Friday, June 14, 2013

Class တွေရဲ့ သဘာသဘာဝ

-Class ဆိုတဲ့စကားကို တွေးမိပါတယ်။ လူတန်းစားတစ်မျိုးပေါ့လေ။ Social Structure မှာ တော့ ကားလ် မာ့စ်က ဓနရှင်လူတန်းစားနဲ့ နင်းပြားလူတန်းစားလို့ဖွင့်ပါတယ်။ 

-တစ်ချို့ကတော့ ဖိနှိပ်သူနဲ့ဖိနှိပ်ခံလို့ခေါ်ကြတယ်။ 

-တစ်ချို့ကတော့ Upper Class, Middle Class, Low Class စသဖြင့် ပြောတတ်ကြပါတယ်။ 

-ဘာပဲပြောပြော လူတန်းစားတစ်ခု Class ဆိုရာမှာ ဆင်တူတဲ့ လူမှုရေးအဆင့်အတန်း၊ဝင်ငွေ၊ ပညာရေးအဆင့်အတန်း၊ ယုံကြည်မှုတန်ဘိုး စတာတွေ ရှိတတ်ကြပါတယ်။ 

-ဥပမာပြောရရင် အထက်တန်းစားဆိုသူတွေမှာ ကားအကောင်းစားတွေစီးကြ၊ နောက်ဆုံးပေါ်တွေသံုးကြစတဲ့ အနအထားမျိုးတွေဖြစ်ပါတယ်။ ဒါက ဥပမာပါ။ 

-ဒီလောက်ဆိုရင် လူတန်းစးတစ်ရပ်ရဲ့ ယေဘုယျလက္ခဏာတွေရှိမှန်းသိလောက်ပါပြီ။ 

-မြန်မာပြည်မှာ စစ်သားတွေဟာ လူတန်းစားတစ်မျိုးဖြစ်ပါတယ်။ ထိုနည်းတူ အင်နဲ့အားနဲ့ရှိနေတာက ရဟန်းတော်တွေဖြစ်ပါတယ်။ 

-Class အမြင်နဲ့ကြည့်ရင် စစ်သားတွနဲ့ ရဟန်းတော်တွေမှာ Class character အသီးသီးရှိကြပါတယ်။ ဥပမာ စစ်သားတွေက လုံခြုံရေးအဓိက စရိုက်ဖြစ်ပြီးအ၇ာရာကို လုံခြုံရေးမျက်စိနဲ့ကြည့်တတ်ကြပါတယ်။ ရဟန်းတော်တွေမှာကျတော့ ဘာသာ၊သာသနာအတွက်စွန့်လွှတ်ရေးဖြစ်ပါတယ်။ 

-ဘာသာ၊ သာသနာအတွက်စွန့်လွှတ်ရေးအပြင် မိမိဘာသာတည်မြဲရေးအတွက်ကြောင့်ကြမှု၊ စိုးရိမ်မှု စတာတွေနဲ့ ဘာသာခြားတွေရဲ့ ခြိမ်းခြောက်မှု ကို ကာကွယ်လိုမှုဆိုတာကို လဲ တွေ့ရှိရပါတယ်။ ဒီအချက်တွေကနေ ယနေ့လူပြောများရဲ့ ထိမ်းမြားရေးဥပဒေ ထွက်ပေါ်လာခဲ့တာပဲဖြစ်နိုင်ပါတယ်။ 

-ဒါဟာ Class တစ်ခုရဲ့လက္ခဏာပါပဲ။ အပြစ်မဆိုသင့်ပါ။ သွားဆိုရင် Class Struggle လို့ခေါ်တဲ့လူတန်စား အချင်းချင်း ထိပ်တိုက်တိုက်တွေ့လာပါလိမ့်မယ်။ 

-လူတန်းစားအချင်းချင်းထိပ်တိုက်တွေ့လာ၇င် မြန်မာပြည်နိုင်ငံရေးအခင်းအကျင်းဟာ အမြတ်ထုတ်လိုသူတွေပြည်တွင်းမှာ ရှိနေသလို ပြည်ပနိုင်ငံတွေက လက်ရှိ ဖူးသစ်စ အညွှန့်ကို ကျိုးသွားအောင် လုပ်ချင်နေကြတာဖြစ်ပါတယ်။

-ညှိယူရပါမယ်။ Compromising လို့ခေါ်တဲ့ညှိနှိုင်းဆွေးနွေးခြင်းသည်သာလျှင် ချဉ်းကပ်သင့်သော နည်းစံနစ်ဖြစ်ပါတယ်။ 

-ကျနော်တို့ဆီက နိုင်ငံရေး ကျွမ်းကျင်သူတွေဟာ မြန်မာပြည်ထဲက ထင်ရှားတဲ့ Class နှစ်ခုဖြစ်တဲ့ စစ်သားနဲ့ သံဃာတော်တွေကို ချဉ်းကပ်ရာမှာ အားနည်းတာကိုတွေ့ရပါယ်။ 

-သံဃာတော်တွေရဲ့ရင်ထဲက စိုးရိမ်စိတ်တွေကို နားလည်အောင်ကြိုးစားရမှာဖြစ်ပါတယ်။ ဒီစိုးရိမ်စိတ်တွေကို နားလည်ပြီး သူတို့ဖြစ်ချင်တာတွေနဲ့ညှိနှိုင်းယူနိုင်မှသာလျှင် အာဏာရှင်စံနစ်က ဖန်တီးခဲ့သော  ဘာသာ၊သာသနာဆိုင်ရာစိုးရိမ်စိတ်တွှေအတွက် အဖြေတစ်ခုကို ရှာယူနိုင်မှာလို့ ယုံကြည်ပါတယ်။ 

-Class တွေရဲ့သဘာသဘာဝကို နားလည်ပြီး မပုတ်ခတ်မိဖို့အထူးကြိုးစားသင့်ကြောင်းပါ။
-Class ဆိုတဲ့စကားကို တွေးမိပါတယ်။ လူတန်းစားတစ်မျိုးပေါ့လေ။ Social Structure မှာ တော့ ကားလ် မာ့စ်က ဓနရှင်လူတန်းစားနဲ့ နင်းပြားလူတန်းစားလို့ဖွင့်ပါတယ်။
-တစ်ချို့ကတော့ ဖိနှိပ်သူနဲ့ဖိနှိပ်ခံလို့ခေါ်ကြတယ်။
-တစ်ချို့ကတော့ Upper Class, Middle Class, Low Class စသဖြင့် ပြောတတ်ကြပါတယ်။

-ဘာပဲပြောပြော လူတန်းစားတစ်ခု Class ဆိုရာမှာ ဆင်တူတဲ့ လူမှုရေးအဆင့်အတန်း၊ဝင်ငွေ၊ ပညာရေးအဆင့်အတန်း၊ ယုံကြည်မှုတန်ဘိုး စတာတွေ ရှိတတ်ကြပါတယ်။

-ဥပမာပြောရရင် အထက်တန်းစားဆိုသူတွေမှာ ကားအကောင်းစားတွေစီးကြ၊ နောက်ဆုံးပေါ်တွေသံုးကြစတဲ့ အနအထားမျိုးတွေဖြစ်ပါတယ်။ ဒါက ဥပမာပါ။

-ဒီလောက်ဆိုရင် လူတန်းစးတစ်ရပ်ရဲ့ ယေဘုယျလက္ခဏာတွေရှိမှန်းသိလောက်ပါပြီ။

-မြန်မာပြည်မှာ စစ်သားတွေဟာ လူတန်းစားတစ်မျိုးဖြစ်ပါတယ်။ ထိုနည်းတူ အင်နဲ့အားနဲ့ရှိနေတာက ရဟန်းတော်တွေဖြစ်ပါတယ်။

-Class အမြင်နဲ့ကြည့်ရင် စစ်သားတွနဲ့ ရဟန်းတော်တွေမှာ Class character အသီးသီးရှိကြပါတယ်။ ဥပမာ စစ်သားတွေက လုံခြုံရေးအဓိက စရိုက်ဖြစ်ပြီးအ၇ာရာကို လုံခြုံရေးမျက်စိနဲ့ကြည့်တတ်ကြပါတယ်။ ရဟန်းတော်တွေမှာကျတော့ ဘာသာ၊သာသနာအတွက်စွန့်လွှတ်ရေးဖြစ်ပါတယ်။

-ဘာသာ၊ သာသနာအတွက်စွန့်လွှတ်ရေးအပြင် မိမိဘာသာတည်မြဲရေးအတွက်ကြောင့်ကြမှု၊ စိုးရိမ်မှု စတာတွေနဲ့ ဘာသာခြားတွေရဲ့ ခြိမ်းခြောက်မှု ကို ကာကွယ်လိုမှုဆိုတာကို လဲ တွေ့ရှိရပါတယ်။ ဒီအချက်တွေကနေ ယနေ့လူပြောများရဲ့ ထိမ်းမြားရေးဥပဒေ ထွက်ပေါ်လာခဲ့တာပဲဖြစ်နိုင်ပါတယ်

-ဒါဟာ Class တစ်ခုရဲ့လက္ခဏာပါပဲ။ အပြစ်မဆိုသင့်ပါ။ သွားဆိုရင် Class Struggle လို့ခေါ်တဲ့လူတန်စား အချင်းချင်း ထိပ်တိုက်တိုက်တွေ့လာပါလိမ့်မယ်။

-လူတန်းစားအချင်းချင်းထိပ်တိုက်တွေ့လာ၇င် မြန်မာပြည်နိုင်ငံရေးအခင်းအကျင်းဟာ အမြတ်ထုတ်လိုသူတွေပြည်တွင်းမှာ ရှိနေသလို ပြည်ပနိုင်ငံတွေက လက်ရှိ ဖူးသစ်စ အညွှန့်ကို ကျိုးသွားအောင် လုပ်ချင်နေကြတာဖြစ်ပါတယ်။

-ညှိယူရပါမယ်။ Compromising လို့ခေါ်တဲ့ညှိနှိုင်းဆွေးနွေးခြင်းသည်သာလျှင် ချဉ်းကပ်သင့်သော နည်းစံနစ်ဖြစ်ပါတယ်။

-ကျနော်တို့ဆီက နိုင်ငံရေး ကျွမ်းကျင်သူတွေဟာ မြန်မာပြည်ထဲက ထင်ရှားတဲ့ Class နှစ်ခုဖြစ်တဲ့ စစ်သားနဲ့ သံဃာတော်တွေကို ချဉ်းကပ်ရာမှာ အားနည်းတာကိုတွေ့ရပါယ်။

-သံဃာတော်တွေရဲ့ရင်ထဲက စိုးရိမ်စိတ်တွေကို နားလည်အောင်ကြိုးစားရမှာဖြစ်ပါတယ်။ ဒီစိုးရိမ်စိတ်တွေကို နားလည်ပြီး သူတို့ဖြစ်ချင်တာတွေနဲ့ညှိနှိုင်းယူနိုင်မှသာလျှင် အာဏာရှင်စံနစ်က ဖန်တီးခဲ့သော ဘာသာ၊သာသနာဆိုင်ရာစိုးရိမ်စိတ်တွှေအတွက် အဖြေတစ်ခုကို ရှာယူနိုင်မှာလို့ ယုံကြည်ပါတယ်။

-Class တွေရဲ့သဘာသဘာဝကို နားလည်ပြီး မပုတ်ခတ်မိဖို့အထူးကြိုးစားသင့်ကြောင်းပါ။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...