Friday, August 2, 2013

ရှစ်လေးလုံး နှစ်ဆယ့်ငါးနှစ်ပြည့်နှင့် ပြန်လည်နိုးထလာသော သမိုင်းပုံရိပ်များ


FCလာမည့် ၈-၈-၂၀၁၃ နေ့တွင် သမိုင်းတွင်ခဲ့သည့် ရှစ်လေးလုံး လူထုအုံကြွမှုကြီး (၂၅)နှစ်ပြည့်ရောက်တော့မည်။ ရှစ်လေးလုံးသည် ကမ္ဘာပေါ်တွင် ထူးခြားပြီး ခေါင်းဆောင်မရှိသည့် လူထုအုံကြွမှုကြီးဖြစ်သည်။ လူထုတိုက်ပွဲမှ ခေါင်းဆောင်များကိုမွေးထုတ်ပေးခဲ့သည်။ ဖြတ်သန်းခဲ့သည့်(၂၅)နှစ်ဆိုသည့်နှစ်ကာလခရီး၏
လာရာလမ်းဆီသို့ ပြန်လည်ငဲ့စောင်းငဲ့ကြည့် လိုက်သောအခါ ရှစ်လေးလုံး လူထုအုံကြွမှုကြီး၏ အသက်၊ သွေး၊ မျက်ရည်များဖြင့်
ပေးဆပ်ခဲ့ရသော သမိုင်းပုံရိပ်များသည် ယနေ့တိုင် အသက်ဝင်ရှင်သန်နေဆဲ၊ ရှစ်လေးလုံး ပုံရိပ်များသည် မည်သည့်အခါမျှ လွှင့်ပျောက်သွားမည်မဟုတ်ပါ။ ရှေ့ခရီးသို့ ဆက်လက်လျှောက်လှမ်းရာတွင် နောက်ကြောင်းပြန်မလှည့်သော်လည်းသမိုင်း၏ပုံရိပ်များကို ခြင်္သေ့လည်ပြန်စောင်းငဲ့ကြည့် ဖို့ လိုပါသည်။ သမိုင်းက ပေးသည့် သင်ခန်းစာများကို ခံယူနိုင်ကြစေချင်သည်။
(၂၅)နှစ်ကြာမြင့်ပြီဖြစ်သော် လည်း ရှစ်လေးလုံးသမိုင်းပုံရိပ်များသည် မျက်စိတစ်မှိတ်စာမျှသာ ရှိနေသည့်အလား ယနေ့ထိတိုင် ရှင်သန်နိုးကြွ
နေပါသည်။ထို့ကြောင့် မန္တလေးအလင်းဂျာနယ်သည်ရှစ်လေးလုံးအရေးတော်ပုံ လူထုလှုပ်ရှားမှုတွင် ပါဝင်ခဲ့ကြသူအချို့အား သွားရောက်တွေ့ဆုံမေးမြန်း၍ သူတို့၏ အတွေ့အကြုံ၊ ခံစားချက်နှင့်အတွေးအမြင်၊ သုံးသပ်ချက်တို့ကို စာဖတ်ပရိသတ်အား လက်ဆင့်ကမ်းဖော်ပြလိုက်ရပါသည်။

မန္တလေးအလင်းဂျာနယ်
ဦးသိန်းတန်(နိုင်/ကျဉ်း)


ရှစ်လေးလုံးနှင့် ပြည်သူလူထု၏ ထောက်ခံမှု 
ရှစ်လေးလုံးအရေးတော်ပုံအကြောင်း ပြောမယ်ဆိုရင်အဓိကျတာ
ကရှစ်လေးလုံးအရေးတော်ပုံကြီးဘာကြောင့်ပေါ်ပေါက်လာရသလဲ
ပေါ့။ တကယ်က ရှစ်လေးလုံးအရေးတော်ပုံဟာမိုးပေါ်ကျမဟုတ်
ဘူး။ တဖြည်းဖြည်းချင်း သန္ဓေတည်လာခဲ့တာ။ ရှစ်လေးလုံးဖြစ်
ပေါ်လာစေမယ့် အကြောင်းအရာတွေက အများကြီးဖြစ်ခဲ့ တာ။
၁၃၀၀ ပြည့်အရေးတော်ပုံရဲ့ အကြို ရွှေရတုလှုပ်ရှားမှု ၁၃၅၀ပြည့်
လှုပ်ရှားမှု၊ ၁၉၆၂ ခုနှစ် အာဏာသိမ်းမှု၊ ဇူလိုင်(၈) ရက်နေ့ တက
သသမဂ္ဂအဆောက်အအုံ ဗုံးခွဲမှုစတဲ့ အရေးအခင်းပဋိပက္ခတွေဖြစ်
လာတယ်။ ပြီးတော့ ၁၉၆၉ ခုနှစ် ဆက်ဖြစ်တယ်။ ၁၉၇၄-၇၅ ဦး
သန့်အရေးအခင်းဖြစ်တယ်။ လမ်းစဉ်ပါတီက တောက်လျှောက်
အာမခံပေးခဲ့တဲ့ အလုပ်သမားတောင်သူ လယ်သမားတွေ တစ်
သက်လုံး မဆင်းရဲစေရပါဘူးလို့ ဆိုတာက အလုပ်မဖြစ်ဘဲဆင်းရဲ
မွဲတေမှုတွေဖြစ်လာတယ်။ နောက်ပြီး ငွေစက်ူတွေ တရားမ၀င်
ကြေညာပြီး သိမ်းလိုက်တဲ့ကိစ္စ၊ ပြည်သူတွေဆီကနေ ဓားပြတိုက်
တဲ့ကိစ္စမှာ ပြည်သူလူထုအတွင်းမကျေနပ်မှုတွေ ပိုမိုများပြားလာ
တာပေါ့။ နောက်မှိုင်းရာပြည့် အရေးအခင်းတွေ ဖြစ်တယ်။အလုပ်
သမားတွေ၊ ကျောင်းသားတွေ ဆန္ဒပြကြတယ်။ ကျွန်တော်တို့တစ်
တွေ ဆန္ဒပြကြတဲ့အထဲမှာ ပါတယ်။ ပြည်သူတွေကရေတိုက်တယ်၊
ရေခဲချောင်း ကျွေးတယ်။ သို့သော်လည်း တစ်ပြည်လုံး အတိုင်းအ
တာနဲ့ ထောက်ခံမှုမရတော့ မအောင်မြင်ခဲ့ဘူး။ခေတ်အဆက်ဆက်
မှာ ကျောင်းသားတွေက ဦးဆောင်ခဲ့ကြတာပဲ။ ရှေ့တန်းကပါခဲ့ကြ
တာပဲ။ ဒါပေမယ့် ပြည်သူလူထုထောက်ခံမှုမရရင်တော့ မအောင်
မြင်ဘူး။ခုရှစ်လေးလုံးအောင်မြင်တာကပြည်သူအားလုံးရဲ့ထောက်
ခံမှုရရှိခဲ့လို့ ပြည်သူလူထုရဲ့ ပါဝင်ပတ်သက်မှုရှိခဲ့လို့ခုလိုအောင်မြင်
တာ။ ပြည်သူလူထုရဲ့ ထောက်ခံမှုမပါရင် ကမ္ဘာပေါ်ရှိ ဘယ်တော်
လှန်ရေးမျိုးမှ အောင်မြင်မှုမရနိုင်ဘူး။
FC-2
တော်လှန်ရေးက မွေးထုတ်ပေးလိုက်သည့်ခေါင်းဆောင်
၈.၈.၈၈ လို့ ဆိုထားပေမယ့် မန္တလေးမှာက(၇)ရက်နေ့ကတည်းက
ရဲနဲ့ ပြည်သူတွေ သူတို့ကလိုက်၊ ကိုယ်ကလိုက် ဖြစ်နေကြတာ။ဟံ
သာဝတီသတင်းစာတိုက်ဖွင့်ခဲ့တဲ့နေရာနားမှာ ခဲနဲ့ထုလိုက်ကြ၊ အဲ
လို စလုပ်ကြတာ။ ပြီးတော့ လူထုက နောက်ရက်မှာ အခြေအနေ
ကို စောင့်ကြည့်နေကြတာ။ တကယ်တမ်း (၈)ရက်နေ့ကျတော့ မြ
တောင်ကျောင်းဘက်ကစပြီး ထွက်ကြတယ်။ ပြီးတော့ ဈေးချိုနာရီ
စင်ရှေ့မှာ ရဲကလိုက်တယ်။ ပြည်သူက ပြန်လိုက်တယ်။ အဲလိုဖြစ်
နေတာ။  မန္တလေးအနေနဲ့ ပြောမယ် ဆိုရင်တော့ ရှစ်လေးလုံးမှာ
မန္တလေးသံဃာထုရဲ့အခန်းကဏ္ဍကအင်မတန်ကြီးမားတယ်။သံ
ဃာတော်တွေရဲ့ ထောက်ခံအားပေးမှု၊ ပြည်သူတွေရဲ့ အထွေထွေ
မကျေနပ်မှု၊ ကျောင်းသားတွေရဲ့ ဦးဆောင်မှုကြောင့် ခုလိုအောင်
မြင်လာတာ။ ခုရှစ်လေးလုံးမှာ သုံးသပ်တာတွေက တစ်မျိုးဖြစ်နေ
တယ်။ အမှန်က လူထုအုံကြွမှုတွေကနေမှ ခေါင်းဆောင်တွေ ပေါ်
လာတာ။ ဒေါ်အောင်ဆန်းစုကြည်သည်ပင် နိုင်ငံရေးလုပ်ဖို့ အစီအ
စဉ်မရှိဘဲ ဖြစ်သွားတာ။ အရေးကြုံတော့ သွေးကဇာတိပြလိုက်တာ
ပဲ။ ဒေါ်အောင်ဆန်းစုကြည်က တိုက်ပွဲကြားက ပေါ်ထွက်လာတဲ့
ခေါင်းဆောင်ပဲ။ တော်လှန်ရေးက မွေးထုတ်ပေးလိုက်တဲ့ ခေါင်း
ဆောင်ပဲ။ ရှစ်လေးလုံးဟာ ကမ္ဘာက အလေးထားရမယ့်တော်လှန်
ရေးတစ်ခုပဲ။ဘာလို့လဲဆိုတော့ခေါင်းဆောင်မရှိသေးဘဲပေါ်ပေါက်
လာတဲ့ အုံကြွမှုကြီးဖြစ်လို့ပါ။
ဘုံရည်ရွယ်ချက် တစ်ခုတည်းရှိ
ရှစ်လေးလုံးအရေးအခင်းကာလ မန္တလေးမြို့မှာဂဠုန်နီဆရာတော်
ရဲ့ ပါဝင်ပတ်သက်မှုကလည်း သိပ်ကို အားကောင်းခဲ့တယ်။နောက်
ပိုင်း ကိုယ့်စစ်ကြောင်းနဲ့ ကိုယ်ထွက်လာတာတွေတော့ ရှိတာပေါ့။
စစ်ကြောင်းတွေက နည်းတာမဟုတ်ဘူး။ နောက်ပိုင်းသပိတ်ကော်
မတီဖွဲ့ပြီး ထိန်းချုပ်ခဲ့ရတယ်။ဂဠုန်နီစစ်ကြောင်းက မန္တလေးမှာ
အင်အားအကောင်းဆုံးပဲ။ လှုံ့ဆော်မှုအားအကောင်းဆုံးပါ။သပိတ်
ကော်မတီ တပ်ပေါင်းစုမှာတော့ မစိုးရိမ်ကဆရာတော် ဦးက၀ိန္ဒက
ဥက္ကဋ္ဌ။ သူတို့ရှိရင် ပိုပြီးတော့ ပြည့်ပြည့်စုံစုံ ပြောနိုင်တာပေါ့။ အဲဒီ
တုန်းက မန္တလေးတောင်ခြေကွင်းထဲမှာ ဟောပြောပွဲလုပ်ခဲ့တယ်။
တစ်ကွင်းလုံး ပရိသတ်အပြည့်ပဲ။ လူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံ
ပါပဲ။ အရပ်မျက်နှာပေါင်းစုံက လူတန်းကြီးတွေ ရာပြည့်ကွင်းကြီး
ထဲကို ၀င်လာကြတာ။ နေပူကျဲကျဲကြီးထဲမှာ မျှော်လင့်ချက် တစ်ခု
အတွက် ရောက်လာကြတာ။ လုံခြုံ ရေးဆိုတာ မကြံစည်တတ်လို့
သပိတ်ကော်မတီက နွားတွေငှားပြီး ကွင်းထဲကိုလျှောက် သွားခိုင်း
ရသေးတယ်။လာကြတဲ့သူအားလုံးမှာဘုံရည်ရွယ်ချက်တစ်ခုတည်း
ပဲရှိတယ်။ မဆလအစိုးရ ပြုတ်ကြရေး။
FC-4
မန္တလေးသပိတ်က ရန်ကုန်သပိတ်ထက်ထူးခြားတာကမန္တလေးမှာ
တပ်ပေါင်းစုဆိုတာရှိတယ်။ သံဃာထုပါတယ်။ အနုပညာရှင်တွေပါ
တယ်။ နယ်ပယ်အသီးသီး ပါဝင်ပြီးတော့ ဒီသပိတ်တပ်ပေါင်းစုက
မန္တလေးစစ်ကြောင်းတွေကို ထိန်းချုပ်သွားတယ်။ အဲဒီတုန်းကမန္တ
လေးမှာ အကြမ်းဖက်မှုဆိုတာ မရှိသလောက်ပဲ။ ပေါင်းလဲတိုက်နဲ့
အခြားတစ်နေရာမှာပဲဖြစ်တာ။ ရှစ်လေးလုံးစာစောင်တွေ ထုတ်ကြ
တယ်။ ဖြန့်ဝေကြတယ်။ ပြည်သူလူထုကြီးက အားပေးကြတာပဲ။
ဘယ်အချိန် အောင်ပွဲရမလဲ၊ ဘယ်အချိန်ပြီးဆုံးမလဲဆိုတာ မျှော်
လင့်နေကြတယ်။ အဲဒီလို ပြည်သူလူထုက ပါဝင်ခဲ့ကြတယ်။ခု
နောက်ပိုင်း လူငယ်ခေါင်းဆောင်လေးတွေဆိုရင်အရေးအခင်းကြီး
ကို မြင်သာမြင်ပြီး မပါဝင်လိုက်ရဘူး။ တချို့ မမီလိုက်ကြဘူး။
ဒီမိုကရေစီလှုပ်ရှားမှု၊ လက်နက်မဲ့တော်လှန်မှု
ဒီရှစ်လေးလုံး အရေးတော်ပုံ ထူးခြားချက်က ခေါင်းဆောင်မပါဘဲ
ထွက်လာခဲ့တဲ့အရေးတော်ပုံ၊နိုင်ငံရေးနဲ့ပတ်သက်တဲ့ခေါင်းဆောင်
တွေ နောက်မှ ထွက်လာကြတယ်။ ပြည်သူလူထုတွေက သူတို့ရဲ့
မကျေနပ်ချက်တွေနဲ့အတူ လမ်းပေါ်ကို အရင်ဆုံးထွက်လာကြ
တာ။ ခေါင်းဆောင်မပါသေးဘူး။ ပြီးတော့ ဒီလှုပ်ရှားမှုကြီးကကမ္ဘာ
မှာ သိပ်ကို ကြီးကျယ်တဲ့ လှုပ်ရှားမှုကြီး။ အကြီးမားဆုံးဒီမိုကရေစီ
လှုပ်ရှားမှုကြီး။ လက်နက်မဲ့တော်လှန်မှု အကြီးကျယ်ဆုံးပဲ။ သေ
လိုက်တဲ့အသေမှ ရက်ရက်စက်စက်သေတာ။မြန်မာပြည်ပြီးတော့မှ
တရုတ်ပြည်ဘက်ကူးသွားတာ။ဆေးရုံတို့၊ ကျောင်းတို့ဆိုတာ စစ်
ဖြစ်နေတာတောင်မှ မပစ်ရတဲ့နေရာတွေ။ အကုန်ပစ်သတ်ပစ်
တယ်။ ဒါပေမယ့် ပြည်သူတွေက ထပ်ပြီးတော့ ဆင်နွှဲကြတာပဲ။
အထွေထွေမကျေနပ်မှုတွေ ပေါက်ကွဲကြတာပါ။ ကျောင်းသားတွေ
အားလုံးပါတယ်။ အလုပ်သမား၊ လယ်သမားတွေပါတယ်။ဒီအရေး
အခင်းမှာ ကျောင်းသားတွေ ဦးဆောင်တယ်ဆိုတာ ငြင်းလို့မရပါ
ဘူး။ ဒါပေမယ့် ပြည်သူတွေအားလုံး ပါဝင်ပတ်သက်နေတာ။ငါတို့
ဦးဆောင်လို့ ရတယ်ဆိုတဲ့ တော်လှန်ရေးမျိုး ကမ္ဘာမှာမရှိဘူး။ပြည်
သူပါမှ အောင်မြင်တာ။ ဒါကို ကလေးတွေ သိစေချင်တယ်။
FC-7
ရှစ်လေးလုံးဟာ လူထုပိုင်တဲ့ ပစ္စည်း၊ လူထုရဲ့ အမှတ်အသား
အဲတော့ ရှစ်လေးလုံးဟာ ဘယ်ခေါင်းဆောင်တစ်ဦးတစ်ယောက်
ရဲ့အမှတ် အသားမှ မဟုတ်ဘူး။ ဘယ်အဖွဲ့အစည်းတစ်ခုခုရဲ့ အ
မှတ်အသားမှလည်း မဟုတ်ဘူး။ လူထုရဲ့ အမှတ်အသားပဲ။ လူထု
ပိုင်တဲ့ပစ္စည်းပဲ။ လူတန်းစားပေါင်းစုံပါတယ်။ ၀န်ထမ်းတွေရဲ့ အ
ထွေထွေမကျေနပ်မှုတွေပါတယ်။အကြီးအကျယ်ဆုံးလှုပ်ရှားမှုကြီး
ပဲ။ ဒီလှုပ်ရှားမှုကြီးမှာ လူ့အလွှာအသီးသီးက ပါဝင်ပတ်သက်ခဲ့ကြ
တာပဲ။ ဒီမကျေနပ်မှုတွေကို ထုတ်ဖော်ကြတဲ့ အလွှာအသီးသီးကို
ကျောင်းသားတွေဦးဆောင်တယ်ဆိုတာတော့မှန်ပါတယ်။ကျောင်း
သားတွေက သမိုင်းအဆက်ဆက်ကို ကြည့်ရင် ဦးဆောင်ခဲ့တာ
ချည်းပဲ။ သို့သော်လည်း ဒီတော်လှန်ရေးကြီးက ငါတို့ကြောင့်ဖြစ်ခဲ့
တာလို့ဆိုရင်တော့ ဒါလက်မခံနိုင်စရာပဲ။ ဒါ ဂုဏ်ယူစရာလည်း
မဟုတ်ဘူး။ ကိုယ့်သမိုင်းကို ရေးကြတာပဲ။ ဆရာကြီးဗန်းမော်တင်
အောင်ပြောသလိုပေါ့။ လူတစ်ယောက်ရဲ့ တန်ဖိုးဟာ သူရောက်ရှိ
နေတဲ့ ခေတ်ကပေးလိုက်တဲ့ သမိုင်းပေးတာဝန်ကို ဘယ်လောက်
ထမ်းဆောင်နိုင်သလဲဆိုတာနဲ့ပဲ ဆိုင်တယ်။
မြန်မာပြည် ဒီမိုကရေစီတိုက်ပွဲ နှစ်မျိုးပဲရှိတယ်။ ဒါ ကိုယ်ပြောတာ
မဟုတ်ဘူး။ ဒေါ်အောင်ဆန်းစုကြည်ပြောတာ။ ဘာလဲဆိုတော့ ဒီမို
ကရေစီလိုချင်တဲ့အင်အားစုနဲ့ဆန့်ကျင်တဲ့အင်အားစုနှစ်စုပဲရှိတယ်။
ဘယ်အစုက ဆန့်ကျင်တာလဲ။ လိုချင်တဲ့ အင်အားစုမှာလဲ ဖြူ၊ နီ၊
ဝါ၊ ပြာ ရောင်စုံ အကုန်ပါမှာပဲ။ ဘယ်သူကဖြင့် မပါရဘူး၊မောင်ဖြူ
မပါရဘူး၊ မောင်မဲမပါရဘူးဆိုတာ မရှိသင့်ဘူး။ ပြီးရင် ကိုယ့်လမ်း
ကို သွားကြရမှာပဲ။ အဲသလို သဘောထားနိုင်ခဲ့ကြလို့လည်း ရှစ်
လေးလုံးတော်လှန်ရေးကအထွတ်အထိပ်ကိုရောက်ခဲ့တာ။ ဒါပေ
မယ့် အောင်မြင်မှုနဲ့လက်တစ်ကမ်းအလိုမှာ ကျရှုံးသွားတယ်။ ဘာ
ကြောင့် ကျရှုံးသလဲဆိုတာ ပြန်ပြီးတော့ ဆန်းစစ်ရမယ်၊ သုံးသပ်ရ
မယ်။
အရေးကြီးဆုံး တောင့်တချက်က ပြည်တွင်းငြိမ်းချမ်းရေး
ရှစ်ဆယ့်ရှစ်စိတ်ဓာတ်ကို ဆက်ပြီး မွေးစေချင်တယ်။ဒါအရေးကြီး
အဆုံးပဲ။ ကျွန်တော်တို့တွေခုချိန်မှာ အရေးကြီးဆုံးတောင့်တချက်
ကပြည်တွင်းငြိမ်းချမ်းရေးပဲ။ကျွန်တော်တို့အလံသုံးလက်ရှိခဲ့တယ်။
ဒီမိုကရေစီအရေး၊ ငြိမ်းချမ်းရေးနဲ့ အမျိုးသားညီညွတ်ရေးဆိုတဲ့အ
လံသုံးလက် စိုက်ခဲ့ကြတယ်။ဒါပေမယ့် မ.ဆ.လဦးနေ၀င်းအစိုးရနဲ့
န၀တအကုန်လုံး ပြောင်းပြန်တွေလုပ်ပစ်တယ်။ငြိမ်းချမ်းရေး၊အမျိုး
သားသွေးစည်းညီညွတ်ရေး၊ ဒီမိုကရေစီအရေးဆိုပြီး ပြောင်းပြန်
လုပ်ပစ်တယ်။ အရေးအကြီးဆုံး ဖြစ်တဲ့ ဒီမိုကရေစီရေးဆိုတဲ့အလံ
က ထိပ်ဆုံးမှာရှိရမှာ။ ဒီမိုကရေစီရဲ့အောက်မှာမှ လွတ်လပ်ခြင်း၊
တန်းတူညီမျှရှိခြင်း၊ တရားမျှတမှုရှိခြင်းဆိုတာတွေ ရှိလာရမယ်။ဒါ
တွေရှိမှ တိုင်းရင်းသားတွေနဲ့ စည်းလုံးညီညွတ်ရေးရှိလာမယ်၊တစ်
ဦးပေါ်တစ်ဦး ယုံကြည်မှုတွေရှိလာမယ်။ ဒါမှ ငြိမ်းချမ်းရေး ဆိုတာ
ဖြစ်ပေါ်လာနိုင်မယ်။ ဒါကို သူတို့တွေက ပြောင်းပြန်လုပ်ပစ်တယ်။
ဒီတော့ နှစ်ပေါင်း (၄၀)ကျော်ကြာတယ်။ မအောင်မြင်ဘူး။ ဒီမိုက
ရေစီရေး ဦးစွာမရှိဘဲနဲ့တော့ တိုင်းရင်းသားတွေကြားအပစ်အခတ်
ရပ်စဲရေးတွေလုပ်လည်း ယာယီပဲဖြစ်လိမ့်မယ်။ ၁၉၄၇ မှာ အိနိ္ဒယ
လွတ်လပ်ရေးရတယ်။ ၁၉၄၈မှာ မြန်မာလွတ်လပ်ရေးရတယ်။
၁၉၄၉ မှာ တရုတ်ပြည်မှာ မော်စီတုန်း တက်လာတယ်။၄၇၊၄၈၊၄၉
အဲဒီသုံးနိုင်ငံမှာအဲဒီအချိန်တုန်းက သယံဇာတအကြွယ်ဝဆုံးနဲ့
ပညာရေးအမြင့်မားဆုံးလို့ဆိုတာမြန်မာနိုင်ငံပဲ။ဒါပေမယ့်နှစ်ပေါင်း
၄၀ အကြာမှာ မြန်မာနိုင်ငံဟာ အဆင်းရဲဆုံးနိုင်ငံဖြစ်သွားတယ်။
ဘာကြောင့်လဲ ပြည်တွင်းစစ်ပဲ။ ပြည်တွင်းစစ်အတွက်သုံးခဲ့တဲ့ စစ်
စရိတ်တွေက ပြည်သူကို ဆင်းရဲတွင်းထဲတွန်းပို့တယ်။ တစ်ဖက်မှာ
လည်း စီမံခန့်ခွဲရေးတွေက ညံ့ဖျင်းတယ်။ ဒီအစိုးရလည်း ညံ့ဖျင်း
တာပဲ။ ကြုံသလို လုပ်နေကြတာ။ ထားလိုက်ပါတော့ ဒီနေ့တကယ်
တမ်း ပြောချင်တာက ရှစ်ဆယ့်ရှစ်ကျောင်းသားတွေနဲ့ အားလုံးကို
ပြောချင်တာက ရှစ်ဆယ့်ရှစ်စိတ်ဓာတ် ဆက်မွေးကြဖို့ပါ။
စာရေးဆရာညီပုလေး
DSC01583
၈၈၈၈ ကိစ္စကို ငွေရတုနဲ့ မသုံးချင်ဘူး။၂၅နှစ်ပြည့်တာ မှန်တယ်။
ဘာလို့ငွေရတု မသုံးချင်ရတာလဲဆိုရင် အဓိပ္ပါယ်ဖွင့် ဆိုချက်၊ရသ၊
လေးနက်မှုမရှိဘဲ ပေါ့သွားမှာစိုးလို့ပါ။၈၈၈၈ ဆိုတာ စိတ်သိပ်လှုပ်
ရှားစရာကောင်းတဲ့ အရေးတော်ပုံကြီးပါ။သမိုင်းမှာ မေ့လို့မရတဲ့
အဖြစ်အပျက်ကြီးပါ။ပြည်သူတွေ ရင်ထဲမှာမတရားမှုတွေခံရပါများ
လို့ ဖြစ်လာတဲ့ အရေးတော်ပုံကြီးတစ်ခုမို့ပါ။ ဒီလိုဖြတ်သန်းခဲ့ရတဲ့
ကာလတစ်ခု၊ပုံရိပ်တစ်ခုကို ငွေရတုလို့ မသုံးစေချင်ပါဘူး။
မြတောင်ကျောင်းတိုက်သာသနာ့ပါလရွှေဝါ၀င်းဆရာတော်ဘဒ္ဒန္တ
သာသနာဘိဝံသရဲ့ သက်တော်၉၀ပြည့် ၀ိဇာတမင်္ဂလာ အထိမ်းအ
မှတ် ဂုဏပူဇာစာစောင်မှာ တခြားရေးသူတွေကဆရာတော်ကြီးရဲ့
ဘွဲ့ထူး၊ဂုဏ်ထူး၊ပညာသီလ၊စရဏတွေနဲ့မြတောင်ဆရာတော်ကြီး
ရဲ့ ကိုယ်ကျင့်သိက္ခာတွေ ရေးကြတယ်။ကျွန်တော်ကတော့ ဆရာ
တော်ကြီးရဲ့ ကျေးဇူးရှိတော့ ဒီကျေးဇူးတရားတွေနဲ့ ပတ်သက်တဲ့
အကြောင်းအရာတွေ ရေးမယ်လို့ စိတ်ကူးထားတယ်။
FC-3
၈၈၈၈ကာလမှာကျွန်တော်တို့ စာပေအနုပညာရှင်တွေပေါင်းပြီး
သပိတ်စခန်းဖွင့်ခဲ့တယ်။ နေရာက ၈၃လမ်း၊၃၂-၃၃လမ်းကြား၊
အင်္ဂလိပ်စာဆရာ ဦးခင်မောင်ဦးကျူရှင်မှာပါ။အဲဒီမှာပဲ ၈၈၈၈
သတင်းစာတိုက်ဖွင့်ခဲ့တယ်။ ကြီးကြီး ကျယ်ကျယ်တော့ မဟုတ်ပါ
ဘူး။အခြေအနေတွေ အရမ်းရှုပ်ထွေးနေတဲ့အချိန် ဘယ်သူကဘာ
မှန်းမသိတဲ့အချိန်မှာ စိုးတထိတ်ထိတ်နဲ့ ဖြတ်သန်းခဲ့ပြီး ၈၈၈၈
သတင်းစာကိုပုံနှိပ်ဖြန့်ဝေခဲ့တာအောင်မြင်ခဲ့တယ်။
စက်တင်ဘာလထဲရောက်တော့ သပိတ်အရှိန်တွေ သိပ်မြင့်လာ
တယ်။စစ်တပ်အာဏာသိမ်းမယ်။ သပိတ်စခန်းတွေ ဖြိုခွဲမယ်ဆို
တော့ ကျွန်တော်တို့ကို ပိုင်ရှင်တွေက လက်မခံချင်ကြတော့ဘူး။
ကြောက်ကြတာကိုး။သူတို့မှာအပြစ်မရှိဘူးလေ။သပိတ်စခန်း
အတွက် နေရာတွေရှာကြရာမှာ ကျွန်တော်က အားကိုးရာဖြစ်တဲ့
မြတောင်ဆရာတော်ကြီးဆီ သွားလျှောက်မိတယ်။တစ်ခွန်းစနှစ်
ခွန်းစပဲလျှောက်ရသေးတယ်။ချက်ခြင်းပဲ၈၅လမ်း၊၃၄လမ်းထောင့်
က ဓမ္မာရုံနေရာပေးတာ ၀မ်းသာတာပေါ့ဗျာ။ဒါနဲ့ပဲစီတန်းလှည့်
လည်တဲ့ ဆိုင်းဘုတ်တွေ၊နဖူးစည်းဆိုင်းဘုတ်တွေ ချက်ခြင်းရွှေ့
ကြတယ်။ ရွှေ့ပြီးမကြာဘူး တစ်ရက်နှစ်ရက်အတွင်းမှာပဲ စစ်တပ်
က အာဏာသိမ်းတော့ ရှောင်ရတိမ်းရ ပြေးရ လွှားရတော့တာပဲ။
ပစ္စည်းတွေလည်း မယူနိုင်တော့ဘူး။ဒါတွေ ဘယ်သူမှ မသိတဲ့အ
ကြောင်းအရာတွေ စိတ်ဝင်စားစရာကောင်းတာတွေ ရေးချင်ပေ
မယ့် မရေးဖြစ်လိုက်ရဘူး။ဆရာတော်ကြီးရဲ့ “၀ိဇာတပူဇာ”စာအုပ်
မှာ ဒီအကြောင်းအရာတွေ ရေးချင်လိုက်တာ။
ဒီအရေးတော်ပုံကို အသက်တွေ၊သွေးတွေ၊ချွေးတွေ ရင်းခဲ့ရတဲ့
အရေးတော်ပုံလို့ ခေါ်ချင်တယ်။ပေးဆပ်ခဲ့ရတာတွေများတယ်။
နောက်ပြီးဒါက ပြည်သူတွေ ရင်ထဲကလာတဲ့ အရေးတော်ပုံပါ။
မဆလက ဖိနှိပ်လို့ ပြည်သူက တုန့်ပြန်တာ။ငွေရတုလို့မဆိုချင်တာ
ကလည်း သာမန်ဖြစ်စဉ်လို ပျော်ပွဲရွှင် ပွဲဆန်သွားမှာစိုးလို့ပါ….။
အမှတ်တရအနေနဲ့က ကျွန်တော်တို့ ၈၈၈၈သတင်းစာက ရှေးဦး
ထွက်တာမဟုတ်ဘူး။ကျွန်တော်တို့ထက် အရင်ထွက်တာရှိတယ်။
ကျွန်တော်တို့ သတင်းစာက နောက်ကျပေမယ့်ရောင်းအားကောင်း
တယ်။ပြည်သူက ကြိုက်တယ်။စာရေးဆရာတွေ၊ကဗျာဆရာတွေ၊
ကာတွန်းဆရာတွေ စုပေါင်းပြီး စည်းစည်းလုံးလုံးညီညီညွတ်ညွတ်
လုပ်လို့ ဖြစ်လာတဲ့ ၈၈၈၈သတင်းစာပါ။ဖြစ်ချင်တော့ နာမည်ကြီး
ချင်တော့ “လူထု”ကထွက်တယ်လို့ ဆိုပြီး အခြားမြို့နယ်တွေက
သတင်းတွေ၊စာမူ၊ကဗျာ၊ဆောင်းပါးတွေ ပို့ကြတယ်။အဲဒီအချိန်စီး
ပွားရေးကမကောင်း ၀င်ငွေမရှိကြ ငွေရှာရတာ ခက်ခဲချိန်…။
ဒီ၈၈၈၈သတင်းစာက သိပ်ရောင်းအားကောင်းတော့ လက်ပွေ့
ရောင်းတဲ့ ကလေးတွေ ရသလောက်တော့ရကြပါရဲ့။ဒါပေမယ့် သူ
တို့လိုချင်တဲ့ စောင်ရေသူတို့ မရတော့ နစ်နာအောင်ပြောကြတယ်။
“၈၈၈၈သတင်းစာက အယ်ဒီတာတွေက မဆလတွေ”လို့တောင်
ပြောကြတယ်။
FC-5
ဒီအရေးတော်ပုံကအာဏာရှင်လက်သစ်ပေါ်လာတာရယ်၊တန်ပြန်
နည်း၊အောက်လမ်းနည်း၊ထောက်လှမ်းရေးနည်းတွေနဲ့ ဖြိုဖျက်
တိုက်ခိုက်ခဲ့တာ၊ဒါကြောင့်အောင်ပွဲမရခဲ့တာပါ။ဒါကလဲ နောင်လာ
နောင်သားတွေ သတိထားရမယ့် သင်ခန်းစာတွေပဲလို့ ပြောချင်ပါ
တယ်…။
၈၈၈၈ကဗျာစာအုပ် ထုတ်ဖို့စီစဉ်ခဲ့ကြပြီးသား စက်တင်ပုံနှိပ်နေပြီ။
ရိုက်တောင်မှ ရိုက်ပြီးနေပြီ၊စစ်တပ်က အာဏာသိမ်းသွားတော့
ဖျက်ဆီးပစ်ခဲ့ရတယ်။နှမြောဖို့ ကောင်းတယ်။အခုဆိုရင်ဒီကဗျာစာ
အုပ်ဟာ သမိုင်းတန်ဖိုးရှိတဲ့ ကဗျာစာအုပ်တစ်အုပ်ဖြစ်မှာပဲ။
မန္တလေးအလင်းသတင်းအဖွဲ
- See more at: http://www.lightofmandalay.com/entries/1767#sthash.WNCYHexh.dpuf

http://www.lightofmandalay.com/entries/1767 မှ ...

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...