Thursday, June 13, 2013

အမှိုက်များကို စွန့် ပစ်ခြင်း

by Htay Tint (Notes) on Tuesday, May 28, 2013 at 3:40am

အမှိုက်တောင်မှ စနစ်တကျ သိမ်းတဲ့ တိုင်းပြည်ပါလား ။

လူတယောက် အသက်ရှင်နေထိုင်ရေးအတွက် ပင်မ လိုအပ်ချက်ကြီး ၂ မျိုးရှိပါတယ် ။
ရုပ်ပိုင်းဆိုင်ရာ ပန့် ပိုးမှုတွေနဲ့ စိတ်ပိုင်းဆိုင်ရာ ပန့် ပိုမှုတွေ ဖြစ်ကြပါတယ် ။


လူရယ်လို့ စတင်သန္ဒေတည်လာစဉ်က ရုပ်ပိုင်းဆိုင်ရာနဲ့ စတင်တယ်လို့  ယေဘူယျ ပြောရင် ရနိုင်ပါတယ်။
သဘာဝလောကကြီးက သန္ဒေသား စတင်ဖြစ်ပေါ်ချိန်က စပြီး စနစ်တကျ တည်ဆောက်မှုတွေနဲ့ 
လူသားတယောက်ဖြစ်ပေါ်မွေးဖွားလာတဲ့ အထိ ရုပ်ပိုင်းဆိုင်ရာ ပန့် ပိုးမှုတွေ ပြုလုပ်ပေးပြီး
မလိုအပ်တဲ့ ပစ္စည်းတွေကိုလည်း စနစ်တကျ စွန့် ပြစ်တတ်ဖို့ လိုပါတယ် ။
ထို့ အတူ မွေးဖွားလာချိန်ကစပြီး အသက်ရှင်ရပ်တည်မှုအတွက် ရုပ်ပိုင်းဆိုင်ရာအထောက်အပံ့တွေကို
သုံးစွဲတတ်ဖို့ သင်ကြားရာက လူ့ ပတ်ဝန်ကျင်မှာ ပူးပေါင်းဆက်သွယ် ဆောင်ရွက် အသက်ရှင်ဖို့  ပညာတွေသင်ရပါတယ် ။
ဦးနှောက်က လက်ခံနိုင်မှုထက် ကျော်လွန်သွားတဲ့ အကြောင်းအရာတွေကိုလည်း စနစ်တကျ စွန့် ပြစ်တတ်ဖို့ လိုပါတယ် ။

ရုပ်ပိုင်းဆိုင်ရာ အထောက်အပံ့များနဲ့  စွန့် ပြစ်ခြင်း

သမုဒ္ဒရာ ဝမ်းတထွာ ဆိုပြီး မြန်မာ စကားပုံရှိပါတယ် ။
တထွာသာသာ ရှိတဲ့ ဗိုက်ထဲကို ခ န္တာကိုယ်ကြီး လှုပ်ရှားနိုင်ဖို့ 
အစားအသောက် စွမ်းအင်တွေ ထဲ့ပေးရပါတယ် ။
ဂူတွေထဲမှာ တွေ့ ရတဲ့ ရှေးဟောင်း ပန်းချီကားတွေမှာ
လူသားတွေဟာ အမဲလိုက်ပြီး ရလာတဲ့ သားကောင်ကို မီးကင်ပြီး
စုပေါင်းနေထိုင် စားသောက်ခဲ့ကြပြီး အကြွင်းအကျန်တွေကို တွင်းတူးပြီး
မြေမြှတ်ခဲ့ကြတာကို အရိုးစု အပုံလိုက်တွေက သက်သေပြနေပါတယ် ။
အမှိုက်များကို စနစ်တကျ စွန့် ပြစ်ခြင်းနဲ့ 
အမှိုက်များကို သိမ်းဆည်းခြင်းဆိုတာဟာ
လူသားမျိုးနွယ်စုကြီး တခုလုံးက မွေးရာပါတာဝန်ကြီးတခုပါ ။
ဒီလို စနစ်တကျ အမှိုက်စွန့် ပြစ်ခြင်း
သိမ်းဆည်းခြင်းကို နိုင်ငံ အသီးသီးက
နိုင်ငံတော်ရဲ့  အရေးကြီးသော သမိုင်းတာဝန်ကို
ထမ်းဆောင်နေကြတယ်လို့ ခံယူပြီး
အစိုးရနဲ့  ပတ်ဝန်းကျင် ထိမ်းသိမ်းရေး အဖွဲ့ တွေ ပူးပေါင်းလုပ်ဆောင်နေကြပါတယ် ။

ဆင်းရဲတဲ့ နိုင်ငံတွေမှာ လူသားမျိုးနွယ်စုတွေ သုံးစွဲခဲ့တဲ့
စွန့် ပြစ် ပစ္စည်းတွေကို လုပ်ငန်းရှင်များက ဝယ်ယူပြီး
ပစ္စည်း အသစ် ပြန်လည်ထုတ်လုပ်ကြပါတယ် ။
ချမ်းသာတဲ့ နိုင်ငံတွေကတော့ စွန့် ပြစ် ပစ္စည်းတွေကို
အမျိုးအစား အလိုက် ခွဲခြားတဲ့ အမှိုက်ပုံးတွေနဲ့ သိမ်းဆည်းပါတယ် ။

ဆင်းရဲတာ ဖြစ်ဖြစ် ချမ်းသာတာ ဖြစ်ဖြစ်
လူတွေသာမက သက်ရှိသတ္တဝါတွေ သက်မဲ့ရုက္ခအပင်တွေကို ဒုက္ခအပေးဆုံးက
ပလပ်စတစ်နဲ့ ပြုလုပ်တဲ့ လူသုံးကုန်တွေဖြစ်ပါတယ် ။
ပလပ်စတစ်စွန့်ပြစ် ပစ္စည်းမျာကို စနစ်တကျရှိစေရန်
အစိုးရ နှင့်အတူ လူမှုရေး အဖွဲ့ အစည်းများကလည်း
လက်တွေ့ သိမ်းဆည်းခြင်း ပညာပေးလုပ်ငန်းများ လုပ်ဆောင်နေကြပါတယ် ။


နယ်သာလန်ကို ဦးကိုကိုကြီး ၁၂ နာရီ နီးပါး လာရောက်ခဲ့စဉ်က
စိတ်ဝင်စားစွာ လေ့လာမေးမြန်းခဲ့တဲ့ အထဲမှာ
အမှိုက်များခွဲခြမ်း လွှတ်ပြစ်ခြင်းနဲ့  သိမ်းဆည်းခြင်း ဘာသာရပ်လည်းပါတယ် ။

နယ်သာလန်မှ စွန့် ပြစ် လူသုံးပစ္စည်းများကို
အစားအသောက်ဟောင်းများ
စက္ကူများ
ပုလင်းများ ( အဖြူ အညို အစိမ်း )
ဆိုပြီး အပိုင်းကြီး ၃ ပိုင်းခွဲထားပါတယ် ။
မြို့ နယ်အုပ်ချုပ်ရေး လက်အောက်က အမှိုက်သိမ်းဌါနက ရပ်ကွက်တွေကို
အလှည့်ကျ သိမ်းဆည်းပါတယ် ။

အစားအသောက် ဟောင်းများကို မော်တာနဲ့ လည်ပတ်နေတဲ့ ကန်တွေထဲကို
အမှိုက်သိမ်းတွေနဲ့ မောင်းထဲ့ပါတယ် ။
ပထမ အဆင့် အကြီး အသေး ခွဲထုတ်နေစဉ်မှာ
သံလိုက်တုံးကြိးနဲ့  အမှိုက်ထုတ်တွေထဲက ပါလာတဲ့ သံတွေကိုဆွဲယူပါတယ် ။
သတ္ထုတွေ သဲတွေ မြေသားတွေက အောက်မှာ အနည်ထိုင်စေပါတယ် ။
ရေပေါ်လာတဲ့ အရာတွေကတော့ ပလပ်စတစ်တွေ အများစုဖြစ်ပါတယ် ။
ကန်ထဲက ရေကို သွန်လိုက်ရင် စက္ကူနဲ့  ပလပ်စတစ်တွေ ပါသွားပါတယ် ။
အောက်ခြေက အနယ်တွေကို အခြောက်ခံပြီး လေမှုတ်ရင်
သတ္ထုတွေကျန်ခဲ့ပါတယ် ။ မြေမှုံ့ တွေကို မြေဆွေးတွေနဲ့ ရောပြီး
သဘာဝမြေသြဇာအဖြစ် ပြန်ရောင်းကြပါတယ် ။


မြန်မာပြည်က ထူးဆန်းအံ့သြဖွယ်ရာ သတင်းတပုဒ်တက်လာပါတယ် ။
ဦးကျော်သူနှင့် အဖွဲ့  ရန်ကုန်မှာ အမှိုက်သိမ်းရန်ကို
ဥပဒေနဲ့ တားမြစ်ခံရတယ် တဲ့ ။
လူသားမျိုးနွယ်စု ဆက်လက်ရှင်သန်နိုင်ရေးအတွက်
အမှိုက်သိမ်းဆည်းတာကို ကန့် ကွက်သူများက
နတ်ဒေဝါများဖြစ်နေတာလားဗျာ ။

ဗဟို အစိုးရက အမေရိကန် ရောက်နေလို့  ပြန်လာရင် ရှင်းပေးပါ့မယ်တဲ့ ။
အမှိုက် ကောက်တဲ့ လုပ်ငန်းတွေနောက်မှာ ဘာအကွက်တွေရှိနေလဲ ။
စနစ် အပြောင်းအလဲမှာ ၂ ဦး ၂ ဖက် ကျေလည်အောင် ဖြေရှင်းပြီး
လူသိရှင်ကြား ထုတ်ဖေါ်သင့်ပါတယ် ။


လေးစားစွာဖြင့်
ဌေးတင့်
ခတ္တ-နယ်သာလန်
( စာရှည်ရှည်ရေးရင် အလုပ်များတဲ့သူတွေကို အားနာလို့ )



ထိုင်းနိုင်ငံ အမှိုက်ပုံရှင်း မြန်မာလုပ်သားများတဲတန်းနဲ့  ကျွန်တော် ။

စာဖတ်သူတဦးဖြစ်သူ Masterkotaw Hmine က မှတ်ချက်ပေးပါတယ် ။

ဒါနဲ့များဗျာ လေးတန်းဖတ်စာထဲမှာ ယိုးဒယားနဲ့ဆက်ဆံရေးသမိုင်းကြောင်းကို မျိုးချစ်စိတ်ဓါတ်ထက်ဖို့ ပြဌာန်းစာလုပ်သင်ပေးနေသေးတယ်။
ကျုပ်တို့မြန်မာတွေ ယိုးဒယားဖြစ်တွေကို ကြိုက်ကြတာ လူချမ်းသာတွေပိုဆိုးတယ်။ အာဏာရှင်အစဉ်အဆက်တွေပိုသိကြတာပေါ့ဗျာ။
ခုတော့ ခင်ဗျားတို့ပြောတဲ့ယိုးဒယားမှာ ခေတ်အဆက်ဆက်နဲ့ နိုင်ခဲ့တယ်ဆိုတဲ့
ယိုးဒယား ခုတော့ ထိုင်းပေါ့ဗျာ။
ကျုပ်တို့မြန်မာတွေ အမှိုက်ပုံသန့်ရှင်းရေးလုပ်နေကြလေရဲ့။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...