Tuesday, June 4, 2013

သစ်ထူးလွင် သတင်းစုစည်းမှု (၄-၆)

သစ်ထူးလွင်



Posted: 04 Jun 2013 06:52 AM PDT
တူရကီနိုင်ငံ အီစတန် ဘူလ် မြို့မှာ အစိုးရ ဆန့်ကျင်ဆန္ဒ ပြမှု ၄ ရက်မြောက်နေ့ မှာ ဝန်ကြီးချုပ်ရုံး ကို ချီတက်ဆန္ဒ ပြဖို့ ကြိုးစားသူတွေ ကို ရဲ က မျက်ရည်ယိုဗုံး၊ မီးသတ်ပိုက်တွေ အသုံးပြုပြီး လူစုခွဲ လိုက်ပါတယ်။

အင်ကာရာ မြို့တော် မှာ လည်း ဒီကနေ့ နဲ့ မနက်ဖန် ဗုဒ္ဓဟူးနေ့တွေမှာ တူရကီရဲ့ အဓိက အလုပ်သမား သမဂ္ဂ တခု ကပါ ပါဝင်ပူးပေါင်းလှုပ်ရှားမယ့် အစီအစဉ် မတိုင်မီ အကြမ်းဖက်ဆန္ဒ ပြမှုတွေ ပေါ်ပေါက် ခဲ့ပါတယ်။

အဆိုပါ ပြည်သူ့ အလုပ်သမား သမဂ္ဂ (KESK) က အစိုးရ ရဲ့ အင်အားသုံး ဆန္ဒပြမှု ကို ပြင်းပြင်း ထန်ထန် ပြစ်တင် လိုက်ပါတယ်။

ဆန္ဒပြသူ ရာပေါင်း များစွာ ထိခိုက်ဒဏ်ရာ ရကြတဲ့ အနက် တယောက် ကတော့ ကား နဲ့ တိုက်မိရာ က သေဆုံးသွားပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)
Posted: 04 Jun 2013 06:48 AM PDT
ဗြိတိန် ကာကွယ်ရေး ဦးစီးချုပ် General Sir David Richards ရဲ့ မြန်မာနိုင်ငံခရီးစဉ် ဟာ ဗြိတိသျှ အစိုးရ အနေနဲ့ မြန်မာ့ တပ်မတော် နဲ့ ဆက်ဆံရေး ကို အလေးထားတဲ့ သဘော ပြသ ကြောင်း ဘီဘီစီ သတင်းထောက် က သုံးသပ် ပါတယ်။ မြန်မာ သမ္မတ ဦးသိန်းစိန်၊ မြန်မာ့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တို့နဲ့ General Sir David Richards တို့ တွေ့ဆုံရာ မှာ ၂ နိုင်ငံ စစ်တပ် အကြား ပူးပေါင်း ဆောင်ရွက်ရေး ဆွေးနွေးခဲ့ ကြ ပါတယ်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

ဗြိတိသျှ နဲ့ မြန်မာ တပ်မတော် ဆက်ဆံရေး တိုးမြှင့်

Posted: 04 Jun 2013 06:32 AM PDT
ပြည်တွင်းတွင် ကလေးသူငယ် ပြုစုစောင့်ရောက်ရေးနှင့် ပတ်သက်ပြီး အားနည်းချက်များရှိနေသောကြောင့် ကလေးသူငယ်ပြုစုစောင့်ရှောက်ရေးနှင့် ပတ်သက်ပြီး ပညာပေးလုပ်ကိုင်ရန်ရှိပြီး ကလေးသူငယ် ပြုစုစောင့်ရှောက်ရေး စင်တာကိုလည်း ယခုနှစ်အတွင်းတွင် ဖွင့်လှစ်သွားမည်ဖြစ်သည်ဟု လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန လူမှုဝန်ထမ်း ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးအောင်ထွန်းခိုင်က ပြောသည်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 04 Jun 2013 03:46 AM PDT
ရခိုင်ပြည် အစိုးရမှ မောင်တော ခရိုင်အတွင်း ထုတ်ပြန်ထားသော ဒေသန္တရ အမိန့်ကို ထောက်ခံ ကြိုဆိုကြောင်း စစ်တွေမြို့ လူထုမှ ဆန္ဒ ထုတ်ဖော်ခဲ့ကြောင်း သိရသည်။
Arakan Times

ရုပ်/သံ ကြည့်ရှုရန် ဒီနေရာကို နှိပ်ပါ



Posted: 04 Jun 2013 03:32 AM PDT
ဘူးသီးတောင် မောင်တောဒေသတွင်း ဘင်္ဂါလီမိသားစုများ တစ်အိမ်ထောင် ကလေးနှစ်ဦး မွေးဖွားခွင့် ဒေသန္တရ အမိန့်ကို ထောက်ခံကြောင်း လှည့်လည်ဆန္ဒဖော်ထုတ်ပွဲကို စစ်တွေမြို့တွင် ယနေမွန်းလွဲပိုင်းက ပြုလုပ်သည်။ “ကျွန်တော်တို့ ရခိုင်ပြည်နယ်အစိုးရရဲ့ ဘူးသီးတောင် မောင်တောမှာ ထုတ်ပြန်ထားတဲ့ ဘင်္ဂါလီမိသားစုများ တစ်အိမ်ထောင် ကလေးနှစ်ဦး မွေးဖွားခွင့် ဒေသန္တရအမိန့်ကို ထောက်ခံကြောင်း သံဃာတော်အပါး ၃၀၀ လောက်က ဦးဆောင်ပြီး ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
ဘင်္ဂါလီတစ်အိမ်ထောင်ကလေးနှစ်ဦးေ
ထာက်ခံကြောင်း စစ်တွေတွင်ဆန္ဒဖော်ထုတ် / သတင်း - ဓါတ်ပုံ Popular Myanmar News Journal


Posted: 04 Jun 2013 02:32 AM PDT
တပ်မတော်က ဒီမိုကရေစီကို ဖော်ဆောင်ပေးခဲ့တာဖြစ်လို့ လက်ရှိ အစိုးရ ဒီမိုကရေစီလမ်းကြောင်း ဆက်လျှောက်နိုင်အောင် ပူးပေါင်းသွားမှာဖြစ်ပြီး နောက်ပြန်လှည့်မှာ မဟုတ်ဘူးလို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားလိုက်ပါတယ်။ ဇွန် ၃ ရက်နေ့က မြန်မာနိုင်ငံကို လာရောက်ခဲ့တဲ့ ဗြိတိသျှတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ဆာဒေးဗစ်ရစ်ချက်နဲ့ တွေ့ဆုံစဉ်မှာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က အခုလို ပြောကြားလိုက်တာလို့ သမ္မတရဲ့ပြောရေးဆိုခွင့်ရသူ ဦးရဲထွဋ်က ဆိုပါတယ်။ ----

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 04 Jun 2013 02:24 AM PDT
ရန်ကုန်မြို့တွင် ဘုရင့်နောင်တံတား အမှတ်(၂) တည်ဆောက်ပြီးစီးပါက မြစ်ကူး တံတားအသစ်သုံးစင်း ထပ်မံတည် ဆောက်ရန်ရှိကြောင်း အဆိုပါ ဘုရင့်နောင်မြစ်ကူး တံတားအမှတ် (၂)တည်ဆောက်ရေးမှ  အကြီးတန်း အင်ဂျင်နီယာတစ်ဦးမှ ရန်ကုန် တိုင်းမ်နေ့စဉ်သတင်းစာသို့ ပြောသည်။ အဆိုပါ မြစ်ကူး တံတား အသစ်သုံးစင်းကို ရန်ကုန်တစ်ဖက် ကမ်း ဒလမြို့နယ်၊ ကြည့်မြင်တိုင် မြို့နယ်တစ်ဖက်ကမ်း အေးရွာနှင့် ဝါးတစ်ရာတို့တွင် တည်ဆောက် ရန်လျာ ထားကြောင်း သိရသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 04 Jun 2013 02:12 AM PDT
တရားစွဲဆိုခံရသော တောင်သူ ၇ ဦးတွင် မူလတန်းကျောင်း အုပ်ဆရာမတဦး ပါဝင်ခဲ့ကြောင်း သိရပြီး မူလတန်း ကျောင်းအုပ်ဆရာ မဒေါ်ခင်ဝင်းအား ရှမ်းပြည်နယ် အစိုးအဖွဲ့၏ (၁၈-၅-၁၃)ရက်စွဲပါ စာအမှတ် -၄၆၀၈/၆-၃၆၄/အစရ (ရှမ်း)အရ (၁-၅-၂၀၁၃)နေ့မှ ရာထူး ခေတ္တချထားကြောင်း ၂၇ ရက်မေလ တွင် ရှမ်းပြည်နယ် (တောင်ပိုင်း)ပြည်နယ် ပညာရေး ညွှန်ကြားရေးမှူးက အမိန့်ထုတ်ပြန်ကြောင်း သိရှိရပါသည်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


ရာထူးချခံရသူ မူလတန်း ကျောင်းအုပ်ဆရာ မဒေါ်ခင်ဝင်း

Posted: 04 Jun 2013 01:55 AM PDT
'မြန်မာနိုင်ငံသည် တရုတ်နိုင်ငံ၏ မဟာဗျူဟာမြောက် ပင်လယ် ထွက်ပေါက်လော' ဆိုတဲ့ ခေါင်းစဉ်နဲ့ ဆောင်းပါး တစ်ပုဒ်ကို စာရေးသူ ပင်တိုင်ရေးနေတဲ့TheMessengerဂျာနယ်မှာ ရေးသား ခဲ့ဖူးပါတယ်။ အဲဒီဆောင်းပါးမှာ တရုတ်နိုင်ငံ အနေဖြင့် မြန်မာနိုင်ငံအပေါ် ထားရှိသော မူဝါဒ သဘောထားနဲ့ သမုဒ္ဒရာထွက် ပေါက်များ စိုးမိုးရေးမူဝါဒ(နိုင်ငံတစ်နိုင်ငံ သမုဒ္ဒရာ နှစ်စင်းမူဝါဒ) အကြောင်းကို တင်ပြရေးသား ခဲ့ပါတယ်။ ---

ဆောင်းပါး အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 04 Jun 2013 01:38 AM PDT
မြန်မာနိုင်ငံ၏ ဆက်သွယ်ရေး ဝန်ဆောင်မှု လုပ်ငန်းလိုင်စင် ရရှိရန် တင်ဒါ ဝင်ရောက် ယှဉ်ပြိုင်လျက်ရှိသည့် Digicel ကုမ္ပဏီက လိုင်စင် ရရှိပါက ယင်းသို့ ရရှိသည်နှင့် တစ်ပြိုင်နက် 4G ကွန်ရက်များ တည်ဆောက်သွားမည် ဖြစ်ပြီး ဒီဇင်ဘာလ ၁ ရက်နေ့တွင် 4G မိုဘိုင်းလ်ဖုန်းများကို စတင်ဖြန့်ချိမည် ဖြစ်ကြောင်း အဆိုပါ ကုမ္ပဏီက ထုတ်ပြန် ကြေညာသည်။ ----

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 04 Jun 2013 01:24 AM PDT
ထိုင်းနိုင်ငံ အနောက်ပိုင်း ဖစ်ခ်ျပူရီခရိုင်က ကျောက်ခွဲ လုပ်ငန်းတခုမှာ ကျောက်တောင်ပြို ကျပြီး  မြန်မာအလုပ်သမားတွေ သေကျေ ဒဏ်ရာရခဲ့ပါတယ်။ ဖစ်ချပူရီခရိုင် ခေါဝ်ယွဲ့မြို့နယ် နောင်ချွန်းဖွန်း ရပ်ကွက်က ဖစ်ခ်ျဆုမ်ထောန်း ကျောက်ခွဲလုပ်ငန်းမှာ ဇွန် ၃ ရက်နေ့ မနက်ပိုင်းက မြေပြိုမှုဖြစ်ပွားပြီး လူ ၆ ဦးဒဏ်ရာရကာ ၃ ဦး သေဆုံးခဲ့တယ်လို့ နယ်မြေ ၇  သတ္တုတွင်းနဲ့ အခြေခံစက်မှုလုပ်ငန်းဌာန ညွှန်ကြားရေးမှူး နိုင်းဆုမ်ဆပ် ဟွန်ကရစင် က ထိုင်းသတင်းဌာနကို ပြောပါတယ်။---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 04 Jun 2013 01:21 AM PDT
ပြီးခဲ့တဲ့ အပတ်က အမြင့်ဆုံးလဲလှယ်နှုန်းအဖြစ် အမေရိကန် ၁ ဒေါ်လာကို ၉၆၅ ကျပ်အထိ တက်ခဲ့တဲ့ ဒေါ်လာငွေဈေးနှုန်းဟာ အစိုးရဌာနဆိုင်ရာ အသီးသီးဆီ ဒေါ်လာငွေနဲ့ အခွန်သွင်းရတဲ့ စနစ် ဖျက်သိမ်းတဲ့ သမ္မတရုံးရဲ့ ညွှန်ကြားချက် ထွက်ပေါ်လာပြီးနောက် ဒီနေ့ ဇွန် ၄ ရက်နေ့မှာတော့ ၁ ဒေါ်လာ ၉၃၄ ကျပ်အထိ ကျဆင်းသွားပါတယ်။

ပြင်ပ ငွေလဲဈေးကွက်မှာ ၁ ဒေါ်လာကို အ၀ယ် ၉၃၄ ကျပ်၊ အရောင်း ၉၃၈ ကျပ် ပေါက်ဈေးရှိပေမယ့် သိမ်ဖြူလမ်း တရားဝင်ငွေလဲကောင်တာတွေမှာတော့ ၁ ဒေါ်လာ အ၀ယ် ၉၃၈၊ အရောင်း ၉၄၈ ကျပ် သတ်မှတ်ထားဆဲ ဖြစ်ပါတယ်။

ဒါပေမယ့် အဲဒီကောင်တာတွေမှာ ဒေါ်လာသွားဝယ်သူ မရှိသလောက် နည်းသွားတာ တွေ့ရသလို သွားရောင်းတာတွေကိုလည်း ရောင်းချင်တဲ့ ပမာဏလောက် ၀ယ်မပေးဘူးလို့ သိရပါတယ်။

by ဒီဗွီဘီ


Posted: 04 Jun 2013 01:10 AM PDT
မောင်တော၊ ဘူးသီးတောင် မြို့နယ်များအတွင်း ဒေသန္တရ အမိန့်ထုတ်ပြန်ခြင်းကို ထောက်ခံသည့် အနေဖြင့် ဆန္ဒထုတ်ဖော်ပွဲတစ်ခုကို ယနေ့၎-၆-၂၀၁၃ နေ့လည် (၁)နာရီတွင် အတုလမာရဇိန် ပြည်လုံးချမ်းသာဘုရားကြီး ဘေးရှိ ၀င်္ကပါကွင်းမှစတင်၍ ချီတက် ထုတ်ဖော် နေကြပြီဖြစ်ပါသည်။

Zaw Hlaing Htun






Posted: 03 Jun 2013 09:20 PM PDT
အသက် ၁၄ နှစ်ရွယ် ကလေးငယ် တစ်ဦးကို ခရမ်းဦးချစ်တင် ပရဆေးတိုက် ဆိုင်ပိုင်ရှင်များက ညှဉ်းပန်းနှိပ်စက်သည် ဟု တိုင်ကြားခြင်း ခံရသည့် ယင်းဆေးတိုက် က ထိုသို့ ပြုလုပ်ခြင်း မရှိခဲ့ကြောင်း အဆိုပါ ဆေးတိုက်ပိုင်ရှင် ဒေါ်ခင်စန်းမော်က The Voice သို့ ပြောကြားသည်။ ကျောက်တန်းမြို့နယ် ကန်မြောင် ကျေးရွာအုပ်စု ကန်မြောင်ရွာနေသူ အသက် ၁၄ နှစ်အရွယ် မောင်သန်းဝင်းက ခရမ်းဦးချစ်တင် ပရဆေးတိုက်တွင် နံ့သာနီတုံး ခုတ်ရာတွင် နှေးသောကြောင့် ----

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 03 Jun 2013 09:17 PM PDT
ဂီတလောကမှာ အောင်မြင် ကျော်ကြားခဲ့တဲ့ အချစ်သီချင်းကောင်း များစွာကို ရေးစပ်ခဲ့တဲ့ တေးရေးကေအေတီရဲ့ ရုပ်ကလာပ်ကို ဇွန်လ ၃ ရက်နေ့ ညနေ ၅ နာရီမှာ ရေဝေးသုသာန်မှာ မီးသင်္ဂြိုဟ် ခဲ့ပါတယ်။ တေးရေးကေအေတီဟာ ဇွန်လ ၁ ရက်နေ့ ညနေ ၃ နာရီကျော်မှာ ရန်ကုန်မြို့ သျှင်ပါကူ အထူးကုဆေးရုံမှာ နှလုံးရောဂါနဲ့ အသက် ၄၈ နှစ် အရွယ်မှာ ကွယ်လွန်ခဲ့တာ ဖြစ်ပါတယ်။ ---


သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

ရုပ်/သံ ကြည့်ရှုရန် ဒီနေရာကို နှိပ်ပါ


Posted: 03 Jun 2013 09:13 PM PDT
ဇွန်လ (၆)ရက်နေ့ ထုတ် အင်တာနက် ဂျာနယ် အတွဲ ၁၄၊ အမှတ် ၂၁

ဂျာနယ် ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ



Posted: 03 Jun 2013 09:11 PM PDT
ဇွန်လ (၄)ရက်နေ့ တနင်္လာနေ့ ထုတ် မဇ္ဈိမ နေ့စဉ်ထုတ် သတင်းစာ အတွဲ (၁)၊ အမှတ် (၈)၊

သတင်းစာ ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ



Posted: 03 Jun 2013 09:09 PM PDT
ဇွန်လ (၄)ရက်နေ့  အင်္ဂါနေ့ ထုတ် မြန်မာ့အလင်း နေ့စဉ်သတင်းစာ

သတင်းစာ ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ



Posted: 03 Jun 2013 09:06 PM PDT
ဇွန်လ (၄)ရက်နေ့  အင်္ဂါနေ့ ထုတ် ကြေးမုံ နေ့စဉ်သတင်းစာ

သတင်းစာ ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ



Posted: 03 Jun 2013 09:04 PM PDT
ဇွန်လ (၄)ရက်နေ့  အင်္ဂါနေ့ ထုတ်  မြ၀တီ နေ့စဉ်သတင်းစာ

သတင်းစာ ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ



Posted: 03 Jun 2013 08:56 PM PDT
မေလ (၃၀)ရက်နေ့ ထုတ် ပြည်သူဆန္ဒ သတင်းဂျာနယ် အတွဲ ၁၊ အမှတ် ၁၁

ဂျာနယ် ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ



Posted: 03 Jun 2013 08:22 PM PDT
ရန်ကုန်တိုင်း ဒေသကြီး စမ်းချောင်းမြို့ နယ် ဟိုတယ်တခုမှာ စောင်ခြုံကာ မြွေရေခွံအိတ်အား ခေါင်းတွင် စွပ်လျှက် ဆရာဝန်တဦး သေဆုံးနေကြောင်း သိရှိရပါသည်။ သေဆုံးသူမှာ စမ်းချောင်းမြို့ နယ်၊ မြေနီကုန်း မြောက် ရပ်ကွက်၊ ဓမ္မာရုံလမ်းရှိ၊ ဟိုတယ်တွင် ၂.၆.၂၀၁၃ ရက်နေ့ ၂၂၃၀ အချိန်က လာရောက် တည်းခိုနေသော မောင်စိုင်းဘိုဘိုထွန်း၊ ၂၇နှစ်၊ (ဘ)ဦးစောထွန်းဖ၊ ဖြစ်တယ်လို့  ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့ က သတင်းထုတ်ပြန်ထားပါသည်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 03 Jun 2013 07:59 PM PDT
ထိုင်ဝမ်မှာ အကျဉ်းချခြင်း ခံနေရတဲ့ သမ္မတဟောင်း ချမ်ရွှေဗြန်း (Chen Shui-bian) ဟာ သူ့ကိုယ်သူ သေကြောင်းကြံစည်ဖို့ ကြိုးစားခဲ့တယ်လို့ ထိုင်ဝမ်အာဏာပိုင်တွေက ပြောလိုက်ပါတယ်။ ထိုင်ဝမ်အလယ်ပိုင်းမှာရှိတဲ့ ထိုင်ချွန်း အကျဉ်းထောင်မှာ တနင်္ဂနွေနေ့ညက အခုလို သေကြောင်းကြံဖို့ ကြိုးစားခဲ့တာဖြစ်တယ်လို့ ထိုင်ဝမ်တရားရေး ၀န်ကြီးဌာနက ဒီကနေ့ တနင်္လာနေ့က ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

ထောင်ဒဏ် နှစ် ၂၀ ကျခံနေရတဲ့ ထိုင်ဝမ်သမ္မတဟောင်း (၆ ဇန်န၀ါရီလ ၂၀၁၂)

Posted: 03 Jun 2013 07:56 PM PDT
မြန်မာနိုင်ငံကို ရောက်ရှိနေတဲ့ ဗြိတိသျှ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ဆာဒေးဗစ် ရစ်ချတ် (Sir David Richard) ဟာ မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေး တည်ဆောက်မှုတွေမှာ အထောက်အကူပြုရေးအတွက်၊  ဗြိတိန်နိုင်ငံနဲ့ မြောက်အိုင်ယာလန် နိုင်ငံတို့ ငြိမ်းချမ်းရေး ဆောင်ရွက်ခဲ့တဲ့ ဖြစ်စဉ်ကို လေ့လာထားတဲ့ ကျွမ်းကျင်သူတချို့ကိုပါ ခေါ်ဆောင်လာခဲ့တယ်လို့ ကာကွယ်ရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ဝေလွင် က ပြောပါတယ်။  ဗြိတိသျှ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ဆာဒေးဗစ် ရစ်ချတ် (Sir David Richard) နဲ့ မြန်မာအစိုးရခေါင်းဆောင်တွေနဲ့ ဒီကနေ့ ဇွန် ၃ ရက်နေ့မှာ နေပြည်တော်မှာ တွေ့ဆုံခဲ့ကြတဲ့သတင်းကို ----

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 03 Jun 2013 03:34 PM PDT
မြန်မာနိုင်ငံကို ၅ ရက်ကြာ အလည်ပတ်ရောက်ရှိနေတဲ့ အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးဟောင်း မက်ဒလင်း အောဘရိုက် (Medeleine Albright) ဟာ NLD အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဒီကနေ့ နေပြည်တော်မှာ တွေ့ဆုံဖို့ ရှိတယ်လို့ NLD ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် ဦးဝင်းထိန်က အတည်ပြု ပြောဆိုပါတယ်။ မက်ဒလင်း အောဘရိုက် (Medeleine Albright) ဟာ နေပြည်တော်မှာ ရှိနေစဉ်အတွင်း မြန်မာအစိုးရက အရာရှိတွေနဲ့လည်း တွေ့မှာဖြစ်ပါတယ်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးဟောင်း Medeleine Albright နဲ့ မြန်မာအစိုးရ တာဝန်ရှိသူတွေ နေပြည်တော်မှာ တွေ့ဆုံစဉ် (၃ ဇွန် ၂၀၁၃)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...