Sunday, June 16, 2013

သစ်ထူးလွင် သတင်းစုစည်းမှု (၁၅-၆)

သစ်ထူးလွင်



Posted: 15 Jun 2013 05:59 AM PDT
၁၅.၆.၂၀၁၃ ရက်နေ့ ၀၆၃၀ အချိန် ဒဂုံဆိပ်ကမ်း မြို့နယ်၊ (၆၀)ရပ်ကွက်၊ ရတနာလမ်းတွင် လိုင်းကားမှ ရပ်ထားသော နောက်တွဲယာဉ်အား တိုက်မိ၍ လိုင်းကား ယာဉ်မောင်းသေဆုံး၊ ခရီးသည်များ ဒဏ်ရာရ ရှိခဲ့ကြောင်း ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့ မှ သတင်း ထုတ်ပြန်ထားပါသည်။  သာကေတ မြို့နယ်ဘက်မှ မောင်းနှင်လာသော ၆က/၆၆၈၂ ၊ (၈၉)လိုင်း ၊ ခရီးသည်တင် ဒိုင်နာယာဉ်သည် ဆရာမအိမ်ခြံမြေ အကျိုးဆောင် လုပ်ငန်းရှေ့အရောက်တွင်လမ်းဘေး၌ ရပ်ထားသော ၅ခ/---- နီဆန်း နောက်တွဲယာဉ်အား နောက်မှ ၀င်ရောက်တိုက်မိခဲ့ ခြင်း ဖြစ်ပါသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 15 Jun 2013 05:38 AM PDT
မြန်မာ့ယဉ် ကျေးမှု၏ အသည်း နှလုံးနေရာ ဖြစ်သည့် ပုဂံဒေသမှ စေတီပုထိုး ရင်ပြင်များပေါ်တွင် ကွန်ဒုံးများ တွေ့လာရကြောင်း ပုဂံတွင် ဧည့် လမ်းညွှန်လုပ်ကိုင်သူများ၏ပြော ကြားချက်အရ သိရသည်။ ကမ္ဘာလှည့် ခရီးသွားများ အလွန်စိတ်ဝင်စား လည်ပတ်လေ့ ရှိသည့် မြန်မာ့ ရှေးဟောင်းမြို့ တော် ပုဂံဒေသက စေတီပုထိုးများ တွင် မဖွယ်မရာကိစ္စများကို ပြု လုပ် လျက်ရှိပြီး ကွန်ဒုံးများကို စည်း ကမ်းမဲ့စွန့်ပစ်လျက်ရှိကြောင်း ယင်း တို့၏ ပြောကြားချက်အရ သိရ သည်။ ----
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 15 Jun 2013 05:28 AM PDT
ကျွန်မတို့လွိုင်ကော်၊ သူနာပြုနှင့် သားဖွား သင်တန်းကျောင်းအား ဦးလောရယ် ဆိုသူမှာ မေလ(၂ဝ)ရက်နေ့တွင် သစ်ထူးလွင် ၀က်ဆိုဒ် ၌ မဟုတ်မမှန် သတင်းများဖြင့် စွပ်စွဲတင်ပြ ထားပါသည်။

ကျွန်မတို့ သင်တန်းကျောင်းတွင် သင်တန်းကြေး၊ လစဉ်အထွေထွေကြေး ဟူ၍ငွေကောက်ခံခြင်းလုံးဝ မရှိခဲ့ပါ။ ပြဋာန်း စာအုပ်ကြေးမှာလည်း ဆေးသိပ္ပံပညာ ဦးစီးဌာနမှ ချတ်မှတ်ထားသောနှုန်းထား အတိုင်း ကျောင်းဖွင့်စဉ် ကာလကတည်းက ကောက်ခံခဲ့ပြီး ဖြစ်ပါသည်။

 ကျောင်းမှဆရာများ (ကျောင်းအုပ်၊နည်းပြနှင့်ဒု-နည်
းပြ)များကိုကန်တော့သည့်အခါတွင်လည်း ကန်တော့ပစ္စည်းမှာ ရွှေ၊ငွေ ပစ္စည်းများမဟုတ်ဘဲ တန်ဖိုးနည်းသော အထည်ပိတ်စ အမှတ်တရပစ္စည်းများသာဖြစ်ပါသည်။ ကန်တော့သည့်ကိစ္စကိုလည်း ဆရာများဘက်မှတောင်းဆိုခြင်း လုံးဝမရှိဘဲ ကျွန်မတို့တပည့် များကသာ စီစဉ်ခြင်းဖြစ်ပါသည်။ စာမေးပွဲကြေးမှာလည်း အခန်းဆုံးစစ်ဆေးခြင်းများအတွက် မိတ္တူခ(၁ဝဝ)ကျပ်သာပေးသွင်းရခြင်းဖြစ်ပါသည်။

တင်ပြထားသူ ဦးလောရယ်မှာ လစဉ်သင်တန်းကြေး ကုန်ကျငွေမှာ ၅ဝဝဝနှင့် အထက်တွင် ကုန်ကျနေပြီး ကုန်ကျစရိတ် အလွန်များပြား နေပါသည်ဟု ဖေါ်ပြထားပါသည်။ ဤခေတ်ဤအခါတွင် တစ်လ(၅ဝဝဝ)အောက်ဖြင့် တက်ရောက်၍ ရနိုင်သည့် ကျောင်းရှိပါလားဟု စဉ်းစားစေလိုပါသည်။ ထို့ပြင် တင်ပြထားသော ဦးလောရယ်၏ မှတ်ပုံတင်နံပါတ်မှာ စုံစမ်းရသည့် သတင်းများအရ အသက်(၁၈) နှစ် မပြည့်သေးသော ကလေးတစ်ယောက်၏ မှတ်ပုံတင်နံပါတ်သာဖြစ်သည့်အြ
ပင် လိပ်စာမှာလည်း လွှဲမှား၍ ဖေါ်ပြထားခြင်း ဖြစ်ပါသည်။

ကျွန်မတို့ ဤကျောင်းကို စရောက်သည့် အချိန်မှစ၍ ယနေ့အထိဆရာများဘက်မှ မတရား ငွေကောက်ခံခြင်း လုံးဝမရှိခဲ့သလို မည်သည့် အခါမှလည်း ရွှေ၊ ငွေ ပစ္စည်းများ ကန်တော့ခဲ့ရခြင်း လုံးဝမရှိခဲ့ပါ။ ထို့ကြောင့် ကလေးတစ်ယောက်၏ မှတ်ပုံတင်နှင့် လိပ်စာအမှားတို့ကို အသုံးပြုထား ပြီးမဟုတ်မမှန် သတင်းများဖြင့် ကျောင်းနှင့်ကျောင်းမှ ဆရာများကို သိက္ခာကျဆင်းစေမှုအား ကျွန်မတို့ ကျောင်းသား/သူများက မခံရပ်နိုင်သည့်အတွက် ပြန်လည်၍ တင်ပြလိုက်ရပါသည်။
                           
(အပတ်စဉ် ၁၈) (၂ဝ၁ဝ-၂ဝ၁၃)
သူနာပြုသင်တန်းသား/သူများ

မောင်ထိုက်အောင်ခန့်        - ၂/လကန(နိုင်) ၁ဝ၆၁၇ဝ
မခိုင်စန္ဒီဦး            - ၂/လကန(နိုင်) ဝ၉၃ဝ၁၃
မရတနာဖြိုး        - ၂/ဒမဆ(နိုင်) ဝ၄ဝ၁၂၇
မဖူးဝေအောင်        - ၂/လကန(နိုင်) ဝ၈၆၂၁၆
မလဲ့လဲ့ရွှေဆော်မိုး        - ၂/ လကန(နိုင်) ဝ၇၄၄၂၄


(အပတ်စဉ် ၁၈) (၂ဝ၁ဝ-၂ဝ၁၃)
သူနာပြုသင်တန်းသား/သူများ

Posted: 15 Jun 2013 05:19 AM PDT
 ဓာတ်ပုံ - ကိုကျော်စိုးလင်း
ရန်ကုန် ဇွန် ၁၅

ရန်ကုန်မြို့သို့ ရောက်ရှိနေသည့် ရှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ ဥက္ကဌ ဒုတိယ ဗိုလ်ချုပ်ကြီး ယွက်စစ် နှင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်တို့ ယနေ့ မွန်းလွဲ ၁ နာရီခွဲခန့်က တက္ကသိုလ် ရိပ်သာ လမ်းရှိ ဒေါ်အောင်ဆန်း စုကြည် နေအိမ်၌ တွေ့ဆုံခဲ့ကြောင်း သိရသည်။

မူလ သတင်းထုတ်ပြန်ထားချက်အရ မွန်းလွဲ ၂ နာရီ၌ တွေ့ဆုံမည်ဟု ဆိုသော်လည်း နာရီဝက်ခန့် စော၍ တွေ့ဆုံခဲ့ပြီး ယင်းတွေ့ဆုံမှုနှင့် ပတ်သတ်၍ နှစ်ဖက်စလုံးမှ တစုံတရာ သတင်းထုတ်ပြန်မှု မရှိခဲ့ကြောင်း သိရသည်။

“အလည်သက်သက် လာတာပါ” ဟု ဒုတိယ ဗိုလ်ချုပ်ကြီး ယွက်စစ် က နေအိမ်မှ ပြန်လည် ထွက်ခွာချိန် သတင်းရယူရန် စောင့်ဆိုင်းနေသော မီဒီယာ များအား ကားပေါ်မှ ပြောကြားသွားခဲ့သည်။

NLA

Popular Myanmar News Journal
Posted: 15 Jun 2013 05:12 AM PDT
ဇွန်လ(၁၄)ရက်နေ့ ထုတ် ရွှေနိုင်ငံသစ် နေ့စဉ်သတင်းစာ အတွဲ (၁)၊ အမှတ် (၀၇၀)

သတင်းစာ ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ



Posted: 15 Jun 2013 05:08 AM PDT
ဇွန်လ(၁၅)ရက်နေ့ ထုတ် မြန်မာ့အလင်း သတင်းစာ

သတင်းစာ ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ


Posted: 15 Jun 2013 05:04 AM PDT
ဇွန်လ (၁၇)ရက်နေ့ ထုတ် The Voice Weekly ဂျာနယ် အတွဲ ၉၊ အမှတ် ၂၃
ဂျာနယ် ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ


Pdf ကို ဖတ်ရှုရန်အတွက် အောက်ပါလင့်မှ font ကို download ရယူပြီး မိမိ သုံးနေသော ကွန်ပျူတာတွင် Install လုပ်ပေးရပါမည်။
http://www.mediafire.com/?ojojmbuhp3sq1jm


Posted: 15 Jun 2013 05:00 AM PDT
ဇွန်လ(၁၅)ရက်နေ့ ထုတ် ကြေးမုံ သတင်းစာ
သတင်းစာ ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ



Posted: 15 Jun 2013 04:42 AM PDT
ထိုင်းနိုင်ငံတောင်ပိုင်း ခွဲထွက်ရေး မွတ်ဆလင်သူပုန်များက ယခုနှစ် ဇူလိုင် လဆန်းပိုင်းတွင် စတင်ကာ သြဂုတ် လဆန်းပိုင်းတွင် အဆုံးသတ်မည့် ရမာဒန် မွတ်ဆလင် ဥပုသ်ကာလအတွင်း အကြမ်းဖက် တိုက်ခိုက်မှုများ ရပ်ဆိုင်းမည်ဟု သဘောတူညီလိုက်ကြောင်း ထိုင်းအစိုးရ၏ ထုတ်ပြန်ချက်ကို The Nation သတင်းစာက ကိုးကားဖော်ပြသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

ထိုင်းတောင်ပိုင်း စစ်စခန်း

Posted: 15 Jun 2013 04:38 AM PDT
ရန်ကုန်မြို့ရှိ မလေးရှားသံရုံးရှေ့တွင် လူပေါင်း ၁၀၀ ကျော် ဆန္ဒပြရန် လူမူဘ၀ ဖွံ့ဖြိုးတိုးတက်ရေး ကွန်ရက် လျှောက်ထားမူကို သက်ဆိုင်ရာမှ ခွင့်မပြုကြောင်း သတင်း ရရှိသည်။ ဒဂုံမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှ ဇွန် ၁၄ ရက် နေ့စွဲပါ ရုံးတံဆိပ်ဖြင့် ဆန္ဒပြရန် ခွင့်မပြုကြောင်း ထုတ်ပြန်ပေးခဲ့သည်ဟု သတင်းရရှိသည်။ မြန်မာနိုင်ငံဆိုင်ရာ မလေးရှား သံရုံးရှေ့တွင် ဆန္ဒထုတ်ဖော်ရခြင်းအကြောင်းအရင်း
မှာ မလေးရှား နိုင်ငံတွင် ရှိသော အခြား နိုင်ငံခြားသားများ တန်းတူ မြန်မာနိုင်ငံသားများကိုလည်း ဥပဒေကြောင်း အရ ကာကွယ် စောင့်ရှောက်ဖို့ နှုင့် တန်တူ အခွင့်အရေး ပေးရေး အတွက် ဖြစ်ကြောင်း ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 15 Jun 2013 04:34 AM PDT
ယနေ့ပြုလုပ်သော ပေါင်းစည်းရေး အစည်းအဝေးတွင် ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး ပါတီ RNDP နှင့် ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ် ALD တို့ ပေါင်းစည်းရန် သဘောတူ လိုက်ကြပြီ ဖြစ်သည်။ ပေါင်းစည်းရန် သဘောတူညီမူ ရရှိခဲ့ကြောင်းကို RNDP ပါတီ ဥက္ကဌ ဒေါက်တာ အေးမောင်က နိရဉ္စရာသို့ အတည်ပြု ပြောကြားသည်။ ယနေ့တွင် အချက် (၃) ချက်ကို သဘောတူညီမူ ရရှိခဲ့ပြီး နံပတ် (၁) အချက်မှာ ပါတီနှစ်ခု တစ်ပါတီ အဖြစ် ပေါင်းစည်းရန် သဘောတူသည်။ ----

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

ဆွေးနွေးပွဲသို့ တက်ရောက်လာကြသူများကို တွေ့ရစဉ်။ (ဓါတ်ပုံ- Rakhine Citizen Journalist)

Posted: 15 Jun 2013 04:28 AM PDT
မြန်မာနိုင်ငံ၏ အဓိက ဆန်စပါး စိုက်ပျိုးရာ ဧရာဝတီတိုင်းဒေသကြီးတွင် ထွန်တုံး တိုက်ပွဲ ဆင်နွှဲသည်ဟုဆိုကာ တောင်သူ ၂၁ ဦးကို ဟင်္သာတခရိုင် အင်္ဂပူမြို့နယ် ကွင်းကောက် ရဲတပ်ဖွဲ့စခန်းက အမှုဖွင့် အရေးယူ ထားကြောင်း ယင်းဒေသ၌ ထွန်တုံးတိုက်ပွဲ ဦးဆောင်သည့် တောင်သူ ဦးသန်းဌေးက ပြောကြားသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 15 Jun 2013 04:24 AM PDT
စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင် ကန့်ဘလူမြို့နယ်တွင် တပ်မတော်က သိမ်းဆည်း လယ်ဧက တစ်ထောင်ကျော်ကို စိုက်ပျိုးချိန်အမီ ပြန်လည်ပေး အပ် သွားမည်ဟု နေပြည်တော် စစ်ထောက်ချုပ်ရုံး ညွန်ကြားရေးမှူးချုပ် ဗိုလ်ချုပ်မင်းဇော်က ဇွန်လ ၁၂ ရက်နေ့က ကန့်ဘလူမြို့နယ် ဇီးကုန်း သကြားစက် ရှင်းလင်းဆောင်တွင် လယ်သိမ်းခံ တောင်သူများနှင့်တွေ့ဆုံစဉ် ကတိပြု ပြောကြားခဲ့ကြောင်း ဒေသခံ တောင်သူများက ပြောကြားသည်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 15 Jun 2013 04:21 AM PDT
ရန်ကုန်တိုင်းဒေသကြီး ပန်းဘဲတန်း မြို့နယ် NLD ပညာဒါနကျောင်းတွင် ဇန်နဝါရီလ ၃ရက်နေ့က အဓမ္မ ကျူးလွန်သည်ဟုဆိုကာ တရားစွဲဆို ခံခဲ့ရသော ကိုခင်မောင်ထူးကို ဇွန်လ၁၄ ရက်နေ့ ရုံးချိန်းတွင် ပန်းပဲတန်းမြို့နယ် တရားရုံးက ပုဒ်မ ၃၇၆ အရ အပြစ်ရှိကြောင်း မပေါ်ပေါက်၍ ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ ၂၅၈(၁) အရ ကွင်းလုံးကျွတ် လွတ်မြောက်ခဲ့ကြောင်း ၎င်း၏ဖခင် ဦးမောင်မောင်က The Voice သို့ ပြောကြားသည်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 15 Jun 2013 04:18 AM PDT
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ်၊မိကျောင်း ကန်အပိုင်(၁)၊(၂)နှင့်(၃)ရပ်ကွက် များကို တပ်စည်ပင်ကဇွန်(၁၃) ရက်နံနက်(၆း၀၀)တွင် ၀င်ရောက် ဖယ်ရှားခဲ့သည်။ ထို့သို့ဖယ်ရှားနေမှုအပေါ် အမျိုးသားဒီမိုကရေစီပါတီသစ် ဥက္ကဋ္ဌဦးသိန်းညွှန့်(ပြည်သူလွှတ် တော်ကိုယ်စားလှယ်)နှင့်ဦးကျော် (တိုင်းဒေသကြီး လွှတ်တော်ကိုယ် စားလှယ်)တို့က ဖယ်ရှားဖျက်ဆီး ခြင်း မလုပ်ဖို့မေတ္တာရပ်ခံသည်။ ကိုယ်စားလှယ်များက လယ်ယာ မြေနှင့်အခြားမြေများသိမ်းဆည်း ခံရမှုစုံစမ်းရေးကော်မတီဥက္ကဋ္ဌ ဦးတင်ထွက်ထံသို့ ဆက်သွယ် အကြောင်းကြားသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 15 Jun 2013 04:13 AM PDT
မြန်မာနိုင်ငံသား ရွှေ့ပြောင်း အလုပ်သမားများ ဒုတိယအများဆုံး သွားရောက် အလုပ်လုပ်ကိုင်ရာ မလေးရှားနိုင်ငံတွင် မေလကုန် ပိုင်းမှစ၍ အကြမ်းဖက်မှု ပဋိပက္ခ ဖြစ်စဉ်များကြောင့် နေရပ်ပြန်လိုသူ
နိုင်ငံသားများကို နိုင်ငံသားပိုင် လေကြောင်းလိုင်း လေးလိုင်းနှင့် နာမည်ကျော် စီးပွားရေး လုပ်ငန်းရှင်ကြီးများက ပြန်လာနိုင်ရန် ကူညီလျက် ရှိကြောင်း လေကြောင်းလိုင်း တာဝန်ရှိသူများနှင့် စီးပွားရေး လုပ်ငန်းရှင်ကြီးများ၏ တရားဝင် ပြောကြားချက်အရ သိရသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 15 Jun 2013 04:10 AM PDT
ရန်ကုန်- ပညာရေး ၀န်ကြီးဌာနသည် ၂၀၁၃-၁၄ ပညာသင်နှစ်အတွက် ကိုယ်ပိုင်ကျောင်း ၁၀၀ ကျော်ကို လာမည့်တစ်ပတ်အတွင်း ထပ်မံအတည်ပြု ဖွင့်လှစ်ခွင့် ပြုမည်ဖြစ်ကြောင်း ပညာရေး စီမံကိန်းနှင့် လေ့ကျင့်ရေး ဦးစီးဌာနမှ သတင်းရရှိသည်။ ယခင်နှစ်က အခြေခံပညာအဆင့်တွင် သက်တမ်းရင့် ဘော်ဒါကျောင်း ၆၆ ကျောင်းအား ကိုယ်ပိုင်ကျောင်းများအဖြစ် ပညာရေးဝန်ကြီး ဌာနက ဥပဒေဖြင့် အတည်ပြု သတ်မှတ်ပေးပြီးနောက် ယခုနှစ်တွင် ကိုယ်ပိုင်ကျောင်း ၁၀၀ ကျော် ထပ်မံတိုးမြှင့် ချထားပေးရန် စီစဉ်နေခြင်း ဖြစ်သည်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ







Posted: 15 Jun 2013 03:47 AM PDT
မန္တလေးမြို့ ကျုံးတောင်ဘက် ထောင့်တွင် ညဦးပိုင်း အချိန် ထိုင်နေကြသော ယောက်ျားလေးတစ်စုထံမှ ပြက်ရယ်ပြုဟန် ပြောဆိုသံ သဲ့သဲ့ထွက်လာသည်။“ဟိုစော်လေးက လန်းတယ်ကွ၊ ဒီစော်က တိုက်ဂေါကြီး”ဟု ၎င်းတို့မှာ ကျုံးဘေး ပတ်လည်တွင် နောက်ဆုံးပေါ် ဆိုင်ကယ်များဖြင့် မောင်းနှင် သွားလာနေကြသော မိန်းမပျို ကလေးများကို ပြောဆိုနေကြခြင်း ဖြစ်သည်။ အဆိုပါ ဆိုင်ကယ်စီးနင်း သွားလာနေသော မိန်းမပျိုကလေးများသည် အသက်အားဖြင့် ဆယ်ကျော်သက်အရွယ်မှ အသက် ၂၀ စွန်းစွန်းအရွယ် အများဆုံးဖြစ်သည်။ ----
ဆောင်းပါး အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ




Posted: 14 Jun 2013 09:27 PM PDT
မိတ္ထီလာ အဓိကရုံး ကာလ အတွင်း မတ်လ ၂၃ ရက်ညတွင် ဖြစ်ပွားခဲ့သော သာစည်မြို့
နယ် ကြက်မောက်ကျေးရွာ အနီးရှိ မွတ်ဆလင် ဘာသာဝင်များ ပိုင်ဆိုင်သော အမဲသတ်ရုံ တစ်ရုံနှင့်
အိမ်နှစ်လုံးမီးရှို့ ဖျက်ဆီးခံရမှုနှင့် ပတ်သက်ပြီး ကြက်မောက်ကျေးရွာမှ ကိုဆန်းဝင်း ကိုရဲ၊ ကိုကျော်သူ ၊ ကိုနိုင်၊ ကိုဂျော်ကာနှင့် ကိုအောင်ကျော်စိုး  ၆   ဦးအား သာစည်ရဲစခန်းမှ  ၁၄-၆-၂၀၁၃  ရက်နေ့က ဖမ်းဆီး ခေါ်ဆောင်သွားကြောင်း သတင်း ရရှိပါသည်။

Myanmar News Now

မိတ္ထီလာ အဓိကရုံး ကာလ

Posted: 14 Jun 2013 09:13 PM PDT
9.6.2013 နေ. အမေ ဒေါ်အောင်ဆန်းစုကြည် ပြင်ဦးလွင် ခရီးစဉ်နှင့်ပတ်သက်ပြီး အမျိုးသမီး တဦး ၏ သတင်းအမှားများတွေနေရပါသည်၊ ၄င်းကိစ္စနှင့်ပတ်သက်ပြီးတိကျခိုင်လုံတဲ့ သက်သေ အထောက်အထားများ ရှိပါသလား၊ ၄င်းအမျိုးသမီး အရိုက်ခံရပြီး ဆေးရုံးတက်ရသည်ဆိုသော ဆေးရုံးကို စုံစမ်းပြီပြီးလား သတင်းမှားနေပါသည်။
အမေ ဒေါ်အောင်ဆန်စုကြည် ပြင်ဦးလွင်ခရီးစဉ်အတွက် တိုင်စာ ၊မြေယာကိစ္စ၊ကျန်စာများ ကို
တစ်ပတ်ကြိုတင် လက်ခံပေးခဲ့ပါသည်။ ၉.၆.၂၀၁၃ နေ. တွင်လည်း ပွဲ ရှေ.မှာ သတင်းနှင့်ပြန်ကြားရေး ရုံး ဖွင့်လှစ်ပြီး စာများလက်ခံ ခဲ့ပါသည်။

၎င်းအမျိုးသမီး ၉.၆.၂၀၁၃ နေ.ဟောပြောပွဲ ကိုလာသည်ကို သတင်းနှင့်ပြန်ကြားရေး ကိုယ်တိုင်တွေ.ရှိခဲ့ပါတယ်၊သူမ မေးခွန်းမေးရန်လက်ထောင်ပြခြင်း လုံဝ မရှိခဲ့ပါ။ ကွင်းအတွင်း သတင်းနှင့်ပြန်ကြားရေး အဖွဲ.၀င်အင်းအား (၅၀) အထက် တာဝန်ချထားပါသည်။၎င်းအမျိုးသမီး ဟောပြောပွဲ ပြီးခါနီး အချိန် စာများပေးခဲ့ပါသည်လုံခြုံရေးတဦ
းမှာ ၄င်းစာကိုယူပြီး သတင်းနှင့်ပြန်ကြားရေး သို.လျွှဲအပ်ခဲ့ပါတယ် ။၎င်းစာများကို ဗဟိုအဖွဲ့ ကိုလွှဲပေးခဲံပါတယ်။ ၉.၆.၂၀၁၃ နေ.တိကျခိုင်လုံသော သတင်းများကို ပြင်ဦးလွင်မြို.နယ် သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ထံ စုံစမ်းနိုင်ပါတယ်။ တဖက်သတ်သတင်းအမှားကြောင့် အဖွဲ.ချုပ်ဂုဏ်သိက္ခာ ကျဆင်းနိုင်ပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
ပြင်ဦးလွင်မြို.
ပြည်တော်သာ (၃)လမ်း
သတင်းနှင်ပြန်ကြားရေး
Posted: 14 Jun 2013 08:54 PM PDT
ရန်ကုန်တိုင်း သင်္ဃန်းကျွန်း မြို့နယ်မှာ စစ်တပ်ပိုင်မြေ အဖြစ် သိမ်းဆည်းထားတဲ့ မိချောင်းကန် အပိုင်း ၁ နဲ့ ၂ ရပ်ကွက် တွေမှာ မြေငှား နေထိုင်ပြီး စိုက်ပျိုးမွေးမြူရေး လုပ်ကိုင် နေကြသူတွေကို ကြာသပတေးနေ့က အင်အားသုံးပြီး ဖယ်ရှားခဲ့တာနဲ့ ပတ်သက်လို့ ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့က ဇွန်လ ၁၄ ရက်နေ့မှာ သတင်းသမား တွေကို ဖိတ်ကြား ရှင်းလင်းခဲ့ပါတယ်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


တပ်ကသိမ်းတဲ့ မြေတွေမှာ ဝင်လုပ်သူတွေကို ပြန်ဖယ်ခိုင်းရင်း ပြဿနာတက်တာ တွေ အများကြီးရှိ။

Posted: 14 Jun 2013 08:49 PM PDT
မြန်မာနိုင်ငံက ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွေ၊ ခိုင်ခိုင်မာမာ ရှိစေဖို့အတွက် မတူကွဲပြားတဲ့ လူမှုအသိုင်းအဝိုင်းချင်း အကြမ်းဖက် တိုက်ခိုက်နေ တာ ဖြေရှင်းရေး၊ တိုင်းရင်းသားတွေနဲ့ ကိုးကွယ်ရာ ဘာသာမတူ သူ လူနည်းစုတွေ ရဲ့ အခြေခံ လူ့အခွင့်အရေးတွေကို လေးလေးစားစား အာမခံရေးနဲ့ အကြမ်းဖက်သူတွေကို အရေးယူမှု၊  ထင်သာမြင်သာ အသေအချာ ရှိစေရေး တို့ကို မြန်မာနိုင်ငံမှာ လုပ်ဆောင်ဖို့ လိုအပ်လိမ့်မယ်လို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက ပြောဆိုလိုက်ပါတယ်။---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ




Posted: 14 Jun 2013 08:35 PM PDT
အီရန်နိုင်ငံ တဝှမ်းမှာ သန်းပေါင်း ၅၀ လောက်ရှိတဲ့ မဲဆန္ဒရှင်တွေ ဘယ်သူ့ကို သမ္မတအဖြစ် တင်မြှောက်မယ်ဆိုတာ မနေ့က မဲပေးခဲ့ကြပါတယ်။ မဲပေးကြသူတွေများတဲ့အတွက် ပြည်ထဲရေးဌာနက မဲပေးချိန်ကို နောက်ထပ် ၅ နာရီ ထပ်တိုးပေးခဲ့ရပါတယ်။ ဒီရွေးကောက်ပွဲမှာ လက်ရှိ သမ္မတ မိုဟာမက် အမာဒီနာဂျတ်ကို ဘယ်သူဆက်ခံမလဲ ဆိုတာ ရွေးကြမှာ ဖြစ်ပါတယ်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 14 Jun 2013 08:36 PM PDT
အမေရိကန် ပြည်ထောင်စုကို ရောက်ရှိနေတဲ့ ပြည်သူ့ လွှတ်တော် ဥက္ကဌ သူရ ဦးရွှေမန်းက ဒေါ်အောင်ဆန်း စုကြည်နဲ့ ပူးပေါင်း ဆောင်ရွက် မှုတွေ ရှိနေကြောင်း၊ ၂၀၁၅ ရွေးကောက်ပွဲ နောက်ပိုင်း ကာလမှာလည်း သူ့ရဲ့ ကြံခိုင်ဖွံဖြိုးရေး ပါတီအနေနဲ့ နိုင်ငံ အကျိုးစီးပွား အတွက် လိုအပ်ရင် အန်အဲဒီနဲ့ ညွန့်ပေါင်း အစိုးရ ဖွဲ့နိုင်ကြောင်း ပြောကြား ခဲ့ပါတယ်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
ဦးရွှေမန်းနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ဗြိတိသျှစစ်ဦးစီးချုပ် နဲ့အတူ

Posted: 14 Jun 2013 06:28 PM PDT
 ပြည်တွင်းတွင် ဖြစ်ပေါ်နေသည့် ဒေါ်လာဈေးနှုန်း အမြင့်ကြောင့် ကမ္ဘာ့ရွှေဈေး ကျသလောက် ပြည်တွင်းရွှေဈေး လိုက်မကျနိုင်ကြောင်း ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်များ အသင်းမှတဆင့် သိရသည်။ “ပြည်တွင်းမှာ ဒေါ်လာဈေး မြင့်နေပေမယ့် ကမ္ဘာ့ရွှေဈေးက နိမ့်နေတာကြောင့် ပြည်တွင်း ရွှေဈေးက ညီအောင် လိုက်မကျနိုင်ပါဘူး။ ဒါပေမယ့် ဈေးအနိမ့်မှာ ငြိမ်နေတယ်လို့ ပြောလို့ ရပါတယ်” ဟု အတွင်းရေးမှူး ဦးဝင်းမြင့် က ပြောသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...