Tuesday, July 2, 2013

သစ်ထူးလွင် သတင်းစုစည်းမှု (၂-၇)

သစ်ထူးလွင်



Posted: 02 Jul 2013 05:37 AM PDT
McAfee SiteAdvisor Warning
This e-mail message contains potentially unsafe links to these sites:
http://3.bp.blogspot.com/-ucgjvcumjrw/udliojbuiji/... more info...
http://3.bp.blogspot.com/-lumavjyxjz4/udlhefhjzdi/... more info...
http://3.bp.blogspot.com/-fexdxkwb1rc/udkkegl1cli/... more info...
http://3.bp.blogspot.com/-prnlxm3okz8/udjwpboojoi/... more info...
http://3.bp.blogspot.com/-ys3cevsyqfo/udjk4diadii/... more info...
သံတွဲမှာ မတော်မတရား ပြုကျင့်ခံလိုက်ရသော တောင်ကုတ်မှ မိန်းခလေးအား ကျန်းမာရေး ချို့ယွင်းလာသဖြင့် ယနေနေ့ နံနက် ၁၁ နာရီခွဲက တောင်ကုတ်ဆေးရုံသို့ တင်လိုက်ရသည်ဟု ရခိုင်လူမူ ကွန်ယက် (သံတွဲ)မှ ကိုစိန်ချစ်က ပြောသည်။ “ အဲဒီ ကလေးမလေးကို ဒီကနေ့ နံနက်က သူမိဖတွေရယ်၊ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
ပုံ တစ် - တရားခံ ငပြူး။ ကလေးနှစ်ဦး ဖခင်။

ပုံ နှစ် - ကျူးလွန်ခံရသူက အခင်းဖြစ်နေရာကို လိုက်ပြနေပုံ။

ပုံ သုံး - ပူးတွဲ စွပ်စွဲခံရသူ ကုလား နောက်တစ်ဦး။

Photo credit : Communal Thandwe Township


Posted: 02 Jul 2013 05:27 AM PDT
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ သူရ ဦးရွှေမန်းတို့ ၂ ဦးစလုံးဟာ နိုင်ငံတော် သမ္မတ တာဝန် ထမ်းဆောင်နိုင်တဲ့ အရည်အချင်း ပြည့်မီတဲ့ ပုဂ္ဂိုလ်တွေ ဖြစ်ပါတယ်လို့ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဋ္ဌ ဦးဌေးဦးက ဒီဗွီဘီကို ပြောပါတယ်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 02 Jul 2013 05:22 AM PDT
မန္တလေးမြို့တော် အထင်ကရ လမ်းများပေါ်တွင် မဏ္ဍပ်များထိုး၍ မျိုးစောင့်ဥပဒေ ထောက်ခံသည့် လက်မှတ် စုဆောင်းခြင်း အစီအစဉ်များကို ဇူလိုင်လဆန်းပိုင်းအတွင်း ပြုလုပ်လျက် ရှိကြောင်း ယင်းလက်မှတ်ထိုး ကောက်ယူသူများတွင် ပါဝင်သူ ဦးသိန်းထွန်းက The Voice သို့ပြောကြားသည်။ “ကျွန်တော်တို့ ဘာသာဝင်တွေ အနေနဲ့ ပထမတော့ တွန့်ဆုတ်တွန့်ဆုတ် ရှိလိမ့်မယ်လို့ ထင်ရပေမယ့် စိတ်ဝင်စားမှု ရှိကြပါတယ်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 02 Jul 2013 03:10 AM PDT
မြန်မာကျပ်ငွေတန်ဖိုး ဆက်တိုက်ကျဆင်း နေမှုကြောင့် ပြည်ပက တင်သွင်းရတဲ့ ကွန်ပျူတာ ဆက်စပ် ပစ္စည်းတွေနဲ့ မိုဘိုင်းဖုန်း ဈေးနှုန်းတွေပါ ဆက်တိုက်မြင့် တက်လာနေပါတယ်။ မြန်မာကျပ်ငွေနဲ့ အမေရိကန် ဒေါ်လာ လဲလှယ်နှုန်းဟာ ၁ ဒေါ်လာကို ကျပ် ၁ ထောင်ဝန်းကျင် မြင့်တက်သွား တာကြောင့်   ပြည်တွင်းက ကွန်ပျူတာနဲ့ မိုဘိုင်းဖုန်း ဆက်စပ် ပစ္စည်းတွေရဲ့ နှုန်းထားတွေ လိုက်တက်နေတာပါ။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ




Posted: 02 Jul 2013 03:04 AM PDT
ရန်ကုန်မြို့တော်ရှိ မြို့တွင်း သုံးမြို့နယ်တွင် သတ်မှတ်ချိန်အတွင်း ဈေးရောင်းချရန် ထုတ်ပြန်မှုကို လိုက်နာခြင်း မရှိသည့် ဈေးရောင်းချ သူများကို ဇူလိုင်လ ၁ ရက်နေ့မှ စတင်ကာ ဖမ်းဆီးလျက် ရှိကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ (Y.C.D.C) စီမံရေးရာဌာန အရာရှိတစ်ဦး က The Voice သို့ ပြောကြားသည်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 02 Jul 2013 02:58 AM PDT
စင်္ကာပူနိုင်ငံမှာ မြန်မာအိမ်ဖေါ်တွေ အလိုရှိနေတယ်လို့ The Star သတင်းက ဖေါ်ပြပါတယ်။ စင်္ကာပူမှာ အင်ဒိုနီးရှားနဲ့ ဖိလစ်ပိုင် အိမ်ဖေါ်တွေ ဈေးကြီးမြင့်လာနေတဲ့အတွက် ဈေးပေါတဲ့ မြန်မာ အိမ်ဖေါ်တွေ ကို ငှားရမ်းချင်နေကြတယ်လို့ ဆိုပါတယ်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 02 Jul 2013 02:35 AM PDT
မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး ရေးသားကြရာမှာ မြန်မာ့ လူ့အဖွဲ့အစည်းရဲ့ သံသယ ကြီးမားမှုနဲ့ အကဲဆတ်မှုကို ထည့်သွင်း စဉ်းစားကြဖို့၊ နိုင်ငံရေး ဖြစ်ထွန်းမှုတွေနဲ့ ဒီမိုကရေစီအရေး တည်ဆောက်တာတွေကို ၂၆ လသာ သက်တမ်းရှိသေးတဲ့ ကာလနဲ့ လိုက်လျော ညီထွေရှိမယ့် တိုင်းတာမှုမျိုး ဖြစ်သင့်ကြောင်း သမ္မတ ဦးသိန်းစိန်က ရေဒီယိုမိန့်ခွန်းမှာ ပြောဆိုလိုက်ပါတယ်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 02 Jul 2013 02:30 AM PDT
ရခိုင်ပြည်နယ် သံတွဲမြို့မှာ လူအုပ်စုတစုက ညမထွက်ရအမိန့် ပုဒ်မ ၁၄၄ ကို ဖီဆန်ခဲ့ကြသလို နေအိမ်တလုံးကို မီးတင်ရှို့လိုက်ကြပါတယ်။ ဇွန် ၃၀ ရက်နေ့ ညပိုင်းက သံတွဲမြို့တဖက်ခြမ်း ဒွာရာဝတီမြို့သစ်မှာ အကြမ်းဖက်အုပ်စုတစုက နေအိမ်တွေကို ဖျက်ဆီးအကြမ်းဖက်ခဲ့ကြလို့ ည ၇ နာရီကနေ မနက် ၅ နာရီအထိ အပြင်မထွက်ရအမိန့် ပုဒ်မ ၁၄၄ ထုတ်ပြန်ထားတာပါ။ ----

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


သံတွဲမြို့မှ ဒ်ါလှအုန်းမေ(ရခိုင်/ဗုဒ္ဓ) အိမ်ဖြစ်ပါသည်။ အကြမ်းဖက်မှုတွင် မီးလောင်းထဲ ပါသွားသော အိမ်အား မြင်တွေ့ရစဉ်။ Photo : Htut Gyi

Posted: 01 Jul 2013 10:00 PM PDT
မုံရွာမြို့နယ်၊ ဇလုပ်ကျေးရွာ၊ သီရီမင်္ဂလာ သုဓမ္မာ ကျောင်းတိုက်တွင် နှစ်လည်ဆွမ်းကျွေး တရားနာပွဲ ကျင်းပပြု လုပ်နေသည့် အချိန်တွင် အမျိုးသမီး လူအုပ်စု တစ်စု ရောက်ရှိလာပြီး တရားဟော ဆရာတော်များနှင့် ပဋိပက္ခ ဖြစ်ပွားရာမှ တစ်ဆင့် အမျိုးသမီးတစ်ဦးက ဘုန်းကြီးတစ်ပါး၏ ခေါင်းအား ပန်းအိုးဖြင့် ရိုက်ခဲ့သော အမှုဖြစ်ပွား ခဲ့ကြောင်း သတင်းရရှိသည်။ ဖြစ်စဉ်မှာ (၂၈.၆.၂၀၁၂)နေ့တွင် အဆိုပါ ကျောင်းတိုက်တွင် ပျံလွန်တော်မူ သွားသော ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


ဗုဒ္ဓဘာသာဝင် အမျိုးသမီးက ဘုန်းကြီးတစ်ပါး၏ ခေါင်းအား ပန်းအိုးဖြင့်ထု


Posted: 01 Jul 2013 09:55 PM PDT
ရန်ကုန်တိုင်းဒေသကြီး မြို့နယ် လေးခုတွင် ဇွန်လ ၃၀ ရက်နေ့က လူသေဆုံး မှု ခြောက်မှု ဖြစ်ပွားခဲ့ ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ စုံစမ်း သိရှိရသည်။ မှော်ဘီ၊ ကျောက်တံတား၊ လှိုင်သာယာနှင့် ကော့မှူးမြို့နယ်တို့တွင် အသက် ခြောက်နှစ်အရွယ် ကိုရင် တစ်ပါး ၊ အသက် ၁၇ နှစ်အရွယ် တက္ကသိုလ်ဝင်တန်း ကျောင်းသား တစ်ဦး၊ အသက် ၁၉ နှစ်အရွယ် လူငယ် တစ်ဦးတို့ အပါအဝင် အမျိုးသား ငါးဦးနှင့် အမျိုးသမီး တစ်ဦး သေဆုံး ခဲ့ကြောင်း အဆိုပါ ရဲတပ်ဖွဲ့မှူးရုံး၏ ထုတ်ပြန်ချက်များအရ သိရှိရသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 01 Jul 2013 09:37 PM PDT
၁၁ နှစ်ကြာ ကျောင်းမတက်ဘဲ ရာထူးတိုးခံရသည့် ရခိုင်ပြည်နယ် တောင်ကုတ် မြို့မှဆရာမကို လက်ရှိတွင် ယင်း ၏ ရာထူးနှင့်လစာအား ရပ်ဆိုင်း ထားကြောင်း တောင်ကုတ်မြို့ နယ် ပညာရေး မှူး ဦးကျန်သိန်း က အတည်ပြုပြောသည်။ တောင်ကုတ်မြို့ပေါ်တွင် နေထိုင်ပြီး အဆိုပါမြို့နယ် ဘူးရွှေ မော်ကျေးရွာရှိ မူလတန်း (လွန်) ကျောင်းတွင် တာဝန်ကျနေသည့် မူလတန်းပြဆရာမတစ်ဦးသည် တာဝန်ကျနေ သည့် ကျောင်း သို့ ၁၁ နှစ်ကြာအထိ ကျောင်းတက် ရောက်မှုမရှိဘဲ ----

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ




Posted: 01 Jul 2013 09:25 PM PDT
နိုင်ငံတော်သမ္မတထံ နုတ်ထွက်စာ တင်သွင်းထားသည်ဟု သတင်းများ ထွက်ပေါ်နေသော နိုင်ငံတော် သမ္မတရုံးဝန်ကြီး ဦးအောင်မင်းသည် အစိုးရ အဖွဲ့မှ နုတ်ထွက်မည်မဟုတ်ကြောင်း မြန်မာ ငြိမ်းချမ်းရေး စင်တာ၏ အကြီး တန်း အကြံပေးနှင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များတွင် ဦးအောင်မင်းနှင့် လက်တွဲ လုပ်ကိုင်နေသူ ဦးလှမောင်ရွှေက The Voice သို့ ပြောကြားသည်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ




Posted: 01 Jul 2013 09:11 PM PDT
၁.၇.၂၀၁၃ ရက်နေ့က ရန်ကုန်တိုင်း အလုံမြို့နယ်၊ ဆင်မင်းရပ်ကွက်၊ စက်တွင်းလမ်း၊ ဒေါ်မငယ်၊(ဘ)ဦးမောင်ထွန်း၏ နေအိမ်တွင် သမီးခင်ငြိမ်းချမ်း၊ ယမင်းအေး၊ အိမ်အကူ ဒေါ်အေးမှုန် နှင့်  ကိုဖြိုးတို့ ရှိနေစဉ် လုယက်မှု ဖြစ်ပွားခဲ့ကြောင်း၊ လုယက်မှု အား အချင်းဖြစ်ပြီး (၄)နာရီ အတွင်း ကျူးလွန်သူ(၃)ဦးအား သက်သေခံ ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိကြောင်း   ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့ သတင်း ထုတ်ပြန်ချက် အရ သိရပါတယ်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ




Posted: 01 Jul 2013 08:38 PM PDT
ပြီးခဲ့တဲ့ ဇန္နဝါရီလ အတွင်းက အင်တာနက် စာမျက်နှာမှာ ဥပဒေ အထက်တွင် လွှတ်တော်ရှိ နေသလား ဆိုတဲ့ ဆောင်းပါးနဲ့ ဝေဖန်ခဲ့သူ ဆောင်းပါးရှင် ဒေါက်တာ ဆိတ်ဖွား ဟာ ဘယ်သူလည်း ဆိုတဲ့ ပဟေဌိ ကို စုံစမ်း ဖေါ်ထုတ် ဖို့ ဖွဲ့စည်းပေး ထားတဲ့ လွှတ်တော် ကော်မရှင် က ပထမ အကြိမ် လွှတ်တော် သတ္တမ ပုံမှန် အစည်း အဝေးမှာ ကြေညာမယ် လို့ ဇွန်လ က ပြောခဲ့ပါတယ်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 01 Jul 2013 08:25 PM PDT
ဇူလိုင်လ(၂)ရက်နေ့ ထုတ် မြန်မာ့အလင်း နေ့ စဉ် သတင်းစာ

သတင်းစာ ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ


Posted: 01 Jul 2013 08:14 PM PDT
ဇူလိုင်လ(၂)ရက်နေ့ ထုတ် မဇ္ဈိမ နေ့စဉ်ထုတ် သတင်းစာ
သတင်းစာ ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ

Posted: 01 Jul 2013 08:22 PM PDT
ဇူလိုင်လ(၂)ရက်နေ့ ထုတ် ကြေးမုံ နေ့ စဉ် သတင်းစာ
သတင်းစာ ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ


Posted: 01 Jul 2013 08:17 PM PDT
ရန်ကုန်မြို့၊ သိမ်ဖြူလမ်း ငွေလဲစင်တာ ပေါက်ဈေး များထက် ပြင်ပ ငွေလဲနှုန်းများ အဆမတန် မြင့်တက် ကွာဟ မှုကြောင့် ပြင်ပငွေလဲ ဈေးကွက် ခေါင်းပြန် ထောင်လာ နိုင်ကြောင်း ငွေကြေး
 ဈေးကွက် စောင့်ကြည့်  လေ့လာ သူများထံမှ သိရသည်။ ယင်းသို့ ဖြစ်ရခြင်းမှာ ငွေကြေး
 ဈေးကွက်ကို ကျွမ်းကျင်စွာ မထိန်းကျောင်း နိုင်ခြင်းကြောင့် ဖြစ်ကြောင်း လေ့လာ သူများက ဆိုသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 01 Jul 2013 07:57 PM PDT
ထွက်ပြေး တိမ်းရှောင်နေရတဲ့ အမေရိကန် ထောက်လှမ်းရေး အရာရှိဟောင်း အက်ဒွပ် စနိုဒင် ဟာ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့တုန်း သူတို့ဆီမှာ နိုင်ငံရေး ခိုလှုံခွင့် လျှောက်ထားခဲ့တယ်လို့ ရုရှား နိုင်ငံခြားရေး အရာရှိက ပြောပါတယ်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

ရုရှား သမ္မတ ပူတင် သတင်းစာ ရှင်းလင်းပွဲ ကျင်းပ

Posted: 01 Jul 2013 07:53 PM PDT
ဘင်္ဂလားဒေ့ရှ်မှာ ဓါတုဆေးတွေနဲ့ ပြုပြင်ဖန်တီးထားတဲ့ အစားအစာ ထုတ်သူတွေ အပေါ် ချမှတ်မယ် ပြစ်ဒဏ်ကို တိုးမြှင့် သတ်မှတ်မယ့် ဥပဒေကြမ်းကို အစိုးရက အတည်ပြု ပေးလိုက်ပါတယ်။ လွှတ်တော်က အတည်ပြုဖို့ လိုနေသေးတဲ့ ဒီဥပဒေကြမ်း အရ အသား ၊ ငါး ၊ သစ်သီးနဲ့ တခြား စားကုန်တွေမှာ ဓါတုဆေးတွေ ၊ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


ဓါတုဆေးသုံးပြီး မှည့်ဝင်းအောင် လုပ်ထားတဲ့ သရက်သီး
Posted: 01 Jul 2013 04:48 PM PDT
ရန်ကုန်၊ ဇူလိုင် ၁ - ဇူလိုင် ၁ ရက် ည ၈းဝ၀ နာရီဝန်းကျင်က အလုံမြို့နယ် စက်တွင်း လမ်း၊ အိမ်အမှတ် ၆၀၊ ခြောက်လွှာ (ဘယ်) ခြမ်းမှာ ဓားထောက်လုယက်မှု ဖြစ်ပွားခဲ့ တယ်လို့ သိရပါတယ်။ အဆိုပါ ဖြစ်စဉ် ဖြစ်ပွားချိန်မှာ ကိုးတန်း ကျောင်းသူနဲ့ အိမ်အကူ ဒေါ်အေးမှုန်တို့ နှစ်ဦးသာ ရှိနေတယ်လို့ သိရပါတယ်။ ဖြစ် စဉ်ကို ကိုယ်တိုင်ကြုံတွေ့ခဲ့သူ ကိုးတန်း ကျောင်းသူ မယမင်းအေးက 'ည ၈းဝ၀ နာ ရီမထိုးခင်မှာ လူ ငါးယောက်တက်လာ တယ်၊ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 01 Jul 2013 04:37 PM PDT
ကုန်တင်ယာဉ်များ သတ်မှတ် လမ်းကြောင်းအတိုင်း ထားဝယ်မြို့တွင်း ဝင်ထွက် ရမည်ဟု စည်းကမ်း ထုတ်ပြန်ထားသော်လည်း သက်ဆိုင်ရာက ကြီးကြပ်မှု အားနည်းသောကြောင့် ကုန်တင်ယာဉ်များသည် စည်းကမ်း မလိုက်နာဘဲ လမ်းကြောင်းမရွေး ဝင်ထွက်လျက် ရှိကြောင်း ကုန်စည် ပို့ဆောင်ရေး အသိုင်းအဝိုင်းထံမှ သိရသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 01 Jul 2013 04:12 PM PDT
အီဂျစ်နိုင်ငံမှာ ဆန္ဒပြနေသူတွေက ကိုင်ရိုမြို့မှာရှိတဲ့ သမ္မတ မိုဟာမက် မော်စီ (Mohamed Morsi) ရဲ့ မူဆလင် ညီအကိုတော်များ ရုံးချုပ်ကို ၀င်ရောက် ဖျက်စီးခဲ့ကြပါတယ်။ ဆန္ဒပြသူတစ်စုက တနင်္လာနေ့မှာ ရုံးခန်းရဲ့ ပြတင်း တံခါးတွေကို ရိုက်ချိုး ဖျက်စီးပြီး အဆောက်အဦး ထဲမှာရှိတဲ့ ပရိဘောဂတွေ၊ ဖိုင်တွဲတွေကို ယူသွားကြတယ်လို့ ဆိုပါတယ်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 01 Jul 2013 04:07 PM PDT
အမေရိကန် အာဆီယံ ၀န်ကြီးအဆင့် အစည်းအဝေးကို ကမကထ ပူးတွဲ ဆောင်ရွက်ခဲ့တဲ့ မြန်မာနိုင်ငံခြားရေး ၀န်ကြီး ဦးဝဏ္ဏမောင်လွင် က အမေရိကန်နဲ့ မြန်မာ ဆက်ဆံရေး ပြန်လည် ဆွေးနွေးလာမှုအပေါ် အလေးထားကြောင်းနဲ့ အကြမ်းဖက်သမားတွေ ဗုံးဖောက်ခွဲမှုကြောင့် သေဆုံးခဲ့ရသူတွေနဲ့ မိသားစုတွေအတွက် စိတ်မကောင်း ဖြစ်တဲ့အကြောင်း ပူးတွဲကျင်းပတဲ့ အစည်းအဝေး အတွင်းမှာ ပြောဆိုသွားပါတယ်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်

Posted: 01 Jul 2013 03:57 PM PDT
အိုလံပစ် နှစ်ထပ်ကွမ်း ရွှေတံဆိပ် ဆုရှင် ဂျိမ်းမ်စ် ကရက်က် နဲလ် ဟာ ဦးနှောက်ဒဏ်ရာရပြီးနောက် အနံ့နဲ၌ အရသာကို အာရုံခံစားလို့မရတော့ဘူးလို့ ဆိုပါတယ်။ လူတစ်ယောက်ရဲ့ ဘဝမှာ အနံ့နဲ့ အရသာဟာ ဘယ်လောက်များ အရေးကြီးပါသလဲ။ ဒွန်ကန် ဘုတ်ခ် ဆိုသူဟာလည်း ၂၀၀၅ ခုနှစ်မဓှာ ဦးနှောက်မှာ အပြင်းအထန် ဒဏ်ရာ ရပြီးနောက် အနံ့ခံနိုင်စွမ်းပျောက်သွားခဲ့ပါတယ်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...