Saturday, June 8, 2013

ပသီပုံပြင်ထဲက ဒို့တိုင်းဌာနီ

Soe Min shared Min Din's photo.
၂၀၁၃ ဇွန်လ (၇)ရက်နေ့ထုတ် စောင့်ကြည့်ဂျာနယ်။

(ဖော်ပြပါစာမူသည် ၂၀၀၆ခုနှစ်က ရေးသားခဲ့ခြင်းဖြစ်ပါသည်။ မကြာမတင်ကာလများက နိုင်ငံ၏သရုပ်ဟောင်းကို ပစက္ခအခြေအနေနှင့်ချိန်ထိုးစေ့ငုနိုင်ရန် ပြန်လည်ဆန်းသစ်ခြင်းဖြစ်ပါသည်။)

ပသီပုံပြင်ထဲက ဒို့တိုင်းဌာနီ
(၁)
၂၀၀၆ခုနှစ် မတ်လ၊ထိုင်းနိုင်ငံ
ကိုယ့်တိုင်း ကိုယ့်ဌာနီမှာ အင်ဂျင်နီယာဖြစ်ခဲ့လေသောမင်းဒင်သည် အတိတ်က ရန်ဘက်နိုင်ငံ၌ ကာဗူလီးဝါလား ဖြစ်နေ လေသည်။ ကာဗူလီးဝါးလား ဟူသည် စုံစီနဖာရောင်းသော ဈေးသည်ကို ကုလားလိုခေါ်ခြင်းဖြစ်သည်။
ကာဗူလီးဝါးလားလုပ်ရင်း တစ်ဘက်က နိုင်ငံတကာကုန်သွယ်ခြင်းအတတ်ကိုလည်း ဆည်းပူးနေစဉ် ထိုင်းမိတ်ဆွေ တစ်ဦး၏ မိတ်ဆက်ပေးမှုဖြင့် ဂျပန်-တရုတ်ကပြား Mr Woo နှင့် သိကျွမ်းခဲ့လေသည်။ Mr Woo ကား အဖေဂျပန်စစ်သား အမေတရုတ်ပြည်ကြီးပေါက် ဒုတိယကမ္ဘာစစ်အတွင်း တရုတ်စစ်မြေပြင်မှ ဖူးစာဆုံ သားသမီး သုံးယောက်ရပြီး ရှေ့ဆင့် နောက်ဆင့် ကွယ်လွန်ကုန်သည်။ Wooကား အစ်မနှစ်ယောက်၏ အငယ်ဆုံးမောင်၊ ဂျပန်နိုင်ငံ ယိုကိုဟားမား တက္ကသိုလ် က စက်မှုအင်ဂျင်နီယာဖြင့် ဘွဲ့ရပြီး ထိုင်းမှာ သဘောင်္အင်ဂျင်တွေ အရောင်းအ၀ယ်လုပ်နေသူ၊ အသက် ၄၅နှစ် ခန့်ရှိ၍ မင်းဒင်ထက် ၆နှစ်ခန့်ကြီးလေသည်။
ဗမာလူလည်မင်းဒင်ကား ဘယ်ကိစ္စမဆို Woo ကိုချည်း နားပူရလေသည်။ သူကား မိတ်ဆွေကောင်း ပီသပါပေသည်။ အပတ်စဉ် ကြာသပတေးနေ့တိုင်း ညစာခေါ်ကျွေးရုံမက မကောင်းမြစ်တား ကောင်းရာညွှန်လတ်တတ်လေ၏။
(၂)
ယခုလည်း ဖူးခက်မှဘန်ကောက်သို့သွားရန် အရေးပေါ်ကိစ္စကြုံလာသဖြင့် သူ့ကားဖြင့် လမ်းကြုံတင်ခေါ်လာသည်။ သူကား ကျွန်တော်တွေ့ဖူးသမျှ ကားမောင်းအလွန်ကျွမ်းကျင်လှသူဖြစ်လေသည်။ တစ်နာရီ ကီလို ၁၃၀ကို စကားပြောမပျက် မောင်းနေသည်။ လမ်းတွေကလည်း ကောင်းသည်ကိုး။
Woo မောင်းနှင်နေသော Toyota Vigoသည် ထိုင်းတောင်မြောက်ကို ဆက်သွယ်ထားသည့် National Hi Way လမ်းမကြီးပေါ်တွင် ဇောင်းကလွှတ်သော မြင်းလို ပြေးနေသည်။
အမိမြေကို အလွမ်းမပြေသေးသော မင်းဒင်ကား Nokia 7610 အကူအညီဖြင့် ဗမာပြည်က လုပ်ဖော်ကိုင်ဖက်တွေရဲ့ ဖုန်းနံပါတ်တွေ လျှောက်နှိပ်နေသည်။
“ဟဲလို … မင်းဒင်ပါ။ အာကာ မင်းဘာတွေလုပ်နေလဲ။ ကြီးပွားပြီးရင်း ကြီးပွားရင်းပဲလား”
“တော်ပါကွာ။ ဒီမှာ ဘာမှလုပ်မရတော့ဘူး။ ဆိုးသထက် ဆိုးနေပြီ”
ဗမာပြည် စီးပွားရေးလူစွမ်းကောင်း အာကာက၊ ဆိုးတာတွေဆက်ပြော၊ နားထောင်ရင်း ၁၀မိနစ်လောက်ကြာတော့ ဟ…. တစ်မိနစ် ၂၄ဘတ်ဆို၊ ဘတ်၂၄၀၊ နားဦးမှ။
“အေး၊ နောက်မှ ထပ်ဆက်ဦးမယ်ကွာ။ အခု ဘန်ကောက်ကိုသွားနေတာ။ လမ်းပေါ်ရောက်နေလို့”
စကားစဖြတ်လိုက်ရသည်။ 
သို့သော် စိတ်ကမပြတ်။ အာကာ အဆင်မပြေရင် မိုးကျော်ကော အဆင်ပြေသလား။ ဆက်ကြည့်ဦးမှ..
“ဟဲလို မိုးကျော်လား။ မင်းဒင်ပါ။ ဘယ်လိုလဲ၊ ကျန်းမာပကတိ ချမ်းသာစွာရှိရဲ့လား”
“ဟ… မင်းဒင်လား။ ဒီမှာတော့ သပ္ပါယ မမျှဘူးဟေ့၊ ဆူးလှည်းပေါ် အိပ်ရသလိုပဲကွ”
ဆူးလှည်းပေါ်က မိုးကျော်ကလည်း နေရကျပ် လုပ်ရကျပ်သည့်အကြောင်း အကျပ်ဋီကာ ဖွင့်နေပြန်ပေသည်။ နောက် ၁၂မိနစ် ကုန်ပြန်ပြီ။ ရပ်မှ။
“ဒီမှာ ငါလည်း ဘောင်းဘီတိုနဲ့ ကုန်စုံဆိုင် တရုတ်လိုလို၊ ကွမ်းယာဆိုင်က ကာစင်ဘိုင်လိုလိုပါပဲကွာ။ ဒီမှာ အခြေအနေ ကောင်းရင် လှမ်းပြောမယ်။ ပြန်ဆက်ပါဦးမယ်ကွာ”ဟု စကားဖြတ်ရပြန်သည်။
မင်းဒင်ပြောနေသော စကားတွေမှာ အင်္ဂလိပ်စကားတချို့ ညှပ်ပါနေတော့ Woo က အလုပ်အကိုင် အခြေအနေအကြောင်း ဗမာပြည်နဲ့ လှမ်းဆက်နေမှန်း ရိပ်မိသွားပုံရသည်။
“မင်းဒင် ဗမာပြည်မှာ Mobile Phone ရှိလား”
“ရှိပါတယ်ဗျ”
“ထိုင်းမှာလို SIM Card နဲ့ပဲလား”
“တယ်လီဖုန်းတွေကို လိုင်းဖုန်းကော Mobile ဖုန်းကော အစိုးရက ကိုင်ထားတာဗျို့၊ဖုန်းတစ်လုံးကို ထိုင်းဘတ်တစ်သိန်း လောက် တန်တယ်ဗျ”
“မင်းတကယ်ပြောတာလား၊ ဟုတ်ရဲ့လားကွာ၊ မော်တော်ကားဈေးကော”
“ဗမာပြည်မှာ ကားအကောင်းစား Land Cruiser ဆို ထိုင်းဘတ် ဆယ်သန်းဝန်းကျင်ရှိတယ်”
“တကယ်ပြောတာလား၊ သေချာရဲ့လား၊ ဓာတ်ဆီဈေးကကော”
“ဓာတ်ဆီက အစိုးရကကိုင်ထားတာ၊ လိုချင်သလောက် ၀ယ်မရဘူး”
“ဟုတ်ရဲ့လားကွာ၊ ခရီးဝေးဝေးသွားချင်ရင် ဘယ်နှယ့်လုပ်မလဲ”
Wooက သွေးရိုးသားရိုး မေးနေပုံရသော်လည်း “ဟုတ်ရဲ့လား၊ သေချာရဲ့လား” ဟု အမေးထပ်လျက် မင်းဒင်ကို စိတ်မနှံ့သူလို ကြည့်လာသည့်အခါ ဗမာပီပီ စိတ်အချဉ်ပေါက်လာသည်။
“ခင်ဗျားကိုယ်တိုင်သာ သွားကြည့်ပေတော့။ လေယာဉ်ခ အသွားအပြန် ဘတ် ၆၀၀၀ထက် ပိုမကုန်ဘူး။ ခင်ဗျားကို လိမ်ပြောနေလို့ ဘာအကျိုးရှိမှာလဲ”
Woo ကား မင်းဒင်ထက် ယဉ်ကျေးလေသည်။ 
`အေးပါ။ မင်းပြောထားတော့ ငါသွားတဲ့အခါ ကြိုသိရတာပေါ့။ ဗမာပြည်က ချမ်းသာတယ်။ သဘာဝအရင်းအမြစ်တွေ ပေါတယ်လို့သာ ကြားဖူးတာ။ မရောက်ဖူးတော့ ဘာမှမသိဘူး။ ဒါနဲ့ မင်းက ဘာဖြစ်လို့ ဒီဘက်ထွက်လာတာလဲ´
ရော.. ၀ဋ်ကြွေးကားမကုန်။ ထွက်ပေါက်ရပြီဆိုပြီး “ဟင်း” ချမလို့ရှိသေး။ နောက်တချီ။ ဒီတလုံးက ဖုံးလိုက်ပြန်ပြီ။ ပြည့်ပြည့်စုံစုံကို ဖြေချင်ပါသည်။ ဖုန်း၊ကားနှင့် ဓာတ်ဆီကိစ္စကိုပင် “ဟုတ်ရဲ့လား” နေသော Wooကို ရေရာသော အဖြေပေးနိုင်ရန် မင်းဒင်အတွက် မြင့်မိုရ်ကို ချေရမလောက်ခက်ပါသည်။
သို့သော် မင်းဒင် ရုတ်ခြည်းပေါ်လာသော စိတ်ကူးတခုဖြင့် ချက်ချင်းပြန်ဖြေလိုက်ပါသည်။
“ဘုရင်ကြီးကြောင့် ကျွန်တော် အဲဒီနိုင်ငံက ထွက်လာတာဗျ”
“မင်းတို့နိုင်ငံက ဘုရင်အုပ်ချုပ်တာလား”
“ကဲ.. ခင်ဗျားနားလည်အောင် ကျွန်တော်ဖြည်းဖြည်းပြောမယ်။ ခင်ဗျားလည်း ကားဖြည်းဖြည်းမောင်း။ ကျွန်တော်ပြောတဲ့ ဘုရင်ကြီးကြောင့်ဆိုတာ ရှင်းသွားအောင် အခုပြောပြမယ့် ပုံပြင်ကို အရင်နားထောင်ပါ”
(၃)
စင်စစ် ဤပုံပြင်သည် မင်းဒင်၏ မူပိုင်မဟုတ်ပါ။ စင်္ကာပူက ကျွန်တော့်မိတ်ဆွေ မဟာမေဒင်ဘာသာဝင် ဒေါက်တာ အောင်ကျော်ထွန်း၏  ပုံပြင်သာဖြစ်ပါသည်။ ထိုပုံပြင် ကျွန်တော့်ကို ပြောပြခဲ့ခြင်းမှာလည်း “ဒေါက်တာ ဘာလို့ ဗမာပြည်က ထွက်လာရတာလဲဗျာ” ဟူသော မင်းဒင်မေးခွန်းကြောင့် “ကိုမင်းဒင် မနေအပ်တဲ့တိုင်းပြည်ဆိုတာ ကျွန်တော်တို့ တရားတော်ရဲ့ နိပါတ်တွေထဲမှာ ရှိတယ်ဗျ” အစချီပြောပြခဲ့ဖူးသော ပသီပုံပြင်ဖြစ်ပါသည်။ ယခု ကျွန်တော် Woo ကို ဖောက်သည်ဈေးနှင့် အခမဲ့ပြန်ပေး (သို့) ပြန်ပြောနေခြင်းဖြစ်ပါသည်။
ကျွန်တော်ပြောမယ့်ပုံပြင်က ဒီလိုဗျ Mr Woo ရ….
တစ်ခါတုန်းက ဆော်ဒီအာရေဗျကျွန်းဆွယ်ဒေသအနှံ့ကို ဗဟုသုတရှာရင်း ကြုံသလို အသက်မွေးဝမ်းကျောင်းရင်း ခရီး လှည့်လည်နေတဲ့ ပညာရှိတစ်ဦးနဲ့ သူ့အဖော်တပည့်တစ်ယောက် ရှိသတဲ့ဗျာ။ ဆရာလုပ်သူ ပညာရှိဟာ ဗဟုသုတအလို့ငှာ လှည့်လည်နေပေမယ့် တပည့်လုပ်သူကတော့ အနေချောင်တဲ့ အရပ်ဒေသ၊ နိုင်ငံတခုခုမှာ အခြေချနေလိုက်မယ်လို့ စိတ်ကူးထားသတဲ့။
ဒီလိုနဲ့ ခရီးလှည့်လည်နေလိုက်ကြတာ (၅)နှစ်လောက်ကြာတော့ နိုင်ငံတစ်ခုကို ရောက်လာပါသတဲ့။ အဲဒီနိုင်ငံကို ရောက်ရောက်ချင်း ဆရာတပည့်နှစ်ယောက် ဈေးတစ်ခုကိုသွားပြီး ရိက္ခာသွားဝယ်ကြတဲ့အခါ ကန်စွန်းရွက် တစ်စည်း တစ်ကျပ်၊ အမဲသားတပိဿာ တစ်ကျပ်၊ ဆန်တစ်တင်း တစ်ကျပ်၊ ဘာမဆို တစ်ကျပ်ဈေးချည်း ဖြစ်နေတာ တွေ့ရပါသတဲ့။
အဲဒီအခါ တပည့်လုပ်သူက “ဆရာသခင် ကျွန်တော်ရှာနေတဲ့နိုင်ငံ တွေ့ပြီ။ ဒီမှာပဲ ကျွန်တော် အခြေချနေတော့မယ်ဆရာ” လို့ဆိုတော့ ဆရာလုပ်သူ ပညာရှိက ဘာကြောင့် ဈေးတွေတူနေရသလဲ။ ဘာကြောင့် သူ့ဈေးနဲ့သူ မရောင်းကြသလဲဆိုတာ စုံစမ်းတဲ့အခါ အဲဒီနိုင်ငံရဲ့ ဘုရင်ကြီးအမိန့်ကြောင့်လို့ ပြန်ဖြေကြသတဲ့။
ဒီတော့ ဆရာလုပ်သူက “တပည့် ဒီဒေသဟာ မနေအပ်တဲ့အရပ်ဖြစ်တယ်။ ဒီနိုင်ငံက ဘုရင်ကြီးဟာ ဘာမှ နားလည်ပုံ မရ ဘူး။ မင်းမနေပါနဲ့။ ဒုက္ခရောက်လိမ့်မယ်” လို့ အတန်တန်နားချပေမယ့် တပည့် လုပ်သူက နားမထောင်ဘဲ ဇွတ်နေရစ်ဖို့လုပ် နေတာကြောင့် “ကဲ… ပြောမရရင်လည်း မင်းနေခဲ့ပါ။ အလ္လဟ်အရှင်မြတ် အလိုတော်ရှိခဲ့ရင်တော့ မင်းဒုက္ခရောက်တဲ့အချိန် ငါကယ်တင်နိုင်ပါလိမ့်မယ်” ဆိုပြီး တစ်ယောက်တည်း ခရီးဆက်ထွက်သွားသတဲ့။
ဒီလိုနဲ့တပည့်လုပ်သူဟာ အဲဒီနိုင်ငံမှာ နေလာခဲ့တာ တစ်လလောက်ကြာလာတဲ့အခါ အဲဒီနိုင်ငံမှာ လူသေမှုတစ်ခု ဖြစ်ပါ သတဲ့။ ဖြစ်ပုံက သူခိုးတစ်ယောက်ဟာ ညအချိန်အိမ်တစ်အိမ်က ပစ္စည်းခိုးဖို့အတွက် အုတ်နံရံစည်းရိုးကို ကျော်တက်ရာက အုတ်နံရံပြိုကျပြီး သူခိုး နံရံပိသေတာဖြစ်ပါသတဲ့။
အဲဒီအမှုဟာ ဘုရင်ကြီးဆီရောက်လာတဲ့အခါ “အုတ်နံရံကို ခိုင်မာအောင်မလုပ်တဲ့ အိမ်ပိုင်ရှင်မှာ အပြစ်ရှိတယ်။ အိမ်ပိုင်ရှင် ကို သတ်စေ” လို့ အမိန့်ချသတဲ့။
အဲဒီအခါ အိမ်ပိုင်ရှင်က “ဘုရင်ကြီးခင်ဗျား ဒီအုတ်နံရံဟာ ပန်းရံသမားလုပ်တဲ့ အုတ်နံရံပါ” ဆိုတော့ ဘုရင်ကြီးက “ဒီလိုဆို ပန်းရံသမားအပြစ်ပေါ့။ အိမ်ရှင်ကို လွှတ်၊ ပန်းရံသမားကို သတ်စေ” လို့ အမိန့်ချပြန်ပါသတဲ့။
အဲဒီအခါ ပန်းရံသမားက “ဘုရင်ကြီးခင်ဗျား ဒီနံရံကိုလုပ်ဖို့ ဖျော်ထားတဲ့ အင်္ဂတေမဆလာပုံးနားမှာ ထားတဲ့ ရေပုံးကို နွားတစ်ကောင်ကန်သွားလို့ အင်္ဂတေမှာ ရေတွေများပြီး နံရံပြိုရတာပါ။ နွားမှာအပြစ်ရှိပါတယ်” လို့လျှောက်ထားပြန်တော့ ဘုရင်ကြီးက “ဟာ.. ဒါဆို အဲဒီနွားကို သတ်စေ။ ပန်းရံသမား လွှတ်စေ” ဆိုပြီး အမိန့်ချပြန်ပါသတဲ့။
အဲဒီနွားကို ရှာတဲ့အခါ နွားက နွားသတ်ရုံရောက်ပြီး သတ်ပြီးသား ဖြစ်နေတဲ့အခါ “နွားသတ်ရုံပိုင်ရှင်ကို သတ်စေ” လို့ အမိန့်ချပြန်ပါသတဲ့။ နွားသတ်ရုံပိုင်ရှင်ကို လည်ပင်းကြိုးကွင်းစွပ်ပြီး သေဒဏ်ပေးတဲ့အခါ ပုံပန်းမကျဘဲ လည်ပင်းနဲ့ခေါင်း တဆက်တည်းဖြစ်နေတော့ ကြိုးကွင်းက လျှောလျှောထွက်နေပြီး ကြိုးပေးမရဖြစ်နေသတဲ့။ အဲဒီအကြောင်း ဘုရင်ကြီးကို လျှောက်တဲ့အခါ “ဟ၊ ဒီလိုဆို အဲဒီကြိုးကွင်းနဲ့တော်တဲ့ တွေ့တဲ့လူတစ်ယောက်ယောက်ကို ကြိုးပေးကွာ” လို့အမိန့်ချပြန် သတဲ့။
အဲဒီအချိန်မှာ အာဏာပါးကွက်သားတွေက နီးရာလူကိုရှာတဲ့အခါ ဒီကိစ္စဘယ်လိုရှင်းမလဲ သိချင်လို့ လိုက်ကြည့်နေတဲ့ ဧည့်နိုင်ငံသား တပည့်ဖြစ်သူကိုတွေ့ပြီး လည်ပင်းကို ကြိုးကွင်းစွပ်လိုက်ကြပါသတဲ့။
အဲဒီအခါ တပည့်ဖြစ်သူဟာ “ဆရာသခင်စကားကို နားမထောင်မိတာတော့ မှားပြီ။ အလ္လဟ်အရှင်မြတ် ကယ်တော်မူပါ” ဆိုပြီး ရုန်းကန်အော်ဟစ်နေသတဲ့။ တိုက်တိုက်ဆိုင်ဆိုင်ပဲ အဲဒီအချိန်မှာ ဆရာလုပ်သူဟာ လူအုပ်ထဲကထွက်လာပြီး “မင်းကို ငါကယ်မယ်၊ မင်းစိတ်ကို ငြိမ်ငြိမ်ထား။ ငါပြောတာ တသွေမတိမ်းနားထောင်ပါ။ အခု မင်းလည်ပင်းက ကြိုးကွင်းကို ငါကလုပြီး ငါ့လည်ပင်းမှာစွပ်မယ်။ မင်းက ပြန်လုပြီး မင်းလည်ပင်းမှာစွပ်ပါ” လို့ သင်ပေးပြီး ဆရာတပည့်နှစ်ယောက် ကြိုးကွင်းကို အပြန်အလှန်လုပြီး စွပ်နေကြပါသတဲ့။ 
အဲဒီသတင်းကို ဘုရင်ကြီးကြားတဲ့အခါ “ဟ၊ ဒွန္နယားကြီးဟာ ထူးဆန်းလှချည်လား” ဆိုပြီး ကိုယ်တိုင် လူသတ်ကုန်းကို ဆင်းလာပြီး အကျိုးအကြောင်းမေးတဲ့အခါ ဆရာလုပ်သူပညာရှိက “ဘုရင်ကြီးခင်ဗျား ဒီအချိန်ဟာ ကောင်းကင်ဘုံ ဂျန္နတ် တံခါးဖွင့်ချိန် ဖြစ်ပါတယ်။ ဒီကြိုးနဲ့ ဒီအချိန်သေတဲ့သူဟာ ဂျန္နတ်ကို တန်းရောက်မှာပါ။ သူက ကျွန်တော့်တပည့်ပါ။ ကျွန်တော်က ဆရာဆိုတော့ ဂျန္နတ်ကို သူ့ထက်ပိုရောက်သင့်လို့ လုရတာပါ” လို့ဖြေသတဲ့။
အဲဒီအခါ ဘုရင်ကြီးက တချက်တွေကနဲ စဉ်းစားပြီး “ဟ.. ဒီနိုင်ငံဟာ ငါ့နိုင်ငံကွ. ဂျန္နတ်ကိုသွားဖို့ ငါ့ထက် သင့်တော်တဲ့သူမရှိဘူး။ ပေးစမ်း… မင်းလည်ပင်းက ကြိုးကွင်း” ဆိုပြီး သူ့လည်ပင်းသူ ကြိုးကွင်းစွပ်၊ အာဏာပါးကွက်သား တွေကို `မြန်မြန်ဆွဲတင်ကြ၊ အချိန်ကိုက်ဖြစ်မှ´ လို့ အမိန့်ပေးတော့ အာဏာပါးကွက်သားတွေက ကြောက်ကြောက်နဲ့ ကြိုးကိုဆွဲတင်လိုက်တာ ဘုရင်ကြီး အသက်ပျောက်ပါရောတဲ့ဗျာ…။
(၄)
“ကဲ… ပုံပြင်ကတော့ ဒါပါပဲဗျာ၊ ခင်ဗျားမေးခွန်းကိုလည်း ကျုပ်ဖြေပြီးပြီ။ ဘယ်နှယ့်လဲ” ဆိုတော့ Mr. Woo က
“အိုး အိုင်ဆီး… အိုင်ဆီး အိုင်ဆီး၊ ခွီး ခွီး” ဆိုပြီး တံတွေးတွေ သီးအောင် ရယ်မောနေလေ၏။
Mr Woo ဟာ ဘုရင်ကြီးရဲ့ ဇာတ်သိမ်းကို သဘောကျ၍ ရယ်မောလေသလော၊ ကျွန်တော်ဖြေပုံ ဥပမာကို သဘောကျလို့ ရယ်မောလေသလော၊ မင်းဒင်မဝေခွဲနိုင်ပါ။ မင်းဒင်ရင်ထဲတွင်မူ ပြည်သူပြည်သားတွေအတွက် ရင်ဆို့နေပါသည်။
xxxxxxxxxxxxxxxx
၂၀၁၃ ဇွန်လ (၇) ရက်နေ့ထုတ် စောင့်ကြည့်ဂျာနယ်။

(၁)
၂၀၀၆ ခုနှစ် မတ်လ၊ထိုင်းနိုင်ငံ
ကိုယ့်တိုင်း ကိုယ့်ဌာနီမှာ အင်ဂျင်နီယာဖြစ်ခဲ့လေသော မင်းဒင်သည် အတိတ်က ရန်ဘက်နိုင်ငံ၌ ကာဗူလီးဝါလား ဖြစ်နေ လေသည်။ ကာဗူလီးဝါးလား ဟူသည် စုံစီနဖာရောင်းသော ဈေးသည်ကို ကုလား လိုခေါ်ခြင်းဖြစ်သည်။
ကာဗူလီးဝါးလားလုပ်ရင်း တစ်ဘက်က နိုင်ငံတကာ ကုန်သွယ်ခြင်းအတတ်ကိုလည်း ဆည်းပူးနေစဉ် ထိုင်းမိတ်ဆွေ တစ်ဦး၏ မိတ်ဆက်ပေးမှုဖြင့် ဂျပန်-တရုတ်ကပြား Mr Woo နှင့် သိကျွမ်းခဲ့လေသည်။ Mr Woo ကား အဖေဂျပန်စစ်သား အမေတရုတ်ပြည်ကြီးပေါက် ဒုတိယကမ္ဘာစစ်အတွင်း တရုတ်စစ်မြေပြင်မှ ဖူးစာဆုံ သားသမီး သုံးယောက်ရပြီး ရှေ့ဆင့် နောက်ဆင့် ကွယ်လွန်ကုန်သည်။ Wooကား အစ်မနှစ်ယောက်၏ အငယ်ဆုံးမောင်၊ ဂျပန်နိုင်ငံ ယိုကိုဟားမား တက္ကသိုလ် က စက်မှုအင်ဂျင်နီယာဖြင့် ဘွဲ့ရပြီး ထိုင်းမှာ သဘောင်္အင်ဂျင်တွေ အရောင်းအ၀ယ်လုပ်နေသူ၊ အသက် ၄၅နှစ် ခန့်ရှိ၍ မင်းဒင်ထက် ၆နှစ်ခန့်ကြီးလေသည်။


ဗမာလူလည်မင်းဒင်ကား ဘယ်ကိစ္စမဆို Woo ကိုချည်း နားပူရလေသည်။ သူကား မိတ်ဆွေကောင်း ပီသပါပေသည်။ အပတ်စဉ် ကြာသပတေးနေ့တိုင်း ညစာခေါ်ကျွေးရုံမက မကောင်းမြစ်တား ကောင်းရာ ညွှန်လတ်တတ်လေ၏။

(၂)
ယခုလည်း ဖူးခက်မှဘန်ကောက်သို့သွားရန် အရေးပေါ်ကိစ္စကြုံလာသဖြင့် သူ့ကားဖြင့် လမ်းကြုံတင်ခေါ်လာသည်။ သူကား ကျွန်တော်တွေ့ဖူးသမျှ ကားမောင်းအလွန်ကျွမ်းကျင်လှသူဖြစ်လေသည်။ တစ်နာရီ ကီလို ၁၃၀ကို စကားပြောမပျက် မောင်းနေသည်။ လမ်းတွေကလည်း ကောင်းသည်ကိုး။
Woo မောင်းနှင်နေသော Toyota Vigoသည် ထိုင်းတောင်မြောက်ကို ဆက်သွယ်ထားသည့် National Hi Way လမ်းမကြီးပေါ်တွင် ဇောင်းကလွှတ်သော မြင်းလို ပြေးနေသည်။
အမိမြေကို အလွမ်းမပြေသေးသော မင်းဒင်ကား Nokia 7610 အကူအညီဖြင့် ဗမာပြည်က လုပ်ဖော်ကိုင်ဖက်တွေရဲ့ ဖုန်းနံပါတ်တွေ လျှောက်နှိပ်နေသည်။
“ဟဲလို … မင်းဒင်ပါ။ အာကာ မင်းဘာတွေလုပ်နေလဲ။ ကြီးပွားပြီးရင်း ကြီးပွားရင်းပဲလား”
“တော်ပါကွာ။ ဒီမှာ ဘာမှလုပ်မရတော့ဘူး။ ဆိုးသထက် ဆိုးနေပြီ”
ဗမာပြည် စီးပွားရေးလူစွမ်းကောင်း အာကာက၊ ဆိုးတာတွေဆက်ပြော၊ နားထောင်ရင်း ၁၀မိနစ်လောက်ကြာတော့ ဟ…. တစ်မိနစ် ၂၄ဘတ်ဆို၊ ဘတ်၂၄၀၊ နားဦးမှ။
“အေး၊ နောက်မှ ထပ်ဆက်ဦးမယ်ကွာ။ အခု ဘန်ကောက်ကိုသွားနေတာ။ လမ်းပေါ်ရောက်နေလို့”
စကားစဖြတ်လိုက်ရသည်။
သို့သော် စိတ်ကမပြတ်။ အာကာ အဆင်မပြေရင် မိုးကျော်ကော အဆင်ပြေသလား။ ဆက်ကြည့်ဦးမှ..
“ဟဲလို မိုးကျော်လား။ မင်းဒင်ပါ။ ဘယ်လိုလဲ၊ ကျန်းမာပကတိ ချမ်းသာစွာရှိရဲ့လား”
“ဟ… မင်းဒင်လား။ ဒီမှာတော့ သပ္ပါယ မမျှဘူးဟေ့၊ ဆူးလှည်းပေါ် အိပ်ရသလိုပဲကွ”
ဆူးလှည်းပေါ်က မိုးကျော်ကလည်း နေရကျပ် လုပ်ရကျပ်သည့်အကြောင်း အကျပ်ဋီကာ ဖွင့်နေပြန်ပေသည်။ နောက် ၁၂မိနစ် ကုန်ပြန်ပြီ။ ရပ်မှ။
“ဒီမှာ ငါလည်း ဘောင်းဘီတိုနဲ့ ကုန်စုံဆိုင် တရုတ်လိုလို၊ ကွမ်းယာဆိုင်က ကာစင်ဘိုင်လိုလိုပါပဲကွာ။ ဒီမှာ အခြေအနေ ကောင်းရင် လှမ်းပြောမယ်။ ပြန်ဆက်ပါဦးမယ်ကွာ”ဟု စကားဖြတ်ရပြန်သည်။
မင်းဒင်ပြောနေသော စကားတွေမှာ အင်္ဂလိပ်စကားတချို့ ညှပ်ပါနေတော့ Woo က အလုပ်အကိုင် အခြေအနေအကြောင်း ဗမာပြည်နဲ့ လှမ်းဆက်နေမှန်း ရိပ်မိသွားပုံရသည်။
“မင်းဒင် ဗမာပြည်မှာ Mobile Phone ရှိလား”
“ရှိပါတယ်ဗျ”
“ထိုင်းမှာလို SIM Card နဲ့ပဲလား”
“တယ်လီဖုန်းတွေကို လိုင်းဖုန်းကော Mobile ဖုန်းကော အစိုးရက ကိုင်ထားတာဗျို့၊ဖုန်းတစ်လုံးကို ထိုင်းဘတ်တစ်သိန်း လောက် တန်တယ်ဗျ”
“မင်းတကယ်ပြောတာလား၊ ဟုတ်ရဲ့လားကွာ၊ မော်တော်ကားဈေးကော”
“ဗမာပြည်မှာ ကားအကောင်းစား Land Cruiser ဆို ထိုင်းဘတ် ဆယ်သန်းဝန်းကျင်ရှိတယ်”
“တကယ်ပြောတာလား၊ သေချာရဲ့လား၊ ဓာတ်ဆီဈေးကကော”
“ဓာတ်ဆီက အစိုးရကကိုင်ထားတာ၊ လိုချင်သလောက် ၀ယ်မရဘူး”
“ဟုတ်ရဲ့လားကွာ၊ ခရီးဝေးဝေးသွားချင်ရင် ဘယ်နှယ့်လုပ်မလဲ”
Wooက သွေးရိုးသားရိုး မေးနေပုံရသော်လည်း “ဟုတ်ရဲ့လား၊ သေချာရဲ့လား” ဟု အမေးထပ်လျက် မင်းဒင်ကို စိတ်မနှံ့သူလို ကြည့်လာသည့်အခါ ဗမာပီပီ စိတ်အချဉ်ပေါက်လာသည်။
“ခင်ဗျားကိုယ်တိုင်သာ သွားကြည့်ပေတော့။ လေယာဉ်ခ အသွားအပြန် ဘတ် ၆၀၀၀ထက် ပိုမကုန်ဘူး။ ခင်ဗျားကို လိမ်ပြောနေလို့ ဘာအကျိုးရှိမှာလဲ”
Woo ကား မင်းဒင်ထက် ယဉ်ကျေးလေသည်။
`အေးပါ။ မင်းပြောထားတော့ ငါသွားတဲ့အခါ ကြိုသိရတာပေါ့။ ဗမာပြည်က ချမ်းသာတယ်။ သဘာဝအရင်းအမြစ်တွေ ပေါတယ်လို့သာ ကြားဖူးတာ။ မရောက်ဖူးတော့ ဘာမှမသိဘူး။ ဒါနဲ့ မင်းက ဘာဖြစ်လို့ ဒီဘက်ထွက်လာတာလဲ´
ရော.. ၀ဋ်ကြွေးကားမကုန်။ ထွက်ပေါက်ရပြီဆိုပြီး “ဟင်း” ချမလို့ရှိသေး။ နောက်တချီ။ ဒီတလုံးက ဖုံးလိုက်ပြန်ပြီ။ ပြည့်ပြည့်စုံစုံကို ဖြေချင်ပါသည်။ ဖုန်း၊ကားနှင့် ဓာတ်ဆီကိစ္စကိုပင် “ဟုတ်ရဲ့လား” နေသော Wooကို ရေရာသော အဖြေပေးနိုင်ရန် မင်းဒင်အတွက် မြင့်မိုရ်ကို ချေရမလောက်ခက်ပါသည်။
သို့သော် မင်းဒင် ရုတ်ခြည်းပေါ်လာသော စိတ်ကူးတခုဖြင့် ချက်ချင်းပြန်ဖြေလိုက်ပါသည်။
“ဘုရင်ကြီးကြောင့် ကျွန်တော် အဲဒီနိုင်ငံက ထွက်လာတာဗျ”
“မင်းတို့နိုင်ငံက ဘုရင်အုပ်ချုပ်တာလား”
“ကဲ.. ခင်ဗျားနားလည်အောင် ကျွန်တော်ဖြည်းဖြည်းပြောမယ်။ ခင်ဗျားလည်း ကားဖြည်းဖြည်းမောင်း။ ကျွန်တော်ပြောတဲ့ ဘုရင်ကြီးကြောင့်ဆိုတာ ရှင်းသွားအောင် အခုပြောပြမယ့် ပုံပြင်ကို အရင်နားထောင်ပါ”


(၃)
စင်စစ် ဤပုံပြင်သည် မင်းဒင်၏ မူပိုင်မဟုတ်ပါ။ စင်္ကာပူက ကျွန်တော့်မိတ်ဆွေ မဟာမေဒင်ဘာသာဝင် ဒေါက်တာ အောင်ကျော်ထွန်း၏ ပုံပြင်သာဖြစ်ပါသည်။ ထိုပုံပြင် ကျွန်တော့်ကို ပြောပြခဲ့ခြင်းမှာလည်း “ဒေါက်တာ ဘာလို့ ဗမာပြည်က ထွက်လာရတာလဲဗျာ” ဟူသော မင်းဒင်မေးခွန်းကြောင့် “ကိုမင်းဒင် မနေအပ်တဲ့တိုင်းပြည်ဆိုတာ ကျွန်တော်တို့ တရားတော်ရဲ့ နိပါတ်တွေထဲမှာ ရှိတယ်ဗျ” အစချီပြောပြခဲ့ဖူးသော ပသီပုံပြင်ဖြစ်ပါသည်။ ယခု ကျွန်တော် Woo ကို ဖောက်သည်ဈေးနှင့် အခမဲ့ပြန်ပေး (သို့) ပြန်ပြောနေခြင်းဖြစ်ပါသည်။
ကျွန်တော်ပြောမယ့်ပုံပြင်က ဒီလိုဗျ Mr Woo ရ….
တစ်ခါတုန်းက ဆော်ဒီအာရေဗျကျွန်းဆွယ်ဒေသအနှံ့ကို ဗဟုသုတရှာရင်း ကြုံသလို အသက်မွေးဝမ်းကျောင်းရင်း ခရီး လှည့်လည်နေတဲ့ ပညာရှိတစ်ဦးနဲ့ သူ့အဖော်တပည့်တစ်ယောက် ရှိသတဲ့ဗျာ။ ဆရာလုပ်သူ ပညာရှိဟာ ဗဟုသုတအလို့ငှာ လှည့်လည်နေပေမယ့် တပည့်လုပ်သူကတော့ အနေချောင်တဲ့ အရပ်ဒေသ၊ နိုင်ငံတခုခုမှာ အခြေချနေလိုက်မယ်လို့ စိတ်ကူးထားသတဲ့။
ဒီလိုနဲ့ ခရီးလှည့်လည်နေလိုက်ကြတာ (၅)နှစ်လောက်ကြာတော့ နိုင်ငံတစ်ခုကို ရောက်လာပါသတဲ့။ အဲဒီနိုင်ငံကို ရောက်ရောက်ချင်း ဆရာတပည့်နှစ်ယောက် ဈေးတစ်ခုကိုသွားပြီး ရိက္ခာသွားဝယ်ကြတဲ့အခါ ကန်စွန်းရွက် တစ်စည်း တစ်ကျပ်၊ အမဲသားတပိဿာ တစ်ကျပ်၊ ဆန်တစ်တင်း တစ်ကျပ်၊ ဘာမဆို တစ်ကျပ်ဈေးချည်း ဖြစ်နေတာ တွေ့ရပါသတဲ့။
အဲဒီအခါ တပည့်လုပ်သူက “ဆရာသခင် ကျွန်တော်ရှာနေတဲ့နိုင်ငံ တွေ့ပြီ။ ဒီမှာပဲ ကျွန်တော် အခြေချနေတော့မယ်ဆရာ” လို့ဆိုတော့ ဆရာလုပ်သူ ပညာရှိက ဘာကြောင့် ဈေးတွေတူနေရသလဲ။ ဘာကြောင့် သူ့ဈေးနဲ့သူ မရောင်းကြသလဲဆိုတာ စုံစမ်းတဲ့အခါ အဲဒီနိုင်ငံရဲ့ ဘုရင်ကြီးအမိန့်ကြောင့်လို့ ပြန်ဖြေကြသတဲ့။
ဒီတော့ ဆရာလုပ်သူက “တပည့် ဒီဒေသဟာ မနေအပ်တဲ့အရပ်ဖြစ်တယ်။ ဒီနိုင်ငံက ဘုရင်ကြီးဟာ ဘာမှ နားလည်ပုံ မရ ဘူး။ မင်းမနေပါနဲ့။ ဒုက္ခရောက်လိမ့်မယ်” လို့ အတန်တန်နားချပေမယ့် တပည့် လုပ်သူက နားမထောင်ဘဲ ဇွတ်နေရစ်ဖို့လုပ် နေတာကြောင့် “ကဲ… ပြောမရရင်လည်း မင်းနေခဲ့ပါ။ အလ္လဟ်အရှင်မြတ် အလိုတော်ရှိခဲ့ရင်တော့ မင်းဒုက္ခရောက်တဲ့အချိန် ငါကယ်တင်နိုင်ပါလိမ့်မယ်” ဆိုပြီး တစ်ယောက်တည်း ခရီးဆက်ထွက်သွားသတဲ့။
ဒီလိုနဲ့တပည့်လုပ်သူဟာ အဲဒီနိုင်ငံမှာ နေလာခဲ့တာ တစ်လလောက်ကြာလာတဲ့အခါ အဲဒီနိုင်ငံမှာ လူသေမှုတစ်ခု ဖြစ်ပါ သတဲ့။ ဖြစ်ပုံက သူခိုးတစ်ယောက်ဟာ ညအချိန်အိမ်တစ်အိမ်က ပစ္စည်းခိုးဖို့အတွက် အုတ်နံရံစည်းရိုးကို ကျော်တက်ရာက အုတ်နံရံပြိုကျပြီး သူခိုး နံရံပိသေတာဖြစ်ပါသတဲ့။
အဲဒီအမှုဟာ ဘုရင်ကြီးဆီရောက်လာတဲ့အခါ “အုတ်နံရံကို ခိုင်မာအောင်မလုပ်တဲ့ အိမ်ပိုင်ရှင်မှာ အပြစ်ရှိတယ်။ အိမ်ပိုင်ရှင် ကို သတ်စေ” လို့ အမိန့်ချသတဲ့။
အဲဒီအခါ အိမ်ပိုင်ရှင်က “ဘုရင်ကြီးခင်ဗျား ဒီအုတ်နံရံဟာ ပန်းရံသမားလုပ်တဲ့ အုတ်နံရံပါ” ဆိုတော့ ဘုရင်ကြီးက “ဒီလိုဆို ပန်းရံသမားအပြစ်ပေါ့။ အိမ်ရှင်ကို လွှတ်၊ ပန်းရံသမားကို သတ်စေ” လို့ အမိန့်ချပြန်ပါသတဲ့။
အဲဒီအခါ ပန်းရံသမားက “ဘုရင်ကြီးခင်ဗျား ဒီနံရံကိုလုပ်ဖို့ ဖျော်ထားတဲ့ အင်္ဂတေမဆလာပုံးနားမှာ ထားတဲ့ ရေပုံးကို နွားတစ်ကောင်ကန်သွားလို့ အင်္ဂတေမှာ ရေတွေများပြီး နံရံပြိုရတာပါ။ နွားမှာအပြစ်ရှိပါတယ်” လို့လျှောက်ထားပြန်တော့ ဘုရင်ကြီးက “ဟာ.. ဒါဆို အဲဒီနွားကို သတ်စေ။ ပန်းရံသမား လွှတ်စေ” ဆိုပြီး အမိန့်ချပြန်ပါသတဲ့။
အဲဒီနွားကို ရှာတဲ့အခါ နွားက နွားသတ်ရုံရောက်ပြီး သတ်ပြီးသား ဖြစ်နေတဲ့အခါ “နွားသတ်ရုံပိုင်ရှင်ကို သတ်စေ” လို့ အမိန့်ချပြန်ပါသတဲ့။ နွားသတ်ရုံပိုင်ရှင်ကို လည်ပင်းကြိုးကွင်းစွပ်ပြီး သေဒဏ်ပေးတဲ့အခါ ပုံပန်းမကျဘဲ လည်ပင်းနဲ့ခေါင်း တဆက်တည်းဖြစ်နေတော့ ကြိုးကွင်းက လျှောလျှောထွက်နေပြီး ကြိုးပေးမရဖြစ်နေသတဲ့။ အဲဒီအကြောင်း ဘုရင်ကြီးကို လျှောက်တဲ့အခါ “ဟ၊ ဒီလိုဆို အဲဒီကြိုးကွင်းနဲ့တော်တဲ့ တွေ့တဲ့လူတစ်ယောက်ယောက်ကို ကြိုးပေးကွာ” လို့အမိန့်ချပြန် သတဲ့။
အဲဒီအချိန်မှာ အာဏာပါးကွက်သားတွေက နီးရာလူကိုရှာတဲ့အခါ ဒီကိစ္စဘယ်လိုရှင်းမလဲ သိချင်လို့ လိုက်ကြည့်နေတဲ့ ဧည့်နိုင်ငံသား တပည့်ဖြစ်သူကိုတွေ့ပြီး လည်ပင်းကို ကြိုးကွင်းစွပ်လိုက်ကြပါသတဲ့။
အဲဒီအခါ တပည့်ဖြစ်သူဟာ “ဆရာသခင်စကားကို နားမထောင်မိတာတော့ မှားပြီ။ အလ္လဟ်အရှင်မြတ် ကယ်တော်မူပါ” ဆိုပြီး ရုန်းကန်အော်ဟစ်နေသတဲ့။ တိုက်တိုက်ဆိုင်ဆိုင်ပဲ အဲဒီအချိန်မှာ ဆရာလုပ်သူဟာ လူအုပ်ထဲကထွက်လာပြီး “မင်းကို ငါကယ်မယ်၊ မင်းစိတ်ကို ငြိမ်ငြိမ်ထား။ ငါပြောတာ တသွေမတိမ်းနားထောင်ပါ။ အခု မင်းလည်ပင်းက ကြိုးကွင်းကို ငါကလုပြီး ငါ့လည်ပင်းမှာစွပ်မယ်။ မင်းက ပြန်လုပြီး မင်းလည်ပင်းမှာစွပ်ပါ” လို့ သင်ပေးပြီး ဆရာတပည့်နှစ်ယောက် ကြိုးကွင်းကို အပြန်အလှန်လုပြီး စွပ်နေကြပါသတဲ့။
အဲဒီသတင်းကို ဘုရင်ကြီးကြားတဲ့အခါ “ဟ၊ ဒွန္နယားကြီးဟာ ထူးဆန်းလှချည်လား” ဆိုပြီး ကိုယ်တိုင် လူသတ်ကုန်းကို ဆင်းလာပြီး အကျိုးအကြောင်းမေးတဲ့အခါ ဆရာလုပ်သူပညာရှိက “ဘုရင်ကြီးခင်ဗျား ဒီအချိန်ဟာ ကောင်းကင်ဘုံ ဂျန္နတ် တံခါးဖွင့်ချိန် ဖြစ်ပါတယ်။ ဒီကြိုးနဲ့ ဒီအချိန်သေတဲ့သူဟာ ဂျန္နတ်ကို တန်းရောက်မှာပါ။ သူက ကျွန်တော့်တပည့်ပါ။ ကျွန်တော်က ဆရာဆိုတော့ ဂျန္နတ်ကို သူ့ထက်ပိုရောက်သင့်လို့ လုရတာပါ” လို့ဖြေသတဲ့။
အဲဒီအခါ ဘုရင်ကြီးက တချက်တွေကနဲ စဉ်းစားပြီး “ဟ.. ဒီနိုင်ငံဟာ ငါ့နိုင်ငံကွ. ဂျန္နတ်ကိုသွားဖို့ ငါ့ထက် သင့်တော်တဲ့သူမရှိဘူး။ ပေးစမ်း… မင်းလည်ပင်းက ကြိုးကွင်း” ဆိုပြီး သူ့လည်ပင်းသူ ကြိုးကွင်းစွပ်၊ အာဏာပါးကွက်သား တွေကို `မြန်မြန်ဆွဲတင်ကြ၊ အချိန်ကိုက်ဖြစ်မှ´ လို့ အမိန့်ပေးတော့ အာဏာပါးကွက်သားတွေက ကြောက်ကြောက်နဲ့ ကြိုးကိုဆွဲတင်လိုက်တာ ဘုရင်ကြီး အသက်ပျောက်ပါရောတဲ့ဗျာ…။


(၄)
“ကဲ… ပုံပြင်ကတော့ ဒါပါပဲဗျာ၊ ခင်ဗျားမေးခွန်းကိုလည်း ကျုပ်ဖြေပြီးပြီ။ ဘယ်နှယ့်လဲ” ဆိုတော့ Mr. Woo က
“အိုး အိုင်ဆီး… အိုင်ဆီး အိုင်ဆီး၊ ခွီး ခွီး” ဆိုပြီး တံတွေးတွေ သီးအောင် ရယ်မောနေလေ၏။
Mr Woo ဟာ ဘုရင်ကြီးရဲ့ ဇာတ်သိမ်းကို သဘောကျ၍ ရယ်မောလေသလော၊ ကျွန်တော်ဖြေပုံ ဥပမာကို သဘောကျလို့ ရယ်မောလေသလော၊ မင်းဒင်မဝေခွဲနိုင်ပါ။ မင်းဒင်ရင်ထဲတွင်မူ ပြည်သူပြည်သားတွေအတွက် ရင်ဆို့နေပါသည်။
xxxxxxxxxxxxxxxx


 (ဖော်ပြပါစာမူသည် ၂၀၀၆ ခုနှစ်က ရေးသားခဲ့ခြင်းဖြစ်ပါသည်။ မကြာမတင်ကာလများက နိုင်ငံ၏သရုပ်ဟောင်းကို ပစ္စက္ခအခြေအနေနှင့် ချိန်ထိုးစေ့ငုနိုင် ရန် ပြန်လည်ဆန်းသစ်ခြင်းဖြစ်ပါသည်။)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...