Friday, June 21, 2013

အရေးတော်ပုံနှင့် အန်ဂျီအိုတပ်သား

အရေးတော်ပုံတပ်သားကြီးတွေလည်း
ခုတော့-
အန်ဂျီအိုတပ်သားကြီးလုံးလုံးဖြစ်။

မောင်ချောနွယ်ကလည်းပြောတယ်-
သားပျက်ကျသွားတဲ့သပြေတန်းခံတပ်
ပြုတ်ကျသွားတဲ့ ဝက်သားဖတ်တောင်
ကောက်စားမသွားရတဲ့
မေလတဲ့။

အရေးတော်ပုံတပ်သားက
အရေးတော်ပုံစကားကို
နားခါးသွားပုံရတယ်။

အရေးတော်ပုံတပ်သားဟာ
အန်ဂျီအိုရှာပုံတော်တွေနဲ့
ပွဲတော်တင့်တယ်ဆိုပဲ။

အရေးတော်ပုံတပ်သားဟာ
အရေးတော်ပုံစကား
အန်ဂျီအို-ရင်ခွင်ထဲကနေ
ပြောမယ့်ဟန်။

မောင်ချောနွယ်ရေ-
ခင်ဗျားပြောသလိုပဲ
ရေစိုနေတဲ့ကြောင်
အမွှေးခါလိုက်သလို
ဖြန်းကနဲ့-ဖြန်းကနဲ့
ထလာတဲ့-
အော့ကြောလန်
ကြက်သီးမွှေးညှင်းများ
လောက-တခုလုံးကို။

ကျုပ်ကလည်းပြန်ပြောလိုက်တယ်
အန်ဂျီအိုတပ်သားကြီးထက်စာရင်
ကျုပ်ဆိုတဲ့ကောင်က-
နေတတ်ထိုင်တတ်ပါသေးတယ်။

ကျည်ဝေဖြိုး။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...