Thursday, July 18, 2013

DVB သို့ ပေးစာ ....

Nyein Chan Aung and Myint Aung shared Ko Nyo's photo.

ဒီဗွီဘီသတင်းဌာန တာဝန်ရှိတဲ့ ခေါင်းဆောင်တွေ နော်ဝေးပြည်သူပိုင်ငွေ အလွဲသုံးစားမှုနဲ့ပတ်သက်ပြီး အခွန်ဆောင် ပြည်သူတွေကို တောင်းပန်ဘို့ ပျက်ကွယ်နေတယ်။
မိမိတို့ ရဲ့ အများပြည်သူပိုင်ငွေ အလွဲသုံးစားမှုတွေကို အမြန်ဆုံးဖြေရှင်းပါ၊ အမြန်ဆုံး တောင်းပန်ပါ။


နော်ဝေးပြည်သူတွေနဲ့ နော်ဝေးရောက် မြန်မာတွေရဲ့ အခွန်ငွေ
ဒေါ်လာသိန်းချီ ခိုးဝှက်ခဲ့ပြီး ဒီကနေ့အထိ မေ့ချင်ယောင်ဆောင်နေတာကို လုံးဝ ကန့်ကွက်ရှုံ့ချတယ်။
DVB အသံလွှင့်ဌာနက တာဝန်ရှိသူတွေရဲ့ ခြစားမှု၊ ငွေအလွဲသုံးစားမှုဟာ ဒီဗွီဘီ အတွက်သာမက နော်ဝေးမှာ ရှိတဲ့ ဒီမိုကရေစီရေးလှုပ်ရှားသူ မျိုးချစ်မြန်မာတွေ၊ မြန်မာပြည်သူတွေနဲ့ မြန်မာနိုင်ငံကို နော်ဝေးပြည်သူတွေက အထင်အမြင်သေးခဲ့ရတယ်။ စစ်အစိုးရလိုပဲ ဒီမိုကရက်တစ်တွေလည်း ဒီပုတ်ထဲက ဒီပဲ တွေဘဲလို့ သိမ်းကြုံးမြင်ကုန်တယ်။
နော်ဝေးသတင်းစာတစောင်ထဲမှာဆို မြန်မာ့ဒီမိုကရေစီ အင်အားစုတွေက “စစ်အစိုးရရဲ့ ခြစားမှုတွေ အလိုမရှိ ” လို့ ရေးထားတဲ့ ပိုစတာကိုင်ပြီး ဆနပြ နေတဲ့ ဓာတ်ပုံကို ဖော်ပြပြီး ဒီဗွီဘီ ဒီမိုကရက်တစ် မြန်မာ့အသံရဲ့ ခြစားမှု ဆိုတဲ့ ခေါင်းစဉ်နဲ့ သတင်းရေးခံခဲ့ရတယ်။ နော်ဝေးပြည်သူတွေနဲ့ ကျနော်တို့ တတွေရဲ့ အခွန်တွေ ပါဝင်တဲ့ ဒေါ်လာသိန်းချီမတရားခိုးဝှက်ထားပေမဲ့ အခုထိ တာဝန်ရှိသူတွေကို စုံစမ်းဖော်ထုတ် အရေးမယူနိုင်သေးတာ ဘာကြောင့်လဲ..။
ဒီဗွီဘီခေါင်းဆောင် တွေကြံ့ဖွတ်အစိုးရအာဏာရှိသူတွေနဲ့ ကိုယ်ဘက်က ဘာတွေ ဘယ်လို ပေးအပ်ပြီးပူးပေါင်းခဲ့တယ်ဆိုတာလဲ ပြန်ဆန်းစစ်ကြည့်ပါ။
အစိုးရနဲ့ ပလဲပနံသင့်သွားတာနဲ့ အချောင် ခိုးဝှက်ပြီးနော်ဝေးနိုင်ငံရဲ့ အခွန်ဆောင် ပြည်သတွေရဲ့ အများပိုင်ငွေတွေကို မျက်နှာပြောင်တိုက် သိုဝှက်ထားတာတွေက ပပျောက်သွားရမှာလား..။ မေ့ပစ်လိုက်ရမှာလား..။
ဘာဘဲဖြစ်ဖြစ် အခုလို နော်ဝေးမှာရှိတဲ့ မြန်မာတွေနဲ့ နော်ဝေးပြည်သူတွေ၊ မြန်မာပြည်သူတွေကို ဒီဗွီဘီ တာဝန်ရှိသူတွေက သေသေချာချာ တောင်းပန်သင့်တယ်။ အခြေအနေကို ရှင်းပြသင့်တယ်။ ခတ်တည်တည်နဲ့ ကိုယ်မခိုးမ၀ှက်ခဲ့သလို မသိချင်ယောင်မဆောင်နဲ့။ နော်ဝေးပြည်သူတွေနဲ့ မြန်မာတွေ အားလုံး သိကြတယ်။ ဒီအမှုကို မမေ့ကြသေးဘူး။
သူ့ကြောင့် ငါ့ ကြောင့်လို့ တရားခံရှာ လက်ညှိုးထိုးမနေနဲ့။ စားတုံး၊ ၀ါးတုံး ကောင်းကြတုံးက အတူတူ အနူနူတွေပဲ။ တာဝန်ရှိတဲ့ ဒီဗွီဘီ ခေါင်းဆောင်တွေဟာ နော်ဝေးရောက် မျိုးချစ်မြန်မာတွေနဲ့ မြန်မာပြည်သူတွေမျက်နှာ အိုးမဲသုတ်ခဲ့တယ်။
အဲဒီအပြစ်ကို ၀န်ချတောင်းပန်ပါ။ ဘ၀မမေ့ပါနဲ့။ ကိုယ်လုပ်ခဲ့တဲ့ အပြစ်ကို ကိုယ်သိပါ။ မကောင်းမှုတွေဟာ ခင်ဗျားတို့ နောက်က အရိပ်လို လိုက်နေလိမ့်မယ်။ ဒီလို အရှက်ရအောင် ဒီဗွီဘီ ခေါင်းဆောင်တွေရဲ့ လုပ်ဆောင်မှုကို ကျုပ်တို့ဘယ်တော့မှ မေ့မှာမဟုတ်ဖူး။ အမြန်ဆုံးလူသိရှင်ကြားတောင်းပန်ဖို့ကို မပျက်ကွက်ပါနဲ့။
လာမဲ့ အာဇာနည်နေ့ဆိုရင် DVB ထူထောင်ခဲ့တာ (၂၁)နှစ်တိတိပြည့်ပြီ။
ဟိုတုံးက ဘာအတွက် ထူထောင်ခဲ့တာလဲ..၊ ဘယ်သူတွေ အကျိုးရှိဖို့ထူထောင်ခဲ့တာလဲ၊
လက်တွေ့မှာ ဘယ်သူတွေ အကျိုးရှိသွားသလဲ၊ အများပိုင် ငွေကြေးတွေနဲ့ ဘယ်သူတွေ ကြွယ်ဝချမ်းသာကုန်သလဲ..။

မိမိ အတ္တကို ရဲရဲကြည့်ပြီး သတ္တိရှိရှိအဖြေရှာပါ။
အကောင်းဆုံးကတော့ ခိုးထားတဲ့ကိစ္စနဲ့ပတ်သက်ပြီး
- ပိုင်ရှင်တွေကို တိတိကျကျ အသိပေးပါ၊
-၀န်ချတောင်းပန်ပါ။
-အထူးသဖြင့် နော်ဝေးနိုင်ငံက မြန်မာလူမျိုးတွေအပါအ၀င် အခွန်ဆောင် ပြည်သူတွေကို
DVBရဲ့ ခြစားမှု၊ ငွေအလွဲသုံးစားမှုနဲ့ပတ်သက်ပြီး အမြန်ဆုံးဝန်ချတောင်းပန်ပါ။
ဒီအချိန်ထိ မသိချင်ယောင်ဆောင်၊ တိတ်တိတ် ခိုးကြောင်ခိုးဝှက်နေ နေကြတာက အတော်ရှက်ဖို့ကောင်းနေပြီ..။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...