Wednesday, May 15, 2013

ဥပဒေအထက်မှာ ဘယ်သူတွေရှိသေးလဲ (၃)

Tin Lay Zaw shared Zaw Wann Maung's photo.
ဥပဒေအထက်မှာ ဘယ်သူတွေရှိသေးလဲ(၃)
မြန်မာနိုင်ငံမှာတော့ အရှက်မရှိတဲ့ အာဏာပိုင် စစ်အရာရှိကြီးများဟာ အာဏာပါဝါကို အလွဲသုံးစား လုပ်ပြီး ဥပဒေကို လက်တစ်လုံးခြား ပြည်သူလူထု အပေါ်မှာနိုင်ထက်စီးနင်းလုပ်နေကြပါတယ်။ ယခင်ဝန်ကြီးတွေခေတ်မှာတော့ မုန့်ပုံးထဲမှာ ရွှေချောင်းတွေထည့်ပြီး လက်ဆောင်ပေး ကန်တော့တဲ့ခေတ် ရှိခဲ့ဖူးပါတယ်။ နောက်တော့ ရွှေအစား စိန်ကိုလက်ဆောင်ပေးတဲ့ ခေတ်လည်း ဖြစ်လာဖူးပါတယ်။ပိုင်ဆိုင်မှုပစ္စည်းစာရင်းတွေကို ထုတ်ပြန်လိုက်မယ်ဆိုရင် ကြောက်ခမန်းလိလိ ချမ်းသာကြွယ်ဝမှုတွေကို တွေ့ရှိရမှာဖြစ်ပြီး ၀န်ကြီးတွေရဲ့လစာနဲ့ အနှစ် (၁၀၀) စုဆောင်းတဲ့တိုင် အဲ့ဒီ ငွေကြေးတွေ ပြည့်မီမှာ မဟုတ်ကြောင်း သိရှိရပါတယ်။ကြပ်ပြေး တည်ဆောက်ရာမှာ အနည်းဆုံး ဒေါ်လာသန်း (၃၀၀) ကုန်ကျခဲ့ပါတယ်။ကြပ်ပြေးရဲ့  အကြီးဆုံး ကန်ထရိုက်ကို ဗိုလ်ရွှေမန်းရဲ့ သားဖြစ်သူ အောင်သက်မန်းပိုင်တဲ့ ဧရာရွှေဝါကုမ္ပဏီက ရသွားပါတယ်။ အောင်သက်မန်းရဲ့ ဧရာရွှေဝါ ကုမ္ပဏီ ဟာ ဧရာဝတီတိုင်း တတိုင်းလုံးအတွက် မြေသြဇာ ရောင်းချခွင့်လိုင်စင်ကို တဦးတည်းပိုင် အဖြစ်နဲ့ ၀င်ငွေလမ်းဖြောင့်ခဲ့တယ်။ ၂၀၀၁ ခုနှစ်မှာ လယ်ဧက သုံးသောင်းကျော်ကို ကုမ္ပဏီပိုင် လုပ်ခဲ့လို့ လယ်သမားတချို့ အလုပ်လက်မဲ့ ဖြစ်ခဲ့တယ်။၂၀၀၃ ခုနှစ်မှာ ဗိုလ်ချုပ်ကြီး ရာထူး လက်ခံအပြီး ၂ နှစ်အကြာ ၂၀၀၅ မှာ ဧရာရွှေဝါဟာ စင်ကာပူနဲ့ ဘင်္ဂလား ဒေရှ့်ကို ဆန်တင်ပို့ ရောင်းချခွင့် လိုင်စင် ရခဲ့ပါတယ်။ ဒါဟာ ပုဂ္ဂလိက ကုမ္ပဏီကို ဆန် ပြည်ပတင်ပို့ခွင့် ပထမဦးဆုံး ခွင့်ပြုခဲ့ခြင်းပါ။ နာဂစ်အပြီးမှာလည်း ဧရာရွှေဝါကုမဏီနဲ့ လက်ခွဲကုမ္ပဏီတွေဟာ ထူး/၀ါဝါ၀င်း/ အစရှိသောကုမ္ပဏီတို့နဲ့ အပြိုင် စပါးပေး (စိုက်ပျိုးစရီတ်ချေးငွေ) ကို လယ်သမားများထံ ထုတ်ချေးပြီး နိုင်ငံတော်မှ ချေးသလို စာချုပ်ချုပ် ခေါင်းစဉ်တပ်ကာ ကြွေးမဆပ်နိုင်တဲ့ လယ်များကို တရားရုံးမှတစ်ဆင့် သိမ်းယူသောအလုပ်များ (ခေတ်သစ်ချစ်တီးကဲ့သို့) အများအပြားလုပ်ကိုင်ခဲ့သော ကုမ္ပဏီဖြစ်ပါတယ်။ ဧရာရွှေဝါကုမ္ပဏီဟာ ၁၉၉၇ ကတည်းက ဦးတေဇရဲ့ထူး ကုမ္ပဏီနဲ့ ပူးပေါင်းခဲ့ပြီး အခုအချိန်မှာတော့ စားအုန်း ဆီ၊ ဓာတ်မြေသြဇာနဲ့ လယ်ယာလုပ်ငန်းသုံး စက်ကိရိယာများနဲ့ ဆောက်လုပ်ရေး လုပ်ငန်းသုံး ပစ္စည်းများ တင်သွင်းခြင်း၊ ရွှေတူးဖော်ရေး လုပ်ငန်း၊ ဆန်၊ ပဲ၊ သစ်၊ ငါး ပုစွန် စတဲ့ ပစ္စည်းတွေကို တင်ပို့ရေးအပြင် လောင်စာဆီတင်သွင်း ရောင်းဝယ်ခြင်းလုပ်ငန်း တွေကို လုပ်ကိုင် နေပါပြီ။့  “လက်နက်ကလွဲရင် အကုန်လုပ်ပါတယ်” မိုးကုတ်နဲ့ ဖားကန့်မှာလည်း ကျောက်တူးဖော်ရေး လုပ်ငန်းတွေ အကြီးအကျယ်လုပ်နေပြီး ရန်ကုန်မှာလည်း မြေကွက်အမြောက် အမြား ပိုင်ထားတယ်။ ဘန်ကောက်၊ မလေးရှား၊ စင်ကာပူနဲ့ သြစတြေးလျမှာ ကွန်ဒိုတွေ ၀ယ်ထားပြီး အမေရိကန်ရဲ့ ဆန်ရှင်ကို ရှောင်ဖို့ မလေးရှားနဲ့ ထိုင်းက ဘဏ်တွေမှာ ငွေစာရင်း ဖွင့်ထားပါတယ်။ တပ်ထဲမှာ ဆက်ရှိနေတဲ့ သူရ ဦးရွှေမန်းရဲ့သားငယ် တိုးနိုင်မန်း ကလည်း စီးပွားရေး အသိုင်းအ၀န်းနဲ့ အဆက်အသွယ် ကောင်းကောင်းရှိတယ်။ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်း၊ ဆောက်လုပ်ရေး လုပ်ငန်းနဲ့ ချမ်းသာကြွယ်ဝနေတဲ့ ဇေကမ္ဘာ ဦးခင်ရွှေရဲ့သမီးနဲ့ ထိမ်းမြား ထားတာ မဟုတ်လား။ ကြားရတဲ့ သတင်းတွေအရ နာမည်ကြီး ဆက်သွယ်ရေး ကုမ္ပဏီဖြစ်တဲ့ Red Link နဲ့ ဖျော်ဖြေရေး ရေဒီယို ချယ်ရီ FM ဟာ တိုးနိုင်မန်း ပိုင်တယ်လို့ သိရတယ်။အဂတိလိုက်စားမှု နာမည်ဆိုးထွက်နေတဲ့ အမှတ် (၁) လျှပ်စစ်စွမ်းအား ဝန်ကြီး ဦးဇော်မင်းလိုမျိုးယခင်ဝန်ကြီးများဖြစ်ကြတဲ့ ဦးအောင်သောင်းနဲ့ ဦးတင်ထွဋ်တို့လို စီးပွားရေး သောင်းကျန်းတဲ့ ၀န်ကြီးဟောင်းတွေကတော့ ကျေနပ်မှုရှိကြမှာမဟုတ်ပါဘူး။ တပ်ချုပ်ကြီးနဲ့ အလိုတူအလိုပါ ခေတ်ပျက်သူဌေးတွေ ဝက်ဝက် ကွဲအောင် တိုင်းပြည်ဘဏ္ဍာနဲ့ သယံဇာတတွေ ခိုးကြ၊ မျိုကြ၊ ဆို့ကြတဲ့အထဲမှာ အမှတ် (၁) စက်မှုဝန်ကြီးဌာန ၀န်ကြီး အောင်သောင်း ကတော့ နံပါတ်တစ်ပါပဲ။ ဦးအောင်သောင်းဟာ ကုန်သွယ်ရေးဒုဝန်ကြီးမှ မွေးမြူရေးနဲ့ ရေလုပ်ငန်း ၀န်ကြီးအဖြစ်သို့ ဆက်လက် ရာထူးတိုးလာချိန်မှာတော့ စတင် ချမ်းသာလာပြီ ဖြစ်ပါတယ်။ ဦးအောင်သောင်းဟာ အမှတ် (၁) စက်မှုဝန်ကြီးဌာန ၀န်ကြီးအဖြစ် ပြောင်းရွှေ့လာပြီးနောက် သူ့ရဲ့ ချမ်းသာကြွယ်ဝမှုဟာ မြန်မာပြည်မှာ ထိပ်တန်းစာရင်း ၀င်လာခဲ့ပါတယ်။ ဦးအောင်သောင်းဟာ အတ္တသမားပီပီ ငါ့အတွက်၊ ငါ့မိန်းမ၊ ငါ့သားသမီးအတွက်၊ ငါ့ဆွေမျိုး အတွက် ငါ၏အရှက်ကို ပေးဆပ်မည်လို့ ကြွေးကြော်ရင်း အရှက်သိက္ခာမဲ့စွာ ကိုယ်ကျိုး စီးပွါးကိုသာ တစိုက်မတ်မတ် လုပ်ကိုင်ရင်း စက်မှု ( ၁) ရဲ့ အဆီအနှစ်များအား ၀ါးမြိုကာ စက်ရုံများ အရူံးပေါ်အောင်နဲ့ ၀င်းသူဇာဆိုင်ကြီး နလံမထူပျက်ဆီးဆုံးရူံးအောင်စွမ်းဆောင်ဦးဆောင်မှုပေးနိုင်ခဲ့ပါတယ်။
ဒု ဗိုလ်ချုပ်ကြီး မောင်ဘိုဟာ ခလရ (၁၃) ချောက်မြို့တွင် တပ်ခွဲမှူး ဗိုလ်မှူးတာဝန်နှင့် ဌာနချုပ်တပ်ခွဲမှူး တာဝန်များကို ထမ်းဆောင် ခဲ့စဉ်က တပ်ပိုင်ခွဲတမ်းမှ ရေနံချေးနဲ့ ဖယောင်းတိုင် ပါမစ်များကို အလွဲ သုံးစားလုပ် ကိုယ်ကျိုးရှာမှုကြောင့် အမှုဖြစ်ပွားကာ စစ်တရားရုံး ဖွဲ့စည်း စစ်ဆေးခံရပြီး သူ့အား စစ်မှုထမ်းသက် (၄) နှစ် လျှော့ချ ပြစ်ဒဏ် ပေးခဲ့ပါတယ်။ ထောက်လှမ်းရေးတွေဟာ ဗိုလ်မောင်ဘိုရဲ့ ရန်ုကုန်ရှိ ပိုင်ဆိုင်မှု တိုက်တာ စည်းစိမ်ဥစ္စာတွေကို ဗွီဒီယိုပါ ရိုက်ကူးကာ မှတ်တမ်းတင်ခဲ့ပါတယ်။ ဒုချုပ် ဗိုလ်မောင်အေးရဲ့လူယုံ တပည့် ဖြစ်တဲ့ ဦးအောင်ကိုဝင်း (ဆရာကျောင်း) ကို မောင်ဘိုက ရပခတိုင်းမှူး ဘ၀မှာ ပါရာဒို ကားတစ်စီးအား မိုက်ကြေးခွဲ တောင်းခဲ့လို့ သူ့အား “ကတုတ်ကျင်း မောင်ဘို” ဆိုတဲ့ ဘွဲ့အပြင် “ပါရာဒို ဆရာဘို” လို့ နောက်ထပ် ဘွဲ့တစ်ခုအား ထပ်တိုးပေးခဲ့ကြပါတယ်။ သူ့ရဲ့သား ကျော်စွာမြင့် ဆိုရင် (၈) မိုင် မရမ်းကုန်းမှာ ကာရာအိုကေ၊ ဘီယာ စားသောက်ဆိုင် “ဟာရီကိန်း” ဆိုပြီး ဖွင့်လှစ်ထားပါတယ်။ စားသောက်ဆိုင်ကို လာရောက် လည်ပတ်ခဲ့တဲ့ Sponsor ကုန်သည်များနဲ့အတူ ရန်ကုန်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် ခင်မောင်သန်းရဲ့ လုံခြုံရေး တပ်စုမှူး ဗိုလ်ကြီးတစ်ဦးဟာ မူးယစ်သောင်းကျန်းကာ ဆိုင်ရှိ ကောင်မလေး တစ်ဦးကို အတူတူ ညလိုက်မအိပ်လို့ ဆိုကာ ဆွဲလားရမ်းလား ပဋိပက္ခ ဖြစ်ကာ ဟိုးလေးတကျော် ရှိခဲ့ပါတယ်။ အင်းလျားကန် စောင်းနံဘေးမှာ ရှိတဲ့ ဒေါ်ဝါ၀ါဝင်းရွှေရဲ့ ဟိုတယ်မှာ အာဏာရှင်တွေ အားကိုးနဲ့ ဒုစရိုက်ပေါင်းစုံ ဖွင့်ခွင့်ပြုခဲ့ရာ လွတ်မြောက်နယ်မြေ ဖြစ်နေပြီး အာဏာရှင်တွေကိုယ်တိုင် ဟိုတယ် မယ်လေး တွေနဲ့ ပျော်ပါးရာ နေရာလေး ဖြစ်ခဲ့ပါတယ်။
ဗိုလ်အုန်းမြင့်ဟာ အပြောအဆိုမှာတော့ အင်မတန်ညက်ညောပြီး စီးပွားရေးအရ အလွန် သောင်းကျန်းသူ တစ်ဦးသာ ဖြစ်ပါတယ်။ သူဗိုလ်ကြီးဘ၀က မှတ်တမ်းရုံးမှာ တပ်မှူး ဗိုလ်မှူးကြီးခင်လတ်ရဲ့ အိမ်စီးပွားရေး လုပ်ငန်းများကို ရှာဖွေပေးရင်း သူ့ရဲ့ ကိုယ်ကျိုးစီးပွားပါ အိတ်ထဲ ထည့်တတ်သူ ဖြစ်ပါတယ်။ ကမ်းရိုးတန်းစစ်ဌာနချုပ် စစ်ဗျူဟာမှူး ဘ၀တုန်းကပင် ကုန်သည်များထံမှ လိုင်စင်မဲ့ (4/4 Double cab) Tiger ကားများကို ချောကားအဖြစ် သုံးရင်း တစ်ခါတည်း ကိုယ်ပိုင်ကားအဖြစ် သိမ်းယူလိုက်လို့ ထိုစဉ်က တိုင်းမှူးဖြစ်တဲ့ ဗိုလ်ချုပ် သီဟသူရစစ်မောင်က ၀င်ရောက် ဖြန်ဖြေပေးလိုက်ရကာ တိုင်းစစ်ဌာနချုပ်ပိုင်ကား အဖြစ် အကာအကွယ်ပေးခဲ့ရဖူးပါတယ်။ ဗိုလ်အုန်းမြင့်ဟာ ကမ်းရိုးတန်းတိုင်း စစ်ဌာနချုပ်ကို တိုင်းမှူးဘ၀နဲ့ ပြန်လည်ရောက်ရှိခဲ့ရာ ပိုမိုလောဘတက်ပြီး ကော့သောင် - ရနောင်းက စီးပွားရေး လုပ်ငန်းများကို ချုပ်ကိုင်ခဲ့ ပါတယ်။ တဖန် သူ့ရဲ့မိန်းမဟာ ကချင်မဖြစ်လို့ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် ကချင်ပြည်နယ်ကို တိုင်းမှူးအဖြစ် ထပ်မံ ပြောင်းရွှေ့ခဲ့ရာက စီးပွားရေး ပိုမို သောင်းကျန်းနိုင်ခဲ့ပြန်ပါတယ်။ ထိုမှ တဆင့် ကာကွယ်ရေးဝန်ကြီးဌာန စစ်ဆင်ရေး အထူးအဖွဲ့မှူး ဖြစ်ပြန်တော့လည်း ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်းတို့ ပါဝင်တဲ့ မပခ၊ နမခ တို့ကို ကိုင်တွယ်ရပြန်လို့် “ရလေ လိုလေ အိုတစ္ဆေ” ဆိုသလို လောဘဇောတက်ပြီး စီးပွါးရေးနဲ့ နံမည်ပျက်လာပြန်ပါတယ်။ ဗိုလ်အုန်းမြင့် မပခတိုင်းမှူးဘ၀က တရားမ၀င် ဖမ်းဆီးသစ်များကို ဖမ်းဆီးရမိတဲ့ နေရာများမှ မြို.များ/သစ်ဆိပ်များသို့ သယ်ယူဖို့ ဗန်းပြပြီး တရုတ်ကို အဲဒီသစ်တွေ ခိုးထုတ်နေတဲ့ ဗိုလ်ချုပ်အုန်းမြင့်ရဲ့နောက်ခံ လက်ရုံးတစ်ဆူပမာဖြစ်သော “အောင်မိုင်ကုမ္ပဏီ” ဟာ ကချင်/စစ်ကိုင်း/ချင်းတွေကို ကိုင်တွယ် ရတဲ့ ဗိုလ်အုန်းမြင့်ရဲ့  ကစထမှူးးနေရာကို ဗိုလ်ချုပ် သာအေးနဲ့ ပြောင်းလဲလိုက်ပြီးတဲ့ နောက်ပိုင်းမှာတော့ အစစ်ဆေးခံရကာ ဖျက်သိမ်းလိုက်ခြင်း ခံခဲ့ရပါတယ်။ ကချင်ပြည်နယ်အနှံ့ ရှိနေတဲ့ ဖမ်းဆီးရမိ သစ်များကို သယ်ဆောင်ဖို့ဆိုပြီး နောက်တိုင်းမှူးဗိုလ်အုန်းမြင့်က သူနဲ့နီးစပ်တဲ့ ကုမ္ပဏီတစ်ခုကို ခေါ်သွင်းလာပါတယ်။ သစ်ဖမ်းတုံးကလည်း တပ်တွေပါပါတယ်။ ပိုက်ဆံယူ လွှတ်တာလည်း ဒီတပ်တွေပါဘဲ။ ဒီသစ်တွေဖမ်းပြီး ပြန်သယ်တော့လည်း ဒီတပ်တွေပါပဲ။ ပြန်သယ်ရင်းနဲ့ အယောင်ပြပြီး ပြန်ခိုးထုတ်တာလည်း ဒီတပ်တွေပါပဲ။ လုပ်စားနေလိုက်ကြတာများ မျက်စိလည်စရာတောင် ကောင်းလှပါတယ်။ ကချင်ပြည်နယ်နဲ့ ရှမ်းမြောက် ဒေသတွေမှာ ကျွန်း/တမလန်းနှင့် ပိတောက်အပါအ၀င် အဖိုးတန်သစ်များ ကုန်သွားလို့ တရုတ်တွေက ကညင်/ကြေးလန်/စကားဝါ စတဲ့ သစ်မျိုးများကိုပါ ခိုးယူနေကြကြောင်း သိရှိရပါတယ်။ တေဇ၊ ဇော်ဇော်၊ ထွန်းမြင့်နိုင်၊ အောင်ကိုဝင်း၊ စိုင်းစံထွန်း၊ ချစ်ခိုင်၊ ဌေးမြင့်၊ ဝင်းမြင့်၊ ခင်ရွှေ၊ မောင်ဝိတ် သူတို့ရဲ့  ပုဂ္ဂလိက လုပ်ငန်းကြီးများ မြန်မာပြည်မှာ ကြီးထွားလာတာနဲ့အမျှ အကျိုးဆက်က မတွေးရဲလောက်အောင် ဖြစ်ပါတယ်။ပုဂ္ဂလိက လုပ်ငန်း ဖြစ်သည့်အတွက် ဈေးကစားတာတွေ ကြုံရမယ်။ မကျေနပ်လို့ ပုဂ္ဂလိကလုပ်ငန်းက ဈေး (၁၀) ဆ တက်စေဦးတော့ ဘာမျှ ပြောမရ။ အစိုးရပိုင်လုပ်ငန်းက ဈေးတက်သွားပြီဆိုရင် ဆူပူမှုတွေ ဖြစ်သွားနိုင်တယ်။ ထိန်းထိန်းညှိညှိ လုပ်ရတဲ့ သဘာဝရှိတယ်။ အဲဒီလို ခြားနားချက်များကြားမှာ (၁၀) ဦးပိုင် ပုဂ္ဂလိကလုပ်ငန်းကြီးတွေ တွင်ကျယ်သွားရင်ဖြင့် မြန်မာပြည်သူတွေ အငတ်ဘေး ဆိုက်သွားနိုင်ချေရှိတယ်။
သံဃာတော်တွေ ငြိမ်းချမ်းစွာ ဆန္ဒပြတာကို မီးလောင်ဗုံးတွေနဲ့ ပစ်ခွဲခဲ့တဲ့အတွက် ဒီဦးသိန်းစိန်အစိုးရဟာ ဘာတွေပဲ ပြောင်းလဲနေတယ်ပဲပြောပြော အရင်စစ်အစိုးရရဲ့ အမူအကျင့်တွေ အတိုင်းပဲ၊ ပြည်သူတွေအပေါ်မှာရက်စက်တုန်း ဆိုတာ ရက်ရက်စက်စက် ဖြိုခွင်းတဲ့အကျင့်တွေ ရှိနေတုန်းဆိုတာကို ကသက်သေပြုလို့နေပါတယ်။အမှန်တကယ်တော့ လွတ်လပ်မှုရှိပြီး လွှမ်းမိုးမှု မရှိတဲ့ သီးခြား အထူးစုံစမ်း စစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းသင့်ပြီး နိုင်ငံတော် မျက်နှာ တစ်ခုတည်းသာကြည့်ကာ ပြတ်ပြတ်သားသား ဆောင်ရွက်သင့်ပါတယ်။ ပြည်သူလူထုဟာ ယနေ့အချိန်အထိကို ဥပဒေရဲ့ အကာအကွယ်၊ ဥပဒေနဲ့ ချေပခွင့်ဆိုတာ လုံးဝ မခံစားခဲ့ရဘူး။
ဇော်ဝမ်းမောင်


မြန်မာနိုင်ငံမှာတော့ အရှက်မရှိတဲ့ အာဏာပိုင် စစ်အရာရှိကြီးများဟာ အာဏာပါဝါကို အလွဲသုံးစား လုပ်ပြီး ဥပဒေကို လက်တစ်လုံးခြား ပြည်သူလူထု အပေါ်မှာနိုင်ထက်စီးနင်းလုပ်နေကြပါတယ်။ ယခင်ဝန်ကြီးတွေခေတ်မှာတော့ မုန့်ပုံးထဲမှာ ရွှေချောင်းတွေထည့်ပြီး လက်ဆောင်ပေး ကန်တော့တဲ့ခေတ် ရှိခဲ့ဖူးပါတယ်။ နောက်တော့ ရွှေအစား စိန်ကိုလက်ဆောင်ပေးတဲ့ ခေတ်လည်း ဖြစ်လာဖူးပါတယ်။
ပိုင်ဆိုင်မှုပစ္စည်းစာရင်းတွေကို ထုတ်ပြန်လိုက်မယ်ဆိုရင် ကြောက်ခမန်းလိလိ ချမ်းသာကြွယ်ဝမှုတွေကို တွေ့ရှိရမှာဖြစ်ပြီး ၀န်ကြီးတွေရဲ့လစာနဲ့ အနှစ် (၁၀၀) စုဆောင်းတဲ့တိုင် အဲ့ဒီ ငွေကြေးတွေ ပြည့်မီမှာ မဟုတ်ကြောင်း သိရှိရပါတယ်။ကြပ်ပြေး တည်ဆောက်ရာမှာ အနည်းဆုံး ဒေါ်လာသန်း (၃၀၀) ကုန်ကျခဲ့ပါတယ်။ကြပ်ပြေးရဲ့  အကြီးဆုံး ကန်ထရိုက်ကို ဗိုလ်ရွှေမန်းရဲ့ သားဖြစ်သူ အောင်သက်မန်းပိုင်တဲ့ ဧရာရွှေဝါကုမ္ပဏီက ရသွားပါတယ်။ အောင်သက်မန်းရဲ့ ဧရာရွှေဝါ ကုမ္ပဏီ ဟာ ဧရာဝတီတိုင်း တတိုင်းလုံးအတွက် မြေသြဇာ ရောင်းချခွင့်လိုင်စင်ကို တဦးတည်းပိုင် အဖြစ်နဲ့ ၀င်ငွေလမ်းဖြောင့်ခဲ့တယ်။ ၂၀၀၁ ခုနှစ်မှာ လယ်ဧက သုံးသောင်းကျော်ကို ကုမ္ပဏီပိုင် လုပ်ခဲ့လို့ လယ်သမားတချို့ အလုပ်လက်မဲ့ ဖြစ်ခဲ့တယ်။၂၀၀၃ ခုနှစ်မှာ ဗိုလ်ချုပ်ကြီး ရာထူး လက်ခံအပြီး ၂ နှစ်အကြာ ၂၀၀၅ မှာ ဧရာရွှေဝါဟာ စင်ကာပူနဲ့ ဘင်္ဂလား ဒေရှ့်ကို ဆန်တင်ပို့ ရောင်းချခွင့် လိုင်စင် ရခဲ့ပါတယ်။ ဒါဟာ ပုဂ္ဂလိက ကုမ္ပဏီကို ဆန် ပြည်ပတင်ပို့ခွင့် ပထမဦးဆုံး ခွင့်ပြုခဲ့ခြင်းပါ။ နာဂစ်အပြီးမှာလည်း ဧရာရွှေဝါကုမဏီနဲ့ လက်ခွဲကုမ္ပဏီတွေဟာ ထူး/၀ါဝါ၀င်း/ အစရှိသောကုမ္ပဏီတို့နဲ့ အပြိုင် စပါးပေး (စိုက်ပျိုးစရီတ်ချေးငွေ) ကို လယ်သမားများထံ ထုတ်ချေးပြီး နိုင်ငံတော်မှ ချေးသလို စာချုပ်ချုပ် ခေါင်းစဉ်တပ်ကာ ကြွေးမဆပ်နိုင်တဲ့ လယ်များကို တရားရုံးမှတစ်ဆင့် သိမ်းယူသောအလုပ်များ (ခေတ်သစ်ချစ်တီးကဲ့သို့) အများအပြားလုပ်ကိုင်ခဲ့သော ကုမ္ပဏီဖြစ်ပါတယ်။ ဧရာရွှေဝါကုမ္ပဏီဟာ ၁၉၉၇ ကတည်းက ဦးတေဇရဲ့ထူး ကုမ္ပဏီနဲ့ ပူးပေါင်းခဲ့ပြီး အခုအချိန်မှာတော့ စားအုန်း ဆီ၊ ဓာတ်မြေသြဇာနဲ့ လယ်ယာလုပ်ငန်းသုံး စက်ကိရိယာများနဲ့ ဆောက်လုပ်ရေး လုပ်ငန်းသုံး ပစ္စည်းများ တင်သွင်းခြင်း၊ ရွှေတူးဖော်ရေး လုပ်ငန်း၊ ဆန်၊ ပဲ၊ သစ်၊ ငါး ပုစွန် စတဲ့ ပစ္စည်းတွေကို တင်ပို့ရေးအပြင် လောင်စာဆီတင်သွင်း ရောင်းဝယ်ခြင်းလုပ်ငန်း တွေကို လုပ်ကိုင် နေပါပြီ။့  “လက်နက်ကလွဲရင် အကုန်လုပ်ပါတယ်” မိုးကုတ်နဲ့ ဖားကန့်မှာလည်း ကျောက်တူးဖော်ရေး လုပ်ငန်းတွေ အကြီးအကျယ်လုပ်နေပြီး ရန်ကုန်မှာလည်း မြေကွက်အမြောက် အမြား ပိုင်ထားတယ်။ ဘန်ကောက်၊ မလေးရှား၊ စင်ကာပူနဲ့ သြစတြေးလျမှာ ကွန်ဒိုတွေ ၀ယ်ထားပြီး အမေရိကန်ရဲ့ ဆန်ရှင်ကို ရှောင်ဖို့ မလေးရှားနဲ့ ထိုင်းက ဘဏ်တွေမှာ ငွေစာရင်း ဖွင့်ထားပါတယ်။ တပ်ထဲမှာ ဆက်ရှိနေတဲ့ သူရ ဦးရွှေမန်းရဲ့သားငယ် တိုးနိုင်မန်း ကလည်း စီးပွားရေး အသိုင်းအ၀န်းနဲ့ အဆက်အသွယ် ကောင်းကောင်းရှိတယ်။ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်း၊ ဆောက်လုပ်ရေး လုပ်ငန်းနဲ့ ချမ်းသာကြွယ်ဝနေတဲ့ ဇေကမ္ဘာ ဦးခင်ရွှေရဲ့သမီးနဲ့ ထိမ်းမြား ထားတာ မဟုတ်လား။ ကြားရတဲ့ သတင်းတွေအရ နာမည်ကြီး ဆက်သွယ်ရေး ကုမ္ပဏီဖြစ်တဲ့ Red Link နဲ့ ဖျော်ဖြေရေး ရေဒီယို ချယ်ရီ FM ဟာ တိုးနိုင်မန်း ပိုင်တယ်လို့ သိရတယ်။အဂတိလိုက်စားမှု နာမည်ဆိုးထွက်နေတဲ့ အမှတ် (၁) လျှပ်စစ်စွမ်းအား ဝန်ကြီး ဦးဇော်မင်းလိုမျိုးယခင်ဝန်ကြီးများဖြစ်ကြတဲ့ ဦးအောင်သောင်းနဲ့ ဦးတင်ထွဋ်တို့လို စီးပွားရေး သောင်းကျန်းတဲ့ ၀န်ကြီးဟောင်းတွေကတော့ ကျေနပ်မှုရှိကြမှာမဟုတ်ပါဘူး။ တပ်ချုပ်ကြီးနဲ့ အလိုတူအလိုပါ ခေတ်ပျက်သူဌေးတွေ ဝက်ဝက် ကွဲအောင် တိုင်းပြည်ဘဏ္ဍာနဲ့ သယံဇာတတွေ ခိုးကြ၊ မျိုကြ၊ ဆို့ကြတဲ့အထဲမှာ အမှတ် (၁) စက်မှုဝန်ကြီးဌာန ၀န်ကြီး အောင်သောင်း ကတော့ နံပါတ်တစ်ပါပဲ။ ဦးအောင်သောင်းဟာ ကုန်သွယ်ရေးဒုဝန်ကြီးမှ မွေးမြူရေးနဲ့ ရေလုပ်ငန်း ၀န်ကြီးအဖြစ်သို့ ဆက်လက် ရာထူးတိုးလာချိန်မှာတော့ စတင် ချမ်းသာလာပြီ ဖြစ်ပါတယ်။ ဦးအောင်သောင်းဟာ အမှတ် (၁) စက်မှုဝန်ကြီးဌာန ၀န်ကြီးအဖြစ် ပြောင်းရွှေ့လာပြီးနောက် သူ့ရဲ့ ချမ်းသာကြွယ်ဝမှုဟာ မြန်မာပြည်မှာ ထိပ်တန်းစာရင်း ၀င်လာခဲ့ပါတယ်။ ဦးအောင်သောင်းဟာ အတ္တသမားပီပီ ငါ့အတွက်၊ ငါ့မိန်းမ၊ ငါ့သားသမီးအတွက်၊ ငါ့ဆွေမျိုး အတွက် ငါ၏အရှက်ကို ပေးဆပ်မည်လို့ ကြွေးကြော်ရင်း အရှက်သိက္ခာမဲ့စွာ ကိုယ်ကျိုး စီးပွါးကိုသာ တစိုက်မတ်မတ် လုပ်ကိုင်ရင်း စက်မှု ( ၁) ရဲ့ အဆီအနှစ်များအား ၀ါးမြိုကာ စက်ရုံများ အရူံးပေါ်အောင်နဲ့ ၀င်းသူဇာဆိုင်ကြီး နလံမထူပျက်ဆီးဆုံးရူံးအောင်စွမ်းဆောင်ဦးဆောင်မှုပေးနိုင်ခဲ့ပါတယ်။
ဒု ဗိုလ်ချုပ်ကြီး မောင်ဘိုဟာ ခလရ (၁၃) ချောက်မြို့တွင် တပ်ခွဲမှူး ဗိုလ်မှူးတာဝန်နှင့် ဌာနချုပ်တပ်ခွဲမှူး တာဝန်များကို ထမ်းဆောင် ခဲ့စဉ်က တပ်ပိုင်ခွဲတမ်းမှ ရေနံချေးနဲ့ ဖယောင်းတိုင် ပါမစ်များကို အလွဲ သုံးစားလုပ် ကိုယ်ကျိုးရှာမှုကြောင့် အမှုဖြစ်ပွားကာ စစ်တရားရုံး ဖွဲ့စည်း စစ်ဆေးခံရပြီး သူ့အား စစ်မှုထမ်းသက် (၄) နှစ် လျှော့ချ ပြစ်ဒဏ် ပေးခဲ့ပါတယ်။ ထောက်လှမ်းရေးတွေဟာ ဗိုလ်မောင်ဘိုရဲ့ ရန်ုကုန်ရှိ ပိုင်ဆိုင်မှု တိုက်တာ စည်းစိမ်ဥစ္စာတွေကို ဗွီဒီယိုပါ ရိုက်ကူးကာ မှတ်တမ်းတင်ခဲ့ပါတယ်။ ဒုချုပ် ဗိုလ်မောင်အေးရဲ့လူယုံ တပည့် ဖြစ်တဲ့ ဦးအောင်ကိုဝင်း (ဆရာကျောင်း) ကို မောင်ဘိုက ရပခတိုင်းမှူး ဘ၀မှာ ပါရာဒို ကားတစ်စီးအား မိုက်ကြေးခွဲ တောင်းခဲ့လို့ သူ့အား “ကတုတ်ကျင်း မောင်ဘို” ဆိုတဲ့ ဘွဲ့အပြင် “ပါရာဒို ဆရာဘို” လို့ နောက်ထပ် ဘွဲ့တစ်ခုအား ထပ်တိုးပေးခဲ့ကြပါတယ်။ သူ့ရဲ့သား ကျော်စွာမြင့် ဆိုရင် (၈) မိုင် မရမ်းကုန်းမှာ ကာရာအိုကေ၊ ဘီယာ စားသောက်ဆိုင် “ဟာရီကိန်း” ဆိုပြီး ဖွင့်လှစ်ထားပါတယ်။ စားသောက်ဆိုင်ကို လာရောက် လည်ပတ်ခဲ့တဲ့ Sponsor ကုန်သည်များနဲ့အတူ ရန်ကုန်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် ခင်မောင်သန်းရဲ့ လုံခြုံရေး တပ်စုမှူး ဗိုလ်ကြီးတစ်ဦးဟာ မူးယစ်သောင်းကျန်းကာ ဆိုင်ရှိ ကောင်မလေး တစ်ဦးကို အတူတူ ညလိုက်မအိပ်လို့ ဆိုကာ ဆွဲလားရမ်းလား ပဋိပက္ခ ဖြစ်ကာ ဟိုးလေးတကျော် ရှိခဲ့ပါတယ်။ အင်းလျားကန် စောင်းနံဘေးမှာ ရှိတဲ့ ဒေါ်ဝါ၀ါဝင်းရွှေရဲ့ ဟိုတယ်မှာ အာဏာရှင်တွေ အားကိုးနဲ့ ဒုစရိုက်ပေါင်းစုံ ဖွင့်ခွင့်ပြုခဲ့ရာ လွတ်မြောက်နယ်မြေ ဖြစ်နေပြီး အာဏာရှင်တွေကိုယ်တိုင် ဟိုတယ် မယ်လေး တွေနဲ့ ပျော်ပါးရာ နေရာလေး ဖြစ်ခဲ့ပါတယ်။
ဗိုလ်အုန်းမြင့်ဟာ အပြောအဆိုမှာတော့ အင်မတန်ညက်ညောပြီး စီးပွားရေးအရ အလွန် သောင်းကျန်းသူ တစ်ဦးသာ ဖြစ်ပါတယ်။ သူဗိုလ်ကြီးဘ၀က မှတ်တမ်းရုံးမှာ တပ်မှူး ဗိုလ်မှူးကြီးခင်လတ်ရဲ့ အိမ်စီးပွားရေး လုပ်ငန်းများကို ရှာဖွေပေးရင်း သူ့ရဲ့ ကိုယ်ကျိုးစီးပွားပါ အိတ်ထဲ ထည့်တတ်သူ ဖြစ်ပါတယ်။ ကမ်းရိုးတန်းစစ်ဌာနချုပ် စစ်ဗျူဟာမှူး ဘ၀တုန်းကပင် ကုန်သည်များထံမှ လိုင်စင်မဲ့ (4/4 Double cab) Tiger ကားများကို ချောကားအဖြစ် သုံးရင်း တစ်ခါတည်း ကိုယ်ပိုင်ကားအဖြစ် သိမ်းယူလိုက်လို့ ထိုစဉ်က တိုင်းမှူးဖြစ်တဲ့ ဗိုလ်ချုပ် သီဟသူရစစ်မောင်က ၀င်ရောက် ဖြန်ဖြေပေးလိုက်ရကာ တိုင်းစစ်ဌာနချုပ်ပိုင်ကား အဖြစ် အကာအကွယ်ပေးခဲ့ရဖူးပါတယ်။ ဗိုလ်အုန်းမြင့်ဟာ ကမ်းရိုးတန်းတိုင်း စစ်ဌာနချုပ်ကို တိုင်းမှူးဘ၀နဲ့ ပြန်လည်ရောက်ရှိခဲ့ရာ ပိုမိုလောဘတက်ပြီး ကော့သောင် - ရနောင်းက စီးပွားရေး လုပ်ငန်းများကို ချုပ်ကိုင်ခဲ့ ပါတယ်။ တဖန် သူ့ရဲ့မိန်းမဟာ ကချင်မဖြစ်လို့ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် ကချင်ပြည်နယ်ကို တိုင်းမှူးအဖြစ် ထပ်မံ ပြောင်းရွှေ့ခဲ့ရာက စီးပွားရေး ပိုမို သောင်းကျန်းနိုင်ခဲ့ပြန်ပါတယ်။ ထိုမှ တဆင့် ကာကွယ်ရေးဝန်ကြီးဌာန စစ်ဆင်ရေး အထူးအဖွဲ့မှူး ဖြစ်ပြန်တော့လည်း ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်းတို့ ပါဝင်တဲ့ မပခ၊ နမခ တို့ကို ကိုင်တွယ်ရပြန်လို့် “ရလေ လိုလေ အိုတစ္ဆေ” ဆိုသလို လောဘဇောတက်ပြီး စီးပွါးရေးနဲ့ နံမည်ပျက်လာပြန်ပါတယ်။ ဗိုလ်အုန်းမြင့် မပခတိုင်းမှူးဘ၀က တရားမ၀င် ဖမ်းဆီးသစ်များကို ဖမ်းဆီးရမိတဲ့ နေရာများမှ မြို.များ/သစ်ဆိပ်များသို့ သယ်ယူဖို့ ဗန်းပြပြီး တရုတ်ကို အဲဒီသစ်တွေ ခိုးထုတ်နေတဲ့ ဗိုလ်ချုပ်အုန်းမြင့်ရဲ့နောက်ခံ လက်ရုံးတစ်ဆူပမာဖြစ်သော “အောင်မိုင်ကုမ္ပဏီ” ဟာ ကချင်/စစ်ကိုင်း/ချင်းတွေကို ကိုင်တွယ် ရတဲ့ ဗိုလ်အုန်းမြင့်ရဲ့  ကစထမှူးးနေရာကို ဗိုလ်ချုပ် သာအေးနဲ့ ပြောင်းလဲလိုက်ပြီးတဲ့ နောက်ပိုင်းမှာတော့ အစစ်ဆေးခံရကာ ဖျက်သိမ်းလိုက်ခြင်း ခံခဲ့ရပါတယ်။ ကချင်ပြည်နယ်အနှံ့ ရှိနေတဲ့ ဖမ်းဆီးရမိ သစ်များကို သယ်ဆောင်ဖို့ဆိုပြီး နောက်တိုင်းမှူးဗိုလ်အုန်းမြင့်က သူနဲ့နီးစပ်တဲ့ ကုမ္ပဏီတစ်ခုကို ခေါ်သွင်းလာပါတယ်။ သစ်ဖမ်းတုံးကလည်း တပ်တွေပါပါတယ်။ ပိုက်ဆံယူ လွှတ်တာလည်း ဒီတပ်တွေပါဘဲ။ ဒီသစ်တွေဖမ်းပြီး ပြန်သယ်တော့လည်း ဒီတပ်တွေပါပဲ။ ပြန်သယ်ရင်းနဲ့ အယောင်ပြပြီး ပြန်ခိုးထုတ်တာလည်း ဒီတပ်တွေပါပဲ။ လုပ်စားနေလိုက်ကြတာများ မျက်စိလည်စရာတောင် ကောင်းလှပါတယ်။ ကချင်ပြည်နယ်နဲ့ ရှမ်းမြောက် ဒေသတွေမှာ ကျွန်း/တမလန်းနှင့် ပိတောက်အပါအ၀င် အဖိုးတန်သစ်များ ကုန်သွားလို့ တရုတ်တွေက ကညင်/ကြေးလန်/စကားဝါ စတဲ့ သစ်မျိုးများကိုပါ ခိုးယူနေကြကြောင်း သိရှိရပါတယ်။ တေဇ၊ ဇော်ဇော်၊ ထွန်းမြင့်နိုင်၊ အောင်ကိုဝင်း၊ စိုင်းစံထွန်း၊ ချစ်ခိုင်၊ ဌေးမြင့်၊ ဝင်းမြင့်၊ ခင်ရွှေ၊ မောင်ဝိတ် သူတို့ရဲ့ ပုဂ္ဂလိက လုပ်ငန်းကြီးများ မြန်မာပြည်မှာ ကြီးထွားလာတာနဲ့အမျှ အကျိုးဆက်က မတွေးရဲလောက်အောင် ဖြစ်ပါတယ်။ပုဂ္ဂလိက လုပ်ငန်း ဖြစ်သည့်အတွက် ဈေးကစားတာတွေ ကြုံရမယ်။ မကျေနပ်လို့ ပုဂ္ဂလိကလုပ်ငန်းက ဈေး (၁၀) ဆ တက်စေဦးတော့ ဘာမျှ ပြောမရ။ အစိုးရပိုင်လုပ်ငန်းက ဈေးတက်သွားပြီဆိုရင် ဆူပူမှုတွေ ဖြစ်သွားနိုင်တယ်။ ထိန်းထိန်းညှိညှိ လုပ်ရတဲ့ သဘာဝရှိတယ်။ အဲဒီလို ခြားနားချက်များကြားမှာ (၁၀) ဦးပိုင် ပုဂ္ဂလိကလုပ်ငန်းကြီးတွေ တွင်ကျယ်သွားရင်ဖြင့် မြန်မာပြည်သူတွေ အငတ်ဘေး ဆိုက်သွားနိုင်ချေရှိတယ်။
သံဃာတော်တွေ ငြိမ်းချမ်းစွာ ဆန္ဒပြတာကို မီးလောင်ဗုံးတွေနဲ့ ပစ်ခွဲခဲ့တဲ့အတွက် ဒီဦးသိန်းစိန်အစိုးရဟာ ဘာတွေပဲ ပြောင်းလဲနေတယ်ပဲပြောပြော အရင်စစ်အစိုးရရဲ့ အမူအကျင့်တွေ အတိုင်းပဲ၊ ပြည်သူတွေအပေါ်မှာရက်စက်တုန်း ဆိုတာ ရက်ရက်စက်စက် ဖြိုခွင်းတဲ့အကျင့်တွေ ရှိနေတုန်းဆိုတာကို ကသက်သေပြုလို့နေပါတယ်။အမှန်တကယ်တော့ လွတ်လပ်မှုရှိပြီး လွှမ်းမိုးမှု မရှိတဲ့ သီးခြား အထူးစုံစမ်း စစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းသင့်ပြီး နိုင်ငံတော် မျက်နှာ တစ်ခုတည်းသာကြည့်ကာ ပြတ်ပြတ်သားသား ဆောင်ရွက်သင့်ပါတယ်။ ပြည်သူလူထုဟာ ယနေ့အချိန်အထိကို ဥပဒေရဲ့ အကာအကွယ်၊ ဥပဒေနဲ့ ချေပခွင့်ဆိုတာ လုံးဝ မခံစားခဲ့ရဘူး။

ဇော်ဝမ်းမောင်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...