Thursday, June 13, 2013

ABSSF Statement

by Ko Ko Lay (Notes) on Wednesday, June 12, 2013 at 12:52pm

                               A S S O C I A T I O N    O F    B U R ME S E    S T U DE N T S
                                          SAN FRANCISCO BAY AREA (ABSSF)
                   8888abssf@gmail.com, Ph: (925-207-5696)(415-203-0541)

 မှိုးမခ သတင်းဌါန ၂၀၁၃ ခုနှစ် ဇွန်လ (၉) ရက် နေ့ စွဲဖြင့် မှားယွင်းစွာ ဖေါ်ပြခဲ့ သည့် သတင်းနှင့် ပတ်သက်၍ မြန်မာကျောင်းသားများအစည်းအရုံး (ဆန်ဖရန်စစ္စကို ဗေးဧရိယာ) ၏ သဘောထားထုတ်ပြန်ကြေငြာချက်
နေ့ စွဲ ဇွန်လ (၁၁) ရက် ၂၀၁၃
စာအမှတ် ၁/၂၀၁၃/ABSSF


ပြည်ထောင်စုမြန်မာနိုင်ငံတော် ပြည်သူ့ လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်းဦးဆောင်သောအဖွဲ့ ၏ အမေရိကန်ပြည်ထောင်စုခရီးစဉ်တွင်  ဆန်ဖရန်စစ္စကို ဗေးဧရိယာရောက် မြန်မာတိုင်းရင်းသား မိသားစုများနှင့် တွေ့ ဆုံဆွေးနွေးမည့် သတင်းကို ဖေါ်ပြရာတွင် ၈၈ ကျောင်းသားဟောင်းနှင့် ကျောင်းသားတပ်မတော်သားဟောင်း ကိုကိုလေးနှင့် အဖွဲ့က လွှတ်တော် ဥက္ကဌ သူရရွှေမန်းကို ဆန်ဖရန်တွင်ကြိုဆိုပြီးတွေ့ဆုံပွဲ ကျင်းပမည် ဟုမှားယွင်းစွာ ဖေါ်ပြခဲ့သည်။

ကျွန်ုပ်တို့ တွေ့ ဆုံဆွေးနွေးပွဲ ကျင်းပရေးကော်မီတီ အစည်းအဝေးတွင် ကြိုဆိုရေးနှင့် စပ်လျဉ်း၍ တလုံးတပါဒမျှ ဆွေးနွေးခဲ့ခြင်း၊ ဆုံးဖြတ်ခဲ့ခြင်းများတစုံတရာမျှမရှိခဲ့သလို ရည်ရွယ်ချက်မျှပင်မရှိခဲ့ပါ။

တွေ့ ဆုံဆွေးနွေးမည်နှင့် ကြိုဆိုပြီး တွေ့ ဆုံပွဲကျင်းပမည် ဆို သောမြန်မာဝေါဟာရစကားစုသည် အဓိပ္ပါယ်အားဖြင့် လုံးဝမတူသကဲ့သို့   နိုင်ငံရေးအနှစ်သာရအားဖြင့်လည်း ပို၍ပင် ကွဲပြားခြားနားသော စကားစုများ ဖြစ်သည်။

ဒုတိယအနေဖြင့် “ကိုကိုလေးနှင့် အဖွဲ့က လွှတ်တော် ဥက္ကဌ သူရရွှေမန်းကို ဆန်ဖရန်တွင်ကြိုဆိုပြီးဟုမှားယွင်းစွာ ဖေါ်ပြထားပါသည်။ အမှန်စင်စစ်မှာမူ တွေ့ ဆုံဆွေးနွေးပွဲကို စိတ်ဝင်စားသော အဖွဲ့  အစည်းများနှင့် တသီးပုဂ္ဂိုလများ အားလုံးစုစည်း၍ ဆန်ဖရန်စစ္စကို တွေ့ ဆုံဆွေးနွေးပွဲ ကျင်းပရေး ကော်မီတီ ကိုဖွဲ့ စည်းကာ စုပေါင်းဦးဆောင်မှုဖြင့်ဆောင်ရွက်နေကြခြင်းဖြစ်သည်။
ဤ ဖြစ်မြောက်ရေးကော်မီတီတွင် ကျွန်ုပ်တို့  မြန်မာကျောင်းသား များအစည်းအရုံးဆန်ဖရန်စစ္စကိုဗေးဧရိယာနှင့်တကွဆယ်နှစ်ကျော်ဒီမိုကရေစီနှင့်လူ့အခွင့် အရေးများကိုတိုက်ပွဲဝင်ခဲ့ ကြသော ဒေသခံအဖွဲ့ အစည်းများ၊ ပညာရှင်အဖွဲ့ အစည်းများ၊ ရပ်မိရပ်ဖများ၊ တသီးပုဂ္ဂိုလ များပါဝင်သည်။

မိုးမခအထောက်တော် ၀၀၂၊မှပေးပို့ သော သတင်းအချက်အလက်နှင့် ဓါတ်ပုံများကို အသုံးမပြုဘဲ မိမိ လိုရာဆွဲ၍ရေးသားဖေါ်ပြ လိုက်ခြင်းသည် မီဒီယာကျင့် ၀တ်ကို အတိအလင်းချိုးဖေါက်၍ မီဒီယာလက်နက်ကို လွဲမှားစွာအသုံးချလိုက်ခြင်းဖြစ်သည်။ ဤလုပ်ရပ်ကြောင့်မိုးမခသတင်းဌါနအပေါ် ပြည် သူများ ၏လေးစားယုံကြည်မှုများ လျော့ပါးသွားစေသည်။

ဤကဲ့သို့ “ကြိုဆိုခြင်း” စကားလုံးတလုံးသုံး၍ မှားယွင်းစွာဖေါ်ပြခဲ့ခြင်းသည်  ကျွန်ုပ်တို့တွေ့ ဆုံ ဆွေးနွေးပွဲံ၏ ရည်ရွယ်ချက်နှင့် အနှစ် သာရကို တန်ဘိုး မဲ့စေသည့်အပြင် ဒေသခံတိုင်းရင်းသား ပြည် သူများနှင့်ပြည်တွင်းပြည်ပရှိ ဒီမိုက ရေစီရေး လုပ်ဖေါ်ကိုင်ဖက်များ၊ မဟာမိတ်အဖွဲ့ အစည်းများကြား တွင် အထင်အမြင်လွဲမှားမှုများ ကိုဖြစ်ပေါ်စေ၍ စုစည်းညီညွတ်မှုကို ထိခိုက်စေသည်။

ထို့ အပြင် ကျွန်ုပ်တို့  မြန်မာကျောင်း သားများ အစည်းအရုံး ဆန်ဖရန်စစ္စကို ဗေးဧရိယာ၏ အဖွဲ့ ဝင် ဦးကိုကိုလေး၏ နိုင်ငံရေးဂုဏ်သိက္ခာကို တိုက်ရိုက်ထိခိုက်စေသည့်အပြင်၊ တွေ့ ဆုံဆွေးနွေးရေးနည်း လမ်းဖြင့် ငြိမ်းချမ်းစွာအဖြေရှာနေသူများအားလုံး၏ ကြိုးပမ်းမှုများကို “ကြိုဆိုခြင်း” စကားလုံး တလုံး သုံး၍ထိုးနှက်စော်ကားလိုက်ခြင်းဖြစ်သည်။

သို့ဖြစ်ပါသောကြောင့် မှားယွင်းစွာဖေါ်ပြခဲ့မှုကို မိုးမခသတင်းဌါနနှင့်တာဝန်ခံမောင်ရစ်မှ  တရားဝင် ဖြေရှင်းချက်ထုတ်ပြန်ပေးရန်တောင်းဆိုလိုက်သည်။


မြန်မာကျောင်းသားများအစည်းအရုံး
ဆန်ဖရန်စစ္စကို(ဗေးဧရိယာ)
8888abssf@gmail.com

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...