Thursday, June 6, 2013

သစ်ထူးလွင် သတင်းစုစည်းမှု (၅-၆)

သစ်ထူးလွင်



Posted: 05 Jun 2013 07:25 AM PDT
ဇွန်လ (၅)ရက်နေ့ ထုတ် SHADE ဂျာနယ်၊ အတွဲ(၇)၊ အမှတ်(၂၀)၊
ဂျာနယ် ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ



Posted: 05 Jun 2013 06:57 AM PDT
ရန်ကုန်တိုင်း ဒလမြို့နယ် ခနောင်ချောင်းဝနဲ့ တုံးတင်ကန်မြောက် ကျေးရွာ ၂ရွာက လယ်သမား ၄၄ယောက်ဟာ သိမ်းယူခံထားရတဲ့ လယ်မြေတွေပေါ် ဇွန်လ ၅ရက်နေ့မှာ စတင်ထွန်ယက်လိုက်ကြပါတယ်။--
ရုပ်/သံ ကြည့်ရှုရန် ဒီနေရာကို နှိပ်ပါ



Posted: 05 Jun 2013 06:42 AM PDT
မြန်မာအစိုးရနှင့် ကချင်လွတ်မြောက်ရေးအဖွဲ့(KIO) တို့အကြား တကျော့ပြန် တိုက်ပွဲများ ပြန်လည်ဖြစ်ပွားသည့် ကာလအတွင်း ကချင်အမျိုးသမီးများအား တရုတ်နိုင်ငံဘက်ခြမ်းသို့ လူကုန်ကူးခံရအောင် တွန်းပို့ပေးသလိုဖြစ်နေကြောင်း ထိုင်းနိုင်ငံအခြေစိုက် ကချင်အမျိုးသမီးအစည်းအရုံး-ထိုင်းနိုင်ငံ(KWAT) ယနေ့ ပြောကြားလိုက်သည်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 05 Jun 2013 06:44 AM PDT
တနသာင်္ရီတိုင်း၊ ကော့သောင်းမြို့တွင် ကျောက်မီးသွေး ဓါတ်အားပေး စက်ရုံ မတည်ဆောက်မီက ဓါတ်အားခ 200 ကျပ် နှုန်းဖြင့်သာ ပေးဆောင်ရမည်ဟု ကတိပေးပြီး မြို့တွင်း နေရာတွင် တည်ဆောက်ခဲ့ပါသည်။ အခု တည်ဆောက်ပြီး စီးသည်နှင့် ဓါတ်အားခ အား400ကျပ် နည်းပါး ပေးဆောင်နေရပါသည်။ မြို့လယ်ခေါင်တွင် တစ်နေကုန် ဆူညံသံများဖြင့် လည်ပတ်နေသော်လည်း ဆင်းရဲသား ရပ်ကွက်များတွင် မီးအချိန်မှန် မလာခြင်း၊ ဓါတ်အားနည်းခြင်း တို့ကြောင့် ပေးဆောင်နေ ရသော ဈေးနှုန်းနှင့် မကိုက်ညီမှုများကို အခုများ ကာလတွင် ခံစားနေရပါသည်။ ----
ပေးစာ အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

ကော့သောင်း ကျောက်မီးသွေး ဓါတ်အားပေး စက်ရုံ

Posted: 05 Jun 2013 06:05 AM PDT
ဦးလှသန်းသည် သဘာဝ ဒီရေတောကြီးကို တရားမ၀င် အပြောင်ခုတ်ထွင် ရှင်းလင်းပြီး ငါးကန်၊ပုဇွန်ကန်တွေလုပ်၊ အအေးခန်း စက်ရုံတွေ တည်ဆောက်၍ ရရှိသော အကျိုးအမြတ် အချို့ဖြင့် လူမှုရေး၊ ပညာရေး၊ ဘာသာရေးနှင့် ကျန်းမာရေး တို့အတွက် အထိုက်အလျောက်ပံ့ပိုးပြီး ဒေသခံလူ ၅၀၀၀ လောက်ကို အလုပ် အကိုင်ပေးနိုင်သော လုပ်ငန်းမျိုးကို နိုင်ငံတော်က ဂုဏ်ပြုချီးမြှင့်ခြင်းသည် မှာ မှားနေပြီလား၊ သူခိုးလမ်းပြ၊ ဓါးပြအားပေးသကဲ့သို့များ ဖြစ်နေပြီလားဟု မိမိအနေဖြင့် စိုးရိမ်ထိတ်လန့်စွာ တွေးတောပူပန်မိပါသည်။ အကြောင်းမှာဒီရေတောများသည် အထူးသဖြင့်ကမ်းရိုးတမ်းနေအောက်ခြေလူတမ်းစားများ၏ ရိက္ခာဖူလုံရေး၊ အသက်အိုးအိမ်လုံခြုံရေးတို့အတွက် ရေရှည်တည်တံ့ဖွံ့ဖြိုးအောင် ထိန်းသိမ်းထားရန် လိုအပ်သောကြောင့် ဖြစ်ပါသည်။ ----

ဆောင်းပါး အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 05 Jun 2013 05:42 AM PDT
၂.၆.၂၀၁၃ ရက်နေ့ ၂၂၃၀ အချိန် စမ်းချောင်းမြို့နယ်၊ ဓမ္မာရုံလမ်းရှိ ဟိုတယ်တွင် ရောက်ရှိ တည်းခိုနေထိုင်သူ ဆရာဝန်စိုင်းဘိုဘိုထွန်းအား ၃.၆.၂၀၁၃ ရက်နေ့ ၁၆၀၀ အချိန်တွင် အခန်းခရှင်းရန် အတွက် ဟိုတယ်ဝန်ထမ်းမှ ခေါ်ရာမရသဖြင့် ရဲစခန်းသို့အကြောင်းကြားပြီး အခန်းအား ဖွင့်လှစ်စစ်ဆေးရာ သေဆုံးနေသည်ကိုတွေ့ရှိရသဖြင့် စမ်းချောင်းမြို့မရဲစခန်းမှ သေမှုသေခင်းအမှတ်စဉ် ၁၂/၂၀၁၃ ဖြင့်ဖွင့်လှစ်စစ်ဆေးဆောင်ရွက်ခဲ့ပါသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ




Posted: 05 Jun 2013 05:38 AM PDT
၅.၆.၂၀၁၃ ရက်နေ့ ၀၆၀၀ အချိန် ကွမ်းခြံကုန်းမြို့နယ်၊ လက်ခုပ်ကုန်းကျေးရွာအနောက်ပိုင်းနေ မဌေးဌေးဝင်း၊ ၄၀နှစ်၊ (ဘ)ဦးနီ သည် နေအိမ်နောက်ဖေးရှိ ရေအိမ်သို့သွားစဉ် လမ်းကြားဓါတ်တိုင်မှ နေအိမ်သို့ သွယ်တန်းထားသည့် ပြုတ်ကျနေသော လျှပ်စစ်မီးကြိုးအား ထိမိပြီးဓါတ်လိုက်နေ၍ အိမ်ချင်းကပ်နေ မဇာဇာနွယ်၊ ၃၅နှစ်၊(ဘ)ဦးစိုးဝင်းမှ သွားရောက်ဆွဲယူဖယ်ရှားရာ မဇာဇာနွယ်ပါထပ်မံဓါတ်လိုက်ပြီး ၎င်းတို့ (၂)ဦးစလုံးဓါတ်လိုက်သေဆုံးသွားခဲ့သဖြင့် လက်ခုပ်ကုန်းနယ်မြေရဲစခန်းမှ သေမှုသေခင်းအမှတ်စဉ် (၁/၂၀၁၃)ဖြင့် ရေးဖွင့် စစ်ဆေးဆောင်ရွက် လျက်ရှိကြောင်း ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့ က သတင်း ထုတ်ပြန်ထားပါသည်။

Myanmar News Now


Posted: 05 Jun 2013 05:30 AM PDT
ဇွန်လ (၈)ရက်နေ့ ထုတ် Netguide ဂျာနယ် အတွဲ(၂) အမှတ်(၈၇)

ဂျာနယ် ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ


Posted: 05 Jun 2013 05:27 AM PDT
ဇွန်လ(၇)ရက်နေ့ ထုတ်  The Hot News Weekly  အတွဲ(၃) အမှတ်(၁၄၃)
ဂျာနယ် ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ


Posted: 05 Jun 2013 05:24 AM PDT
ဇွန်လ (၆)ရက်နေ့ ထုတ် ပညာပဒေသာ  ဂျာနယ် အတွဲ ၂၊ အမှတ် ၁၉
ဂျာနယ် ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ



Posted: 05 Jun 2013 05:20 AM PDT
ဇွန်လ (၅)ရက်နေ့ ထုတ် ကျန်းမာရေးနှင့် ဆေးပညာ ဂျာနယ် အတွဲ ၁၀၊ အမှတ် ၂၉

ဂျာနယ် ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ


Posted: 05 Jun 2013 05:10 AM PDT
ဇွန်လ (၅)ရက်နေ့  ဗုဒ္ဓဟူးနေ့ ထုတ် မြန်မာ့အလင်း နေ့စဉ်သတင်းစာ
သတင်းစာ ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ



Posted: 05 Jun 2013 05:07 AM PDT
ဇွန်လ (၅)ရက်နေ့  ဗုဒ္ဓဟူးနေ့ ထုတ် ကြေးမုံ နေ့စဉ်သတင်းစာ
သတင်းစာ ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ




Posted: 05 Jun 2013 05:03 AM PDT
ဇွန်လ (၅)ရက်နေ့  ဗုဒ္ဓဟူးနေ့ ထုတ်  မြ၀တီ နေ့စဉ်သတင်းစာ
သတင်းစာ ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ



Posted: 05 Jun 2013 04:56 AM PDT
သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ထိရောက်အောင် ဆောင်ရွက်ရာမှာ အစိုးရနဲ့ ပြည်သူတရပ်လုံး ပူးပေါင်းပါဝင်ဖို့  လိုအပ်နေသေးတယ်လို့ လှုပ်ရှားကြသူတွေက ပြောပါတယ်။ ဒီနေ့ကျရောက်တဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့မှာ အခုလို ပြောကြားလိုက်ကြတာပါ။ သဘာဝပပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့မှာ မန္တလေးစိမ်းရောင်စိုအဖွဲ့က မန်းတောင်ခြေနဲ့ ရာပြည့်ရွှေကျင်ကျောင်းတိုက်မှာ သစ်ပင် ၅၀၀ စိုက်ပျိုးခဲ့ကြပြီး ----

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

မန္တလေးတောင်ခြေ ရွှေကျင်ကျောင်းကြီးတွင် သစ်ပင်များ စိုက်ပျိုး(Photo_ Kyaw Soe Min)

Posted: 05 Jun 2013 04:44 AM PDT
စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘို မြို့နယ်တွင် ပြီးခဲ့သည့်နှစ်က ဈေးကောင်းရခဲ့၍ ကွမ်းကို ပိုမို စိုက်ပျိုးကြရာ ကွမ်းပေါ် ချိန်တွင် ဈေးအလွန်အမင်း ကျဆင်းနေမှု များကြောင့် ကွမ်းခြံ ပိုင်ရှင်များ ရွာလုံး ကျွတ်နီးပါး အရှုံးပေါ်လျက် ရှိကြောင်း အဆိုပါ ဒေသခံ ကွမ်းခြံ ပိုင်ရှင်များထံမှ စုံစမ်းသိရှိ ရသည်။ ပြီးခဲ့သည့်နှစ် အလားတူ ကာလအတွင်းက ကွမ်းတစ်ပိဿာလျှင် ၉၀၀၀ မှ ၁၀,၀၀၀ ကျပ်အထိ ရရှိခဲ့ပြီး ဈေးကျဆင်း သွားချိန်တွင်ပင် ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ




Posted: 05 Jun 2013 04:40 AM PDT
အရှေ့တောင်အာရှနိုင်ငံများတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ အရှိန်နှင့်လှိမ့် ဝင်လာချိန်၌ တရုတ်-မြန်မာဆက်ဆံရေး အနည်းငယ် တင်းမာခဲ့သဖြင့် လွန်ခဲ့သည့် နှစ်များနှင့် နှိုင်း ယှဉ်ပါက မြန်မာနိုင်ငံ အတွင်း တရုတ် ရင်းနှီးမြှုပ်နှံမှုများ သိသာစွာ ကျဆင်းလျက်ရှိကြောင်း The Wall Street Journal သတင်းတွင် ရေးသားဖော်ပြထားသည်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ




Posted: 05 Jun 2013 04:23 AM PDT
ထိုင်းနိုင်ငံ အလယ်ပိုင်း အယုဒ္ဒယခရိုင် ထာ့ရူးရ်မြို့နယ်ထဲမှာ စွန့်ပစ်ခံရတဲ့ မွေးကင်းစ တစ်ဦးကို ခွေးလိမ္မာ တစ်ကောင်က ကယ်တင်ခဲ့တယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြထားပါတယ်။

ရုပ်/သံ ကြည့်ရှုရန် ဒီနေရာကို နှိပ်ပါ



Posted: 05 Jun 2013 04:13 AM PDT
လှိုင်သာယာမြို့နယ်အတွင်းတွင် တရားမဝင် ဆိုင်ကယ်စီးနင်းမှုများကို လိုက်လံဖမ်းဆီးနေသည့် အာဏာပိုင်များ ကိုယ်တိုင် ဆိုင်ကယ် စီးနင်းနေမှုကို ဒေသခံအချို့က မကျေနပ်ကြောင်း မဇ္ဈိမကို ပြောသည်။ လှိုင်သာယာမြို့နယ် ရန်ကုန် '' ပုသိမ်လမ်းမကြီးပေါ်တွင် ယခုလ ၁ ရက်မှ စတင်ပြီး တရားမဝင် ဆိုင်ကယ်စီးနင်း မှုများကို ဖမ်းဆီးမှုများ ပြုလုပ်လာကြောင်း ဒေသခံများကဆိုသည်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

လှိုင်သာယာမှာ မေလ(၅)ရက်နေ့ ညနေပိုင်း က ဆိုင်ကယ်စီးလာသူတဦးအား တွေ့ ရစဉ်


Posted: 05 Jun 2013 03:42 AM PDT
တောင်ငူခရိုင် ကျောက်ကြီးမြို့နယ် မုန်းဒေသ တုံးတောရွာတွင် ဖြစ်ပွား ခဲ့သည့် ပဋိပက္ခကို စတင်ဖန်တီးသူ သုံးဦးအနက် နှစ်ဦးကို မေလ ၃၁ ရက်နေ့ က ကျောက်ကြီး မြို့နယ်တရားရုံးက ထောင်ဒဏ် ခြောက်လ ချမှတ်ခဲ့ကြောင်း ကျောက်ကြီးမြို့နယ် တရားသူကြီး ဦးမြင့်ကျော်က The Voice သို့ ပြောကြားသည်။ ကျန်တစ်ဦးကို ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ ၂၉၅(က)အရ ဆက်လက်အရေး ယူမည်ဖြစ်ကြောင်း ကျောက်ကြီးမြို့နယ် တရားသူကြီးက ရှင်းပြသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 05 Jun 2013 03:15 AM PDT
မန်း၃၅၊ ၃၆လမ်းရှိ အထက(၃) စာသင်ကျောင်းအား ယနေ့နံနက်၁၀ နာရီအချိန့်ခန့်က လူတစ်စုမှ အော်ဟစ်သွားသဖြင့် ရုတ်ရုတ်ဖြစ်ပွား ခဲ့ကြောင်း သိရသည်။ ကျောင်းသားတွေ တချို့ကိုသာ မိဘတွေ အိမ်ပြန်ခေါ်သွားတာ တချို့ကျောင်းထဲမှာပဲ ရှိပါသေးတယ် ဟုအဆိုပါ ကျောင်းအနီးရပ်ကွက်တွင် နေထိုင်သူ အမျိုးသမီးတစ်ဦးက ပြောသည်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 05 Jun 2013 03:02 AM PDT
ကက်ရှ်မီးယားက ပထမဆုံး အမျိုးသမီး ရော့ခ်ဂီတ၀ိုင်းက သူတို့ အောင်မြင်မှုတွေ အားလုံးကို စွန့်လွှတ်ဖို့ ဆုံးဖြတ်လိုက်ပါပြီ။ “ပရာဂါစ်” (ပထမဆုံးအလင်းရောင်) အမည်နဲ့ အမျိုးသမီးရော့ခ်ဂီတ၀ိုင်းက အချိန်တိုအတွင်းမှာပဲ အောင်မြင်မှုတွေ ရခဲ့ပေမယ့် သူတို့ရဲ့အနုပညာကို အစ္စလာမ်ဘာသာတရားနဲ့ သူတို့ အသိုက်အ၀ိုင်းက ခွင့်မပြုခဲ့ပါဘူး။ ကက်ရှ်မီးယားက လူတွေက ကျမတို့ကို သဘောမကျဘူးဆိုတာကို မသိခဲ့ပါဘူး။ အခုတော့ သိပါပြီ။ ဒါကြောင့် အခု စွန့်လွှတ်လိုက်ပြီ” လို့ အသက် ၁၆ နှစ်အရွယ် အနီကာ က ပြောပါတယ်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 05 Jun 2013 02:57 AM PDT
ထိုင်းတောင်ပိုင်း ဒုက္ခသည်စခန်းတွေထဲက ရိုဟင်ဂျာတွေကို ဘယ်တတိယနိုင်ငံကမှ လက်မခံလိုကြဘူးလို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူ ဒီကနေ့မှာ ပြောကြားလိုက်ပါတယ်။ ထိုင်းနိုင်ငံအနေနဲ့ ဒုက္ခသည်စခန်းတွေမှာ လပေါင်းများစွာ ထိန်းသိမ်းထားတဲ့ ရိုဟင်ဂျာ လှေစီးဒုက္ခသည်နှစ်ထောင်ခန့်ကို တတိယနိုင်ငံတစ်ခုခုကို လွှဲပြောင်းနေရာချထားဖို့ ကြိုးစားရာမှာ ဘယ်နိုင်ငံကမှလက်ခံဖို့ လိုလားတာမတွေ့ရကြောင်း၊  ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 05 Jun 2013 03:47 AM PDT
ဒီနေ့မနက်ပိုင်းကစပြီး  မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့မှာ မလေးရှား ရဲတပ်ဖွဲ့နဲ့ လူဝင်မှုကြီးကြပ်ရေးတို့ပါဝင်တဲ့ ပူးပေါင်းအဖွဲ့ဟာ မြန်မာအလုပ်သမားတွေကို စီမံချက်နဲ့ ဖမ်းဆီးထိန်းသိမ်းနေတယ်လို့ မြန်မာလူမှုရေးအဖွဲ့တွေက ပြောပါတယ်။ ကွာလာလမ်ပူမြို့ပေါ်က မြန်မာဆိုင်တွေကို ၀င်ရောက် ဖမ်းဆီးခဲ့တာဖြစ်ပြီး ညနေပိုင်းထိ မြန်မာ ၁၀၀၀ လောက် ဖမ်းဆီးခံထားရတယ်လို့ မျက်မြင်တွေ့ရှိခဲ့သူ ဦးသီဟက ပြောပါတယ်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 05 Jun 2013 02:45 AM PDT
မြန်မာနိုင်ငံက ပထမဆုံးအကြိမ် အိမ်ရှင်အဖြစ် တာဝန်ယူကျင်းပမည့် ကမ္ဘာ့ စီးပွားရေး ဖိုရမ် - အရှေ့အာရှ(WEF) သို့ တက်ရောက်ရန် ဖိလစ်ပိုင်နိုင်ငံသမ္မတ ဘန်နစ်နို အကွီနိုသည် ဇွန်လ ၇ ရက်နေ့တွင် မြန်မာနိုင်ငံသို့ ပထမဆုံးအကြိမ် လာရောက်မည် ဖြစ်ကြောင်း နိုင်ငံတော်သမ္မတရုံး တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။ ဖိလစ်ပိုင်သမ္မတ၏ ခရီးစဉ်အတွင်း သမ္မတဦးသိန်းစိန်၊ ဒေါ်အောင်ဆန်းစုကြည် တို့နှင့် ၎င်း သမ္မတ သက်တမ်းတစ်လျှောက် ပထမဆုံးအကြိမ် တွေ့ဆုံမည် ဖြစ်ကြောင်း၊ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...