Saturday, August 3, 2013

တော်လှန်ရေးဆိုတဲ့ တစ္ဆေ...

December 25, 2011 at 12:44pm

တော်လှန်ရေးမှာ အစိုးရတာဝန်ရှိသူများ၊  နိုင်ငံရေးအသင်းအဖွဲ့များ၊ လူမှုရေးအသင်းအဖွဲ့များ၊ အနုပညာရှင်များ၊ စစ်တပ်၊  ရဲ၊  ကျောင်းသား၊ လူငယ်၊ ရဟန်းသံဃာ၊ စီးပွားရေးလုပ်ငန်းရှင်တွေအပြင် လူမျိုးမရွေး ဘာသာမရွေး လူထု လူတန်းစား အားလုံး အားလုံးပါဝင်ဆင်နွဲနိုင်ခွင့်ရှိ
  • တော်လှန်ရေးလို့ကြားလိုက်တိုင်းလှန့်မသွားနဲ့။ တော်လှန်ရေးကကြောက်စရာ တစ္ဆေတစ်ကောင်မဟုတ်ဘူး။
  • တော်လှန်ရေးဆိုတာ လူ့ဘောင်လောကရဲ့အကျိုးစီးပွားကို အဟန့်အတားဖြစ်နေတဲ့ စဉ်းစားတွေးခေါ်မှုအဟောင်း၊ ယဉ်ကျေးမှု ထုံးတမ်းစဉ်လာအယူအဆ အဟောင်း၊ စနစ်ဟောင်းတွေကို တိုက်ဖျက်ပြီး လူ့ဘောင်လောကကို အကျိုးရှိမယ့် စဉ်းစားတွေးခေါ်မှုအသစ်၊ ယဉ်ကျေးမှုအသစ်၊ ထုံးတမ်းစဉ်လာအသစ်၊ အယူအဆသစ်၊ စနစ်သစ်တွေ ကိုတည်ဆောက် တာဖြစ်တယ်။ တော်လှန်ရေးထဲမှာ တည်ဆောက်ရေးပါ တပြိုင်ထဲပါတယ်။ တော်လှန်ရေးက သပ်သပ်..တည်ဆောက်ရေးက သပ်သပ်မဟုတ်ဘူး။ (တော်လှန်ရေး ကဏ္ဍပြီးသွားပြီလို့ ဇောတဂ တက်မယ်ဆိုရင် ပြီးသွားတဲ့အကြောင်း ဘာနဲ့တိုင်းတာမလည်း???)
  • ချုပ်ပြောရရင်..တော်လှန်ရေးဆိုတာ တိုင်းပြည် လူမျိုး ယဉ်ကျေးမှု ထုံးတမ်းစဉ်လာ နဲ့ လူမှုအဖွဲ့အစည်းနဲ့သက်ဆိုင်တဲ့ စနစ်တွေကိုကောင်းသထက်ကောင်းအောင် တည်ဆောက်ပြောင်းလဲတဲ့ဖြစ်စဉ်ဖြစ်တယ်.။
    ဒေါ်အောင်ဆန်းစုကြည် သမတကြီးဦးသိန်းစိန်
  • တော်လှန်ရေးမှာ လူထု လူတန်းစား အားလုံး အားလုံးပါဝင်ဆင်နွဲနိုင်ခွင့်ရှိတယ်.။ 
  • အဲဒီတော်လှန်ရေးမှာ မိမိကိုယ်ကိုပြုပြင်ပြောင်းလဲတော်လှန်ရင်းနဲ့ လူ့ဘောင်လောကအတွက် အသုံးမကျတော့တဲ့ အဟောင်းတွေကိုဆက်လက်ထိမ်းသိမ်းထားချင်တဲ့ သူတွေကို စည်းရုံးသောနည်း မှန်ကန်သောနည်းနဲ့တိုက်သွားရတာပဲ။
  • မိမိကိုယ်ကိုမှန်မှန်ကန်ကန်တိုက်ပွဲမဆင်ပဲနဲ့ တော်လှန်ရေးလုပ်မရဘူး။
  • တော်လှန်ရေးလမ်းကြောင်းမှာ ကိုယ့်အချင်းချင်း စည်းရုံးရေးဆန်ဆန်နဲ့ ကူညီတိုက်ပွဲဝင်တာကို.."ကိုယ့်အချင်းချင်းချနေကြတယ် ရန်သူကိုပဲဦးတည်ချကြကွာ" "ရန်သူအားရလုပ်ကြတယ်ကွာ" လို့ ပြောနေတာတွေက အပေါ်ယံမှာကြည့်ရင် ရုတ်တရက် မှန်သယောင်ယောင်ထင်ပေမယ့် အဲဒီစဉ်းစားချက်ဟာလုံးဝမှားပြီး ဆင်နွဲနေတဲ့ တော်လှန်ရေးရဲ့အရှိန်အဟုန်ကိုလည်း အဟန့်အတားဖြစ်စေတယ်။ သတိမပေါ့နဲ့။
  •့ မိမိကရန်သူလို့သတ်မှတ်ထားတဲ့သူများဟာ  မိမိနဲ့ပြည်သူရဲ့အကောင်းဆုံးသော မိတ်ဆွေတွေ ရဲဘော်တွေဖြစ်လာနိုင်တယ်.။ သတိမပေါ့နဲ့။
    ဒေါ်အောင်ဆန်းစုကြည် နှင့် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်း
  • သူ့ကိစ္စ သူရှင်း ကိုယ့်ကိစ္စကိုယ်ရှင်း.. သူအဖွဲ့ကိစ္စ သွားမရှုတ်နဲ့ ကိုယ့်အဖွဲ့အကျိုးကိုယ်လုပ် သူပျက်တာ..ကိုယ်ပျက်တာမဟုတ်ဘူးဆိုတဲ့ တာဝန်မဲ့မှုအတွေးအခေါ်တွေ၊ လုပ်ဟန်တွေကြောင့် ယနေ့မြန်မာပြည်သူတွေရဲ တော်လှန်ရေးကြီး က ချောက်ထဲနေမတက်နိုင်ပဲဖြစ်နေတာ.။ တိုင်းပြည်မတိုးတက်နိုင်ပဲဖြစ်နေတာ.။ အပြန်အလှန်ဆက်စပ်နေတဲ့သဘောတွေကြောင့် အခြားသူပျက်တဲ့အခါ ကိုယ်လည်းအားနည်းသွား(သို့)ပျက်ဘို့ဖြစ်လာတာပဲ။
  • ဒါကြောင့် ယနေ့တော်လှန်ရေးမှာ အဟောင်းကို ထိန်းသိမ်းထားချင်တဲ့ သူတွေကို မှန်ကန်သောနည်း စည်းရုံးသောနည်းနဲ့ တိုက်ပွဲဝင်ဘို့လိုသလို မိမိ (မိမိ= မိမိနှင့်မိမိအင်အားစုများ) ကိုယ်ကို အပြင်းအထန်စည်းရုံးတိုက်ပွဲဆင်ဘို့လည်း အရေးကြီးတယ်.။
  • တော်လှန်ရေးမှာ အစိုးရတာဝန်ရှိသူများ၊  နိုင်ငံရေးအသင်းအဖွဲ့များ၊ လူမှုရေးအသင်းအဖွဲ့များ၊ အနုပညာရှင်များ၊ စစ်တပ်၊  ရဲ၊  ကျောင်းသား၊ လူငယ်၊ ရဟန်းသံဃာ၊ စီးပွားရေးလုပ်ငန်းရှင်တွေအပြင် လူမျိုးမရွေး ဘာသာမရွေး လူထု လူတန်းစား အားလုံး အားလုံးပါဝင်ဆင်နွဲနိုင်ခွင့်ရှိပါတယ်.။
    လူမျိုးစုံပြည်သူများ
  • တော်လှန်ရေးကြီးအမြန်အောင်ပွဲခံရဘို့၊ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ဘို့အတွက် မိမိကိုယ်ကိုအမြန်တော်လှန်ပြောင်းလဲပစ်ဘို့၊ အများကိုကူညီတော်လှန်ပြောင်းလဲဘို့၊ အဟောင်းကိုဖက်ထားတဲ့ သူများအားတော်လှန်ပြောင်းလဲလာအောင် စည်းရုံးကြိုးပမ်းကြဘို့ ကတိပြုကြရင်း လက်တွေ့ကျသော တော်လှန်ရေးလုပ်ငန်းများကို အားလုံးအတူတကွပူးပေါင်းလုပ်ကြဘို့လိုပါတယ်။
  • ကဲ "ငါတော်လှန်ရေးသမားကွ" လို့ ကျနော်တို့အားလုံး အတူတကွ ကြွေးကျော်ရင်း တော်လှန်ရေးအလုပ်တွေကို ပျော်ပျော်ကြီးလုပ်လိုက်ကြရအောင်။
တော်လှန်ရေးမှာ အစိုးရတာဝန်ရှိသူများ၊ နိုင်ငံရေးအသင်းအဖွဲ့များ၊ လူမှုရေးအသင်းအဖွဲ့များ၊ အနုပညာရှင်များ၊ စစ်တပ်၊ ရဲ၊ ကျောင်းသား၊ လူငယ်၊ ရဟန်းသံဃာ၊ စီးပွားရေးလုပ်ငန်းရှင်တွေအပြင် လူမျိုးမရွေး ဘာသာမရွေး လူထု လူတန်းစား အားလုံး အားလုံးပါဝင်ဆင်နွဲနိုင်ခွင့်ရှိပါတယ်။ 
ဒေါ်အောင်ဆန်းစုကြည် သမတကြီးဦးသိန်းစိန်
ဒေါ်အောင်ဆန်းစုကြည် နှင့် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်း

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...