Tuesday, August 20, 2013

တစ်မိသားစုလုံး အမေရိကန်ဗီဇာ ရသွားကြပြီတဲ့


ကမ္ဘာအေး စွယ်တော် အပူဇော်ခံပွဲမှာ ဗုံးပေါက်ခဲ့တဲ့တာ ၊ ပါဆယ်ဗုံးနဲ့ လုပ်ကြံလို့ မိန်းကလေး တစ်ယောက်သေခဲ့ရတာစတာတွေအတွက် အမှုမှန်ပေါ်ပေါက်ရေး ဆောင်ရွက်သွားတော့မယ် တဲ့
စက်မှုဝန်ကြီးလုပ်ခဲ့တဲ့ ဦးအေးမြင့်ကလည်း ဝန်ကြီးအဖြစ်သူတာဝန်ယူခဲ့တဲ့ ကာလအတွင်း နေ့စဉ်ဆောင်ရွက်ခဲ့မှုများပေါ်သူကိုယ်တိုင် တာဝန်ယူ အာမခံနိုင်ပါတယ်တဲ့ ၊ သူရှေ့က ဝန်ကြီးလုပ်သွားတဲ့ သူ ၂ ယောက်ရဲ့ လုပ်ရပ်တွေကိုတော့ သူဘာမှ အာမ မခံနိုင်တော့ပါဘူးတဲ့ ၊
(သူ့ရှေ့က ဝန်ကြီးလုပ်သွားသူ ၂ ယောက်ကတော့ ဦးအောင်သောင်း နဲ့ ဦးစိုးသိန်းတို့ပဲ ဖြစ်ကြပါတယ် ၊)

ကြံ့ခိုင်ရေးပါတီ အဆင့်မြင့်ခေါင်းဆောင်တွေကြားမှာ ငွေရေးကြေးရေး အရှုပ်တော်ပုံ တစ်ခုပေါ်ပေါက်နေပါတယ် ၊
အဲဒီအငြင်းပွားနေတဲ့ နှစ်ဖက်စလုံးက တစ်ဖက်ကိုတစ်ဖက် ငွေးရေးကြေးရေး အလွဲသုံးစားမှုတွေ ရှိခဲ့တယ်လို့ အပြန်အလှန်စွပ်စွဲလျှက်ရှိနေကြပါတယ် တဲ့ ၊

တချိန်က နေပြည်တော်မှာ ဘယ်သူမှ မော်မကြည့်ရဲခဲ့တဲ့ အပါးတော်မြဲ ဗိုလ်ချုပ် စိုးရှိန် ဟာ အခုအခါမှာ လယ်ဝေး တရားရုံးမှာ တရားရင်ဆိုင်ရဖွယ်ရှိနေပါတယ် ၊

နောက်ဆုံးရ သတင်းကတော့ . . .

ဦးသန်းရွှေတို့ တစ်မိသားစုလုံး အမေရိကန်ဗီဇာ ရသွားကြပြီတဲ့ ၊

ဒီနှစ်မကုန်မီ ဦးသန်းရွှေ နဲ့ သူ့မိသားစု အမေရိကန်ကို ပြောင်းနေကြမယ်တဲ့ ၊

ဦးသန်းရွှေ တစ်ယောက် ဒီကနေ ရှောရှောရှူရှူ ထွက်သွားနိုင်အောင် သူ့လူရင်း ဆိုသူတွေကို ဘယ်လိုလုပ်ထားခဲ့မှာလဲ ၊
ဒါကလွယ်ပါတယ် အခြင်းခြင်း အရင်ကိစ္စတွေကို ဖော်ကောင်လုပ်ပြီး တိုင်ပတ်ခိုင်းထားခဲ့မယ်ပေါ့ ၊
အပေါ်က လတ်တလောဖြစ်ခဲ့တဲ့ အခြေအနေတွေကိုပဲကြည့်လေ . . .
အဲလိုသူ့လူတွေကို တိုင်ပတ်တဲ့ လမ်းကြောင်းထဲ ထည့်ပေးလိုက်သလို . . .

ဖက်ဒရယ်ပြည်ထောင်စုဖြစ်ပေါ်ရေးမှာ တိုင်းရင်းသား အဖွဲ့တွေ အချင်းချင်း တိုင်ပတ်နေတာ တို့ . . .

ဦးသန်းရွှေမိသားစု အမေရိကားမှာ နေဖြစ်သွားရင် ဒီက သူတို့ ပိုင်ဆိုင်မှုတွေကို တာဝန်ယူဦးစီဖို့ ဘယ်သူဘယ်ဝါကို လွှဲခဲ့မယ်ဆို တာ လည်း တိတိကျကျ မပြောနိုင်ကြသေးပါဘူး . . . .

ဖြစ်နိုင်တာကတော့ တစ်ဦးတစ်ယောက်တည်း ကိုလွှဲထားခဲ့မှာ မဟုတ်ပဲ ဦးအောင်သောင်း ၊ ဦးတေဇ ၊ ဦးဇော်ဇော် ၊ ဦးအောင်ကိုဝင်း ၊ ဦးထွန်းမြင့်နိုင် ၊ ဦးအိုက်ထွန်း ၊ ဦးဝင်းမြင့် ၊ ဦးကျော်ဝင်း

စသဖြင့် သူ့နေရာနဲ့သူ လွှဲခဲ့မှာဖြစ်တယ်လို့ ထင်ကြေးပေးနေကြပါတယ် ၊

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...