Thursday, July 11, 2013

၈၈ ကျောင်းသားအဖွဲ့  ပြည်ပ သမိုင်း

မရေးခြင်လဲ ရေးရတယ် ။
မပြောချင်လဲ ပြောပြရတော့မယ် ။

၈၈ ငွေရတုကြီးကို ရောက်တော့မယ် ။
အခြေအနေအရ ကြိုလုပ်သူတွေကလည်း လုပ်ကြတယ် ။
ထုံးစံအတိုင်း မကျေလည်သံတွေ အီးမေးတွေက စပြီးဖတ်ရတယ် ။
သမိုင်းကို သိဖို့ လိုမယ် ။
အခြေအနေတွေ သိဖို့ လိုမယ် ။
သဘောထားကြီးဖို့  လိုမယ် ။
စေတနာမှန်ဖို့  လိုမယ် လို့  ပြောပါရစေ ။



၁၉၈၈ ဒီမိုကရေစီ တောင်းဆိုတဲ့ လှုပ်ရှားမှုကြီးက
မြန်မာနိုင်ငံ တခုလုံးမှာ ထူးခြားတဲ့ သမိုင်းတခုပါ ။
မြန်မာပြည်မှာ ရှိတဲ့ မြို့ တိုင်းလိုလို ရွာတိုင်းလိုလို
တူညီတဲ့ အုပ်စုလေးတွေဖွဲ့ ပြီး တိုင်းပြည်မွဲအောင်လုပ်ခဲ့တဲ့
တပါတီ အာဏာရှင် စနစ်ကို တော်လှန်ကြတဲ့ပွဲပါ ။

၁၈ သြဂုတ်လ ၁၉၈၈ မှာ စစ်တပ်က အာဏာသိမ်းပြီး
တူရာ အစုလေးတွေနဲ့  ပြည်တွင်းမှာ ယူဂျီကျန်ခဲ့သူရှိတယ် ။
နယ်စပ်ကို ထွက်ခွာသူတွေရှိတယ် ။
တိုင်းရင်းသားလက်နက်ကိုင် နယ်မြေထဲ ဝင်တဲ့သူရှိတယ် ။
ခက်ခဲကြမ်းတမ်းတဲ့ ဘဝတွေကို ရင်ဆိုင်ကြရင်းက

၁၉၈၉ မှာ မစ္စတာဆောင်ဆစ် ဆိုတဲ့ UNHCR က မြန်မာနဲ့ ပါတ်သက်တဲ့
အရာရှိကြီးက ထိုင်း မြန်မာနယ်စပ်တလျှောက် သွားရောက်ပြီး
မြန်မာပြည်က ပြေးလာတဲ့သူတွေကို UNHCR က အကူအညီပေးနေပြီလို့ 
လိုက်လံ အကြောင်းကြားခဲ့ပါတယ် ။

ဒီလိုနဲ့  ၈၈ကျောင်းသားတွေ ဘန်ကောက်ကို နည်းမျိုးစုံနဲ့ ရောက်ကြတယ် ။
ပထမဦးဆုံး စုစည်းတဲ့အုပ်စုတွေက
ဝရဇိန်စာစောင် အုပ်စု
လက်ဖါးအို ၁၀၁ အုပ်စု
ဒညတ အုပ်စုတို့  ဖြစ်မယ်ထင်ပါတယ် ။
နောက်တော့ စုပေါင်း ညီလာခံခေါ်ပြီး
ONSOB (Oversea National Students' Organization of Burma )
ပြည်ပရောက် အမျိုးသားကျောင်းသားများ အဖွဲ့ was founded in August 22, 1990 )
ကို ၂၂ သြဂုတ်လ ၁၉၉၀ မှာ တရားဝင် ဖွဲ့ စည်းခဲ့ပါတယ် ။
၁၉၉၂ လောက်မှာ ABSDF ဘန်ကောက်ရုံး ဖွင့်နိုင်ခဲ့ပါတယ် ။

မရှေးမနှောင်းမှာဘဲ မွန်ပြည်နယ်က ကျောင်းသားတွေ စုပေါင်းပြီး
ဝပ်ပုတ် ဘုန်းကြီးကျောင်းမှာ
ပြည်ပရောက် မွန်ကျာင်းသားများ အဖွဲ့  ထူထောင်နိုင်ခဲ့ပါတယ် ။
ထို့ အတူ အခြေခံအထက်ကျောင်းသားများ သမဂ္ဂ ကို ထူထောင်ခဲ့ကြပါတယ် ။
၁၉၉၆ မှာတော့ KSO ကရင်အမျိုးသားသွေးစည်းညီညွတ်ရေး အဖွဲ့  ပေါ်ပေါက်လာခဲ့တယ် ။
( ကျွန်တော် မသိတဲ့ အခြားအဖွဲ့ တွေလည်း ရှိပါသေးတယ် ။
TACDB ။ပင်လယ်ပျော်သမဂ္ဂ ။ စွမ်းအားမြင့် ။ )

အထက်ပါ အဖွဲ့ တွေထဲက ထိုင်းမှာ ရပ်တည်ဖို့  ခက်ခဲတဲ့သူတွေက
အမေရိကန် ။ ကနေဒါ ။ သြစတေးသျှ ကို ခက်ခက်ခဲခဲ ပြောင်းရွေ့ ကြပါတယ် ။
အစပိုင်းမှာ ခေါင်းဆောင်ပိုင်းတွေက သက်သေအထောက်အထားပြဖို့ 
လွယ်တဲ့အတွက် အလွယ်တကူ သြွးကြပါတယ် ။
၁၉၉၇ ကာလမှာ အမေရိကန်သံရုံး အထူအစီအစဉ်နဲ့ 
အောက်လက်ငယ်သားတွေ အုပ်လိုက် ရွေ ပြောင်းကြပါတယ် ။

၁၉၉၉ နိုဝင်ဘာလမှာတော့ လပ်ပူရီဆေးရုံ ကိစ္စနဲ့ ပါတ်သက်ပြီး
ထိုင်းနိုင်ငံအတွင်းမှ မြန်မာ့အရေးလှုပ်ရှားနေသူတွေ အားလုံးကို
ဖမ်းဆီးပြီး တတိယနိုင်ငံတွေကို ပို့ ပါတယ် ။
ဥရောပကလည်း ဂျနီဗာ ဆုံးဖြတ်နဲ့  စတင်ခေါ်ယူပါတယ် ။
၂၀၀၁ မှာ ရပ်ပူရီ မြန်မာကျောင်းသားများစခန်းကို
နိုင်ငံတကာသဆဘာတူညီချက်နဲ့ တရားဝင်ပိတ်ပြီး
နယ်စပ် ဒုက္ခသည် စခန်းတွေက လူတွေကို အလှည့်ကျစစ်ဆေးခေါ်ယူပါတယ် ။

ရောက်သွားကြတဲ့ တိုင်းပြည်တိုင်းမှာ တူရာအစုလေးတွေနဲ့ 
ဆက်သွယ်အကူအညီဝေမျှကြရင်း အဖွဲ့ ငယ်လေးတွေ စုမိကြပါတယ် ။
ပထမဦးဆုံး ကြားလာရတဲ့ ပြသနာက ဘယ်တိုင်းပြည်ကလဲ ဆိုတဲ့ အသံပါ ။
မြန်မာပြည်မကြီးကို မရောက်ဖူးသူ မြန်မာစကားမတတ်သူအဖို့ 
သူတို့ လာတဲ့ တိုင်းပြည်က ကရင် မွန် ဖြစ်နေလို့ ပါဘဲ ။

နောက်တော့ ၂၀၀၃ ဒီပဲရင်း လူသတ်ပွဲဖြစ်တော့
ကွဲပြားနေတဲ့ အဖွဲ့ တွေအားလုံး မြန်မာသံရုံးတွေ ရှေ့ မှာ
နာမည်အမျိုးမျိုးနဲ့ ပြန်တွေ့ ကြပါတော့တယ် ။

စစ်အာဏာရှင်ဖြုတ်ချရေး နဲ့  စစ်မှန်တဲ့ပြည်ထောင်စု တည်ဆောက်ရေးပါဘဲ ။
တူတာတွေတွဲလုပ်ကြတယ် ။ မတူတာတွေကို မဆန့် ကျင်ရေးမူနဲ့ နေလာကြတယ် ။

၂၀၀၈ ဖွဲ့ စည်းပုံရေးဆွဲ လို့  အပြီးမှာ
ဒေါ်လာစားတွေ ဆိုတဲ့ နာမည်အသစ် စပြီးခေတ်စားလာပါတယ် ။
န်ုင်ငံခြားမှာ ဒေါ်လာမကိုင်ရင် ဘာကိုင်ပြီး ဈေးဝယ်ရမလဲဗျာ ။

လာပ်စားတဲ့ သူတွေ တကယ်ကို စားပါတယ်။ မငြင်းပါဖူး ။
လူတိုင်း တော့မဖြစ်နိုင်ပါဖူး ။

၈၈ ငွေရတုကို
ကနေဒါမှာ ကျင်းပခဲ့တယ် ။
အမေရိကန်မှာ ကျင်းပခဲ့တယ် ။
မြန်မာပြည်မှာ ကျင်းပဖို့  ပြင်ဆင်နေတယ် ။

သန်း ၃၀ ကျော် ပါဝင်ခဲ့တဲ့ ၈၈ လှုပ်ရှားမှုမှာ ပါဝင်သူအားလုံး
တနေရာတည်းမှာ ညီလာခံကြီးကျင်းပ ဖို့ ဆိုတာ
ကျွန်တော့အနေနဲ့  အိမ်မက်ထဲမှာတောင် မဖြစ်နိုင်ပါဖူး ။
နေရာတွေ ခွဲပြီး ကျင်းပကြတာ သဘာဝပိုကြပါတယ် ။
ညီလာခံငယ်လေးတွေက ဆုံးဖြတ်ချက်တွေကို ညီလာခံကြီးဆီကို
သယ်ဆောင်သွားတာ ပိုပြီး ယုတ္တိရှိပါတယ် ။

အီးမေးတွေမှာ ရေးနေကြတဲ့သူတွေ
တိုင်းပြည်အတွက် စေတနာထားပြီး
သဘောထားကြီးကြီးနဲ့  သတင်းတွေ မျှဝေကြပါလို့ ။
မကောင်းတာလုပ်တယ် သတင်းကြားရရင်
သက်ဆိုင်ရာ အဖွဲ့ အစည်းတွေကို တိုင်ကြားလို့ ရပါတယ် ။

လေးစားစွာဖြင့်
ဌေးတင့်
နယ်သာလန် ။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...