Monday, September 30, 2013

နိုင်ငံသားတစ်ယောက် ကျွန်တော်တွေးမိသလို ရေးကြည့်ပါသည်


အရပ်သားအစိုးရလက်ထက်မှာ အကြီးမားဆုံးသော ထိခိုက်မှု၊သွေးထွက်သံယိုမှု
ဖြစ်ခဲ့သော လက်ပံတောင်းတောင်ကြေးနီစီမံကိန်း ပြသာနာဟာ အချိန်ကာလ(၁၀)လ
သာကြာမြင့်ခဲ့ပေမယ့် မနေ.တစ်နေ.ကလိုပဲ ထိခိုက်ခံစားရသူတွေ၊ ပြည်သူတွေ
စိတ်ထဲမှာရှိနေဆဲပါ။

သံဃာတော်တွေ မီးလောင်ဗုံးဒဏ်ကြောင့် တစ်နိုင်ငံလုံးက ရဟန်းသံဃာတော်တွေ
လမ်းပေါ်ထွက်ကြရ၊ ပြည်ထောင်စုဝန်ကြီးတွေ တောင်းပန်ပွဲပြုလုပ်ရ၊ ဒေါ်အောင်ဆန်း
စုကြည်ဦးဆောင်တဲ့ စုံစမ်းရေးကော်မရှင်ဖွဲ.ပြီး ဦးပိုင်နဲ.၀မ်ပေါင် စာချုပ်အသစ်
ချုပ်ဆိုရန် အကြံပြုရ၊ နစ်နာကြေးတွေ ခေတ်ကာလနဲ.အညီပေးအပ်ရန်အကြံပြုနဲ.
အလွန်ရှုပ်ထွေးကြီးမားတဲ့ ပြသာနာတစ်ရပ်ပါ။



စုံစမ်းရေးကော်မရှင်ရဲ.အစီရင်ခံစာအရ နောက်ဆုံး ဦးပိုင်နဲ.၀မ်ပေါင်တို. သဘောတူ
စာချုပ်အသစ်ချုပ်ဆိုကြောင်းဆိုတဲ့ သတင်းတွေလည်းဖတ်မှတ်လိုက်ရပါတယ်
အကြမ်းမျဉ်းတွေ.မြင်ကြည့်ရင်တော့ ပြသာနာက တော်တော်လေး အေးချမ်းစွာ
ဖြေရှင်းပြီးခဲ့သလိုပေါ့။

ဒါပေမယ့် အခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံရဲ.ဘာသာရေးသမိုင်းမှာ အစဉ်အလာ
ကြီးမားတဲ့ လယ်တီဆရာတော်ကြီးရဲ.သိမ်ကျောင်း၊ဘုရားကို ၀မ်ပေါင်ကုမ္ပဏီ က
ရှင်းလင်းမယ် လုပ်လာပြန်တော့ (၃၀-၉-၂၀၁၃) ရက်နေ.ကစတင်ပြီး ပြသာနာ
မီးတောက်တွေ ပြန်လည်တောက်လောင်စပြုလာပါပြီ။

မန္တလေးမှာ လယ်တီသိမ်နဲ.ကျောင်းထိမ်းသိမ်းကာကွယ်ရေး သတင်းစာရှင်းလင်းပွဲ
လုပ်ပြီး မန္တလေးကနေ မုံရွာလက်ပံတောင်းတောင်အထိ လမ်းလျှောက်ဆန္ဒဖော်ထုတ်မှု
စတင်ခဲ့ကြပါတယ်။ ထုံးစံအတိုင်း လုံခြုံရေးတပ်ဖွဲ.တွေက အင်အားသုံးပြီးတားဆီးဖို.
ကြိုးစားကြပြန်ရော။ ခက်နေတာက ကျွန်တော်တို.နိုင်ငံမှာ ပြသာနာတစ်ရပ်ပေါ်လာရင်
အဲဒီ ပြသာနာရဲ. အရင်းအမြစ် အခြေခံကို မရှာဖွေပဲ လတ်တလော အကြမ်းဖက်
အင်အားသုံးတားဆီးတတ်တဲ့ အကျင့်က အရပ်သားအစိုးရသက်တမ်း ထက်ဝက်ကျော်
လာခဲ့ပါပြီ အရင်အတိုင်းပါပဲ။

ကြည့်ပါ အခုပြသာနာမှာလည်း စီမံကိန်းကြီးတစ်ခုလုံးရပ်ဖို. တိုက်ပွဲတွေကနေ ပြည်သူ
တွေအနေနဲ. စည်းနဲ.ကမ်းနဲ.ဆက်လုပ်ဖို.၊ နိုင်ငံတကာရင်းနှီးမြှပ်နှံမှုတွေ ၀င်လာရင်
ပြောစရာမဖြစ်အောင်လို. ၊ ပြည်သူလူထုက လေးစားယုံကြည်ရတဲ့သူတွေ ပါဝင်တဲ့
ကော်မရှင်အဆုံးအဖြတ်ကို လိုက်နာခဲ့ကြပြီးပါပြီ။ အခုလို ဘာသာရေးအထိမ်းအမှတ်
လယ်တီသိမ်နဲ.ကျောင်းလေး နေရာလေးကိုတောင် သက်သာခွင့်၊ ထိမ်းသိမ်းခွင့်မရဘူး
ဆိုရင် ဘယ်သူလွန်ပြီဆိုတာ နိုင်ငံသားတွေအနေနဲ. သဘောပေါက်လာပြီ။
၁၀၀ ထဲက ၉၉ ပေးလိုက်ပြီးပါပြီ။ ၁ လောက်တောင် နိုင်ငံသားပြည်သူတွေရဲ.ဆန္ဒ
မရတော့ဘူးလားဗျာ။

အစိုးရကရော၊ ဦးပိုင်ကရော စာချုပ်အသစ်ထဲမှာ မြေနေရာလေးတစ်ကွက်တောင်
ကိုယ့်တိုင်းပြည်ကိုယ့်လူမျိုးကိုယ့်ဘာသာတရားအတွက် ၀မ်ပေါင်လို ကုမ္ပဏီတစ်ခု
အပေါ်မှာ သြဇာအာဏာမရှိတော့ဘူးလား။

ပြီးတော့ သူတို.က ကိုယ်နိုင်ငံမှာ အကျိုးအမြတ်အတွက် လာရောက်ရင်းနှီးမြှပ်နှံ
တဲ့သူ ကိုယ်ခွင့်ပြုသလောက်သာ သူတို.ကလုပ်ကိုင်ရမှာလေ။ အခုဖြစ်ရပ်က
နိုင်ငံသားတွေအနေနဲ. ကိုယ့်အစိုးရက စီမံကိန်းတစ်ခုခွင့်ပြုလိုက်ရင် သူတို.လုပ်ချင်
သလိုလုပ်တာကို လက်ပိုက်ကြည့်နေရမယ့်သဘောမျိုးဖြစ်နေတယ်လို. မြင်မိပါတယ်။

ရိုးရိုးရှင်းရှင်းလေး ပြသာနာကို ရှုပ်အောင်မလုပ်စေချင်ပါ၊
ပြည်သူတွေ၊ သံဃာတော်တွေကိုလည်းထပ်ပြီး သွေးထွက်သံယို နစ်နာဆုံးရှုံးမှုတွေ မဖြစ်စေလိုပါ။

နိုင်ငံသားတစ်ယောက်အနေနဲ. ကျွန်တော်တွေးမိသလို ရေးကြည့်ရရင် ၀မ်ပေါင်ကုမ္ပဏီကို တရားဝင်ခေါ်ယူပြောဆိုပြီး လယ်တီဆရာတော်ကြီးရဲ.သိမ်နဲ.
ကျောင်းနေရာကို သီးသန်.စီမံကိန်းအတွင်းမပါဝင်သော ထိမ်းသိမ်းရေးဧရိယာအဖြစ်
သတ်မှတ်ကြောင်းပြောဆိုပါ။ ဥပဒေနဲ.အညီ စာချုပ်မှာ နောက်ဆက်တွဲသဘောတူညီ
ချက်အဖြစ် ချုပ်ဆိုလိုက်ပါ. ပြည်သူလူထုကိုလည်း ယခုလို ထိမ်းသိမ်းကာကွယ်ရေး
နေရာအဖြစ် သတ်မှတ်ထားပြီးဖြစ်ကြောင်း ပွင့်လင်းမြင်သာစွာ ချပြလိုက်ပါ။

စီမံကိန်းမြေနေရာထဲက လယ်တီဆရာတော်ကြီးသိမ်ကျောင်းနေရာလေးကို သတ်မှတ်
ပေးရတာ ရင်းနှီးမြှပ်နှံတဲ့ဝမ်ပေါင်ကို ညွှန်ကြားလိုက်ရတာ ပြည်သူတွေအတွက် မြေ
နေရာလေးတစ်နေရာလောက်ပြန်ယူလိုက်ရတာ ကိုယ့်အိတ်ထဲကစိုက်ပေး
လိုက်ရတာမှ မဟုတ်တာဗျာ။

နိဂုံးချုပ်လေးရေးကြည့်ချင်တာက ပြည်သူတွေဟာ မအပါ၊
မလှည့်စားပါနဲ.၊ အာရုံပြောင်းတာမျိုးတွေ မလုပ်ပါနဲ.၊ ရိုးရိုးလေး ဖြေရှင်းလို.ရတဲ့ပြသာနာကို ဖွခြင်း၊ဆွခြင်းတွေနဲ. အကြမ်းမဖက်ပါနဲ. ပြည်သူတွေဟာ အစိုးရရဲ.ထမင်းရှင်တွေပါ။

ကျော်စွာမြင့် ( ၁၉၈၈-၁၉၉၂ ဗ.က.သ )

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...