Saturday, August 17, 2013

" အရိုးတွန်လေပြီလား "

Nay Zaw shared ရာ ဝဏ's photo.

၁၉၉၆ ဒီဇင်ဘာ ၂၅ စွယ်တော်ဗုံးပေါက်ကွဲမှု၊ ၁၉၉၇ ဧပြီ ၇ ကွယ်လွန်သူ ဒုတိယဗိုလ်ချုပ်ကြီး တင်ဦးနေအိမ် ပါဆယ်ဗုံးကွဲမှု တရားခံတွေကို သမ္မတဦးသိန်းစိန် လက်ထက်အတွင်းမှာ ပဲ ဖော်ထုတ်နိုင်ဖို့ကြိုးစားသွားမယ်တဲ့။ အရင်ကစစ်ဆေးထားတဲ့ သက်သေအထောက်အထားတွေနဲ့ပဲ ဆက်လက်စစ်ဆေးသွားမှာ ဖြစ်ပြီး သံသယရှိထားတဲ့လူတွေ ရှိနေပေမယ့် သက်သေအထောက်အထား ခိုင်လုံမှ တရားခံကငြင်းမရမှာမို့ မပြောသေးပါဘူးတဲ့။

ဖော်ထုတ်ဖမ်းဆီးမယ့် အစီအစဉ်ကို သမ္မတအစိုးရအဖွဲ့ထံ မကြာမီတင်ပြသွားမှာ ဖြစ်ပြီး လိုအပ်တဲ့ အကူအညီများပေးရန်နဲ့ သက်သေအထောက်အထားများ ရှာရန် လိုအပ်သည့် စစ်ဆေးမှုများကိုလည်း ပြုလုပ်ပိုင်ခွင့်များ တောင်းဆိုသွားမှာပါတဲ့။

ဟုတ်ကဲ့ … အမှတ်မမှားဘူးဆိုရင် ဒီနှစ်မှုလုံးမှာ တရားခံတွေပါဆိုပြီး ဖမ်းဆီးစွပ်စွဲအကျဉ်းချထားပြီးသူများ ရှိနှင့်နေပြီးသား ထင်ပါတယ်။ အခုမှတစ်ခါ တရားခံတွေ ရှာဖွေ ဖော်ထုတ်ဦးမယ်ဆိုတော့ကာ အရင်ဖမ်းထားသူတွေက ဘာတွေလဲ လဲ လဲ လဲ လဲ လဲ … ။

တစ်ဆက်တည်းမှာပဲ စိမ်းလဲ့ကန်သာ ငါးလောင်းပြိုင်လူသတ်မှုကို အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့က လက်ရှိစစ်ဆေးနေဆဲလို့ ဆိုပါတယ်။ ဟုတ်လို့လား လား လား လား လား လား။

ဒီလိုမမိသေးတဲ့ တရားခံတွေကို ဖော်ထုတ်တော့မယ် ဆိုရင် အတော်စွန့်စားရဲဖို့တော့ လိုလိမ့်မယ်။ ကျနော်တို့ တရားသူကြီးတွေလည်း တတ်နိုင်သမျှ တရားဥပဒေဘက်က လုပ်ဆောင်သွားမှာပါလို့ တရားသူကြီးတစ်ဦးက ပြောပါသေးတယ်။ ဂယ်ကြီးနော် … ညာရဘူးနော် … လူဆိုး …

ပြည်သူတွေအနေနဲ့ စွယ်တော်ဗုံးကွဲတာ ဦးတင်ဦးသမီးအိမ်ကို ပါဆယ်ဗုံးပို့လို့ သေဆုံးတာကို မေ့သေးမှာ မဟုတ်ပါဘူးတဲ့။ ဟုတ်ကဲ့ … မမေ့သေးတာတွေတော့ အများကြီးပေါ့ဗျာ။ ဒါတွေက ပြည်သူတွေအတွက် တယ်တောင်အရေးမပါလှပါဘူး။ ဘာပဲဖြစ်ဖြစ် တကယ်အမှုမှန်ပေါ်မယ် တကယ့်တရားခံအစစ်တွေမိမယ် ဒီလောက်ကလေး လုပ်ပြမယ်ဆိုရင်ကိုပဲ မယုံရဲ ယုံရဲနဲ့ ဝဲလကမ်းပေါ့ဂျာ။

Welcome … Welcome

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...