Sunday, August 11, 2013

ခုတော့လေ..ရှစ်လေးလုံးသမိုင်းရိုင်းခဲ့ရပြီအဖိုးရေ


၈၈၈၈ ငွေရတုကို အမျိုးသားရင်ကြားစေ့ရေးကိုဦးတည်ပြီး လုပ်ကြပါတယ်လို့ပြောနေကြပါပြီ၊ ဒီတော့ ဒီငွေရတုပွဲကို ဒီလိုမလုပ်သင့်ပါဘူးပြောနေတဲ့သူတွေကပဲ အမျိုးသားရင်ကြားစေ့ရေးကို မလိုသလို ဆိုသလိုဖြစ်နေပါလား၊
တစ်ချို့ကတော့ ခရိုနီတွေပါရကောင်းလား ဇော်ဦးတို့လို
အချောင်သမားအာဏာရှင်ဂုတ်ကြားတွေ Keynote speaker
ဖြစ်ရကောင်းလားဆိုပြီး ဖလပ်ဖလပ်ဖြစ်လာတော့
အမျိုးသားရင်ကြားစေ့ရေးကိုဦးတည်ပြီးလုပ်သလိုလို
All Inclusive ဖြစ်လာအောင်လုပ်ရသလိုလို
လျှောက်လဲချက်ပေးလာတယ်၊

ေ၈၈၈ ဆိုတာအမှတ်တရပွဲ၊ အောက်မေ့ဘွယ်ဂုဏ်ပြုပွဲ၊
အောင်ပွဲမဟုတ်သေးတာတော့သေချာတယ်၊
သမိုင်းတလျှောက်လုံးမှာ လုပ်ခဲ့တဲ့
ရွှေရတု၊ ငွေရတုဆိုတာအောင်ပွဲနဲ့ပတ်သက်နေတာပဲများပါတယ်၊
အာဇာနည်နေ့ငွေရတုလုပ်ခဲ့တာကျနော်မကြားခဲ့မိပါဘူး၊
အာဇာနည်နေ့ငွေရတုလုပ်ခဲ့ဘူးရင်တော့
ကျနော်မှားတယ်လို့ဝန်ခံခဲ့မှာပါ၊
တကယ်တော့ရှေးဘုရင်အစဉ်ဆက်တွေကစလို့ကျင်းပခဲ့တဲ့
ရွှေရတုငွေရတုသဘင်တွေဆိုတာ အောင်ပွဲခံယုံသက်သက်ပါ၊
ဘယ်ဘုရင့်ကမှ မိဖုရားသေလို့အောက်မေ့ဘွယ်ငွေရတုပွဲ
လုပ်တာမကြားမိပါဘူး၊

ဒီလိုဝမ်းနည်းကျေကွဲဘွယ်၊ အောက်မေ့တမ်းတဘွယ်နေ့ကြီးကု
လွတ်လွတ်လပ်လပ်လုပ်လို့မရဘူးလား၊
ပြည်သူတွေခံစားချက်ကြီးလှတဲ့ ရှစ်လေလုံးလိုအမှတ်တရပွဲလိုကြမှ
လုပ်ရက်ကြသလားဆရာ့ဆရာကြီးတို့ရေ၊
အမျိုးသားရင်ကြားစေ့ရေးကိုဦးတည်ပြီးလုပ်ချင်ရင်
အာဏာသိမ်းခဲ့တဲ့စက်တင်ဘာလ(၁၈)ရက်နေ့မှာ
လုပ်လို့ရောမရနိုင်ဘူးလား၊

အခုပြီးခဲ့တဲ့၈၈၈၈ ငွေရတုပွဲကြီးမှာ စစ်အစိုးရဘက်က
အမျိုးသားရင်ကြားစေ့ရေးကိုဦးတည်ပြီး
ပြည်သူတွေကိုကျနော်တို့မှားခဲ့ပါတယ်လို့
ရင်ထဲကနေပြီးလေးလေးနက်နက် ဒီပွဲမှာတောင်းပန်ခဲ့လို့လား၊
ခုတော့သက်သက်အမြတ်ထုတ်လိုက်ပြီ

ကျနော်အမျိုးသားရင်ကြားစေ့ရေးကိုမလိုချင်တဲ့သူတော့မဟုတ်ဘူး၊
ဒါပေမဲ့ညာဖြီးနေတာတော့မကြိုက်ဘူး၊ နိုင်ငံရေးအရကာဗာယူတာလည်း
မကြိုက်ဘူး၊ ကျနော်ဘာကောင်မှတော့မဟုတ်ပါဘူး၊
ဒါပေမဲ့ ရှစ်လေးလုံးသမိုင်းကိုစလယ်ဆုံးအားလုံးနဲ
့တန်းတူပြောနိုင်ပါတယ်လို့ယုံကြည်ပါတယ်၊ တစ်ခါတစ်လေ
တစ်ချို့က(၈၈၈၈)သမိုင်းကိုငါတို့ပဲရေးခဲ့သလိုလို
တစ်ကယ့်ပိုင်ဆိုင်မှုတစ်ခုလိုကျင့်ကြံနေကြတာတွေ့ရလို့
ဝမ်းနည်းရတာတစ်ခုတည်းပါ၊

ကျနော်ကတော့စစ်အစိုးရရဲ့အပြောင်းအလဲ
အပေါ်မှာ အပြန်အလှန်အမြတ်မထုတ်စေချင်တဲ့စေတနာပါပဲ၊ ရှင်းရှင်းသတိပေးချင်တယ်၊ နိုင်ငံရေးမကျွံစေနဲ့၊ နုတ်ရခက်တယ်၊ စစ်အစိုးရရဲ့စေတနာဟာလူထုအတွက်နည်းနည်းလေးပါ၊
အတိုက်အခံခေါင်းဆောင်တွေကိုနိုင်ငံရေးသတ်ကွင်းထဲပို့ပြီး
သူတို့ကိုယ်သူတို့ကယ်တင်ရှင်လုပ်ကြမဲ့အမြတ်ထုတ်နိုင်ငံရေးပါ၊ ခုတော့လေ..ရှစ်လေးလုံးသမိုင်း ရိုင်းခဲ့ရပြီအဖိုးရေ....
 
ကိုကိုဦး(သူပုန်မျိုးဆက်-၈၈)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...