Wednesday, August 21, 2013

အခြေခံဥပဒေကိုပေးထားချက်ဟုယူပြီးအားလုံးလက်ခံနိုင်သည့်ဖက်ဒရယ်ဖြစ်ရေးညှိနှိုင်းသင့်ကြောင်း၊ မိမိတို့မျှော်လင့်ချက်များကိုစီမံခန့်ခွဲနိုင်ရန်လိုအပ်ကြောင်းဆွေးနွေးသူ ဦးကျော်ဝင်းနှင့်တွေ့ဆုံခြင်း

ဖက်ဒရယ်စနစ်၊ တိုင်းရင်းသားများ၏အခွင့်အရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်၊ တန်းတူညီမျှခွင့်များနှင့်ပတ်သက၍ အမျိုးသားလွှတ်တော် နိုင်ငံရေး၊ စီးပွားရေးနှင့် ဥပဒေရေးရာ ကော်မရှင်အဖွဲ့ဝင်စာရေးဆရာဦးကျော်ဝင်းနှင့် တွေ့ဆုံမေးမြန်းထားသည်များကို
 လေ့လာသုံးသပ်နိုင် ပါရန် တင်ပြလိုက်ပါသည်။

မေး။ တိုင်းရင်းသားလူမျိုးများ၏ အခွင့် အရေးကိုကာကွယ်စောင့်ရှောက်သည့်ဥပဒေကြမ်း ဖြစ်ပေါ်လာတဲ့အပေါ် ဆရာ့အမြင်ကို သိချင် ပါတယ်။
ဖြေ။ ကျွန်တော် လွှတ်တော်ထဲ ရောက်တာ က တစ်လသာသာပဲ ရှိသေးတယ်ဗျ။ အဲဒီ ဥပဒေကြမ်းကို ကျွန်တော် မရောက်မီကတည်း က ပြုစုနေကြတာဖြစ်မယ်။

ကျွန်တော် သဘော ပေါက်သလောက်ပြောရရင်တော့ ၂ဝဝ၈ အခြေခံ ဥပဒေထဲမှာပေးထားတဲ့ တိုင်းရင်းသား အခွင့် အရေးတွေကို ခိုင်ခိုင်မာမာ ပိုဖြစ်အောင်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဒီဥပဒေကြမ်းကို ပြုစုတယ်လို့ နားလည်ပါတယ်။ အဲဒီတော့ ဒီဥပဒေထဲမှာပါတဲ့ အချက်တွေက အခြေခံဥပဒေထဲမှာပါတဲ့ အချက် တွေပါပဲ။ လွှတ်တော်ထဲမှာ ရောက်နေတဲ့ ခင်ရာ ခင်ကြောင်း တိုင်းရင်းသားလွှတ်တော်ကိုယ်စား လှယ်တွေနဲ့ ဆွေးနွေးကြည့်တော့ ဒီဥပဒေကို သူတို့ သဘောကျပါတယ်။ ဒါပေမယ့် တစ်ဖက် က စိုးရိမ်စိတ်ရှိတာ ဘာလဲဆိုတော့ အခုလော လောဆယ် အနေအထားက လွှတ်တော်မှာလဲ အခြေခံဥပဒေ လေ့လာသုံးသပ်ရေး ပူးပေါင်း ကော်မတီဖွဲ့ထားတယ်။ အဲဒီက သုံးသပ်တဲ့ အဖြေဘယ်လို ထွက်မယ်ဆိုတာ မသိသေးဘူး။ တစ်ခါ အဲဒီက သုံးသပ်တဲ့ အဖြေပေါ်မူတည်ပြီး အခြေခံဥပဒေ ပြောင်းလဲဖို့ကလဲ လာမှာကိုး။ သူတို့ စိုးရိမ်စိတ်ဖြစ်တာက အခုချိန်မှာဒီတိုင်းရင်း သားအကျိုး စီးပွားကာကွယ်ရေး ဥပဒေထွက် ထားရင် နောင်တစ်ချိန်မှာ ပြောင်းကောင်း ပြောင်းလာနိုင်တဲ့ အချက်အလက်တွေမပါဘဲဖြစ် မှာကို စိုးရိမ်နေကြတယ်။ အဲဒါတော့ရှိတယ်။သူတို့အနေနဲ့ ဒီဥပဒေကိုမလုပ်စေချင်တဲ့သဘော တော့ မဟုတ်ဘူး။ အခြေခံဥပဒေပြောင်းပြီး တော့မှ ပြောင်းလဲလာတဲ့ အချက်အလက်တွေ၊ တိုးကောင်းတိုးလာနိုင်တဲ့ အချက်အလက်တွေ ကိုပါ ပါဝင်စေချင်တယ်။ အဲဒီ အပြောင်းအလဲ ကာလမရောက်မီ အခုနေ ဥပဒေပြုလိုက်ရင် နောင်တိုးလာမယ့်ဟာတွေကို ဃသလနမ မဖြစ်မှာ လဲ စိုးရိမ်နေကြတယ်နဲ့ တူပါတယ်။ ဒါလဲ အားလုံးကိုကိုယ်စားပြုပြီးတော့ မပြောနိုင်ပါဘူး။ကိုယ်နဲ့ခင်ရာခင်ကြောင်း တိုင်းရင်းသားမိတ်ဆွေ တချို့က အဲဒီလိုသဘောထားရှိနေတာကို သတိ ပြုမိတာပါ။
မေး။ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်တို့၊ ကိုယ်ပိုင် အုပ်ချုပ်ခွင့်တို့၊ တန်းတူညီမျှခွင့်တွေက အခြေခံ ဥပဒေကိုပြင်ဆင်မှ ရမှာလားဆရာ။
ဖြေ။ အဲဒါတွေက အချိန်တိုတွင်းမှာ ပြောဖို့တော့ ခက်တာပေါ့လေ။ ကျွန်တော်တို့ ဆီမှာ ရှုပ်ထွေးနေတဲ့ ပြဿနာတွေလဲ ရှိတယ်။ ဥပမာ- ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ပေါ့။ အင်္ဂလိပ်လို တော့ self determinationူ သူကမူနှစ်ခုရှိတယ်။ စတာလင်မူနဲ့ ဝီလဆင်မူပေါ့။ စတာလင်မူရဲ့ self determination ကကျတော့ ခွဲထွက်လိုက ခွဲထွက်ခွင့် အပါအဝင် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်လို့ ဆိုတယ်။ အမေရိကန်သမ္မတဟောင်း ဝီလ်ဆင်ရဲ့ self determination က နိုင်ငံတိုင်းရဲ့ ကိုယ့် ကြမ္မာ ကိုယ်ဖန်တီးခွင့်လို့ အဓိပ္ပာယ်ရတယ်။ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ဆိုတဲ့ စကားရဲ့ မူရင်းကိုက အဓိပ္ပာယ်နှစ်မျိုးထွက်နေတယ်။ မြန်မာပြည်မှာ ကျတော့ လက်ဝဲသြဇာက ကြီးခဲ့တဲ့အတွက် ဝီလ်ဆင်မူကို သိပ်ကိုးကားကြတာမရှိဘူး။ စတာ လင်မူကိုကိုးကားကြတာများတယ်။ စတာလင်မူ ပါလာတာနဲ့အမျှ self determination လို့ ပြောလိုက်ရင် ခွဲထွက်လိုက ခွဲထွက်ခွင့်ဆိုတာက အလိုလို အကျုံးဝင်ပြီးသား ဖြစ်သွားတယ်။ အဲဒီတော့ ကျွန်တော်တို့ သိသလောက် သမိုင်း ပြန်ပြောရင် ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေပျက်ခဲ့ တာ အဲဒီ အချက်နဲ့လဲဆိုင်တယ်။ ဒီစကားလုံးက တော်တော်ရှုပ်ထွေးတယ်။ ဒီစကားလုံးကိုသုံးရင် self determinationှ ဆိုတာ ဘယ်အတိုင်း အတာအထိရည်ရွယ်လဲဆိုတာ ပွင့်ပွင့်လင်းလင်း ပြောကြမှ တော်လိမ့်မယ်ထင်တယ်။ ဒါက တစ်ချက်ပေါ့။ နောက်ကိုယ်ပိုင်အုပ်ချုပ်ခွင့် autonomy၊ ဒီဟာကတော့ သိပ်ပြဿနာမရှိ ဘူး။ ပေးကြတာပဲ။ အခု သူတို့စိုးရိမ်နေတာက လက်ရှိ ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေထဲမှာ တိုင်းရင်းသားအခွင့်အရေးတွေ အပြည့်အဝရမှာ လားဆိုတဲ့ ကိစ္စ။ သီအိုရီသဘောအရ ပြောရင် လက်ရှိ ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ဖက် ဒရယ်စစ် မစစ် ဆိုတဲ့ပြဿနာပဲ။ တချို့ကလဲ ဒါကို ဖက်ဒရယ်စစ်တယ်လို့ပြောကြတာရှိတယ်။ တချို့ကလဲ မစစ်ဘူးလို့ ပြောကြတာရှိတယ်။ မူကွဲက နှစ်မျိုးဖြစ်နေတယ်။ ဖက်ဒရယ်ဆိုတာ ဘာလဲ၊criteria ကသုံးခုပဲရှိတယ်။(၁)ကဒေသ အစိုးရနဲ့ဗဟိုအစိုးရ အာဏာခွဲဝေရေးရှိရမယ်။ (၂)က အဲဒီအာဏာခွဲဝေရေးကိုတရားဝင်အခြေခံ ဥပဒေထဲမှာဖော်ပြထားရမယ်။ ဒီအာဏာခွဲဝေမှု ကိုပြောင်းချင်သပဆိုရင်အခြေခံဥပဒေပြောင်းလဲ ရေးနဲ့သာဖြစ်နိုင်တယ်။ ဒီသုံးခုပဲ၊ စတုတ္ထအနေနဲ့ ထည့်ရင်တော့ အငြင်းပွားမှုများ ဖြစ်လာရင် လွတ်လပ်တဲ့ခုံရုံးက ဆုံးဖြတ်ရမယ်ဆိုပြီးတော့ ဒါကတော့ ထည့်လို့လဲရတယ်။ အဲဒီ ဃမငအနမငေ (မှတ်ကျောက်စံနှုန်း)တွေနဲ့ ကြည့်ရင် ၂ဝဝ၈ အခြေခံ ဥပဒေမှာ ဒါတွေ ပါလား၊ ပါတယ်လို့ ဖြေရမယ်။ ဥပမာ-အာဏာ ခွဲဝေရေးအတွက် ဆိုရင် ဇယား(၁) ပါတယ်၊ (၂) ပါတယ်၊ (၃)ပါ တယ်။ ဇယား(၁)က ဗဟိုအစိုးရရဲ့ လုပ်ပိုင်ခွင့် အာဏာ၊ဇယား(၂)က ပြည်နယ်၊ တိုင်းဒေသကြီး ရဲ့လုပ်ပိုင်ခွင့်အာဏာ၊ ဇယား(၃)က ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ တိုင်း(သို့မဟုတ်) ဒေသရဲ့လုပ်ပိုင် ခွင့်အာဏာဆိုတော့ အာဏာခွဲဝေကျင့်သုံးမှုမှာ တရားဝင်ပြဋ္ဌာန်းထားတာရှိတော့ ဖက်ဒရယ်လို့ ပြောမယ်ဆိုလဲ ပြောလို့ရတယ်။ တစ်ဖက်က စောဒကတက်စရာရှိတာက အဲဒါက အစိုးရရဲ့ ပေးထားချက် သက်သက်ပဲ။ လူမျိုးစုတွေရဲ့ သဘောထားဆန္ဒနဲ့ ဆွေးနွေးကြည့်ရင် သူတို့ ဘက်က ဒီအခြေခံတွေကို ဘာတွေဖြည့်ချင် တယ်၊ ဘာတွေပြင်ချင်တယ်ဆိုတာ ပြောစရာ ရှိကောင်းရှိမယ်။ ကျွန်တော်တို့ သဘောကတော့ ၂ဝဝ၈ အခြေခံဥပဒေဟာ အားလုံး သဘောညီ နိုင်တဲ့၊ အားလုံးလက်ခံနိုင်တဲ့ ဖက်ဒရယ်ဖြစ်ဖို့ အတွက် ပလက်ဖောင်းတစ်ခုတော့ ဖြစ်နေပြီ။ ဒါတော့ လက်ခံရမယ်ထင်တယ်။ အဲဒီပလက် ဖောင်းပေါ်မှာ ဆွေးနွေးကြရင်ရော မဖြစ်နိုင်ဘူး လား။ ဒါကြောင့် ဇယား (၁)၊ (၂)၊ (၃) ဒါကတော့ power sharing၊ ဇယား(၅)tax sharing ပေါ့။ အဲဒီဟာတွေကို ၂ဝဝ၈ အခြေခံဥပဒေကပေးထားတဲ့ ပေးထားချက်အဖြစ် ယူပြီးတော့ ဒါတွေကို လူမျိုးစုခေါင်းဆောင်တွေ ပွင့်ပွင့်လင်းလင်းဆွေးနွေးကြရင် အဖြေတစ်ခု မရနိုင်ဘူးလား။ကျွန်တော်တို့ဖြစ်စေချင်တာတော့ အဲဒီအတိုင်းဖြစ်စေချင်တယ်။ တစ်ဆက်တည်းပဲ ပြောလိုက်ဦးမယ်။အခုဖြစ်နေတာကလမ်းကြောင်း နှစ်ခု။ ကျွန်တော်တို့ဖြစ်စေချင်တာက ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေကိုပေးထားချက်လို့ယူပြီး ညှိနှိုင်းဆွေးနွေးကြမယ့် လမ်းကြောင်းပါ။
ဒီလမ်းကြောင်းက လိုချင်တာတွေအကုန် တစ်ခါတည်းတော့ ရချင်မှရမယ်။ သို့သော် ဘေးထွက်ဆိုးကျိုးနည်းမယ်။ တဖြည်းဖြည်း ရသွားနိုင်ဖို့ရှိတယ်။ ပိုရေပန်းစားပြီး အပြင်မှာ ကျယ်ကျယ်လောင်လောင်ပြောကြတာကတော့ အခြေခံဥပဒေကြီးတစ်ခုလုံးဖျက်၊ ပြီးမှအသစ် ရေး။ လူကြိုက်များနိုင်ပါတယ်။ ဒါပေမယ့် side effect တော်တော်များမယ်ထင်တယ်။အဆင် မသင့်ရင် လက်ရှိအနေအထားတစ်ခုလုံး ကတိမ်း ကပါး ဖြစ်သွားမှာစိုးရိမ်တယ်။ ကျွန်တော်တို့က ကြားလူဆိုတော့ ဒီလောက်ပဲပြောလို့ရမယ်။
မေး။ ၂ဝဝ၈ အခြေခံဥပဒေမှာပါတဲ့ တိုင်းရင်းသားတွေရဲ့ အခွင့်အရေးတွေကို လက် တွေ့သုံးဖို့ဥပဒေတွေလိုအပ်တယ်လို့သိရပါတယ်။ အခု တိုင်းဒေသကြီးအစိုးရတွေမှာ တိုင်းရင်းသား ဝန်ကြီးတွေ လုပ်ပိုင်ခွင့်မရဘူး၊ ဝန်ကြီးချုပ်ရဲ့ အာဏာပဲရှိတယ်။ ဝန်ကြီးချုပ်ကလဲ သမ္မတက ပဲ တိုက်ရိုက်ခန့်အပ်တာဆိုတော့ သမ္မတခိုင်းမှပဲ သူတို့လုပ်ရတယ်။ ခေါက်ရိုးကျိုးနေတယ်။ တိုင်းရင်းသားတွေ မလုပ်နိုင်မကိုင်နိုင်ဘူး၊ ဗဟိုအစိုးရကပဲ ချုပ်ကိုင်တယ်ဆိုတဲ့ အပေါ်မှာ ဆရာ့အမြင်ဘယ်လိုရှိပါလဲဆရာ။
ဖြေ။ ဇယား(၂)က တိုင်းဒေသကြီး (သို့ မဟုတ်)ပြည်နယ်တွေရဲ့ လုပ်ပိုင်ခွင့်၊ တိုင်းဒေသ ကြီး၊ ပြည်နယ်ပါလီမန်တွေက ဥပဒေပြုနိုင်တဲ့ အချက်တွေပေါ့။ဒီမှာကြည့်ရမှာကအခြေခံဥပဒေ ကပေးထားတဲ့ ဒီအခွင့်အရေးတွေကို တကယ် အသုံးချကြသလား၊ အခုထိတော့ ပီပီသသ အသုံးချတာသိပ်မတွေ့ဘူး။ အဲဒါဘာ့ကြောင့်လဲ။ နံပါတ်(၁)က capacity ပြဿနာဖြစ်မယ်။ ခုနပြောသလို ခေါက်ရိုးကျိုးတာပေါ့။ ခိုင်းမှ လုပ်တတ်တော့တယ်။ အကျင့်ကပါသွားပြီ။ ကိုယ့်ပေးထားတဲ့အခွင့်အရေးကို ကိုယ်အသုံးမချ တတ်တာလဲ ပါကောင်းပါမယ်။ နံပါတ်(၂) ထောက်စရာတစ်ခုဖြစ်နေတာကတော့ လက်ရှိ ဝန်ကြီးချုပ်တွေ တော်တော်များများက သူတို့ အပြောက ဗမာပေါ့။ နိုင်ငံရေးသဘောနဲ့ပြောရင် သမ္မတကခန့်တာဆိုတော့ ဗဟိုအစိုးရခန့်တာတွေ ဖြစ်နေတယ်။ ဒီပြဿနာ နှစ်ခုလုံးရှိတယ်။ အကောင်းဆုံးနည်းကတော့ ဘယ်သူကပဲခန့်ခန့်၊ ဘယ်သူကပဲ ဘာပြောပြော၊ အခြေခံဥပဒေက အခိုင်မာဆုံးပဲ။ အခြေခံဥပဒေထဲမှာပေးထားတဲ့ အခွင့်အရေးကို ကိုယ့်ဘက်က ကိုင်ပြီးတော့ တောင်းဆိုသင့်တယ်။ အဲဒါတောင်းဆိုတာမရရင် ဥပဒေကြောင်းအရပဲ ရှင်းရမှာ။ အခုလွှတ်တော် ကလုပ်နေတဲ့ တိုင်းရင်းသားအခွင့်အရေး ကာ ကွယ်တဲ့ဥပဒေဆိုတာကလဲ အဲဒီအခြေခံဥပဒေ ကပေးထားတဲ့အခွင့်အရေးကိုအကြောင်းကြောင်း ကြောင့်မရခဲ့ရင် ဥပဒေကြောင်းအရလူမျိုးစုတွေ ဘက်ကရပ်ပေးဖို့ရည်ရွယ်ချက်နဲ့ လုပ်တာလို့ ယူဆလို့ရတယ်။
မေး။ တိုင်းရင်းသားလူမျိုးများ၏ အခွင့် အရေးကို ကာကွယ်စောင့်ရှောက်တဲ့ဥပဒေကြမ်း ထဲမှာဘယ်လိုအချက်မျိုးတွေပါလာနိုင်လဲဆရာ။
ဖြေ။ အခုထိ အကြမ်းဆွဲထားတာတော့ အခြေခံဥပဒေမှာပါတဲ့ အချက်တွေများပါတယ်။ အဲဒါထက်ပိုပေးလို့လဲ မရဘူး။ ကြိုက်သည် ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ တိုင်းပြည်မှာရှိတဲ့ ဥပဒေတိုင်းဟာ အခြေခံဥပဒေကိုကျော်လို့ မရဘူး။
မေး။ အခုဖွဲ့စည်းပုံအခြေခံဥပဒေ လေ့လာ သုံးသပ်ရေးပူးပေါင်းကော်မတီလဲ ဖွဲ့စည်းထား တယ်ဆိုတော့ အဲဒီကော်မတီကနေ ၂ဝဝ၈ အခြေခံဥပဒေကိုသုံးသပ်တဲ့အခါ တိုင်းရင်းသားနဲ့ ပတ်သက်တဲ့အချက်တွေ ပြင်ဆင်တာမျိုးရော ပါလာနိုင်လားဆရာ။
ဖြေ။ ဒါကတော့ အတိအကျပြောလို့ မရ ဘူး။ ကျွန်တော်ကလွှတ်တော်ကိုယ်စားလှယ်လဲ မဟုတ်ဘူး။ အဲဒီကော်မတီထဲမှာ ပါတီတိုင်းက ကိုယ်စားလှယ်တွေပါဝင်ပြီး ဖွဲ့စည်းထားတယ် ဆိုတော့ သူတို့ပြောကြလိမ့်မယ် ထင်ပါတယ်။ အဲဒီကော်မတီက ဘယ်လိုသုံးသပ်မလဲ၊ သုံးသပ် ချက်ပေါ် မူတည်ပြီးဘယ်လို ပြင်ကြမလဲဆိုတာ တော့မသိသေးဘူး။
မေး။ တိုင်းရင်းသားတွေနဲ့ ပတ်သက်ပြီး ဏသတနမှ့မေငညါ ရွေျာနျသကမခနှ့မေငညါ ရောလုပ်ဖို့အချိန်တန်နေပြီလား။ အခုနိုင်ငံရဲ့ ဒီမို ကရေစီအရွေ့မှာ တစ်ပြိုင်တည်းလုပ်ဖို့လိုမလား ဆရာ။
ဖြေ။ power sharing ရှိတယ်။ ဒါက တော့ ဇယား (၁)၊(၂)၊(၃)ပါတယ်။ နိုင်ငံတော် ဘဏ္ဍာခွဲဝေကျင့်သုံးရေးဆိုတဲ့ ခေါင်းစဉ်အောက် မှာtax sharing ကလည်း ဇယား (၅) မှာပါပြီး သား။ သို့သော် resource sharing မပါဘူး။ ဒါတော့ အခြေခံဥပဒေရဲ့ အားနည်းချက်လို့ပြော မယ်ဆိုပြောလို့ရတယ်။သို့သော်ဒါကိုဘာကြောင့် မထည့်တာလဲ ဆိုတာတော့ စဉ်းစားစရာရှိ တယ်။ ဘာဖြစ်လို့လဲဆိုတော့ မြန်မာပြည်ရဲ့ ပြည်နယ်ခုနစ်ခုပဲထားပါတော့။ အဲဒီ ပြည်နယ် ခုနစ်ခုဟာ ဒေသတစ်ခုနဲ့တစ်ခု ဖွံ့ဖြိုးပုံမတူဘူး။ ဥပမာ- ကချင်ပြည်နယ်က ကျောက်စိမ်းတုံးကြီး ဖင်ခုထိုင်ထားတာ။ သို့သော် ချင်းပြည်နယ်မှာ ဘာသယံဇာတမှ မရှိဘူး။ ဒီအပေါ် စဉ်းစား ကြတာလဲ ဖြစ်ကောင်းဖြစ်မယ်။ ဘာပဲဖြစ်ဖြစ် resource sharing က အရေးကြီးပါတယ်။ ဘာကြောင့်လဲဆိုတော့ ပြည်တွင်းစစ် တာရှည် တာ ကို ကောင်းကောင်း ဖြေရှင်းမပေးနိုင်လို့လို့ ပေါကိုလီယာဆိုတဲ့ ပညာ ရှင်ပြောတာရှိတယ်။ အဲဒီတော resource sharing့  ကို နိုင်ငံတကာမှာ ဘယ်လို ကျင့်သုံးကြလဲ။ ယေဘုယျနှစ်မျိုးတွေ့ရတယ်။
ချမ်းသာတဲ့နိုင်ငံတွေက ၆ဝ အချိုး ၄ဝ ခွဲတယ်။resource ပိုင်ရှင်ပြည်နယ်က ၆ဝ ယူတယ်။ လိုအပ်တာကိုသုံးဖို့ ပြည်ထောင်စုအစိုးရက ၄ဝ ယူတယ်။ ဥပမာ- ဆွစ်ဇာလန်ပေါ့။ သိပ်မချမ်း သာတဲ့ နိုင်ငံကျတော့ ၄ဝ အချိုး ၆ဝ ယူတယ်။resource ပိုင်ရှင်က ၄ဝ ပဲယူပြီးတော့ ပြည် ထောင်စု အစိုးရက ၆ဝ ယူပြီးတော့မှ သုံးတယ်။ ဥပမာ- အိန္ဒိယပေါ့။ မြန်မာပြည်ကျတော့ ၄ဝ အချိုး ၆ဝ ကိုများလွန်းတယ်။ ဘာလို့လဲဆိုတော့ မြန်မာပြည်ရဲ့ ပြည်နယ်တွေက ဖွံ့ဖြိုးမှုမတူဘူး။ သယံဇာတ ကြွယ်ဝမှုလဲမတူဘူး။ ဒီနေရာမှာ သူများနိုင်ငံလုပ်တိုင်း ပုံတူကူးလို့တော့မရဘူး။ သင့်လျော်တဲ့အချိုးတစ်ခု ညှိနှိုင်းပြီးလုပ်မယ် ဆိုရင်တော့ ရနိုင်ပါတယ်။ ဒါလဲ ညှိနှိုင်းစေ ချင်တယ်။ ပေးထားချက်ထဲတော့ မပါဘူး။ သို့သော် အဲဒီလောက်ကတော့ ခွင့်ပြုမယ်ဆိုရင် ရနိုင်တယ်။ ဒီအခြေခံဥပဒေတစ်ခုလုံး ဖျက်သိမ်း ပြီးတော့ အသစ်ရေးမယ်ဆိုရင်တော့ လက်တွေ့ ဖြစ်နိုင်ခြေ နည်းမယ်ထင်တယ်။ self determinationက ဒီသုံးခုတင် မကဘူး။ power sharing ၊ resource sharing ၊ tax sharing မကဘူး။ ကျန်တာတွေ ပါလာနိုင်တယ်။ အထူး သဖြင့် လုံခြုံရေးကိစ္စ၊ တပ်ကိစ္စတွေ ပါနိုင် တယ်။ ပွင့်ပွင့်လင်းလင်းပြောရရင် မြန်မာပြည်မှာ တပ်မတော်ရဲ့သဘောတူ ကြည်ဖြူမှုမရရင် ဘာမှ လုပ်လို့မရဘူး။ ဒါ reality ပဲ။ ကြိုက်ကြိုက် မကြိုက်ကြိုက်၊ ဒါလဲ စဉ်းစားစေချင်တယ်။ ပြဿနာဖြစ်နေတာ တစ်လောက ချင်းမိုင်မှာ လူမျိုးစုလက်နက်ကိုင်တပ်ဖွဲ့တွေ ပေါင်းထားတဲ့ အဖွဲ့တစ်ဖွဲ့ရဲ့ညီလာခံ မကြာခင်က လုပ်တယ်။ အဲဒီ့အဖွဲ့ဆုံးဖြတ်ချက်က ၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို လက်မခံနိုင်ဘူးတဲ့။ အသစ် ရေးဆွဲမယ်။ အဲဒီအသစ်နဲ့ဆွေးနွေးမယ် ဆိုပြီး တော့ဖြစ်လာတယ်။ ကျွန်တော်တို့က အဲဒါကို မှားတယ်၊မှန်တယ်မပြောဘူး။ဒါပေမယ့် အဖြေရ ဖို့ခက်လိမ့်မယ်ထင်လို့ သတိပေးတာ။ ခုနပြော သလို ပေးထားချက်ဘောင်ထဲက ဇယား(၁) ကို အခြေခံပြီးဆွေးနွေးကြမယ်၊ ဇယား(၂) အခြေခံ ပြီးဆွေးနွေးမယ်၊ (၃) အခြေခံဆွေးနွေးမယ်၊ (၅) အခြေခံဆွေးနွေးမယ်။ မရှိသေးတဲ့ resource sharing ကို agenda တစ်ခုတင်ပြီး ဆွေးနွေးရင် ရချင်လဲရမယ်။ ရချင်မှလဲရမယ်။ အဲဒါဆိုရင် ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေကို မလွတ်ဘူး။ အဲဒီလိုဆွေးနွေးကြရင် ပိုပြီးတော့ မနီးစပ်နိုင်ဘူးလား။ အဖြေမရဘူးဘဲထား၊ ဘေး ထွက်ဆိုးကျိုး သိပ်မရှိနိုင်ဘူး။ ကျွန်တော်တို့ ကတော့ အဲဒါကပိုပြီး ဖြစ်နိုင်ခြေများမယ်။ ဒါ ကျွန်တော်တို့ဆိုတာကြားနော်။ ဘယ်နိုင်ငံရေး ပါတီမှမပါဘူး။ ကိုယ်မသေမီ ကိုယ့်တိုင်းပြည် ကို တည်တည်ငြိမ်ငြိမ်လေးဖြစ်သွား စေချင်တဲ့ စိတ်နဲ့ပဲပြောနေတာ။
မေး။ တိုင်းရင်းသားကိစ္စတွေကို အပြင်က စဆွေးနွေးတာကောင်းလား၊ လွှတ်တော်ထဲမှာ ဆွေးနွေးတာကောင်းလား၊Third party တွေနဲ့ ဆွေးနွေးတာ ကောင်းမလားဆရာ။
ဖြေ။ Concept က စပြောမယ်။ အယူ အဆက နှစ်မျိုးရှိတယ် Multiletral ဆိုတာ တစ်ခုရှိတယ်။ Allinclusive ဆိုတဲ့သဘောပေါ့။ ဘက်ပေါင်းစုံကျယ်ကျယ်ပြန့်ပြန့် ပါဝင်တဲ့ ဆွေးနွေးပွဲကြီး သိပ်ကောင်းတယ်။ ဒါပေမယ့် လက်တွေ့ အလုပ်ဖြစ်ချင်မှဖြစ်မယ်။ ပါဝင် ဆွေးနွေးတဲ့သူများမယ်။ အဖြေရဖို့ခက်တယ်။ ပုံသဏ္ဌာန်အရ လှတယ်။ လက်တွေ့အဖြေရဖို့ ခက်နိုင်တယ်။ နောက်တစ်ခုအယူအဆသစ် Miniletral အနည်းဆုံးပါဝင်ပြီး အဖြေရှာတာ။ ဆွေးနွေးပွဲတွေမှာ အဖြေရဖို့က ပါဝင်သူနည်းလေ ကောင်းလေ။ သို့သော် အဲဒီနည်းတဲ့လူက အဆုံး အဖြတ်ပေးနိုင်တဲ့သူ၊ သက်ဆိုင်ရာဘက်ကို ကိုယ်စားပြုတဲ့သူတော့ဖြစ်ရမယ်။ အဲဒီတော့ အခု လက်နက်ကိုင်အဖွဲ့အစည်းတွေစုထားတာ ရှိတယ်။ နိုင်ငံရေးပါတီထဲက လူမျိုးစုပါတီတွေ ရှိမယ်။ ဒါတွေက သူတို့အတိုင်းအတာနဲ့သူတို့ ကိုယ်စားပြုမှုရှိတယ်။ ဒီဘက်က အစိုးရပါရ မယ်။ ဒါ အဆုံးအဖြတ်ပေးနိုင်တာ အစိုးရ ချည်းပဲလဲမဖြစ်ဘူး။ လွှတ်တော်လဲပါရမယ်။ လုပ်ငန်းသဘောအရ ပြောရရင် ဥပဒေပြုရမှာက လွှတ်တော်ကပြုရမှာကိုး။ လွှတ်တော်က ဘာမှ မသိဘဲ ဥပဒေပြုဖို့သူ့မှာလဲ အခက်အခဲရှိတယ်။ လွှတ်တော်လဲပါမယ်။ အရေးအကြီးဆုံးတပ်ပါ ပါရမယ်။ မြန်မာပြည်နိုင်ငံရေးမှာ တပ်မပါရင် ဘာမှဖြစ်မှာမဟုတ်ဘူး။ သူတို့ ညှိကြရင်တော့ အဖြေရဖို့နီးတယ်။ ဒါပေမယ့် ဒီမှာရေပန်းစားနေ တာ Allinclusive ဆိုတာ သိပ်ရေပန်းစား တယ်။ Third Party ရေပန်းစားတယ်။ နောက် Third Party ဆိုတာပြောဦးမယ်။ သမိုင်းပြန် ကြည့်၊ မြန်မာပြည်မှာ Third Party စစ်စစ်ရော ရှိရဲ့လား။ နှစ်ဖက်လုံးကယုံကြည်မှ Third Party ဖြစ်မှာ။ ကျွန်တော်သိမီသလောက် အတွေ့ အကြုံအရတော့ ဥပမာ- ဆရာကြီးသခင်ကိုယ် တော်မှိုင်းရဲ့ ပြည်တွင်းငြိမ်းချမ်းရေးအဖွဲ့ Third Party ပဲ။ သို့သော် သူပုန်ကယုံတယ်။ သူပုန်နဲ့နီး တော့ အစိုးရကမယုံဘူး။ အလားတူပဲ မြန်မာပြည် မှာ ဖြစ်နေတာက သူပုန်နဲ့နီးရင် အစိုးရက မယုံ ဘူး။ အစိုးရနဲ့နီးရင် သူပုန်ကမယုံဘူး။ Third Party စစ်စစ်လို့ပြောနိုင်တာမရှိဘူး။ တော်တော် ခက်တယ်။ ကျွန်တော်တို့က ဖြစ်နိုင်ခြေတွေကို တွက်ကြည့်ရမယ်။ ကျွန်တော်တို့ကတော့ လက် တွေ့ အလုပ်ဖြစ်ရေးပဲစဉ်းစားတယ်။ ပြဿနာ တွေကိုလှခြင်းမလှခြင်း၊အပြကောင်းခြင်းမကောင်း ခြင်းဆိုတာတွေ သိပ်မစဉ်းစားတော့ဘူး။ အဲဒါ တွေက လက်တွေ့မကျဘူးထင်တယ်။ လက်တွေ့ အဖြေပေါ်ဖို့ပဲ စဉ်းစားတော့တယ်။
မေး။ ဒီနေ့အကောင်အထည်ဖော် ဆောင် ရွက်နေတဲ့ ဒီမိုကရေစီစနစ်ရယ်၊ ဈေးကွက် စီးပွားရေး စနစ်တွေက တိုင်းရင်းသားအရေးတွေ ဖြေရှင်းပြီးမှ ဒီလမ်းကိုလျှောက်ရတာ ပိုလွယ်ကူ မှာလား၊ သို့တည်းမဟုတ် ဒီလမ်းက တစ်ဖက်က လျှောက်၊ တစ်ဖက်က ငြိမ်းချမ်းရေးဆွေးနွေး၊ အဲဒီလို လုပ်သွားရမလားဆရာ။
ဖြေ။ sustainable development ရေရှည်တည် တံ့တဲ့ဖွံ့ဖြိုးရေးရချင်ရင်တော့ ပြည်တွင်းငြိမ်းချမ်း ရေးကလိုတယ်။ ဒါပေမယ့် ပြည်တွင်းငြိမ်းချမ်း ရေးရမှ ဖွံ့ဖြိုးရေးလုပ်မယ်ဆိုရင်လဲ ပြည်တွင်း ငြိမ်းချမ်းရေးက ဘယ်တော့ရမယ်မသိဘူး။ တစ်ပြိုင်တည်းလုပ်နေရမှာပဲ။ ပြည်တွင်းငြိမ်း ချမ်းရေးရရင် ရေရှည်ဖွံ့ဖြိုးမှုအတွက် ကောင်း တယ်။ ပြည်တွင်းငြိမ်းချမ်းရေး အပြည့်အဝ မရသေးဘဲနဲ့ ဖွံ့ဖြိုးမှုလှေကားပေါ်ရောက်နေတဲ့ နိုင်ငံတွေလဲရှိပါတယ်။ ရှေရှည်တော့ အာမခံချက် ရှိချင်မှရှိမယ်။ ပြည်တွင်းငြိမ်းချမ်းရေးက အရေး ကြီးပါတယ်။ ရနိုင်ရင်အကောင်းဆုံးပဲ။ သို့သော် ရဖို့ကအခုထိ သိပ်မသေချာဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ နှစ်ဖက်လျှော့ကြမှ ရတာကိုး။ တစ်ဖက် တည်း လျှော့လို့မရဘူး။ ဆွေးနွေးညှိနှိုင်းမှု ဆိုတာတွေက မတူဘူး။ ခေတ်တွေက ပြောင်း သွားပြီ။ ဥပမာ- စစ်အေးခေတ်က ညှိနှိုင်းမှုတွေ က ဥပမာ- A နဲ့ B နဲ့ ဆွေးနွေးမယ်ဆိုရင်A ကလဲ သူလိုချင်တာရှိမယ်။ expected value သူမျှော်လင့်တန်ဖိုးပေါ့။ B လဲ သူ့မျှော်လင့် တန်ဖိုးနဲ့ ရှိလိမ့်မယ်။ A ကလဲ သူလိုချင်တာကို တောင်းမယ်။demand နဲ့ချဉ်းကပ်တယ်။ B လဲ သူလိုချင်တဲ. demand နဲ့ချဉ်းကပ်တယ်။ အဲဒီချဉ်းကပ်မှုတွေကဘယ်တော့မှ အဖြေမရ ဘူး။ အခုဆွေးနွေးပွဲတွေက ပြောင်းသွားပြီ။ expected value တွေတော့ ရှိမှာပဲ။ လူတွေကို၊ နိုင်ငံရေး အင်အားစုတွေကို ခင်ဗျားတို့ expected value တွေ ဖျောက်လို့တော့ သွားပြော လို့ မရဘူး။ လိုချင်တဲ့ဟာရှိမယ်။ ရေရှည် မျှော်လင့်ချက်တွေ ရှိမယ်။ ဘယ်လက်နက်ကိုင် အဖွဲ့အစည်းကိုမှ ခင်ဗျားတို့ ဒါတွေမမျှော်လင့်နဲ့၊ မပေးနိုင်ဘူးလို့ မပြောအပ်ဘူး။ အဖြေရဖို့ဆို အဲဒီ expected value ကို အသေကိုင် မထား ကြဖို့ လိုလိမ့်မယ်။ အခုလောလောဆယ်တော့ လက်ရှိအခြေအနေထက် ပိုကောင်းရင်တော်ပြီ ဆိုတဲ့စိတ်နဲ့လုပ်ရမယ်။A ဘက်ကလဲ better off ဖြစ်ရင်တော်ပြီ။ Bဘက်ကလဲ better off ဖြစ်ရင်တော်ပြီ။ သို့သော် expected value အပြည့်မရဘူး။ ရသလောက် သဘောတူညီ ချက် ရယူပြီးမှ ထပ်ဆွေးနွေး၊ အဲဒီလိုပုံစံနဲ့ သွား ရမယ်။ ကျွန်တော်တို့ဆီက သိပ်အဆက်ပြတ် တယ်။ ကမ္ဘာမှာဖြစ်နေတဲ့ ရေစီးကြောင်းတွေ၊ စာပေတွေ၊ နိုင်ငံရေး ယူဆချက်တွေနဲ့ သိပ် အဆက်ပြတ်တယ်။ ဒီဟာ အစိုးရအပြစ်တစ်ခု တည်း မဟုတ်ဘူး။ စာပေလောကကလဲ တာဝန် ရှိတယ်။ အဲဒီတော့ ပြောင်းလဲလာတဲ့ ဆွေးနွေးမှု ပုံသဏ္ဌာန်တွေ လိုက်မမီဘူး။ အဲဒီတော့ နဲ့ပဲ ချဉ်းကပ်တယ်။ ရရင်ရ မရ ရင်ချဆိုတဲ့အထိ ဦးတည်သွားတတ်တယ်။ အဲဒါ တွေက လက်ခုပ်သံတော့ရတယ်။ အဖြေတော့ ရမှာမဟုတ်ဘူး။
မေး။ ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့ MPC တစ်ခုတည်းနဲ့ လုံလောက်မှုရှိပြီလား ဆရာ။
ဖြေ။ အဲဒါက ငြိမ်းချမ်းရေးဖော်ဆောင်မှု ဗဟို ကော်မတီရှိတယ်။ သူ့ရဲ့ အလုပ်ကော်မတီရှိ တယ်။ ဦးအောင်မင်းတို့ပါတယ်။ ကျွန်တော် နားလည်သလောက် ဏြဃ က အထောက်အကူ ပြုပေးတဲ့ Technical Team ပဲ။ အာဏာပိုင် အဖွဲ့အစည်းမဟုတ်ဘူးလေ။ assistant လုပ် ပေးတဲ့အဖွဲ့ပဲ။
မေး။ ဆရာပြောတဲ့ အဖွဲ့အစည်းပေါင်းစုံက ပါဝင်တဲ့အဖွဲ့မျိုး လိုအပ်လားရှင့်။
ဖြေ။ အဲဒါ ဒီဘက်ကတော့ သိပ်မလိုအပ် ဘူးခင်ဗျ။ ငြိမ်းချမ်းရေးဖော်ဆောင်မှု ဗဟို ကော်မတီမှာတပ်ကလဲပါတယ်။လွှတ်တော်ဥက္ကဋ္ဌ နှစ်ယောက်လဲပါတယ်။ အစိုးရကိုယ်စားလှယ် လဲပါတယ်။ ဟိုဘက်ကသာလိုတာ၊ အဲဒါတွေ ညှိရင်ပိုကောင်းပါတယ်။Third Party ပါချင် တယ်ဖြစ်နေတာ။ Third Party က ဘယ်သူပါ မလဲ။ နိုင်ငံခြားသားပါဖို့လိုမယ်... ဒီလိုပြောကြ တာရှိတယ်။ ဘယ်နိုင်ငံခြားသားက မြန်မာပြည် ကို သူတို့အကျိုးစီးပွားမပါဘဲ ၁ဝဝ ရာခိုင်နှုန်း ကူညီမလဲ၊ မသေချာဘူး။ တစ်ခါNGO တွေပါ မယ်။ နှစ်ဖက်စလုံးကယုံတဲ့ NGO ဘယ်နှခုရှိ လဲ။ ဒီပြဿနာတွေရှိတယ်။ အဲတော့Third Party ထည့်ချင်ရင် ထည့်လို့ရပါတယ်။ ဒါကို လေ့လာစောင့်ကြည့်ရေး အုပ်စုအနေနဲ့ ပေးလို့ရ တယ်။ဒါတောင်မှ နှစ်ဖက်ဒီဘက်ကအစိုးရအဖွဲ့၊ ဟိုဘက်က လက်နက်ကိုင်အဖွဲ့ နှစ်ဖက်စလုံးက သဘောတူညီတဲ့ သူတွေနဲ့ဖွဲ့လို့ရတယ်။ နှစ်ဖက် ဘုံသဘောတူတဲ့သူ မရှိရင် အစိုးရဘက်က သဘောတူတဲ့သူက ငါးယောက်ဆိုပါတော့။ လက်နက်ကိုင်အဖွဲ့ သဘောတူတဲ့ သူက ငါး ယောက်၊ ၁ဝ ယောက်နဲ့ဖွဲ့...ဥပမာ ပြောတာပါ။ သို့သော် သူတို့က ဆွေးနွေးပွဲမှာပါလို့ မဖြစ်ဘူး။ စောင့်ကြည့်ဖို့ပဲ။ လွန်ရောကျွံရော ညှိနှိုင်းပေး တာ၊ ဖျန်ဖြေပေးတာ ဒါလောက်ပဲ လုပ်လို့ရ မယ်။ allinclusive ဆိုပြီး တွေ့သမျှ လျှောက် ထည့်ပေးနေရင် အလုပ်မဖြစ်ဘူး။
မေး။ အခု MPC နဲ့ ငြိမ်းချမ်းရေးဆွေးနွေး တဲ့အခါ အပေါ်ယံဆန်တယ်။ တိုင်းရင်းသား ဘက်ကသူတို့လိုချင်တာ ပွင့်ပွင့်လင်းလင်းမပြော ဘူး။ ဏြဃ ကလည်း အစိုးရ ဘယ်လိုဆုံးဖြတ် မလဲမပြောနိုင်ဘူး။ အဲဒီအပေါ်မှာဆရာ သုံးသပ် ပေးပါဦး။
ဖြေ။ ဒါကတော့ သဘာဝကျတယ်လေ။ MPC က အာဏာပိုင်အဖွဲ့မှ မဟုတ်တာ။ တိုင်းရင်းသားဘက်က တကယ်ဆွေးနွေးပွဲရောက် မှတော့ ပွင့်ပွင့်လင်းလင်းဆွေးနွေးဖို့လိုမယ်။ ဖွင့်မပြောရင်တော့ သူတို့မှာတာဝန်ရှိတယ်။ ဆွေးနွေးပွဲမှာ တရားဝင်ကိုယ်လိုချင်တာပြောဖို့ ဝတ္တရားရှိတယ်။ ကျွန်တော်တို့ ပြောနေတာ expected value သိပ်မကိုင်နဲ့ဆိုတာ မပြောဖို့ မတားဘူးနော်။ ပြောစရာရှိတာ ပွင့်ပွင့်လင်းလင်း ပြောရမယ်။ ဒါပေမယ့် အသေမကိုင်ဘဲ ညှိဖို့ လိုတယ်။ သူတို့မပြောရင် သူတို့တာဝန်ဖြစ်မယ်။ အမှန် လွှတ်တော်ထဲလဲပြောရမယ်ဗျ။ ဥပဒေ ရှိတာပဲ၊ ဥပဒေကပေးထားတဲ့ ပိုင်ခွင့်ပဲ။ ပြောတဲ့ ဆိုတဲ့နေရာမှာ နောက်ကြောင်း ပြန်လှည့်နိုင်တဲ့ အန္တရာယ်ကို ဖိတ်ခေါ်တာမျိုးမဖြစ်ဖို့တော့ သတိ ပြုရမှာပေါ့။ ပိုအရေးကြီးတာတစ်ခုက လိုချင် တာ ပြောခွင့်ရှိတယ်။ ဒါပေမယ့် ရရင်ရ မရရင် ချဆိုတဲ့ သဘောမထားကြဖို့ပဲ။ တစ်ဖက်က ရရင်ရ မရရင်ချဆိုသလို အစိုးရ ဘက်ကလဲ မင်းတို့ချရင် တို့လဲပြန်ချမယ်ဆိုရင် တိုင်းပြည်က ပျက်လိမ့်မယ်။ နှစ်ဖက်လုံးကျွန်တော်တို့ မေတ္တာ ရပ်ခံရမှာပဲ။
မေး။ တိုင်းရင်းသား အခွင့်အရေးတွေနဲ့ ပတ်သက်ပြီး ဆရာ့အနေနဲ့ ဘာများဖြည့်စွက် ပြောချင်ပါသလဲရှင့်။
ဖြေ။ အထူးအနေနဲ့ မပြောချင်ပါဘူး။ ကျွန်တော်ပြောချင်တာကတစ်ချက်ပဲ။ လက်တွေ့ ကျကျ ကြည့်စေချင်တယ်။ ဆန္ဒတွေကို သိပ်ရှေ့ မတင်ပါနဲ့။ နည်းနည်းလေး သီအိုရီဆန်ဆန် ပြောရရင်တော့ နထစနခအအေငသည ပေါ့။ လူတိုင်းမှာ မျှော်လင့်ချက်တွေရှိတယ်။ တိုင်းရင်းသားတွေ မှာရှိသလို၊ အားလုံးမှာလဲရှိတယ်။ ကျွန်တော် တို့မှာလဲရှိတာပဲ။ အဲဒီမျှော်လင့်ချက်တွေ အားလုံးကို ဖြည့်ပေးနိုင်မယ့် Mechanisim ရှိ မရှိကျွန်တော်တို့ ချိန်ဖို့လိုတယ်။ အစိုးရလဲ ဖြည့် ပေးချင်တိုင်း ဖြည့်ပေးနိုင်ပါ့မလား။ လွှတ်တော် ကလဲဒီလိုပဲ။ အဲဒီ မျှော်လင့်ချက်တွေရှိတာ အပြစ်မဟုတ်ပါဘူး။ သို့သော် ဒီမျှော်လင့်ချက် တွေကို Manage လုပ်တတ်ဖို့လိုမယ်။ Management of expected value မျှော်လင့်ချက်တွေကို စီမံခန့်ခွဲဖို့ပေါ့။ ဆိုလိုတဲ့သဘောက လက်တွေ့ ဖြစ်နိုင်ခြေတွေနဲ့ ချိန်ညှိကြဖို့ပါ။ ဒီမိုကရေစီ အပြောင်းအလဲတွေမှာ လက်တွေ့ဖြစ်နိုင်တာက စရင် ဘေးထွက်ဆိုးကျိုးနည်းမယ်။ လက်တွေ့ ဖြစ်နိုင်တာကို အာရုံစိုက်ပါ။ ဒါကစပါလို့ ပါမောက္ခဂီယာနိုဒီယာ ပြောတဲ့စကားကို အလေး ထားကြဖို့ပါ။
ကျေးဇူးတင်ပါတယ် ဆရာ။
ယမင်း

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...