Thursday, May 9, 2013

"ဖွံ့ ဖြိုးမှု ရဲ့ အဓိပ္ပါယ်"


ဖွံဖြိုးမှုကိုအဓိပ္ပါယ်ဖွင့်ဆိုကြရာတွင် ဖြတ်သန်းရာခေတ်အလိုက် အမျိုးမျိုးဖွင့်ဆိုခဲ့ကြသည် ကို တွေ့ ရပေသည်။ Pete နှင့် Hatrick ကဲ့သို့ သောဖွံ့ ဖြိုးမှုပညာရှင်နှစ်ဦးကမူ “ဖွံ့ ဖြိုးမှု” ဟူသည် “ ပိုမိုကောင်းမွန်သောဘ၀ ကိုရရှိစေခြင်း” (to make a better life) ဟူ၍အတိုချုပ်ပြန်ဆို ခဲ့ကြပေသေးသည်။
၂၀၀၀ ပြည့်နှစ် စက်တင်ဘာလ အတွင်းက ထောင်စုနှစ်ဖွံ့ ဖြိုးမှုရည်မှန်းချက်များ (Millennium Development Goals) ကို ကုလသမဂ္ဂတွင် ချမှတ်လိုက်ကြသည်။ သို့ ဖြင့် “ဖွံ့ ဖြိုးမှု” (Development) ဟူသည် လူ့ အဖွဲ့ အစည်းတစ်ခုမှ ရယူအပ်သော၊ အဆုံးမှတ်သာ အရေးကြီးသော၊ ဖြစ်စဉ်တစ်ခု မျှသာဖြစ်သည်ဟု အလွယ်တကူအဓိပါယ်ဖွင့်ဆိုပြီးသားဖြစ်သွားတော့သည်။ ယင်းတို့ အားမည်သို့ မည်ပုံ ရယူမည်နည်းဟူသည်မှာ အရေးမပါသကဲ့သို့ ဖြစ်သွားတော့သည်။ အမှန်စင်စစ် “ဖွံ့ ဖြိုးမှု” ကို မည်သို့ မည်ပုံ အဓိပါယ်ဖွင့်သည်၊ မည်သူတွေက ဖွင့်ဆိုခဲ့ကြသည်၊ မည်သည့်အတိုင်းအတာအကျယ်အ၀န်းစကေးဖြင့်ဖွင့်ဆိုခဲ့ကြသည်ဟူသော အချက်များမှာ ဖွံ့ ဖြိုးမှုအကြောင်းပြောကြလျှင် မပါမဖြစ်အရေးကြီးလှ၏။

"ဖွံ့ ဖြိုးမှု (သို့ ) မော်ဒန်ဖြစ်မှု (Development as Modernity)"

များစွာသော သူတို့ အတွက် မော်ဒန်ဖြစ်မှု(Modernity) သည်သာ ဖွံ့ ဖြိုးမှုဟု နားလည်လေ့ရှိကြသည်။ မော်ဒန်ကျခြင်းဆိုသည်ကို လည်း သစ်လွင်ခြင်း၊ ခေတ်မှီခြင်း စသည့် စကားလုံးများနှင့်ဆက်စပ်နားလည်တတ်ကြသည်။ သို့ ဆိုလျှင် မော်ဒန်ဖြစ်ခြင်းဟူသည် အချိန်ကာလ၊ နှင့် နေရာ အလိုက်ပြောင်းလဲနေသော ယူဆချက်မျှသာဖြစ်သည်ဟုဆိုနိုင်၏။ အဘယ်ကြောင့်ဆိုသော် လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေးနှင့် ယဉ်ကျေးမှုတို့ ဟူသည် ရပ်တန့် မနေ အစဉ်ဖြစ်ပျက်ပြောင်းလဲနေသော အင်အားစုများသာဖြစ်ရာ နေရာတစ်ခုတွင် ခေတ်မှီနေသောအရာသည် အခြားတစ်နေရာတွင် ခေတ်နောက်ကျသောအရာဖြစ်နေတတ်၏။
ပို၍တိတိကျကျဆိုရလျှင် မော်ဒန်ဖြစ်ခြင်းဟူသည် အနောက်ဥရောပအတွေ့ အကြုံများဖြင့် စီးပွားရေးအဆောက်အဦနှင့် လူမှုအဖွဲ့ အစည်းကိုတည်ဆောက်ခြင်းပင်ဖြစ်၏။ တနည်းအားဖြင့် စက်မှုတော်လှန်ရေး၊ မြို့ ပြဖွံဖြိုးခြင်း၊ နည်းပညာကိုတိုးမြှင့်အသုံးပြုခြင်း စသည့်သွင်ပြင်လက္ခဏာများဖြင့်အတိပြီးခြင်းဟု ဆိုရမည်ဖြစ်၏။ အမှန်တကယ်တော့ ဤအခြင်းအရာတို့ သည် ရှေးယခင်ကကဲ့သို့ ဘာသာရေးသွန်သင်ချက်များကို မျက်စိမှိတ်မယုံတော့သော၊ ကမ္ဘာလောကကြီးကို သိပ္ပံနည်းကျနားလည်ရန်အားထုတ်လာကြသော၊ ကျိုးကြောင်းဆင်ခြင်တုံတရား၏ အရေးပါမှုကိုသိရှိလာသော ၁၇ ရာစုနှောင်းပိုင်းကာလ ဥရောပ အလင်းပွင့်ကာလ (Enlightenment period) ၏ အသီးအပွင့်များသာ။ ဤသို့ အားဖြင့် စီးပွားရေး၊ ဥပဒေ၊ နိုင်ငံရေး၊ ဆေးပညာ စသည့်နယ်ပယ်များတွင်လည်း သိပ္ပံနည်းကျခြင်းသည် ခေတ်မှီခြင်း (Modernity) ဖြစ်လာတော့၏။ မည်သို့ ပင်ဆိုစေ ဤမော်ဒန်ဖြစ်မှုကိုယ်နှိုက်သည်ပင်လျှင် ယဉ်ကျေးမှုထုံးစံဓလေ့များကွယ်ပျောက်ခြင်း၊ သဘာဝပတ်ဝန်းကျင်ပျက်ဆီးယိုယွင်းခြင်း၊ စသည့် ဘ၀အရည်အသွေးကျဆင်းလာစေသည့် ပင်မအကြောင်းတရားကြီးတစ်ခုလည်းဖြစ်သည်ကိုလည်း မမေ့အပ်ပေ။

"ဖွံဖြိုးမှု (သို့ ) ဘောဂဗေဒဖြစ်စဉ် (Development as Economic Process)"

ဖွံ့ ဖြိုးမှုကို မော်ဒန်ဖြစ်မှု အဖြစ်သတ်မှတ်လိုကြသောသူတို့ မှာ များသောအားဖြင့် ဘောဂဗေဒအမြင်ဖြင့်ကြည့်ခြင်းဟုဆိုရမည်ဖြစ်၏။ ဤနေရာနှိုက် နိုင်ငံတကာအဖွဲ့ အစည်းများ အထူးသဖြင့် ကမ္ဘာ့ဘဏ် (World Bank) မှ ဤသို့ ရှုမြင်ခဲ့ကြသည်။ ကမ္ဘာ့နိုင်ငံများကို ဖွံ့ ဖြိုးမှုခေါင်းစဉ်များဖြင့်ခွဲခြားရာတွင် ကမ္ဘာ့ဘဏ်သည် ဘောဂဗေဒအသုံး ယူနစ်တစ်ခုဖြစ်သည့် “တစ်ဦးချင်းကျအမျိုးသားစုစုပေါင်းထုတ်ကုန်” (GNP=Gross National Product per capita) ကိုအသုံးပြုခဲ့ခြင်းဖြင့်ထင်ရှား၏။ ဤတွင် ၂၀၀၁ ခုနှစ်ကိုအခြေခံ၍ခွဲခြားခဲ့ရာ- ဆင်းရဲသောဝင်ငွေနိမ့် နိုင်ငံများ (low income countries) အား လူတစ်ဦးလျှင် တစ်နှစ်ဝင်ငွေ US$ ၇၄၅ အောက်နဲသည့်တိုင်းပြည်များဟူ၍၎င်း၊ အလယ်အလတ်ဝင်ငွေရှိနိုင်ငံများ (lower middle income countries) မှာ US$ ၇၄၆ မှ ၂၉၇၅ အတွင်းဟူ၍၎င်း၊ ချမ်းသာသော ၀င်ငွေမြင့်နိုင်ငံများ (high income countries) မှာ US$ ၉၂၀၆ အထက်ပိုင်ဆိုင်သူများဟူ၍၎င်း ခွဲခြားသတ်မှတ်ခဲ့လေသည်။ ဤကဲ့သို့ ဖွံ့ ဖြိုးမှုကို ဘောဂဗေဒဆိုင်ရာ ကြွယ်ဝမှုယူနစ်ဖြင့်တိုင်းတာခြင်း၏ အကြောင်းရင်းမှာ ပိုမို၍ကြွယ်ဝလေလေ အခြားသော ကျန်းမာရေး၊ပညာရေး၊ အစရှိသည့် ဘ၀အရည်အသွေးများကို ပိုမိုရရှိခံစားနိုင်လေလေဟု ယူဆထားချက်ကြောင့်သာဖြစ်၏။ သို့ ဆိုလျှင် ဖွံ့ ဖြိုးမှု ဟူသည် ဘောဂဗေဒဆိုင်ရာကြွယ်ဝမှုနှင့်သာဆိုင်သည့်ကိစ္စမျှသာလော။ အခြားသော ပျော်ရွှင်ချမ်းမြေ့ မှု (well-being) တို့ မပါလေသလော။

"ဖွံ့ ဖြိုးမှု (သို့ ) လူသားဖွံ့ ဖြိုးမှု (Development as Human Development)"

၁၉၈၀ နှောင်းပိုင်းကာလများတွင် ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် (UNDP) သည် လူသားဖွံ့ ဖြိုးမှုညွှန်းကိန်း Human Development Index (HDI) ကို တီထွင်အသုံးပြုလာခဲ့၏။ ဤ HDI တွင်ဘောဂဗေဒသွင်ပြင်သာမက၊ အခြားသော ပျော်ရွှင်ချမ်းမြေ့မှုတို့ ကိုပါဖော်ညွှန်းထား၏။ HDI တွင် အတိုင်းအတာ (dimension) သုံးရပ်ဖြင့် ဖွံ့ ဖြိုးမှုကိုဖေါ်ညွှန်းရာ ၎င်းတို့ မှာ- ၁) သက်ရှည်ကျန်းမာသော ဘ၀ (long and healthy life) 2) ပညာသင်ကြားမှုနှင့်အသိပညာဗဟုသုတရှိမှု (education and knowledge) ၃)ကောင်းမွန်သောလူနေမှုဘ၀အဆင့်အတန်း စသည်တို့ ဖြစ်ကြသည်။ ၁၉၉၀ ခုနှစ်မှစ၍ UNDP သည် လူသားဖွံ့ ဖြိုးမှုအစီရင်ခံစာ (Human Development Report) ကိုနှစ်စဉ်ထုတ်ဝေလာခဲ့ရာ ၎င်း အစီရင်ခံစာတွင် ကမ္ဘာ့နိုင်ငံတို့ ကို လူသားဖွံ့ ဖြိုးမှု အမြင့်ဆုံး (high) ၊ အလယ်အလတ်(middle)နှင့် အနိမ့်ဆုံး(low) စသည်ဖြင့် ခွဲခြားဖေါ်ပြထား၏။
ဤနေရာနှိုက် ကမ္ဘာ့ဘဏ်၏ GNP ဖြင့် ခွဲခြားမှုနှင့် UNDP ၏ HDI ဖြင့်ခွဲခြားမှုတို့ ၏ ရလဒ်များမှာ များစွာ ဆင်တူကြသည်ကို တွေ့ ရ၏။ အနောက်ဥရောပနိုင်ငံများ၊ အမေရိကန်၊ ကနေဒါ၊ဂျပန်၊ အြစတေးလျ နှင့် နယူးဇီလန် တို့ မှာ GNP ရော HDI ပါ နှစ်ခုစလုံးတွင် မြင့် မားကြသည်ကိုတွေ့ ရ၏။ အခြားတစ်ဖက်တွင်လည်း ဆာဟာရဒေသအာဖရကန်နိုင်ငံများ (Sub-Saharan Africa) သည်လည်း ၀င်ငွေနိမ့်နိုင်ငံများ (Low Income Countries) နှင့် လူသားဖွံ့ ဖြိုးမှုအနိမ့် ဆုံး နိုင်ငံများ (Low HDI) နှစ်ခုစလုံးတွင် ပါဝင်နေကြည်ကို တွေ့ ရ၏။ သို့ ဆိုလျှင် အဘယ်ကြောင့် GNP ဖြင့်အဆင်ပြေရာတွင် HDI ကိုထပ်ဆင့်၍ တီထွင်တိုင်းတာရသနည်း။

အမှန်တကယ်တော့ အတိုင်းအတာ ၂ ခုစလုံး၏ ရလဒ်အားလုံးသည် ထပ်တူကျလှသည်မဟုတ်။ ဥပမာအားဖြင့် ချီလီနှင့်အာဂျင်တီးနားတို့ သည် GNP အားဖြင့် အလယ်အလတ်ဝင်ငွေရှိနိုင်ငံများ (middle income countries) များခေါင်းစဉ်အောက်တွင်ဝင်သော်လည်း ၎င်း၂ နိုင်ငံတို့ သည် HDI အားဖြင့် လူသားဖွံ့ ဖြိုးမှုအမြင့်ဆုံးတွင်ရှိနေသည်ကိုတွေ့ ကြရလေ၏။ မှတ်သားဖွယ်ကောင်းသည်မှာ အိန္ဒိယနိုင်ငံဖြစ်၍ ၎င်းသည် ၀င်ငွေအားဖြင့်ဆင်းရဲသည့် low income country ဖြစ်သော်လည်း လူသားဖွံ့ ဖြိုးမှုအားဖြင့် middle HDI ဖြစ်နေသည်ကိုတွေ့ ရခြင်းပင်။ တနည်းအားဖြင့် ဖွံ့ ဖြိုးမှုဟူသည် ဘောဂဗေဒဖြစ်စဉ်တစ်ခု (သို့ ) ၀င်ငွေအနဲအများကိစ္စတစ်ခု တည်းမျှသာ မဟုတ်သည်ကို မီးမောင်းထိုးပြလိုက်ခြင်းဖြစ်၏။
ဤတွင် ထွက်လာသည့်မေးခွန်းများမှာ- “ဖွံ့ ဖြိုးမှု” ဟူသည် ဤသို့  တနိုင်ငံလုံးအတိုင်းအတာ (national scale) ဖြင့်တိုင်းတာအပ်သော၊ နိုင်ငံတော်အဆင့်နှင့်သာစပ်ဆိုင်သော ကိစ္စမျှသာလော။ နေရာအကွာအဝေးအားဖြင့်ရော လူမှုရေးအားဖြင့်ရော မညီမျှမှုများကို ထဲ့သွင်းစဉ်းစားခြင်းမရှိသော အရာပေလော။ လူများစုပြည်သူလူထုကြီး၏ ဖွံဖြိုးမှုအပေါ်ခံစားနားလည်မှုများနှင့် ၎င်းတို့ ကိုယ်တိုင်၎င်းတို့ ၏ဘ၀ကို စီမံပြုပြင်ပြောင်းလဲလိုသည့်အာသီသကို ထဲ့သွင်းစဉ်းစားခြင်းမပြုပဲထားသောအရာပေလော။

"ဖွံ့ ဖြိုးမှု နှင့် အတိုင်းအတာနယ်ပယ် (သို့ ) စကေး ၏အရေးပါမှု (Development and Inequalities)"

အမှန်စင်စစ် ဖွံ့ ဖြိုးမှု ကို များလှစွာသော စကေးများဖြင့် စဉ်းစားရှုမြင်နိုင်၏။ တစ်ဦးချင်းအလိုက် (individual)၊ ရပ်ရွာအဆင့် (community)၊ ဒေသဆိုင်ရာ(region)၊ နိုင်ငံတော်အဆင့် (national)၊ ကမ္ဘာလုံးဆိုင်ရာ (global) စသဖြင့် စကေးမျိုးစုံဖြင့် ရှုမြင်တတ်ဖို့ လိုပေ၏။ သည့်အတွက်ကြောင့်ပင် ဖွံ့ ဖြိုးမှု အားအဓိပါယ်ဖွင့်ဆိုကြရာနှိုက် သုံးစွဲသည့် စကေးကွားခြားသလောက် နားလည်မှုကွဲလွဲကွာခြားနိုင်၍ ဖွံ့ ဖြိုးမှုအားချဉ်းကပ်သည့်လမ်းအသွယ်သွယ်သည်လည်း မည်သည့်စကေးနယ်ပယ်ဖြင့်သွားလိုသနည်းအပေါ်တွင် လုံးဝမူတည်နေပေတော့သည်။ ဥပမာအားဖြင့် နိုင်ငံအဆင့် (national scale) ဖွံ့ ဖြိုးမှုကိန်းဂဏန်းများကို ကြည့်ခြင်းအားဖြင့် ၎င်းတိုင်းပြည်အတွင်းရှိ ဒေသဆိုင်ရာအဆင့်ရှိ(regional level) ကွဲပြားကွာခြားမှုများကို မသိမြင်နိုင်ပေ။ (မြန်မာနိုင်ငံ၏ GNP (သို့ ) HDI ကိုသိရုံဖြင့် ချင်းပြည်နယ်နှင့် ရန်ကုန်တိုင်းတို့ ၏ GNP/HDI ကွာခြားချက်ကို မသိနိုင်ဟူလို။)

သည့်အတွက်ကြောင့်ပင် နေရာဒေသအလိုက် မညီမျှမှုများ (Spatial Inequalities) သည် ဖွံ့ ဖြိုးမှုအကြောင်းပြောကြဆိုကြလျှင် အခရာကျသောအချက် (key factor) အဖြစ်ပါဝင်လာစမြဲဖြစ်တော့၏။ ဤနှိုက် မှတ်သားစရာမှာ အချို့ သော ဖွံ့ ဖြိုးမှုပုံစံများ (Development forms) သည် အရပ်ဒေသတွင်းမညီမျှမှုများ (spatial inequalities) ကိုဖြစ်စေတတ်၍ အချို့ သည် လျော့ ကျစေတတ်လေ၏။

မညီမျှမှုများ (inequalities) ကို Gini Coefficient ဖြင့်တိုင်းတာ ၍ ဤတွင် ဖြန့် ဖြူးခြင်း (Distribution/ Wealth Distribution) သည်အရေးပါ၏။ နိုင်ငံအဆင့်အတွက် GNP နှင့် HDI ညွှန်းကိန်းတို့ သည် ကျေနပ်အားရဖွယ်ကောင်းနိုင်သော်လည်း အနှီနိုင်ငံတွင်းရှိ လူတိုင်းသည် ၎င်း GNP/HDI ကိုရရှိသုံးဆောင်ခံစားနေနိုင်ကြသည် မဟုတ်သည်ကိုမူ သတိပြုကြရပေမည်။ မြင့်မားသော စီးပွားရေးဖွံ ဖြိုးတိုးတက်မှု (Economic Development) ရရှိခြင်းသည် ၎င်းနိုင်ငံအတွင်းတွင် ညီမျှမှု (equality)မြင့်မားနေသည်ဟု မည်သို့ မျှအာမမခံနိုင်ပေ။ တနည်းအားဖြင့် ချမ်းသာသောနိုင်ငံတစ်ခုရှိ တိုင်းသူပြည်သားတိုင်းသည် ညီတူမျှတူ ချမ်းသာကြသည်မဟုတ်ဟုဆိုလို၏။ အပြန်အလှန်အားဖြင့် ညီမျှမှု (Equality) မြင့်မားသော နိုင်ငံတိုင်းလည်း ချမ်းသာကြသည်မဟုတ် ဆင်းရဲသောနိုင်ငံလည်းဖြစ်နိုင်ပေသည်။ သည့်အပြင် ၀ိုင်းပယ်ခြင်း (Marginalization)၊ ဆင်းရဲမွဲတေမှု (poverty)၊ အခွင့်အလမ်းနဲပါးခြင်း(disadvantage) စသည့် ပြဿနာတို့ သည်လည်း တစုံတရာသောကမ္ဘာ့ နေရာဒေသတို့ တွင် ကွက်၍ဖြစ်နေတတ်သည်မဟုတ်။ ဆင်းရဲချမ်းသာနိုင်ငံမရွေး၊ ပစ္စ န္တရစ်၊ မဇ္ဈိမ မခွဲခြား ကမ္ဘာ့အရပ်ဒေသတိုင်းတွင်ရှိတတ်သည်ကိုလည်းသတိပြုရပေမည်။

နိုင်ငံတစ်ခုအတွင်း အရပ်ဒေသအလိုက်မညီမျှမှုကို ပြောဆိုကြရာတွင် မြို့ ပြ-ကျေးလက် မညီမျှမှု (urban-rural inequality) မှာ ပင်မအကြောင်းတရားတစ်ခုဖြစ်၏။ မည်ကဲ့သို့ သော လူမှုစီးပွားညွှန်းကိန်းများဖြင့်တိုင်းတိုင်း မြို့ ပြ-ကျေးလက် ကွာဟမှု လမ်းကြောင်းမှာ ထင်ရှားရှင်းလင်းစွာမြင်ကြရမြဲဖြစ်၍ ကျေးလက်နေသူတို့ သည် မြို့ ပြနေသူတို့ ထက် အခြေအနေပိုဆိုးကြပေသည်။ မည်သို့ ပင်ဆိုစေ ဤကဲ့သို့ သော ကွဲပြားမှုကို အချက်သုံးချက်ဖြင့် သတိကြီးစွာထား၍ သုံးသပ်ကြရမည်ဖြစ်၏။ ပထမအချက်မှာ- ဆင်းရဲမွဲတေမှုညွှန်းကိန်း (poverty indicators) များကိုယ်နှိုက်ကပင် ပြဿာနာရှိနေခြင်းဖြစ်၏။ ဥပမာအားဖြင့်- ကျေးလက်တွင် ၀င်ငွေအားဖြင့် မြို့ ပြထက် နိမ့်ပါးသော်လည်း လူနေမှုစရိတ်တွင်ကျေးလက်သည် မြို့ ကြီးများထက် များစွာပို၍သက်သာ၏။ ထို့ ပြင် ကျေးလက်တွင် အစားအသောက်အတွက်ကုန်ကျစားရိတ်မကြီးမားလှပေရာ အပိုငွေစုနိုင်ပေသေး၏။ ဒုတိယအချက်အားဖြင့် ကျေးလက်-မြို့ ပြ ကွဲကွဲပြားပြားကတ္တခြားထားမှုမှာ စာရင်းအင်းဂဏန်းများက (statistics) ညွှန်ပြသကဲ့သို့ အမြဲ ရှင်းလင်းပြတ်သားခြင်းမရှိမူပဲ ကျေးလက်နှင့်မြို့ ပြကြား ကွင်းဆက်များ များစွာရှိနေခြင်းဖြစ်၏။ ထို့ အပြင် တောမှမြို့ သို့  ရာသီအလိုက်ပြောင်းရွှေ့ မှုများ (seasonal migration) မှာလည်း ထင်ရှားစွာရှိ၏။ နောက်ဆုံးအချက်အားဖြင့် မြို့ ပြလူဦးရေများသော လက်တင်အမေရိကနိုင်ငံတို့ တွင်မူ (ကျေးလက်ဒေသဆင်းရဲမွဲတေမှုမြင့်မားသော်လည်း) ဆင်းရဲမွဲတေမှုပြဿနာမှာ မြို့ ပြပြဿနာဖြစ်လာနေခြင်းဖြစ်၏။

"ဖွံ့ဖြိုးမှု (သို့ ) လူမှုရေးပြောင်းလဲမှု (Development as Social Change)"

ဤတွင်လည်း ဖွံ့ ဖြိုးမှုနှင့်ပတ်သက်၍ နောက်ထပ်ထွက်လာသည့်မေးခွန်းတစ်ခုမှာ- အရပ်ဒေသမညီမျှမှု (spatial inequality) မျှသာမဟုတ် လူမှုရေးမညီမျှမှု (social inequality) သည်လည်းအရေးမပါသလော ။ ဖွံ့ ဖြိုးမှုအသီးအပွင့်များကို ရယူခံစားခွင့်မရှိအောင်ဖယ်ထုတ်ထားခြင်း (သို့ ) လူမှုရေးမညီမျှမှုကို ခံစားရဆုံးသောသူများမှာ ကမ္ဘာတ၀ှမ်းလုံးတွင် အမျိုးသမီးများသာဖြစ်သည်ကိုသိရပေမည်။ အလားတူ တိုင်းပြည်တစ်ခုအတွင်းတွင်လည်း လူမျိုးစုအချို့ တို့ သည်အခွင့်အလမ်းများကင်းမဲ့ခြင်း၊ ဖွံ့ ဖြိုးစီမံကိန်းများရှိ ဆုံးဖြတ်ချက်ချ ဖြစ်စဉ်များတွင် ပါဝင်ခွင့်မပေးခြင်း စသည့် လူမှုရေးမညီမျှမှုများကို ကြုံတွေ့ နိုင်ပေသည်။ အကျိုးဆက်အားဖြင့် ယဉ်ကျေးမှု ထုံးတမ်းစဉ်လာ ဓလေ့စရိုက်များပျက်သုဉ်းလာခြင်း၊ မိမိကိုယ်ကိုအလေးအမြတ်ထားမှု (self-esteem)၊နှင့် ကိုယ့်ကိုယ်လေးစားတန်ဖိုးထားမှု (self-respect) တို့ ယုတ်လျော့လာပေလိမ့်မည်။ ဤသို့ သော အကြောင်းအချက်တို့ ကြောင့်ပင် လူမှုရေးကွဲပြားခြားနားမှုများ (social diversity) ကိုမည်သို့ ကိုင်တွယ်ဖြေရှင်းမည်ဆိုသည့်နည်းလမ်းသည် ဖွံ့ ဖြိုးမှု အတွေးအမြင်လမ်းကြောင်းတွင် အဓိကသော့ချက်နေရာနှိုက်ရပ်တည်လာတော့သည်။ တနည်းအားဖြင့်လူမှုရေးအပြောင်းအလဲအားမည်ကဲ့သို့ ပြုလုပ်သနည်းသည်ပင်လျှင် ဖွံဖြိုးမှုအလေ့အကျင့်များကို လက်တွေ့ အကောင်အထည်ဖေါ်သည့်နေရာတွင်သာမက ဖွံ့ ဖြိုးမှုအား မည်သို့ မည်ပုံအဓိပါယ်ဖွင့်ဆိုနားလည်သနည်းဟူသည့်ကိစ္စတွင်ပါ များစွာအခရာကျသည့် အကြောင်းခြင်းရာတစ်ခုဖြစ်တော့၏။
-----------------------------------

Katie Willis ရေးသား၍ Routledge တိုက်ထုတ်ဖြစ်သည့် “Theories and Practices of Development” စာအုပ်ကို အဓိကမှီငြမ်းပြု၍ ရေးသားထားပါသည်။ ရွက်ပုန်းသီး လီကွမ်းယူး မျိုးဆက်သစ်များအတွက် ရည်ရွယ်ပါသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...