Friday, June 7, 2013

သစ်ထူးလွင် သတင်းစုစည်းမှု (၆-၆)

သစ်ထူးလွင်



Posted: 06 Jun 2013 06:15 AM PDT
ဇွန် ၆ ရက်နေ့ နေပြည်တော်မှာ ပြုလုပ်တဲ့ ကမ္ဘာ့စီးပွားရေး ဖိုရမ်အကြို ဆွေးနွေးပွဲအဖြစ် ပြည်ထောင်စု ၀န်ကြီး ဦးစိုးသိန်း၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေး အကျဉ်းသားဟောင်း တဦးဖြစ်ခဲ့တဲ့ ဒေါ်ဇင်မာအောင်တို့က မြန်မာနိုင်ငံရဲ့ အနာဂတ်နဲ့ ပတ်သက်ပြီးတော့ ဆွေးနွေး ခဲ့ပါတယ်။ နေပြည်တော် အမ်အိုင်စီစီမှာ ကျင်းပတဲ့ ကမ္ဘာ့ စီးပွားရေးဖိုရမ် အကြိုဆွေးနွေးပွဲမှာ လက်ရှိ ပြုပြင်ပြောင်း လဲရေးတွေဟာ နောက်ကြောင်း ပြန်လှည့် -မလှည့်၊ စစ်တပ် အခန်းကဏ္ဍ၊ အခြေခံ ဥပဒေပြုပြင်ပြောင်းလဲရေး၊ ရခိုင်ပြည်နယ် အရေးကိစ္စ၊ တရားဥပဒေ စိုးမိုးရေး ကိစ္စတွေကို အချေအတင် ဆွေးနွေးပွဲကို ဘီဘီစီအသံလွှင့်ဌာနက ကမကထမပြု လုပ်ဆောင်ပါတယ်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 06 Jun 2013 05:27 AM PDT
ယနေ့ မွန်းလွဲ ၃ နာရီ ခွဲခန့်က ရန်ကုန် -နေပြည်တော် အမြန်လမ်း မိုင်တိုင် ၁၈၀ ၊၅ဖာလုံတွင် နိုင်ငံခြားသားမောင်းနှင်လာသောမော်တော်ယာဉ်မှာ ၎င်း ရှေ့ရှိ အမျိုးသမီးတစ်ဦးမောင်းနှင်လာသော အိမ်စီးယာဉ်ငယ်အားကျော်တတ်စဉ် တိုက်မိကာ ယာဉ်နှစ်စီးလုံးတိမ်းမှောက်ခဲ့သည်။

ထိုယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်မောင်းဆွစ်ဇာလန်နိုင်ငံသား
နှင့် ၎င်းကားတွင်ပါ နိုင်ငံခြားသားတစ်ဦး၊ေ၇ှ့ကားမှ ယာဉ်မောင်းအမျိုးသမီးနှင့် ယင်းကားတွင်းပါ အခြားအမျိုးသမီးတစ်ဦးတို့ နေရာ၌သေဆုံးခဲ့ပြီး ထိုယာဉ်နှစ်စီးပေါ်ပါ အခြားခရီးသည် လေးဦးခန့် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနမှ သတင်းရ၇ှိသည်။

သူရထွန်း - Popular Myanmar News Journal

၆/၆/၂၀၁၃ မွန်းလွဲ ၂ နာရီခန့် နေပြည်တော် ရန်ကုန် မိုင်တိုင် ၁၈၀/၅ ပါရာဒို နှင့် AD Van ယှဉ်မောင်း တိုက်မှုဖြစ် ပါရာဒို ချောက်ထဲကျ နိုင်ငံခြားသား ၁ ဦးသေဆုံး AD Van လမ်းဘေးထိုးကျ အမျိုးသမီး ၂ ဦးသေဆုံး ။ ဓါတ်ပုံ - FB ကားပွဲစားတန်း

Posted: 06 Jun 2013 05:21 AM PDT
မြန်မာနိုင်ငံအတွင်း နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုက အခုဘဏ္ဍာနှစ်မှာ အမေရိကန်ဒေါ်လာ ၃ ဘီလီယံ (သန်း ၃၀၀၀) လောက် ၀င်ရောက်တဲ့အတွက် ပြီးခဲ့တဲ့ ဘဏ္ဍာနှစ်နဲ့ နှိုင်းယှဉ်ရင် ၂ ဆလောက် ပိုမိုဝင်ရောက်လာပါတယ်။ လက်ရှိ မြန်မာနိုင်ငံအတွင်း ၀င်ရောက်လာတဲ့ နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုက ပြီးခဲ့တဲ့ ဧပြီနဲ့မေ ၂ လတာကာလအတွင်းမှာ အမေရိကန်ဒေါ်လာသန်း ၃၈၀ နီးပါးလောက် ၀င်ရောက်မှုရှိခဲ့တာလို့ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှုးချုပ် ဦးအောင်နိုင်ဦးက ပြောပါတယ်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 06 Jun 2013 05:17 AM PDT
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ လဲချားမြို့နယ်၊ တပ်မောက်ကျေးရွာနေ စိုင်းပန္တိ ကိုင်ဆောင်သည့် ဖုန်းသို့ မိုဘိုင်းဖုန်းကုမ္ပဏီမှ ဗိုလ်မှူး တင်အောင် အမည် အသုံးပြုကာ စိုင်းပန္တိ၏အမည်နှင့် နေရပ်လိပ်စာများအား မေးမြန်းစုံစမ်းခဲ့ကြောင်း၊ ၎င်းနောက် ထိုသူက ဖုန်းအလုံး(၃၆ဝ)မဲဖောက်ရာ စိုင်းပန္တိ၏ ဖုန်းနှင့် အခြား ဖုန်း(၁)လုံးတို့မှာ ကံစမ်းမဲပေါက်ကြောင်း ဆက်သွယ်ခဲ့သည်ဟုသိရသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ 



Posted: 06 Jun 2013 05:07 AM PDT
ဇွန်လ (၆)ရက်နေ့ ထုတ် မဇ္ဈိမ နေ့စဉ်ထုတ် သတင်းစာ အတွဲ (၁)၊ အမှတ် (၁၀)

သတင်းစာ ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ

ဇွန်လ (၆)ရက်နေ့ ထုတ် ကြေးမုံ နေ့စဉ်သတင်းစာ

သတင်းစာ ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ


ဇွန်လ (၅)ရက်နေ့ ထုတ် ရွှေနိုင်ငံသစ်နေ့စဉ်သတင်းစာ အတွဲ (၁)၊ အမှတ် (၀၆၁)

သတင်းစာ ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ

ဇွန်လ (၄)ရက်နေ့ ထုတ် ရွှေနိုင်ငံသစ်နေ့စဉ်သတင်းစာ အတွဲ (၁)၊ အမှတ် (၀၆၀)

သတင်းစာ ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ






Posted: 06 Jun 2013 03:15 AM PDT
ကယားပြည်နယ် ရှားတောမြို့နယ် စုစည်းကျေးရွာတွေမှာ နေနေရတဲ့ ဒေသခံတွေက အစိုးရကနေ တရားဝင် အသိအမှတ်မပြုနိုင်သေးတဲ့ မူလရွာဟောင်းမှာ စားဝတ်နေရေးအတွက် သွားရောက်လုပ်ကိုင်နေချင်ကြပြီလို့ ဒေသခံတွေက ပြောပါတယ်။ အစိုးရနဲ့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(ကေအန်ပီပီ)အကြား တိုက်ပွဲတွေကြောင့် စုစည်းကျေးရွာတွေ ထူထောင်ခဲ့တာ ဖြစ်ပါတယ်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 06 Jun 2013 03:02 AM PDT
လက်နက်ကိုင် ပဋိပက္ခကြောင့် စစ်ဘေး ရှောင်သူများ ယာယီ နေထိုင်ရာ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ် (မြောက်ပိုင်း) ရှိ ဒုက္ခသည် စခန်းများအတွက် ခေတ္တ ရပ်နားထားသော ကူညီထောက်ပံ့ရေး စီမံကိန်း ပြန်လည်စတင်ပြီ ဖြစ်ကြောင်း ကုလသမဂ္ဂ လူသားချင်း စာနာထောက်ထား မှုဆိုင်ရာ အကူအညီ ပေးရေးအဖွဲ့ (UNOCHA) က ထုတ်ပြန် လိုက်သည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 06 Jun 2013 03:00 AM PDT
၂၀၁၃ ခုနှစ် တက္ကသိုလ်ဝင်တန်း အောင်စာရင်းများကို ဇွန်လ ၉ ရက်နေ့တွင် ထုတ်ပြန်နိုင်မည်ဟု ပညာရေး အသိုင်းအဝိုင်းမှ သိရှိရသည်။ အောင်စာရင်း ထုတ်ပြန်ခြင်းနှင့် ပတ်သက်၍ ပညာရေးဝန်ကြီးဌာန ကို မေးမြန်းခဲ့ရာ ဒုတိယဝန်ကြီး ဦးအေးကြူက" ဆရာတို့တောင် ရက်အတိအကျ မသိသေးပါဘူး ဇွန်လဆန်း စနေ၊ တနင်္ဂနွေ တစ်ရက်ရက်မှာ ထွက်မှာတော့ သေချာတယ်"ဟု ပြောကြားခဲ့သည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 06 Jun 2013 02:51 AM PDT
ရန်ကုန်တိုင်းဒေသကြီး၏ အကြီးဆုံး စက်မှုဇုန်တစ်ခုဖြစ်သော လှိုင်သာယာ စက်မှုဇုန်များတွင် လုပ်ငန်း တိုးချဲ့လုပ်ကိုင်ရန်အတွက် မြေကွက်များ မကျန် ရှိတော့ကြောင်း လှိုင်သာယာစက်မှုဇုန်ဥက္ကဋ္ဌ ဦးမြတ်သင်းအောင်က ပြော ကြားသည်။ လှိုင်သာယာစက်မှုဇုန် ၁၊ ၂၊ ၃၊ ၄၊ ၆၊ ၇ တို့တွင် လုပ်ငန်းလည်ပတ်မှု မရှိသည့် စက်ရုံ၂၀ ခန့်သာ ကျန်ရှိပြီး ဧက ၁၀၀၀ ကျော် ကျယ်ဝန်းသော ယင်းစက်မှု ဇုန်တွင် စက်ရုံ၊ အလုပ်ရုံပေါင်း ၅၈၀ ခန့်ရှိသောကြောင့် ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 06 Jun 2013 02:44 AM PDT
ရန်ကုန်၊ ဇွန် ၆

မြန်မာနိုင်ငံ ရုပ်ရှင် အစည်းအရုံး ဥက္ကဌ ဦးဇင်ဝိုင်းသည် ကျန်းမာရေး အခြေအနေကြောင့် ဆေးကုသရန် အတွက် ဥက္ကဌအဖြစ်မှ နှုတ်ထွက်စာကို ယနေ့တင်လိုက်ပြီ ဖြစ်ကြောင်း သိရသည်။

ထို့အတွက် အစည်းအရုံး နာယကများနှင့် အမှု ဆောင်အဖွဲ့က အရေးပေါ်အစည်းအဝေး တစ်ရပ်ပြုလုပ်ကာ ၄င်းဧ။် နှုတ်ထွက်စာကို လက်ခံခဲ့ကြောင်းနှင့် လစ်လပ်သွားသော မြန် မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး ဥက္ကဌ နေရာတွင် ဒုတိယ ဥက္ကဋ္ဌဖြစ်သော သရုပ်ဆောင် လူမင်းမှ ခေတ္တတာဝန် ယူမည် ဖြစ်ကြောင်းသိရသည်။

Popular Myanmar News Journal


Posted: 06 Jun 2013 02:41 AM PDT
မြန်မာ့လူဦးရေ၏ ၇၄ % သည် လျှပ်စစ်စွမ်းအင် သုံးစွဲနိုင်ခြင်း မရှိကြောင်း အာရှဒေသ ဆိုင်ရာ ကမ္ဘာ့စီးပွားရေး ဖိုရမ်တွင် ထုတ်ပြန်သော အစီရင်ခံစာတွင် ဖော်ပြထားသည်။ ဖိုရမ်က မြန်မာ့ စွမ်းအင်ကဏ္ဍ ပြုပြင်ြေ့ပာင်းလဲေ၇း များအတွက် တွန်းအား တစ်ရပ်ဖြစ်စေရန် New Energy Architecture :Myanmar Report ကို ထုတ်ပြန်လိုက်ပြီး မြန်မာ့စွမ်းအင် ကဏ္ဍအတွက် အကြံပြုချက် ၁၇ ခုကို တင်ပြထားသည်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ




Posted: 06 Jun 2013 02:24 AM PDT
ပဲခူးတိုင်းဒေသကြီး ရွှေကျင်မြို့နယ် ဒလဆိပ်ကျေးရွာအုပ်စု သစ်ဖယောင်းတန်း ကျေးရွာ မူလတန်းလွန် ကျောင်းအား နွေရာသီ ကျောင်းပိတ်ရက် အတွင်းက အသစ်ပြန်ဆောက် ရန်ဖျက်ပြီး  သစ်သားများအား စုပုံထား သော်လည်း ကျောင်းဖွင့်ချိန်အမီ ပြန်လည် တည်ဆောက် ပေးနိုင်ခြင်းမရှိသ
ဖြင့် ကျောင်းသားများ အခက်ကြုံနေ ကြောင်းသိရပါသည်။

ကျောင်းသားများမှာ ယာယီဝါးတဲထဲတွင် ဖြစ်သလို စာသင်နေရသဖြင့် ကျန်မာရေး ထိခိုက်နိုင်
သည့်အပြင် သင်ကြားရေးကိုလည်း အနှောက်အယှက် ဖြစ်စေသည်ဟု ယူဆပါ၍ သက်ဆိုင် ရာမှ ကူညီ ဖြေရှင်းပေးစေလိုကြောင်း ကျောင်းသား မိဘများက ပြောပါသည်။

Myanmar News Now


ယာယီဝါးကျောင်းဆောင်
ယခင်ကျောင်းဆောင်အဟောင်း

ကျောင်းဆောင်ဟောင်းမှသစ်ပုံ

Posted: 06 Jun 2013 02:17 AM PDT
ရခိုင်ပြည်နယ်တွင် ကလေးနှစ်ဦးထက် ပိုမမွေးရ ဟူသော ဒေသန္တရ အမိန့် အစိုးရသစ် လက်ထက်၌ ထုတ်ပြန်ထားခြင်း မရှိခဲ့ကြောင်း ပြည်နယ် အစိုးရအဖွဲ့ သတင်း ပြန်ကြားရေးနှင့် မှတ်တမ်း စုဆောင်းရေး ဆပ်ကော်မတီ ဥက္ကဋ္ဌ ပြည်နယ် ဥပဒေချုပ် ဦးလှသိန်းက ငြင်းဆိုသည်။--
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



ရခိုင်ပြည်နယ်အစိုးရအဖွဲ့ သတင်းပြန်ကြားရေးနှင့် မှတ်တမ်းစုဆောင်းရေး ဆပ်ကော်မတီ ဥက္ကဋ္ဌ ပြည်နယ် ဥပဒေချုပ် ဦးလှသိန်း။

ရခိုင်ပြည်နယ် ဥပဒေချုပ်ရုံးတွင် ပြုလုပ်သော ပြည်နယ်အစိုးရ၏ သတင်း စာရှင်းလင်းပွဲ။

Posted: 06 Jun 2013 02:10 AM PDT
မောင်တောခရိုင်အတွင်း ဘင်္ဂလီများအား လွန်ခဲ့သည့် မေလက ရခိုင်ပြည် အစိုးရမှ ထုတ်ပြန်ထားသော ကလေးနှစ်ယောက်သာ မွေးရမည်ဆိုသည့် ဒေသန္တရ အမိန့်ဥပဒေကို ထောက်ခံကြိုဆိုကြောင်း မင်းပြားမြို့တွင် လူပေါင်း ထောင်ကျော် ပါဝင်သည့် ဆန္ဒဖော်ထုတ်မှုတစ်ရပ်ကို ဇွန်လ ၅ ရက်နေ့၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

မင်းပြားမြို့တွင် ဒေသန္တရအမိန့် ထောက်ခံကြောင်း သံဃာတော်များအပါအဝင် မြို့သူမြို့သားများ ဆန္ဒထုတ်ဖော်နေကြစဉ်။

မင်းပြားမြို့တွင် ဒေသန္တရအမိန့် ထောက်ခံကြောင်း ဆန္ဒထုတ်ဖော်နေကြစဉ်။

Posted: 06 Jun 2013 01:57 AM PDT
ကချင်ဒေသမှ ဒုက္ခသည်များအရေး ကုလသမဂ္ဂ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ညှိနှိုင်းဆောင်ရွက်ရေးမှူး
Mr. Ashok Nigam နှင့် တွေ့ဆုံခြင်း။

ပထမဆုံးအနေနဲ့ အစိုးရနဲ့  KIO က မေ ၃ဝ ရက်နေ့ ဆွေးနွေးပွဲကနေ သဘော တူညီချက် ၇ ချက်ကို ရေးထိုးနိုင်တဲ့ အပေါ် UN က ဘာပြောလိုပါသလဲ။

ဒီအချက် ၇ ချက်က အင်မတန် အပြုသဘောဆောင်တဲ့ ခြေလှမ်းဖြစ်ပါ တယ်။ ကျွန်တော်တို့ ကြိုဆိုပါတယ်။

ဒီ ၇ ချက်ထဲမှာ IDP  (ပြည်တွင်း၌ ရွှေ့ ပြောင်းသွားလာသည့် ဒုက္ခသည်)တွေနဲ့ ပတ်သက်ပြီး ထူထောင်ရေးအပိုင်းတွေ ကို နှစ်ဖက် ဆက်လက်ဆောင်ရွက်သွားဖို့ ဆိုပြီး ပါပါတယ်။ အဲဒီလို လုပ်တဲ့အခါ UN ကရော ဘယ်လိုကူညီမှုတွေ ဆက်လက်လုပ်ဖို့ရှိပါမလဲ။

အင်တာဗျူး အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ




Posted: 06 Jun 2013 01:51 AM PDT
လှိုင်သာယာရှိ အထည်ချုပ်စက်ရုံ တစ်ခုမှ ဒုစက်ရုံမှူး ဦးအောင်ဝင်းဖြစ် သူအား စက်ရုံအတွင်း လုပ်ငန်းခွင် ကျန်းမာရေးဆေးစစ်ပြီးနောက် စက်ရုံ ပိုင်ရှင်မှ ရုတ်တရက်အလုပ်မှထုတ်ပစ် လိုက်သည်ဆိုသော သတင်းက စက်ရုံ တစ်ခုလုံးကို အုတ်အော်သောင်းနင်း ဖြစ်သွားစေသည်။သို့သော် လွန်ခဲ့သော တစ်လက လုပ်ငန်းခွင်အတွင်း ဝန်ထမ်းများအား ဆေးစစ်ပြီးချိန်၌ ဦးအောင်ဝင်းထံ၌ HIV ပိုးတွေ့ရှိသည်ဟူသော သတင်း ထွက်ပေါ်လာမှုနှင့်အတူ မကြာမီရက် ပိုင်းအတွင်းမှာပင် သူ့အား စက်ရုံပိုင် ရှင်က ခေါ်တွေ့ကာ လုပ်အားခ သုံးလ စာပေး၍ အလုပ်မှထုတ်ခဲ့သည့်အတွက် ဒုစက်ရုံမှူး ဦးအောင်ဝင်း ဘဝမှ ဆိုက် ကားဆရာဦးအောင်ဝင်းဘဝ သို့ ရောက် ရှိသွားခဲ့သည်။ ---

ဆောင်းပါး အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


HIV ရောဂါဖြင့် ကွယ်လွန်သူများအား အောက်မေ့ဖွယ် အဋ္ဌမအကြိမ်မြောက် မီးထွန်းဆုတောင်းပွဲတွင် ဒေါ်အောင်ဆန်းစုကြည် မီးထွန်းဆုတောင်းနေစဉ်(ဓာတ်ပုံ - သူရထွန်း)

Posted: 06 Jun 2013 01:44 AM PDT
မြို့ပြ ဖွံ့ဖြိုးမှု မဟာဗျူဟာ စီမံကိန်းအရ ရန်ကုန်မြို့တော်တွင် စက်မှုဇုန် ဧရိယာများ တိုးချဲ့ရန် ဟက်တာ ၇၀၀ ခန့် လိုအပ်ကြောင်း မဟာရန်ကုန် မြို့ပြ ဖွံ့ဖြိုးမှု မဟာစီမံကိန်း၏ အဖွဲ့ခေါင်းဆောင် Mr.Koji Yamada က ရန်ကုန်မြို့ Chatrium ဟိုတယ်၌ ဇွန်လ ၅ ရက်က ကျင်းပသည့် မဟာရန်ကုန် မြို့ပြ ဖွံ့ဖြိုးမှု မဟာစီမံကိန်း အလုပ်ရုံ ပွဲတွင် ပြောကြားသည်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 06 Jun 2013 01:38 AM PDT
ပါကစ္စတန်နိုင်ငံမှာ ကွာရတ္တာမြို့ကတော့ အမှားအယွင်းမခံတဲ့မြို့လို့ ဆိုရမှာပါ၊  မြို့ရဲ့ လူဦးရေထဲမှာ ဟာဇာရာတိုင်းရင်းသားအုပ်စုက တ၀က်လောက် ရှိပါတယ်။ ဟာဇာရာတိုင်းရင်းသားဆိုတာက ဆွန်နီ မွတ်စလင်တွေ လွှမ်းမိုးထားတဲ့ ပါကစ္စတန်မှာ လူနည်းစု တိုင်းရင်းသားအုပ်စု ဖြစ်ပါတယ်။ ဇန်န၀ါရီလအတွင်းက ဟာဇာရာတိုင်းရင်းသားတွေ နေထိုင်တဲ့ မြို့မှာ ၃ ရက်ကြာ ထိုင်သပိတ်မှောက်တာ ဖြစ်ခဲ့ပါတယ်။ လူပေါင်း ၁၀၀ ကျော် ဗုံးခွဲ တိုက်ခိုက်ခံရတာကို ကန့်ကွက်ကြတာပါ။---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 06 Jun 2013 01:27 AM PDT
ဧရာရွှေဝါနဲ့ မက်စ်မြန်မာ စီးပွားရေး လုပ်ငန်းတွေကနေ ရယူထားတဲ့ ဧရာဝတီတိုင်း အတွင်းက လယ်ဧက ၅ သောင်းကျော် မူလပိုင်ရှင် လယ်သမားတွေကို ပြန်ပေးတော့မယ်လို့ လွှတ်တော် လယ်ယာမြေ အသိမ်းခံရမှု စုံစမ်းရေး ကော်မတီဝင် ဦးအောင်သိန်းလင်းက ဒီဗွီဘီကို ပြောပါတယ်။
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 06 Jun 2013 01:22 AM PDT
ရခိုင်ပြည်နယ်အစိုးရက မြို့နယ် ၂ ခုမှာရှိတဲ့ မွှတ်စလင်တွေကို မိသားစု တစ်ခုမှာ သားသမီး ၂ ဦးပဲ မွေးဖွားရမယ်လို့ အမိန့် ထုတ်ပြန်ခဲ့တာဟာ ခွဲခြားမှု တစ်ခုဖြစ်တယ်လို့ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုခဲ့တဲ့ အတွက် မကျေနပ်ကြောင်း ပြောဆို သံတွေ ပေါ်ထွက်နေတာနဲ့ ပတ်သက်ပြီး RFA က မေးမြန်းခဲ့ရာမှာ အခုလို မကျေနပ် မှုတွေ ပေါ်ပေါက်မှာကို ကြိုတင် တွက်ဆပြီး ဖြစ်ပါတယ်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 06 Jun 2013 01:17 AM PDT
မလေးရှားရောက် မြန်မာအချို့ အကြမ်းဖက် ခံရမှုများကို အရေးယူပေးရန် မြန်မာအစိုးရက မလေးရှား အစိုးရထံ သတိပေးပြီး တစ်ရက်အကြာ ဇွန်လ ၅ ရက် နေ့တွင် မလေးရှားနိုင်ငံ ကွာလာလမ်ပူ မြို့တော်တွင် စစ်ဆင်ရေး တစ်ရပ်အနေနှင့် မြန်မာ အပါအဝင် နိုင်ငံခြားသားများကို စတင် ဖမ်းဆီးနေပြီ ဖြစ်ကြောင်း ကပုန်း နာရေး ကူညီမှုအသင်း ဥက္ကဋ္ဌ ဦးဆန်းဝင်းက ပြောကြားသည်။  ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ




Posted: 06 Jun 2013 01:13 AM PDT
လားရှိုးမြို့၌ မေလ အတွင်း ဖြစ်ပွားခဲ့သော ပဋိပက္ခ နောက်ပိုင်း တရုတ်-မြန်မာ နယ်စပ် လုံခြုံရေးကို တိုးမြှင့်လိုက်ကြောင်း မူဆယ် ဒေသခံများထံမှ စုံစမ်း သိရှိရသည်။ တရုတ်နိုင်ငံသို့ ဝင်ရောက်လာသော မူဆယ် ဒေသခံများကြောင့် ဝန်ထုပ်ဝန်ပိုး ဖြစ်မည်ကို စိုးရိမ်၍ တရုတ် အာဏာပိုင် များက ပျက်စီးနေသည့် နယ်စပ် ခြံစည်းရိုး (သံတိုင်) များနှင့် ခိုးဝင်ပေါက်များကို ပြန်လည် ပြုပြင်၍ လုံခြုံရေးများ တင်းကျပ်စွာ ချထားကြောင်း မူဆယ်ဒေသခံ ဦးရဲဆွေဝင်းက ဆိုသည်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 05 Jun 2013 09:27 PM PDT
မြန်မာနိုင်ငံ တစ်ဝန်းလုံးတွင် ဇန်န၀ါရီလမှ မေလအထိ ငါးလတာကာလ အတွင်း မီးလောင်မှုများကြောင့် လူသေဆုံးမှုသည် ယခင်နှစ်ထက် နှစ်ဆ နီးပါး မြင့်တက်ခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်ဦးစီးဌာနထံမှ စုံစမ်းသိရှိရသည်။ မြန်မာတစ်နိုင်ငံလုံးတွင် ၂၀၁၂ ခုနှစ် ဇန်န၀ါရီလမှ မေလအထိ ငါးလတာ ကာလအတွင်း မီးလောင်မှု ၆၆၀ မှု ဖြစ်ပွားခဲ့ရာ လူ ၂၇ ဦး သေဆုံးခဲ့ပြီး ၂၀၁၃ ခုနှစ် ဇန်န၀ါရီလ မှ မေလအထိ ဖြစ်ပွားခဲ့သော မီးလောင်မှု ၁၀၅၂ ကြိမ်တွင် လူ ၄၅ ဦး သေဆုံးခဲ့သဖြင့် ယခင်နှစ်ထက် သေဆုံးသူ နှစ်ဆ နီးပါးမြင့်တက်ခဲ့ကြောင်း အဆိုပါ ဦးစီးဌာန၏ စာရင်းများအရ သိရှိရသည်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 05 Jun 2013 09:25 PM PDT
ရန်ကုန်တိုင်းဒေသကြီးအတွင်း ပျမ်းမျှ သုံးရက်လျှင် လူသတ်မှုတစ်ကြိမ် ခန့် ဖြစ်ပွားလျက်ရှိကြောင်း ရန်ကုန်တိုင်း ဒေသကြီးရဲတပ်ဖွဲ့မှူးရုံး၏ ထုတ်ပြန်ချက် စာရင်းများအရ သိရှိရသည်။ ၂၀၁၃ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှ စ၍ ဇွန်လ ၄ ရက်နေ့ထိ လူသတ် မှုပေါင်း ၅၈ မှုဖြစ်ပွားခဲ့သဖြင့် အဆိုပါ စာရင်းအရ သုံးရက်လျှင် တစ်ကြိမ်ခန့် လူသတ်မှုဖြစ်ပွားခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရှိရသည်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 05 Jun 2013 09:15 PM PDT
သျှမ်းမြောက် မူစယ်ခရိုင် တရားရုံး၌ တရားခံများက ရဲတပ်ဖွဲ့ သေနတ်ကိုလုယူ ပစ်ခတ်ပြီး တရားခံ ၃ဦး ထွက်ပြေးလွတ်မြောက် သွားကြောင်း စုံစမ်းသိရသည်။ “မနေ့ကညနေ လေးနာရီ ၁၅ မိနစ်ကဖြစ်တာ။ ရဲစခန်းအချုပ်ခန်းကနေ ခရိုင်တရားရုံးကို ရမန်ယူ လာတဲ့ တရားခံ ၅ ဦးက အချုပ်ကား ဆင်းဆင်းချင်း ရဲရဲ့ သေနတ် လုပြီး ပစ်ခတ်တယ်။ အဲဒီအချိန်မှာ တာဝန် ကျ ရဲတယောက် က သေ နတ်လုပြေးတဲ့ တရားခံ ကို သေနတ်ပစ်တာ တရားခံကိုမထိဘဲ ရဲ တယောက်ကိုသွားထိတယ်။---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...