Friday, May 3, 2013

ရခိုင်ပြည်နယ် ပဋိပက္ခများ စုံစမ်းစစ်ဆေးရေးကော်မရှင် အစီရင်ခံစာအပေါ် သုံးသပ်ချက်


ရခိုင်ပြည်နယိပက္ခများ စုံစမ်းစစ်ဆေးရေးကော်မရှင်သည် အမှန်တရားကို မဖေါ်ထုတ်။ ဥပဒေစိုးမိုးရေး အုတ်မြစ်ကို မချမှတ်။

စကထဲက လွဲခဲ့သော ကော်မရှင်
ကော်မရှင်က ထမ်းဆောင်ရမည့် အဓိကကျသော သုတေသနမေးခွန်း[1] နှင့် စပ်လျှဉ်း၍ စကထဲက လွဲခဲ့သည်။ ၂၀၁၂ ခုနှစ် သြဂုတ်လ (၁၇) ရက်နေ့စွဲဖြင့် သမတ ဦးသိန်းစိန်၏ တာဝန်ပေးစာတွင်ရခိုင်ပြည်နယ်တွင် ၂၀၁၂ ခုနှစ် မေလနှင့် ဇွန်လအတွင်း၌ တည်ငြိမ်အေးချမ်းရေး နှင့် ဥပဒေ စိုးမိုးရေးကို ထိခိုက်ပျက် ပြားစေသည့် လူစုလူဝေးဖြင့် ဥပဒေမဲ့ဆောင်ရွက်မှုများ၊ တိုက်ခိုက်သတ်ဖြတ်မှုများ ဖြစ်ပေါ် bခဲ့သည်။ အဆိုပိါပက္ခ ဖြစ်ပွားမှုနှင့် စပ်လျှဉ်း၍ ဖြစ်စဉ်ဖြစ်ရပ် အမှန်ပေါ်ပေါက်ရေး စုံစမ်းစစ်ဆေးရန် နှင့် အမျိုးသားအကျိုးစီးပွားတိုးတက်ရေး အကြံပြုရန်အတွက် အောက်ဖေါ်ပြပါ ပုဂ္ဂိုလ် များပါဝင်သော စုံစမ်းစစ်ဆေးရေးကော်မရှင် ကို ဖွဲ့စည်းတာဝန်ပေးအပ် လိုက်ပါသည်။” ဟူ၍ ဖေါ်ပြထားခဲ့သည်။
၂၀၁၃ ခုနှစ် ပြီလ (၂၂) ရက်စွဲဖြင့် ကော်မရှင်၏ အစီရင်ခံစာထွက်လာပြီးနောက် ကော်မရှင် ဥက္ကဌ ဒေါက်တာမျိုးမြင့် လက်မှတ်ရေးထိုးထားသည့် ဥယျောဇဉ်တွင် ပထမဆုံးစာကြောင်းရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့သော လူမျိုးရေိးပက္ခများ၏ ဖြစ်ပွားရသည့် အကြောင်းရင်းများ နှင့် အနာဂါတ်တွင် ထိုပက္ခမျိုး ထပ်မံမဖြစ်ပွားစေရေး ကြိုတင် ကာကွယ်နိုင်ရန်နှင့် လုပ်ဆောင်ရမည့် အချက်များကို သိရှိနိုင်ရန်အတွက် စုံစမ်းစစ်ဆေးရေးကော်မရှင်ကို ဖွဲ့စည်းခဲ့ ပါသည်။” ဟူ၍ ဖေါ်ပြ ထားခဲ့သည်။

သမတ၏ တာဝန်ပေးစာ ပထမပိုင်းကို ချုပ်ပြီးကြည့်လျှင် ရခိုင်ပြည်နယ်တွင် တည်ငြိမ်အေးချမ်းရေး နှင့် ဥပဒေ စိုးမိုး ရေးကို ထိခိုက် ပျက်ပြားစေသည့် လူစုလူဝေးဖြင့် ဥပဒေမဲ့ဆောင်ရွက်မှုများ၊ တိုက်ခိုက်သတ်ဖြတ်မှုများ၊ိပက္ခ ဖြစ် ပွားမှုများ နှင့် စပ်လျှဉ်း၍ ဖြစ်စဉ်ဖြစ်ရပ် အမှန်ပေါ်ပေါက်ရေး စုံစမ်းစစ်ဆေးရန် ဟူ၍တာဝန်ပေးအပ်ခြင်းဖြစ်သည်။ သို့ရာတွင် ကော်မရှင် ဥက္ကဌ၏ စာ ပထမ ပိုင်းအရမူ ရခိုင်ပြည်နယ်အတွင်း လူမျိုးရေိးပက္ခများ ဖြစ်ပွားရသည့် အကြောင်းရင်းများကို စုံစမ်းစစ်ဆေးရန် ဟူ၍ တာဝန်ကို ခံယူထားကြောင်း နားလည်နိုင်ပါသည်။
သို့ဖြစ်၍ သုတေသန လုပ်ငန်း သဘောအရ စူးစိုက်လေ့လာ စုံစမ်းစစ်ဆေးရမည့် အကြောင်းရပ်တွင် ကော်မရှင်သည် စကထဲက လွဲနေကြောင်း တွေ့နိုင်သည်။ လူမျိုးရေးပိပက္ခ ကို မလေ့လာရဟု ဆိုလိုရင်း မဟုတ်ပါ။ ယင်း မှာနောက်ခံ အကြောင်းရပ်ဖြစ်သည်။ ဆက်စပ်လေ့လာ ဖေါ်ထုတ်ဘို့လိုပါမည်။ သို့ရာတွင် သမတ၏တာဝန်ပေးစာအရမူ စူးစိုက် လေ့လာရမည့် သုတေသန မေးခွန်း၏ အချိန်ကာလ အ၀န်းအ၀ိုင်းဖြစ်သည့်၂၀၁၂ ခုနှစ် မေလနှင့် ဇွန်လ အတွငိးပက္ခ ဖြစ်ပွားသည့် လတ်တလောအကြောင်းရပ်[2] ကို အဓိကလေ့လာရပါမည်။
 
လတ်တလောအကြောင်းရပ်များကို အဓိကထားစုံစမ်းစစ်ဆေးခြင်းမပြုခဲ့သည့် ကော်မရှင်။
ရခိုင်ပြည်နယ်တွင် ၂၀၁၂ ခုနှစ် မေ နှင့် ဇွန်လများ အတွင်း ဥပဒေ စိုးမိုးရေးကို ထိခိုက်ပျက် ပြားကာ ပဋိပက္ခများ ဖြစ်ပေါ်စေခဲ့သည့် လတ်တလော အကြောင်းမှာ နှစ်ရပ်မှာ ကျောက်နီမော် လူသတ်မှု နှင့် တောင်ကုတ်လူသတ်မှုတို့ ဖြစ်သည်။ ယင်းတို့သည် ပြင်းထန်လှသည့် အဓိကရုဏ်းကြီးအား ဖေါက်ခွဲခဲ့သည့် စနက်တန်များ သဘွယ်ဖြစ်ခဲ့သည်။ ဤစနက်တန်များကို ဖြုတ်သူများ ကိုယ်တိုင်သည်သာ ပြစ်မှု ကျူးလွန်သူများဖြစ်သလား။ သို့မဟုတ် စနက်တန်ဖြုတ် သူများအား နောက်ကွယ်က အင်အားစုတစုံတရာက စနစ် တကျ စီစဉ် အမိန့်ပေးညွှန်ကြားမှု ရှိသလား။ ကော်မရှင် သည် လတ်တလော အကြောင်းအား တိတိကျကျ လေ့လာ စုံစမ်း စစ်ဆေးကာ အမှန်တရားကို ဖေါ်ထုတ်ရန် တာဝန်ရှိ သည်။ ကော်မရှင်သည် ယင်းတာဝန်ကို ထမ်းဆောင်ခဲ့ခြင်းမရှိသဖြင့် အမှန်တရားကို မဖေါ်ထုတ်နိုင်ခဲ့ပါ။
ကော်မရှင်၏ အစီရင်ခံစာ ပဋိပက္ခများဖြစ်ပွားရသည့် နောက်ခံအကြောင်းကို စာမျက်နှာ (၁၂) မျက်နှာ တင်ပြခဲ့ သည်။ ယင်းသို့ဖြစ်လျှင် ပို၍ အရေးတကြီးထားကာ အဓိကလေ့လာရမည့် လတ်တလောအကြောင်းကို အနည်းဆုံး နှစ်ဆ၊ (၂၄) မျက်နှာခန့် တင်ပြ သင့်သည်။ သို့ရာတွင် စကထဲက လွဲခဲ့သောကော်မရှင်၏ အစီရင်ခံစာရှည်ကြီးတွင် ကျမ်းကိုးများ၊ နောက်ဆက်တွဲများပါ ထည့် သွင်းတွက်ချက်ပါက စုစုပေါင်း ၁၈၅ မျက်နှာရှိသော်လည်း လတ်တလော အကြောင် ကြောရိုး ပြစ်မှုကြီး နှစ်ရပ် နှင့် စပ်လျှဉ်း၍မူ စာတမျက်နှာခန့်သာ ဖေါ်ပြနိုင်ခဲ့သည်။[3] ပထမ ပြစ်မှုကြီး အတွက်မူ စာကြောင်း တကြောင်းမျှသာ ဖေါ်ပြခဲ့သည်။
 
ဥပဒေစိုးမိုးရေး၏ အခြေခံအကျဆုံးအနေဖြင့် ပြစ်မှုကျူးလွန်သူအား အပြစ်ပေးနိုင်ရေးကိုပင် ထိထိရောက်ရောက် မဆောင်ရွက်ခဲ့သော ကော်မရှင်
ပြစ်မှုကျူးလွန်သူများအား အရေးယူရန် အစီရင်ခံစာတွင် ဖေါ်ပြထားမှု မရှိသည့်အပေါ် ကုလသမဂ္ဂလူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စတာကင်တားနားက ထောက်ပြသောအခါ ကော်မရှင် အတွင်းရေးမှုးဒေါက်တာ ကျော်ရင်လှိုင် က ၂၀၁၃ ခုနှစ် မေလ () ရက်နေ့နံက် ဘီဘီစီ နှင့်အင်တာဗျူးတွင် ကျွန်တော်တို့အင်တာဗျူးတွေလုပ်ပါတယ်။ ဒါပေမယ့် တကယ့်ကို သက်သေ သက္ကာယ နဲ့ ခိုင်ခိုင်မာမာ ပြနိုင်တာက အားနည်းတယ်။ သက်သေ သက္ကာယ အရ ဒီမှာ ဒါဖြစ်ခဲ့တယ် ဆိုတာရှိခဲ့ရင် အဲဒါကို ကျွန်တော်တို့ပြောပါတယ်။ ဒါပေမယ့် အကြားလောက်ဘဲ အမြင်လောက်ဘဲ ပြောပြီးတော့  Circumstantial Evidence မရှိတာတွေ ပြောလာရင် ကျွန်တော်တို့အကြံပြုနိုင်တာက  ဥပဒေနဲ့ အညီ လုပ်ဘို့ အသေအချာ ဂရုပြုရမယ် ဆိုတဲ့အဆင့်လောက်ပါဘဲ။” ဟူ၍ ပြောကြားသွားခဲ့သည်။
ဥပဒေ နှင့်အညီလုပ်ဘို့ အသေအချာ ဂရုပြုရမယ်ဟုပြောခဲ့သော ကော်မရှင်အတွင်းရေးမှုးကြီး ကိုယ်တိုင်က ပြည် တွင်းတွင် ကျင့်သုံးလျှက်ရှိသော သက်သေခံ ဥပဒေကို မသိသောအခါ ပြသနာ တက်လာသည်။ သက်သေခံ ဥပဒေ ပုဒ်မ (၅၉) အရ “စာတမ်း အမှတ်အသားများ၏ အနှစ်သာရများမှလွဲ၍ အချက်အလက်များအားလုံးကို နုတ်သက်သေခံ ချက်ဖြင့် သက်သေပြရမည်။” ဟု လည်းကောင်း၊ ပုဒ်မ (၆၀) အရု“နုတ်သက်သေခံချက် သည် တိုက်ရိုက်ဖြစ်စေ ရမည်။” ဟု လည်းကောင်း ပြဌာန်းထားသည်။ ပြစ်မှုဆိုင်ရာ မှုခင်းများတွင် တဆင့်ကြား[4] မဟုတ်ဘဲ ကိုယ်တိုင်ကြား၊ ကိုယ်တိုင်မြင်သူများ၏ သက်သေခံချက်ကို Circumstantial Evidence ဟုခေါ်သော ပတ်ဝန်းကျင်သက်သေခံချက် ထက် ပိုမို တန်ဘိုးထား၍ တရားရုံးများက လက်ခံကြရသည်။ ကော်မရှင် အတွင်းရေးမှုးကြီးသည် အဘယ်ကြောင့် ပြောင်းပြန်ပြောနေပါသနည်း။ ပြစ်မှုဆိုင်ရာမှုခင်းများတွင် မည်သည့်သက်သေခံချက်ကို မည်သို့ မည်ပုံ လက်ခံ သုံးသပ်ရမည်ဟုပင် နားမလည်ပါက ကော်မရှင်သည် အမှန်တရားပေါ်အောင် မည်သို့ စုံစမ်းစစ်ဆေးပါမည်နည်း။
အစိုးရအာဏာပိုင်များ ပါဝင်ပတ်သက် ကျူးလွန်မှုရှိမရှိ၊ လူ့အခွင့်အရေးလေ့လာစောင့်ကြည့်ရေး အဖွဲ့ နှင့် မစ္စတာ ကင်တားနားတို့ပြောတာ မမှန်ဘူးလား ဟူသောမေးခွန်းကို ကော်မရှင်အတွင်းရေးမှုး ကဒီလိုမျိုး အကြောင်းအရာ တွေကို စစ်ဆေးဘို့ဆိုရင် အခုရတဲ့ အချိန်လောက်နဲ့မလုံလောက်ဘူး။ အကြာကြီး ပြန်လုပ်ရမှာ။ဟု ဖြေ ခဲ့သည်။
စင်စစ်အားဖြင့်မူ အချိန်သည်လိုသည်ထက်ပင်ပိုပါသေးသည်။ ၂၀၁၂ ခုနှစ် သြဂုတ်လ(၁၈) ရက်နေ့တွင် စတင်တာဝန် ထမ်းဆောင်ခဲ့သော ကော်မရှင်သည် ၂၀၁၃ ခုနှစ် ပြီလ၂၁ ရက်နေ့အထိ စုစုပေါင်းအချိန် ရှစ်လ နှင့် သုံးရက် ရခဲ့ သည်။ အဓိကရုဏ်းကြီးအား ဖေါက်ခွဲခဲ့သည့် စနက်တန်များ သဘွယ် အရေးကြီးလှသည့် ပြစ်မှုကြီး နှစ်ခုအား အဓိက ထား၍စုံစမ်းဖေါ်ထုတ်မှုမပြုခဲ့ဘဲ သမိုင်းကြောင်းများအပေါ်တွင်လည်းကောင်း၊ ပြစ်မှုဖြစ်ပွားပြီးနောက် အကျိုး သက် ရောက်မှုများ အပေါ်တွင်လည်းကောင်း လိုအပ်သည်ထက်ပိုမိုအချိန်ယူခဲ့ခြင်းကြောင့်သာ အချိန်ပြသနာပေါ်ခဲ့ရသည်။ 

ဥပဒေစိုးမိုးရေး၏ ၀င်ရိုးဖြစ်သော တရားစီရင်ရေးနှင့် စပ်လျှဉ်း၍ လေ့လာစုံစမ်းဖေါ်ထုတ်ခြင်း မပြုခဲ့သဖြင့် အမှန်တရားကို ပျောက်ဆုံးစေခဲ့သည့် ကော်မရှင်။
ပထမ အမှုတွင် ရခိုင်အမျိုး သမီးကလေးအား မုဒိန်းကျင့်သတ်ဖြတ်၍ ပြစ်မှုကျူး လွန်ကြောင်း စွပ်စွဲခံရသူသုံးဦးအနက် တဦးမှာ အချုပ်ခန်းထဲ တွင် ကြိုးဆွဲချသေသွားခဲ့ကြောင်း သိရသည်။ မှုခင်းတွင် နောက်ကွယ် က ကြိုးကိုင်စီစဉ်သူများ အား မဖေါ်ထုတ်နိုင်စေရန် နုတ်ပိတ်လိုက်ခြင်းများဖြစ်သလား။ စုံစမ်းစစ်ဆေးဖေါ်ထုတ်ခွင့်ရပါ လျှက် ကော်မရှင်သည် မည်သို့ မျှ မဆောင်ရွက်ခဲ့။ ရခိုင်အမျိုး သမီးကလေးအား မုဒိန်းကျင့်သတ်ဖြတ်သူ မည်သူ့ကို မဆိုအရေးယူအပြစ် ပေးရပါမည်။ သို့ရာတွင်တရားခံ များဘက်တွင် ခုခံထုခြေခွင့် အပြည့်အ၀ရှိဘို့လိုသည်။ မျှ ကြီးမားလှသော လူ သတ်မှုကြီးအား အလွန်တိုတောင်း လှသည့် ရက်သတ္တသုံးပတ်မျှ အတွင်း ရုံးတင်စစ်ဆေးပြီး ကျန်တရားခံ နှစ်ဦးအပေါ် သေဒဏ်ချမှတ်ခဲ့သည် ဆိုသည်မှာ မြန်မာနိုင်ငံတရားစီရင်ရေးသမိုင်းတွင် မကြားမိဘူးခဲ့။ ကျန်သူနှစ်ဦးကိုပါ ထပ်မံ နုတ်ပိတ်လို၍လား သံသယဖြစ်ဖွယ်ပင်။
ဒုတိယ အမှုတွင် လူ (၁၀) ဦးအား ပေါ်ပေါ်ထင်ထင် တပြိုင်နက် သတ်ဖြတ်ပစ်သည်အထိ ပြစ်မှုကျူးလွန်ကြသူ များ သည် မည်သူတို့နည်း။ ဤမျှကြီးမားလှသော ပြစ်မှုကြီးကို နောက်ကွယ်မှနေ၍ ကြိုးကိုင်စီစဉ်၊ သို့မဟုတ် ဖုံးအုပ်ကာ ကွယ်ပေးထားသော အဖွဲ့အစည်းများရှိလျှင် မည်သည်တို့နည်း။ တိတိကျကျဖေါ်ထုတ်ရန် ကော်မရှင်တွင် တာဝန်ရှိ သည်။ မဖေါ်ထုတ်ခဲ့။ အပြစ်ပေး အရေးယူရန် မတောင်းဆိုခဲ့။ တရားစီရင်ရေးပိုင်းအရ အားနည်းချက်တွေ ရှိသည် ဆိုလျှင်လည်း လွတ်လပ်၊ ဘက်မလိုက်၊ အားကောင်း ထက်မြက်သော တရားစီရင်ရေး စနစ်ပေါ်ပေါက် လာရေး အတွက် မည်သည့် အဆိုပြုမှုမျှ မတင်သွင်းခဲ့။ ကော်မရှင်ကိုယ်တိုင်က ဥပဒေစိုးမိုးရေး၏ မရှိမဖြစ် အရေးပါလှ သည့် အခြေခံများကို ဥပက္ခာပြုထားသောအခါ နောက်ထပ် အလားတူပြစ်မှုကြီးများ ကျူးလွန်မှု မရှိစေရန် မည်သို့ ကာကွယ် တားဆီးမည်နည်း။

အစိုးရ၏ တာဝန်ရှိမှုကို ပြတ်ပြတ်သားသားဖေါ်ထုတ်တင်ပြမှုမပြုခဲ့သည့် ကော်မရှင်။
မည်သည့်နိုင်ငံတွင်မဆို အစိုးရတိုင်း၏ အခြေခံအကျဆုံးတာဝန်သည် ပြည်သူလူထု၏ လုံခြုံမှုကို ကာကွယ် စောင့် ရှောက်ရန်ဖြစ်သည်။ ကော်မရှင်၏ အစီရင်ခံစာအရပေါ်လွင်သည်မှာ ပိပက္ခဖြစ်စဉ်များအတွင်း တိုက်ရိုက်အမိန့်ပေး ကိုင်တွယ်သူမှာ အဓိကအားဖြင့် ဒေသဆိုင်ရာ အာဏာပိုင်များမဟုတ်၊ နေပြည်တော်မှ ဗဟိုအစိုးရဖြစ်သည်။ကော်မရှင် ၏အစီရင်ခံစာ စာမျက်နှာ ၈၇ တွင် “နစက သည် ကက (ကြည်း) ၏ တိုက်ရိုက်ကွပ်ကဲမှုအောက်တွင် ရှိနေကြောင်းနှင့် လုံခြုံရေး အဖွဲ့အစည်းများသည် သက်ဆိုင်ရာ ၀န်ကြီးဌာနများ၏ အမိန့်ကိုသာနာခံရပြီး ဒေသဆိုင်ရာ အုပ်ချုပ်ရေး ဆောင်ရွက်သူများ၏ အမိန့်ကို နာခံနိုင်ခြင်း မရှိသည်ကို တွေ့ရှိရကြောင်း” အတိအလင်း ဖေါ်ပြထားသည်။ တွင် ကော်မရှင်သည် ကောင်းမွန်သောလွှမ်းမိုးအုပ်ချုပ်မှု[5] ကို ကျင့်သုံးသည့် နိုင်ငံတကာ အစဉ်အလာ[6] အရ အမိန့်ပေး ခြင်းအရတာဝန်ရှိမှု[7] ကို ဖေါ်ထုတ်ရပါမည်။
မျက်စိရှေ့မှောက်တွင် ပြစ်မှုကြီးများ ကျူးလွန်ဖြစ်ပွားနေကြောင်း တွေ့ရ ပါလျှက် လုံခြုံရေး အဖွဲ့အစည်းများသည် ချက်ခြင်း အရေးယူဆောင်ရွက်မှုမပြုဘဲ ရပ် ကြည့်နေ ခဲ့ကြသည်ကို ရခိုင်ပိပက္ခများ အတွင်း စတင်တွေ့မြင်ခဲ့ရပြီး နောက်ပိုင်းတွင် တပြည်လုံးသို့ပြန့်လာနေပြီ ဖြစ်သည်။ ယင်းအတွက် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအရ ထိပ်ဆုံးတွင် တိုင်း ပြည်အာဏာကို ချုပ်ကိုင်ထားသော အမျိုးသားကာကွယ် ရေးနှင့် လုံခြုံရေးကောင်စီ နှင့် ဦးသိန်းစိန် ဦးဆောင် သည့် ပြည်ထောင်စုအစိုးရတွင် အဓိကတာဝန်ရှိသည်။ ကော်မရှင် က ရခိုင်ပိပက္ခများ အတွင်း အမိန့်ပေးခြင်းအရ တာဝန် ရှိမှုကို စနစ်တကျတိတိကျကျ မဖေါ်ထုတ်ခဲ့ခြင်း အားဖြင့် ကာလုံ နှင့် နေပြည်တော် အစိုးရကို အကာ အကွယ် ပေး ရာရောက်သည်။ တပြည်လုံးတွင် ပြစ်မှုကြီးများ တောက်လျှောက် ဖြစ်ပွားကျူး လွန်နေရာကာလုံနှင့် နေပြည်တော် အစိုးရ၏တာဝန်ရှိမှုကို ဆက်လက်ဖုံးကွယ်ထားနိုင်သည့် အုတ်မြစ်အားကော်မရှင် က ချပေးလိုက်ရာရောက်သည်။  

နိဂုံးချုပ် သုံးသပ်ချက်
ကော်မရှင်၏ အစီရင်ခံစာတွင် လေ့လာအသုံးချသင့်သော အကြောင်းအရာများလည်းပါရှိသည်။ သို့ရာတွင် စာမျက်နှာ ၂၂ ရခိုင်ပြည်နယ်အတွင်း ပိပက္ခဖြစ်ပွားရသည့် အကြောင်းရင်းများ ဟူသော ခေါင်းစဉ်အောက်တွင် သုံးသပ်ချက် အများစုကြီးမှာ ထင်မြင်ချက် များကို စုစည်းဖေါ်ပြချက်များကဲ့သို့ ဖြစ်နေသည်။ တိတိကျကျ အဖြေရှာမှုမတွေ့ရ။ မည်သည့် အမှန်တရားကိုမျှ ပြတ်သားစွာ ဖေါ်ထုတ်ပြမထားပါ။
ကော်မရှင်သည် ဥပဒေစိုးမိုးရေး၏ အရေးပါလှသည့်အခြေခံများကို မထောက်ပြ၊ အစိုးရ၏ အမိန့်ပေးခြင်းအရ တာဝန် ရှိမှုကို မဖေါ်ထုတ်၊ လွတ်လပ် ဘက်မလိုက် အားကောင်းပြီး လူ့အခွင့်အရေးနှင့် ဥပဒေစိုးမိုးရေးကို လေးစားလိုက်နာ သည့် တိုင်းပြည်လုံခြုံရေး အဖွဲ့အစည်း[8] များ အဖြစ် အသွင် ပြောင်းလဲ ဖွဲ့စည်းရေးကို တွန်းအားမပေး၊ ပြစ်မှုကြီးများ ဖြစ်ပွားသည့်အခါတိုင်း မျှတသော  တရားစီရင်စစ်ဆေးမှု[9] အခြေခံ တွင် တရားရုံးများအား အားကိုးဖြေရှင်းနိုင်ကြစေ ရေး မီးမောင်းထိုးမပြခဲ့။ ယင်းတို့အစား တာဝန်ခံမှု မရှိသော ကာလုံ၏ တိုက်ရိုက်ကွပ်ကဲမှုအောက်ရှိ တလက်ကိုင် လုံခြုံရေး အဖွဲ့ အစည်းများအား အင်အားနှစ်ဆတိုးကာ ရခိုင်ပြည်နယ်တွင် ထပ်မံချထားရန်ကိုသာ အဓိကအားဖြင့် တွန်းအားပေးလျှက်ရှိသဖြင့် ရေရှည်တွင် ရခိုင်ပြည်နယ်တွင်သာမက ပြည်ထောင်စု တ၀ှမ်းလုံးမှာပင် သေနတ်ကို ဒူး ထောက်ရှစ်ခိုး၊ သေနတ်အောက်တွင်ပင် အသက်ရှင်ခိုလှုံရမည့် ဘ၀သို့ လူထုကြီး တရပ် လုံးကျဆင်းစေအောင် ပြု လုပ်လိုက်သကဲ့သို့ဖြစ်သည်။  

ဦးအောင်ထူး (ရှေ့နေ)           
                                                                      ဥပဒေအထောက်အကူပြုကွန်ယက် တည်ထောင်သူ                                                                         တယ်လီဖုံး၊ (၄၆) (၀) ၇၆ ၁၁၅၆ ၂၁၅          ရက်စွဲ၊ မေလ (၃) ရက် ၂၀၁၃ ခုနှစ်


[1] Major research question
[2] Immediate cause
[3] ကော်မရှင်၏ အစီရင်ခံစာ စာမျက်နှာ ၁၃၊ ၁၄
[4] Hearsay
[5] Good governance
[6] International practice
[7] Command responsibility
[8] State institutions for security
[9] Fair Trial

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...