများနေတာရယ်၊ မိတ္ထီလာအမတ်ကိစ္စ ရန်ကုန်တိုင်းမ်နေ့စဉ်မှာ ဆောင်းပါး ရှင် တစ်ယောက် ရေးတာ ဖတ်ရတာရယ်၊…လဲ..ဒါပဲ။ မင်းကိုနိုင်လဲဒါပဲဆိုတဲ့ မဲပြာပုဆိုး အဆင့်ကမတက်တဲ့ နှစ်ဖက်မြန်မာ့နိုင်ငံရေး အလားအလာ ထူးမခြားနား ဖြစ်နေတာတွေ ရယ်ကြောင့် ရေးမိခြင်း ဖြစ်ကြောင်းပါ။ တစ်ဖက်မှာ ဘုန်းကြီးအလုပ် ဘုန်းကြီးလုပ်၊ မျိုးစောင့် ဆိုတဲ့ စကားလုံးက တစ်မျိုးကြီးပဲ ဆိုတာမျိုးတွေကြောင့်လည်း ပါကြောင်း ပါဗျာ…..။

တိုက်တိုက်ဆိုင်ဆိုင်ပဲ သတင်းစာတစ်စောင်က သတင်းထောက်ကလေး တစ်ယောက်က ဖုန်းဆက်ပြီး အင်တာဗျူးလာပါတယ်။ ၂၀၁၅ ရွေးကောက်ပွဲမှာ ဘယ်ဟာအဓိက မေးခွန်း Main Issue ဖြစ်လာနိုင်သလဲဆိုတာပါပဲ။ ကျွန်တော်ကတော့ အမျိုးသားရေးနဲ့ နိုင်ငံတကာ အရေး လွန်ဆွဲပွဲဟာ ပြင်းထန်တဲ့ အငြင်းအခုန် Heated Debate ဖြစ်လာနိုင်မယ်လို့ ထင်မြင်ကြောင်း ဖြေခဲ့ပါတယ်။ တိုင်းပြည်နဲ့ လူမျိုး (အမျိုးသားရေး)ဘက် က နိုင်မလား။ သူတို့ကို ခေတ်နောက်ကျသူတွေ၊ အမြင်မကျယ်သူတွေအဖြစ် စွပ်စွဲမယ့် အချောင်သမားတွေ ဘက်က နိုင်မလားဆိုတဲ့ပွဲပါ။

၂၀၁၃ ခုနှစ် စက်တင်ဘာလ ၂၂ ရက်ထုတ် ပြည်ထောင်စုနေ့စဉ်သတင်းစာမှ ကူးယူဖော်ပြ သည်
ဦးကြည်မြင့် (လသာ)

ကမ္ဘာ့ငွေကြေး စီးပွားရေးအဖွဲ့အစည်းကြီးတွေနဲ့ စည်းမျဉ်းတွေ၊ ပြဋ္ဌာန်းချက်တွေ လိုက်နာ ကြပြီး အလိမ္မာကလေး လုပ်နေခဲ့ပေမယ့် အမေရိကန်ပြည်ထောင်စုက နာမည်ပျက်စာရင်း Black List ကိုလည်း မဖျက်ပေးဘူး။ စီးပွားရေး ပိတ်ဆို့မှု Sanction ဆိုတာကြီးလဲ ရုပ်သိမ်း မပေးဘူး။ ဒီကြားထဲ သူ့ဆီက တုံပြန်မှုရစရာမရှိတဲ့ အထွေထွေ ဦးစားပေးစနစ် General Preference System – GPS ကို မျှော်လိုမျှော်… တောင်းလိုတောင်း လုပ်နေသေးတာတွေ တွေ့ရတယ်။

ဈေးကြီးသော အလဲအလှယ်

ဒီကြားထဲ နော်ဝေတို့၊ ဆွစ်ဇာလန်တို့မှာ ဒေါ်လာ ၁၁ ဘီလီယံတောင် သွားထားတာ တွေ့ရတယ် ဆိုတဲ့သတင်းကို အလွန်မရေမရာနိုင်တဲ့ အင်တာနက်သတင်းမှာ ဖော်ပြတာတွေ့ရပြန်တယ်။

ကျွန်တော်ကတော့ သမ္မတတို့၊ နာယကတို့ အမေရိကန်ပြည်ထောင်စု သွားပြီးတဲ့ နောက် တရုတ် ဘက် အခေါက်ခေါက် ပြန်လှည့်သွားတဲ့ အချိန်မှာပဲ နောက်ဆုံး သုံးသပ်ချက် ချထားခဲ့ပါတယ်။ အမေရိကန်ပြည်ထောင်စုရဲ့ ဆန်ရှင်ရုပ်ဖို့၊ ဘလက်လစ်ဖျက်ဖို့ ဆိုတာ သူတို့လူ၊ သူတို့လူမျိုး ဘာသာမနွှယ်ရင်တောင် သူတို့ကို အထင်ကြီးပြီး နောက်က တကောက် ကောက် လိုက်တောင်း ရမ်းပြီး ခိုင်းတာလုပ်၊ အရိုးအရင်း ချကျွေးသမျှ ကျေးဇူးတွေ တင်နေ မယ့် အုပ်စုတွေလက်ထဲ အာဏာမရောက်သရွေ့ “ဆောရီးပဲ” ဆိုတဲ့ သဘောထားတဲ့ အကြောင်းပါပဲ။

ကျွန်တော့်မှာ နိုင်ငံရေးနဲ့ ပတ်သတ်လို့ အနောက်က ဘာလက်မှတ်တိုရှည်မှ မရှိပါဘူး။ လိုက်လဲ မတက် မယူပါဘူး။ လူပျိုပေါက်အရွယ်ကတည်းက ဆင်းရဲတဲ့ ကျွန်တော်တို့နိုင်ငံ ချမ်းသာ ဖွံ့ဖြိုးအောင် ဘယ်လိုလုပ်ရမလဲဆိုတာ သင်ယူဖို့ ပထဝီ၊ သမိုင်း၊ ဘောဂဗေဒ၊ သင်္ချာ တွဲကို အလယ်တန်းအောင်လို့ အထက်တန်းရောက်တာနဲ့ ယူခဲ့တာနဲ့ လုံလောက်ပြီလို့ ထင်ပါ တယ်။ (စီးပွားရေးပညာနိုဗယ်ဆုရှင် များ အမှာစာ/ မိုးမြင့်ကြယ်စာပေ) ရန်ကုန် စီးပွားရေး တက္ကသိုလ်က အောင်တော့လည်း Q1 ရပေ မယ့် လက်တွေ့ဘက်ကို လိုက်တဲ့အနေနဲ့ စီမံကိန်း ဌာနကိုသာ သွားရောက်ခဲ့ပါတယ်။ ကျူတာ ကိုးယောက်ခေါ်တာ ခုနှစ် ယောက်ပဲလျှောက်တဲ့ ၁၉၇၂ ပါ။

တစ်လောက Trade Time ဂျာနယ်မှာ ပါမောက္ခဆရာမကြီး ဒေါ်လှမြင့်က ကျောင်းစာသာ သင်နေတာ လက်တွေ့မရှိဘူးလို့ ဝန်ခံထားတာတွေ့ရပါတယ်။ ကျွန်တော်ကတော့ ၁၉၈၂ လောက်က စပြီး ကိုယ်ပိုင်စီးပွားရေးလိုင်းကို ပြောင်းဖြစ်ခဲ့တာ ရန်ကုန်မြို့လယ်မှာ ရွှေဆိုင် နှစ်ဆိုင်၊ ပို့ကုန် သွင်းကုန် ကုမ္ပဏီ၊ ဆောက်လုပ်ရေးကန်ထရိုက်တာတွေအထိ ချဲ့ထွင်နိုင်ခဲ့ ပါတယ်။ ၁၉၉၃ ခုနှစ် လယ် မှာ နိုင်ငံရေးနဲ့ ထောင်ကျသွားတဲ့အထိပါ။

စီးပွားရေး အကြောင်းဖန်

ဆိုလိုချင်တာက ဒီနေ့ နိုင်ငံရေး၊ စီးပွားရေးမှာ ကျွန်တော်ဟာ သီအိုရီအခြေခံပေါ် မူတည်ပြီး လက်တွေ့ကဲတဲ့ အမြင်ရှိသူလို့ ကိုယ့်ကိုယ်ကိုယ် ခံယူထားတယ်ဆိုတဲ့ သဘောပါ။ ဒီမိုကရေစီ ရဲ့ ပျော့ကွက်ဟာ ဟိုက ဒီက ဟိုဟာ ပြဋ္ဌာန်း….ဒီဟာပြဋ္ဌာန်းနဲ့ အလွန် အန္တရယ်ကြီးပါတယ်။ ဗိုလ်ချုပ်ပြောသလို နိုင်ငံမျိုးဖြစ်သွားနိုင်ပါတယ်။ ဒီကြားထဲ အများဆုံး တွေ့ရတတ်တာကတော့ ဝတ်လုံမောင်သောင်းဖေလို အနောက်ကို တစ်ဖက်သတ် အထင်ကြီးလွန်းတာမျိုးပါပဲ။ ဒီမှာ ကိုယ့်အမျိုးသားရေးကို အပြစ်တင်တဲ့ နိုင်ငံတကာရောဂါ ဝင်လာတာပါပဲ။


အရာရာရဲ့ အကြောင်းတရား အများစုဟာ စီးပွားရေး အကြောင်းခံ၊ အကြောင်းဖန်ပါပဲလို့ ၁၉၉၀ ပြည့်နှစ်များလောက်က ကမ္ဘာမှာ ခေတ်စားတဲ့ Freakonomics တို့၊ Undercover Economist တို့၊ ၁၉ ရာစုနှောင်းက Conspicious Consumption ( အထက်လွှာ လူပေါ်ကြော့နဲ့ ဆင်းရဲဇာတာပါ အောက်လွှာလို့ မိုးလစဉ်ဂျာနယ်မှာ ၂၀၀၅ လောက်က ကျွန်တော်ပြန်ဆိုတင်ဆက်ဖူးပါတယ်) ဆိုတဲ့ စာအုပ်တွေမှာ တွေ့ရမှာပါ။

ကွန်မြူနစ်တွေ တောထဲကပြန်ရောက်ရင် ပထမဆုံးသွားတဲ့နေရာက အမေရိကန် ပြန်ကြားရေး ဌာနပါပဲလို့ ကျွန်တော်သီအိုရီထုတ်ထားဖူးပါတယ်။ အခုလဲ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ဒီမိုကရေစီလုပ်တော့မယ်ဆိုတော့ စနစ်ဟောင်းက လူတွေရော၊ ဒီမိုကရေစီ တိုက်ပွဲဝင်သမ္ဘာ ဆိုသူတွေရော၊ အယောင်ဆောင်သူရဲကောင်းခေါင်းဆောင်တွေရော အဲဒီမှာ သင်တန်းတွေ တက်ကြ၊ အလှူခံအဆက်အသွယ်တွေရှာကြနဲ့ ရှိနေခဲ့ပါတယ်။

လက်တွေ့စီးပွားရေး၊ နိုင်ငံရေး၊ လူမှုရေး စတာတွေမှာ ဘာမှ အလကားမရပါဘူး။ အပေးအယူ အခြေခံတာချည်းပဲ ဖြစ်ပါတယ်။ ဒီတော့ ကင်တားနားကို ထိရင် မချိအောင် နာတယ်တို့၊ သားက အမေရိကားမှာ၊ သမီးက အော်စီမှာ အားလုံး အိမ်ထောင်ကျပြီး …. ဘာသာလူမျိုး ခွဲစရာ မလိုဘူးတို့၊ ငါးစာမြင်တယ် ငါးမျှားချိတ် မမြင်ဘူးတို့ ဖြစ်လာရပါတယ်။

အလုပ်လုပ်စရာတွေ အများကြီးရှိပြီး လုပ်ဖို့က အချိန်လည်း ကျန်နေသေးပေမယ့် ၂၀၁၅ အကြောင်း အပြောများနေတာရယ်၊ မိတ္ထီလာအမတ်ကိစ္စ ရန်ကုန်တိုင်းမ်နေ့စဉ်မှာ ဆောင်းပါး ရှင် တစ်ယောက် ရေးတာ ဖတ်ရတာရယ်၊…လဲ..ဒါပဲ။ မင်းကိုနိုင်လဲဒါပဲဆိုတဲ့ မဲပြာပုဆိုး အဆင့်ကမတက်တဲ့ နှစ်ဖက်မြန်မာ့နိုင်ငံရေး အလားအလာ ထူးမခြားနား ဖြစ်နေတာတွေ ရယ်ကြောင့် ရေးမိခြင်း ဖြစ်ကြောင်းပါ။ တစ်ဖက်မှာ ဘုန်းကြီးအလုပ် ဘုန်းကြီးလုပ်၊ မျိုးစောင့် ဆိုတဲ့ စကားလုံးက တစ်မျိုးကြီးပဲ ဆိုတာမျိုးတွေကြောင့်လည်း ပါကြောင်း ပါဗျာ…..။

တိုက်တိုက်ဆိုင်ဆိုင်ပဲ သတင်းစာတစ်စောင်က သတင်းထောက်ကလေး တစ်ယောက်က ဖုန်းဆက်ပြီး အင်တာဗျူးလာပါတယ်။ ၂၀၁၅ ရွေးကောက်ပွဲမှာ ဘယ်ဟာအဓိက မေးခွန်း Main Issue ဖြစ်လာနိုင်သလဲဆိုတာပါပဲ။ ကျွန်တော်ကတော့ အမျိုးသားရေးနဲ့ နိုင်ငံတကာ အရေး လွန်ဆွဲပွဲဟာ ပြင်းထန်တဲ့ အငြင်းအခုန် Heated Debate ဖြစ်လာနိုင်မယ်လို့ ထင်မြင်ကြောင်း ဖြေခဲ့ပါတယ်။ တိုင်းပြည်နဲ့ လူမျိုး (အမျိုးသားရေး)ဘက် က နိုင်မလား။ သူတို့ကို ခေတ်နောက်ကျသူတွေ၊ အမြင်မကျယ်သူတွေအဖြစ် စွပ်စွဲမယ့် အချောင်သမားတွေ ဘက်က နိုင်မလားဆိုတဲ့ပွဲပါ။

၂၀၁၃ ခုနှစ် စက်တင်ဘာလ ၂၂ ရက်ထုတ် ပြည်ထောင်စုနေ့စဉ်သတင်းစာမှ ကူးယူဖော်ပြ သည်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...