Saturday, June 15, 2013

သစ်ထူးလွင် သတင်းစုစည်းမှု (၁၄-၆)

သစ်ထူးလွင်


Posted: 14 Jun 2013 07:09 AM PDT
ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ရေး ကန့်သတ်ထားတဲ့ ဖွဲ့စည်းပုံအခြေခံ ဥပဒေနဲ့ ပြည်သူတွေအတွက် အကျိုးမရှိတဲ့ ဥပဒေတွေကို ပြင်ဆင်သွားမယ်လို့ ပြည်သူ့လွှတ်တော် ဥက္ကဌက ပြောကြားလိုက်ပါတယ်။ ဦးအံ့ဘုန်းမြတ် သတင်းပေးပို့ထားပါတယ်။

ရုပ်/သံ ကြည့်ရှုရန် ဒီနေရာကို နှိပ်ပါ



Posted: 14 Jun 2013 05:29 AM PDT
မြန်မာအလုပ်သမားတွေ အကြမ်းဖက် တိုက်ခိုက်ခံရ မှုတွေကြောင့် မလေးရှားနိုင်ငံကို အလုပ်သမားတင်ပို့မှု ခေတ္တ ရပ်ဆိုင်းငံ့ထားမယ်လို့ အလုပ်သမား၊ အလုပ်အကိုင်နဲ့ လူမှုဖူလုံရေး ဝန်ကြီးဌာနက ဇွန် ၁၃ ရက်နေ့စွဲနဲ့ ကြေညာလိုက်ပါတယ်။ ပြီးခဲ့တဲ့ မေလကုန်ပိုင်းကနေ စတင်ဖြစ်ပေါ်ခဲ့တဲ့ အကြမ်းဖက်မှု တိုက်ခိုက်မှုတွေကြောင့် မြန်မာ အလုပ်သမားအချို့ သေဆုံး ဒဏ်ရာရရှိခဲ့ပြီး နှစ်ပတ်နီးပါးအကြာမှာ ကြေညာခဲ့တာ ဖြစ်ပါတယ်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ




Posted: 14 Jun 2013 05:25 AM PDT
ပြဿနာတခုဖြစ်ရင် လူမျိုးရေးအသွင်ဆောင်သည်ဖြစ်စေ၊ ဘာသာရေးအသွင်ဆောင်သည်ဖြစ်စေ အကြမ်းမဖက်ကြဖို့နဲ့ တရားဥပဒေနဲ့သာ ဖြေရှင်းကြဖို့ ရန်ကုန်မှာကျင်းပတဲ့ သံဃာထုအစည်းအဝေးက သဘောထားထုတ်ပြန်လိုက်ပါတယ်။ မှော်ဘီမြို့က ဓမ္မဒူတ ဇေတ၀န်တောရ ဆေကိန္ဒာ ရာမကျောင်းတိုက်မှာ ဇွန် ၁၃ ရက်ကနေ ၁၄ ရက်ထိ  တိုင်းနဲ့ ပြည်နယ်အသီးသီးက သံဃာအပါး ၂၂၇ ပါးတို့ရဲ့ ညှိနှိုင်းဆွေးနွေးပွဲကနေ ထုတ်ပြန်ခဲ့ကြတာပါ။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ




Posted: 14 Jun 2013 03:57 AM PDT
ဇွန်လ (၁၄)ရက်နေ့ ထုတ် Auto World ဂျာနယ် အတွဲ-၂၊ အမှတ်-၂၁

ဂျာနယ် ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ

ဇွန်လ (၁၅)ရက်နေ့ ထုတ်  မြန်မာသံတော်ဆင့် သတင်းဂျာနယ်၊ အတွဲ(၂)၊ အမှတ်(၁၄)

ဂျာနယ် ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ

ဇွန်လ (၁၁)ရက်နေ့ ထုတ် ကုမုဒြာ ဂျာနယ် အတွဲ ၃၊ အမှတ် ၁၀

ဂျာနယ် ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ






Posted: 14 Jun 2013 03:30 AM PDT
မန္တလေးတိုင်းဒေသကြီး ရမည်းသင်းမြို့နယ် ပေါင်းလောင်းဒေသ စုပေါင်းကုမ္ပဏီ လုပ်ကွက်ရှိ အင်းအမှတ် (၁၀၄) တွင် ဇွန်လ ၁၂ ရက်နေ့ နံနက် ၂ နာရီ ၃၀ မိနစ်အချိန်က သုံးလောင်းပြိုင် လူသတ်မှု ဖြစ်ပွားခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။ ပေါင်းလောင်းဒေသ စုပေါင်း ကုမ္ပဏီလုပ်ကွက်ရှိ အင်းအမှတ် (၁၀၄) ရှိ အင်းလုပ်သမားများ စုပေါင်းနေထိုင်ရာ တဲတွင် အင်းလုပ်သားများဖြစ်သော ဦးသိန်းလွင် ၅၀ နှစ်၊ ဇော်ဇော်ဟန် ၃၃ နှစ်၊ မောင်သိန်း ၂၀ နှစ်၊ ရန်နိုင်ထွန်း ၁၈ နှစ်၊ တို့သည် တဲအတွင်း အိပ်ပျော်နေစဉ် ----

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ




Posted: 14 Jun 2013 03:13 AM PDT
တောင်ငူမြို့နယ် နဂါးမောက် ကျေးရွာအုပ်စု ထုံးဘိုကျေးရွာ သောက်ရေ ခပ်ချောင်း အမှတ်(၂) ရေအားလျှပ်စစ် စီမံကိန်း တည်ဆောက်စဉ် မလွတ်ကင်း၍ ဖယ်ရှားပေးခဲ့ရသော နေအိမ် ၉၀ ကျော်ကို စီမံကိန်းတည်ဆောက်ခွင့်ရ ရွှေစွမ်းအင် ကုမ္ပဏီက နစ်နာကြေးကျပ်သိန်း ၂၇၉၀ ကျော် လျော်ကြေးပေးကြောင်း နစ်နာကြေးရ အိမ်ထောင်စုများက ပြောကြားသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


သောက်ရေခပ် စီမံကိန်း လုပ်ငန်းခွင်

Posted: 14 Jun 2013 02:52 AM PDT
အမေရိကန် ထောက်လှမ်းရေးအဖွဲ့၏ လျှို့ဝှက်ချက်များကို ဖွင့်ဟထုတ်ဖော် ခဲ့ပြီး ယခုအခါ ဟောင်ကောင်တွင် ပုန်းခိုနေထိုင်လျက် ရှိသော အက်ဒ်ဝပ်စနိုးဒန်က ၄င်းအနေနှင့် ထောက်လှမ်းရေးအဖွဲ့၏ လျှို့ဝှက်သောလုပ်ရပ်များကို ထပ်မံဖွင့်ချသွားမည် ဖြစ်သည်ဟု ကတိပေး ပြောဆိုသွားကြောင်း ဟောင်ကောင်သတင်းစာ South China Morning Post က ရေးသားဖော်ပြသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 14 Jun 2013 02:43 AM PDT
ကချင်ပြည်နယ် မိုးညှင်းမြို့လယ်မှာရှိတဲ့ ညောင်ပင် အခွန်လွတ်ဈေးကို ဖျက်သိမ်းလိုက် တာကြောင့် ပျံကျဈေးသည် ၂၀၀ ကျော်ဟာ အလုပ်လက်မဲ့ ဖြစ်နေတဲ့အတွက် ဈေးမပြောင်းရွှေ့ရရေး ဇွန် ၁၈ ရက်နေ့မှာ ဆန္ဒဖော်ထုတ်ဖို့ ခရိုင်ထွေအုပ်၊ မြို့နယ်ရုံးကို စာတင်ထား တယ်လို့ ဈေးသည်တွေက ပြောပါတယ်။  ကချင်ပြည်နယ် မိုးညှင်းမြို့လယ်က ညောင်ပင် အခွန်လွတ်ဈေးကို ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းမှာ မြို့နယ်စည်ပင်နဲ့ တာဝန်ရှိသူတွေက ဖျက်သိမ်းခိုင်းခဲ့တာပါ။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ





Posted: 14 Jun 2013 02:27 AM PDT
မြေယာမြေပိုင်ဆိုင်မှု အငြင်းပွားမှုများ ဖြစ်ပေါ်နေသော မြန်မာနိုင်ငံတွင် ရန်ကုန်မြို့၊ မန္တလေးမြို့နှင့် ပြင်ဦးလွင်မြို့နယ် တို့ရှိ ကာကွယ်ရေးဝန်ကြီးဌာနပိုင် မြေနေရာများကို ပုဂ္ဂလိက လုပ်ငန်းရှင်များသို့ နှစ် ၅၀ သက်တမ်း ဖြင့် ငှားရမ်းသွားမည် ဖြစ်ကြောင်း နေပြည်တော် စစ်ထောက်ချုပ်ရုံးထံမှ စုံစမ်း သိရှိရသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ




Posted: 14 Jun 2013 02:23 AM PDT
မလေးရှားတွင် မြန်မာနိုင်ငံသားလေးဦး အသတ် ခံရပြီးနောက် မလေးရှားအစိုးရက မြန်မာနိုင်ငံသား ထောင်ပေါင်းများ စွာကို မြန်မာနိုင်ငံ သို့ပြန်ပို့ တော့ မည်ဟု ပြောသည်။ ကွာလာလမ်ပူမှလာသော အေအက်ဖ်ပီ သတင်းတစ်ပုဒ်တွင် မလေးရှား ဒုတိယပြည်ထဲရေးဝန် ကြီး ဝင်န်ဂျူနာဒီ၏ပြောဆိုချက် ကို ကိုးကားဖော်ပြရာ၌ မြန်မာ များ အချင်းချင်း ခိုက်ရန်ဖြစ်ပွား ခြင်းဖြစ်ကြောင်း၊ မြန်မာနိုင်ငံတွင် ဖြစ်ပွားခဲ့သော ခိုက်ရန်ဖြစ်ပွား မှုကို မလေးရှားသို့ယူဆောင်လာ ခြင်းဖြစ်ကြောင်း သတင်းထောက် များကို ဒုဝန်ကြီး ကပြောဆိုကြောင်း သိရသည်။ ''လူဝင်မှုကြီးကြပ်ရေး ထိန်း သိမ်းစခန်းမှာ မြန်မာ ၄၄၀၀ ထိန်း သိမ်းထားပါတယ်။ ကျွန်တော်တို့ မြန်မာအာဏာပိုင် အထူး သဖြင့် မြန်မာ သံရုံးကို ဖိတ်ခေါ်ထားပါ တယ်။ အဲဒီ သူတွေကို ပြန်ခေါ်သွားဖို့ပါ'' ဟု ဒုဝန်ကြီး ကပြောသည်။ ----

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ




Posted: 14 Jun 2013 02:16 AM PDT
ရန်ကုန် ဇွန် ၁၃

ရန်ကုန်တိုင်း ဒေသကြီး ကြည့်မြင်တိုင်မြို့နယ်၌ ယနေ့ ညနေ ၄ နာရီခွဲတွင် အိုးဘိုရပ်ကွက်ရှိ ဆက်သွယ်ရေး နှင့် စာတိုက်ရုံး အဆောက်အအုံရှိ ဆက်သွယ်ရေး (၅) ဝန်ထမ်းနေအိမ် နှစ်ထပ် အုတ်ညှပ် အဆောက်အအုံ ပြိုကျမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါ အဆောက်အအုံသည် အန္တရာယ်ရှိ အဆောက်အအုံ အဖြစ် တင်ပြထားပြီး ဖြစ်၍ နေထိုင်သည့် ဝန်ထမ်းများအား ယာယီ ကြိုတင် ရွှေ့ပြောင်းထားပြီး ဖြစ်သဖြင့် ထိခိုက်မှု တစ်စုံတစ်ရာ မရှိကြောင်း သိရသည်။

အဆိုပါ ဖြစ်ပွားရာ နေရာသို့ ကြည့်မြင်တိုင်မြို့နယ်မှ တာဝန်ရှိ ပုဂ္ဂိုလ်များ၊ မြို့နယ် စည်ပင်သာယာရေး ကော်မတီ (ယာ/အုံ) ဌာနမှ တာဝန်ရှိသူများ၊ မြို့နယ် မီးသတ်တပ်ဖွဲ့ စခန်းမှူး ဦးသန်းထက်အောင်နှင့် မီးသတ် တပ်ဖွဲ့ဝင်များ လာရောက်၍ ကူညီ ဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။

Written by  ရွှေတည်  (မြ၀တီ)
Posted: 13 Jun 2013 10:47 PM PDT
တနင်္သာရီတိုင်း ဒေသကြီး ထားဝယ်မြို့ ကမြောကင်းလမ်းနှင့် ကမ်းနားလမ်းရှိ ၀န်ကြီးများ အိမ်ယာဆောက်လုပ်ပြီး ကျန်နေသော လယ်ကွက်များနှင့် ထားဝယ်အများပို င်ကုမ္ပဏီမှ သိမ်းယူထားသောလယ်ယာမြေအတွင်း ၁၃.၆.၂၀၁၃ ရက်နေ့ နံနက် ၈ နာရီခန့် လယ်သမားကြီး ဦးစံလင်း က ထွန်တုံးတိုက်ပွဲ ဆင်နွဲခဲ့ ကြောင်း သတင်းရရှိပါသည်။

အဆိုပါလယ်မြေများမှာ ထားဝယ်အများပို င်ကုမ္ပဏီမှ  သိမ်းလိုက်သည်ဟု လာပြောသော အချိန်ထိ လယ်ယာစိုက်ပျိုး လုပ်ကိုင် စားသောက်နေသော်လည်း နစ်နာကြေး မယူရသေးသော လယ်များ ဖြစ်ကြောင်း သိရပါသည်။

လယ်သမားကြီး ဦးစံလင်း ၏  လယ်ယာမြေများ ဆင်နွဲခဲ့သော ထွန်တုံးတိုက်ပွဲတွင် ထား ၀ယ်လယ်သမား ကွန်ယက်မှ လယ်သမားများ ၀န်းရံမှုဖြင့် လယ်ထွန် မင်္ဂလာကို ကျင်းပခဲ့ခြင်း ဖြစ်ပါသည်။

သစ်ထူးလွင်

လယ်သမားကြီး ဦးစံလင်း ၏  လယ်ယာမြေများ ဆင်နွဲခဲ့သော ထွန်တုံးတိုက်ပွဲ


Posted: 13 Jun 2013 10:37 PM PDT
နှစ်နဲ့ချီ ဆရာဝန်မဲ့ဖြစ်နေသော သံတွဲခရိုင် တောင်ကုတ်မြို့နယ် တန်းလွဲချောင်း တိုက်နယ်ဆေးရုံသို့ ပြည်နယ်ကျန်းမာရေး ဦးစီးဌာနမှ ခန့်အပ်ချပေးလိုက်သည့် တာဝန်ကျ ဆရာဝန် မရောက်မှီ တစ်ရက်အလိုတွင် ဒေသခံ လယ်သမားတစ်ဦးမှ ဆေးရုံပိုင်မြေတွင် လယ်ထွန်စက်ဖြင့် ကျူးကျော်ထွန်ယက်သွားခဲ့ကြောင်း သတင်းရရှိသည်။  ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


သံတွဲခရိုင် တောင်ကုတ်မြို့နယ် တန်းလွဲချောင်း တိုက်နယ်ဆေးရုံ။သံတွဲခရိုင် တောင်ကုတ်မြို့နယ် တန်းလွဲချောင်း တိုက်နယ်ဆေးရုံ။

Posted: 13 Jun 2013 10:21 PM PDT
ထိုင်းနိုင်ငံသား ခရီးသွား ငါးဦးကို ရှမ်းပြည်နယ် တာချီလိတ်မြို့တွင် 'ဝ' တိုင်းရင်းသားများက တစ်လ နီးပါးကြာ ပြန်ပေးဆွဲခဲ့ကြောင်း ဘန်ကောက်ပို့စ် သတင်းစာတွင် ဖော်ပြထားသည်။ မြန်မာ-ထိုင်း နယ်စပ်အနီး တာချီလိတ်မြို့နယ်အတွင်း ထိုင်းနိုင်ငံသား ခရီးသွား ငါးဦးကို မေလ ၄ ရက်နေ့မှ ၃၁ ရက်နေ့အထိ ပြန်ပေးဆွဲခဲ့ပြီး ထိုင်းဘတ် ခြောက်ဘီလီယံ တောင်းဆိုခဲ့သည်ဟု အဆိုပါ သတင်းက ဆိုသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 13 Jun 2013 10:17 PM PDT
လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်း ရပ်ဆိုင်းဖို့ ငြိမ်းချမ်းစွာ တောင်းဆိုတဲ့ ကျောင်းသားတွေနဲ့  အရပ်သား ပြည်သူ (၇) ယောက်ကို အာဏာပိုင်တွေက ပြစ်ဒဏ်တွေ စီရင်လိုက်ပေမယ့်၊ ဆန္ဒပြသူ သံဃာတော်တွေနဲ့  ဒေသခံတွေကို ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလ ၂၉ ရက်နေ့ က မီးလောင်ကျွမ်း ဒဏ်ရာရအောင် အကြမ်းဖက် နှိမ်နင်းခဲ့တဲ့ ရဲတပ်ဖွဲ့ ကိုတော့  သက်ဆိုင်ရာ အာဏာပိုင်တွေက အရေးမယူဘူးလို့  ဟောင်ကောင် အခြေစိုက် အာရှလူ့ အခွင့်အရေးကော်မရှင် AHRC က  မနေ့ က ကြေညာချက် ထုတ်ပြန် ပြစ်တင်လိုက်ပါတယ်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

လက်ပန်းတောင်တောင် သပိတ်စခန်းဖြိုခွဲမှုတွင် ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့သည့် သံဃာတော်တစ်ပါး ရန်ကုန်ပြည်သူ့ ဆေးရုံကြီးသို့ ဒီဇင်ဘာ ၁၆ ရက်နေ့က ရောက်ရှိလာစဉ်။ Photo:RFA/Moe Thu Aung

Posted: 13 Jun 2013 10:30 PM PDT
မြန်မာနိုင်ငံက လွှတ်တော်အနေနဲ့ ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ရေးကို ကန့်သတ်ထားတဲ့ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံ ဥပဒေ အပါအ၀င် မြန်မာပြည်သူတွေ အတွက် အကျိုးမရှိတဲ့ တည်ဆဲဥပဒေ မှန်သမျှကို လိုအပ်သလို ပြင်ဆင်၊ ပယ်ဖျက်၊ အစားထိုးသွားမှာဖြစ်တယ်လို့ ပြည်သူ့လွှတ်တော် ဥက္ကဌ သူရ ဦးရွှေမန်းက ပြောကြားလိုက်ပါတယ်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ




Posted: 13 Jun 2013 10:12 PM PDT
မလေးရှားနိုင်ငံမှာ ကုလသမဂ္ဂ ဒုက္ခသည်များ ဆိုင်ရာ မဟာမင်းကြီးရုံး UNHCR က အသိအမှတ်ပြုထားတဲ့ မြန်မာနိုင်ငံက ဒုက္ခသည်တွေကို တတိယနိုင်ငံတွေမှာ ပြောင်းရွှေ့ အခြေချ နိုင်အောင်အမြန်ဆုံး ဆောင်ရွက် ပေးစေချင်တယ်လို့ မလေးရှားအစိုးရက ပြောကြားလိုက်ပါတယ်။ ဒုက္ခသည် အသိအမှတ်ပြု လက်မှတ် ရထားပြီး သူတွေကို ကုလသမဂ္ဂရဲ့ပြန်လည် နေရာချထားရေး အစီအစဉ်အရ တတိယနိုင်ငံကို မသွားရသေးခင်ကာလမှာ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ




Posted: 13 Jun 2013 10:07 PM PDT
ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့နယ် ကေတုမတီမြို့သစ် တပင်ရွှေထီးရပ်ကွက်တွင် ဇွန်လ ၁၀ ရက်နေ့ ည ၁၀နာရီ မိနစ်၃၀က အရက်ဆိုင်မှ ပြန်လာသည့် တပ်မတော်သား သုံးဦး စကားများ ရန်ဖြစ်ရာမှ တပ်သားတစ်ဦး သေဆုံးခဲ့ကြောင်း ကေတုမတီမြို့သစ် ရဲစခန်းထံမှ စုံစမ်းသိရှိရသည်။ အဆိုပါ တပ်သားများမှာ အမှတ် (၁၀) တိုက်ပွဲဝင် စည်းရုံးရေးသင်တန်းကျောင်း တွင် တက်ရောက်နေသူများ ဖြစ်ကြောင်း၊ ၄င်းတို့သုံးဦး အရက်ဆိုင်တွင် စားသောက်ပြီး ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ




Posted: 13 Jun 2013 10:04 PM PDT
အကြမ်းဖက်မှု ဂယက်ကြောင့် ဖမ်းဆီးခံထားရသော မြန်မာနိုင်ငံသား ၃၀၇ ဦးကို နှစ်ပတ်အတွင်း ရုံးတင် စစ်ဆေးမည် ဖြစ်ပြီး ပြစ်မှု မရှိသူများသည် မြန်မာနိုင်ငံသို့ ပြန်ခွင့်ရ မည် ဖြစ်ကြောင်း နိုင်ငံခြားရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇင်ယော်က ပြောကြားသည်။ ပြစ်မှု ကျူးလွန်ထားသူများကို ဥပဒေကြောင်းအရ လုပ်ဆောင်မည် ဖြစ်ပြီး အလုပ်ဆက်လုပ် လိုသူများကို သီးခြား စဉ်းစားပေး သွားမည်ဟု မလေးရှားအစိုးရက ဆိုကြောင်း ဦးဇင်ယော်က ပြန်လည် ပြောဆိုသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

နိုင်ငံခြားရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇင်ယော်

Posted: 13 Jun 2013 10:01 PM PDT
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့မှ ထွက်ခွာလာသည့် မြန်မာ့လေကြောင်း ပိုင် EMBRAER အမျိုးအစား လေယာဉ်သည် ကော့သောင်း လေဆိပ်သို့ လေယာဉ် ဆင်းသက်စဉ် ဇွန်လ ၁၃ ရက် မွန်းလွဲ ၂ နာရီခန့်တွင် ဘီးပေါက် သွားခဲ့ကြောင်း ကော့သောင်း အခြေစိုက် မြန်မာ့လေကြောင်း လိုင်းထံမှ သိရသည်။ “လူဘာမှ ထိခိုက်မှုမရှိပါဘူး။ မနက်ဖြန် လေယာဉ် ပြန်ထွက်ပါ့မယ်”ဟု လေကြောင်း တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


မြန်မာ့လေကြောင်း ပိုင် EMBRAER

Posted: 13 Jun 2013 10:24 PM PDT
မြန်မာနိုင်ငံသားများ အဖြစ် စွပ်စွဲခံရသူ (၄) ဦးကို နိုင်ငံကူးလက်မှတ် (ပတ်စ်ပို့) အတုဖြင့် ဒက္ကားမြို့ နိုင်ငံတကာ လေဆိပ်တွင် ယမန်နေ့က ဖမ်းဆီးလိုက်သည်ဟု ယနေ့ထုတ် The Daily Star သတင်းစာတွင် ဖေါ်ပြသည်။ Dhaka airportသူတို့ (၄) ဦးသည် Etihad လေကြောင်းလိုင်းဖြင့် ယမန်နေ့ နံနက် အစောကြီးက ဆော်ဒီအာရေဗီးယား နိုင်ငံသို့ ထွက်ခွာရန် စီစဉ်နေစဉ် ဖမ်းဆီးမိခြင်း ဖြစ်ကြောင်း ဒက္ကား လေဆိပ်ရဲက ပြောသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 13 Jun 2013 09:46 PM PDT
တရုတ်ကုမ္ပဏီ CNPC ကို ဆန္ဒပြ သဖြင့် ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ် မဒေးကျွန်းမှ တရားစွဲခံရသူ ခေါင်းဆောင် ၁၀ ဦး အမှုကို ယမန်နေ့က ကျောက်ဖြူ တရားရုံးမှ စစ်ဆေးရာ တရားလို သက်သေ သုံးဦးကို စစ်ဆေးခဲ့သည်။ ကျောက်ဖြူမြို့နယ် တရားသူကြီး ဦးနေ၀င်းက အစိုးရ အရာရှိ (၃) ဦးကို စစ်ဆေးခဲ့ကြောင်း ဆန္ဒပြ ခေါင်းဆောင် ဦးထွန်းကြည်က ပြောသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 13 Jun 2013 09:40 PM PDT
မြန်မာနိုင်ငံအနောက်ဖက်ခြမ်းကနေ ​ထွက်ပြေးလာတဲ့ ​ရိုဟင်ဂျာမွတ်စလင်တွေကို ​လူမှောင်ခိုကုန်ကူးပြီး ​ပို့ဆောင်တဲ့အထဲမှာ ​ထိုင်းရေတပ်က ​ပါဝင်နေတယ်ဆိုတဲ့ ​စွပ်စွဲချက် ​အသစ်တခုထွက်ပေါ်လာပါတယ်။ မလေးရှားမှာရောက်ရှိလာတဲ့ ​ရိုဟင်ဂျာ ​မွတ်စလင်တွေက ​ထိုင်းရေတပ်က ​သူတို့ဖမ်းမိခဲ့ပြီးတော့ ​ ရိုက်နှက်ပြီး ​လူမှောင်ခိုကုန်ကူးသူတွေရဲ့ ​လက်ထဲရောင်းစားခဲ့တယ်လို့ ​အေဘီစီ ​သတင်းဌာနကို ​ပြောပြခဲ့ပါတယ်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

ထိုင်းနိုင်ငံတောင်ဖက်ပိုင်းမှာ ရာနဲ့ချီအဖမ်းခံရတဲ့ ရိုဟင်ဂျာမွတ်စလင်တွေ (Credit: AFP)

Posted: 13 Jun 2013 09:31 PM PDT
မလေးရှားနိုင်ငံရဲ့ ​မြို့တော် ​ကွာလာလမ်ပူမြို့ပြင်မှာ ​မြန်မာနိုင်ငံကလာတဲ့ ​လူတွေ အချင်းချင်းကြား ​ဖြစ်ခဲ့တဲ့ ​ပဋိပက္ခတွေနဲ့ ​သေဆုံးမှုတွေ ဖြစ်ခဲ့ပြီးနောက် ​တစ်ဖွဲ့နဲတစ်ဖွဲ့ကြား ​တိုက်ခိုက်မှုတွေ ​ရပ်တန့်ဖို့ ​မလေးရှား အစိုးရက ​မြန်မာနိုင်ငံ သားတွေကို ​သတိပေး လိုက်ပါတယ်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


ပဋိပက္ခကြောင် မလေးရှားအစိုးရက တရားဝင်နေထိုင်ခွင့်လက်မှတ်မရှိတဲ့ မြန်မာနိုင်ငံသား ၂၅၀ ကို ထိန်းသိမ်းထားပါတယ်။ ဓာတ်ပုံ- ခွန်ဒီးယမ်ဖေ့စ်ဘွတ်မှ 

Posted: 13 Jun 2013 09:18 PM PDT
ဇွန်လ (၁၄)ရက်နေ့ ထုတ် မြန်မာ့အလင်း သတင်းစာ

သတင်းစာဖတ်ရှုရန် ဒီနေရာကိုနှိပ်ပါ

ဇွန်လ (၁၄)ရက်နေ့ ထုတ် ကြေးမုံ သတင်းစာ

သတင်းစာဖတ်ရှုရန် ဒီနေရာကိုနှိပ်ပါ

ဇွန်လ (၁၄)ရက်နေ့ ထုတ် မြ၀တီ သတင်းစာ

သတင်းစာဖတ်ရှုရန် ဒီနေရာကိုနှိပ်ပါ

ဇွန်လ (၁၄)ရက်နေ့ ထုတ် ရတနာပုံ သတင်းစာ

သတင်းစာဖတ်ရှုရန် ဒီနေရာကိုနှိပ်ပါ




No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...