Tuesday, May 28, 2013

သစ်ထူးလွင် သတင်းစုစည်းမှု (၂၇-၅)

သစ်ထူးလွင်



Posted: 27 May 2013 07:29 AM PDT
မုံရွာခရိုင်က စိမ်းပြာရေညှိ ထုတ်လုပ်ရေး စီမံကိန်းအတွက် သိမ်းယူခံခဲ့ရတဲ့ လယ်မြေတွေပေါ်မှာ မူလပိုင်ရှင်တွေက လယ်ပြန်လည် ထွန်ယက်နေကြပါတယ်။ ။ ဒေါ်ခင်မင်းဇော် သတင်းပေးပို့ထားပါတယ်။ ရိုက်ကူး အိုင်စီဂျေ ဥာဏ်ကြီး

ရုပ်/သံ ကြည့်ရှုရန် ဒီနေရာကို နှိပ်ပါ



Posted: 27 May 2013 07:16 AM PDT
ဖားကန့်မြို့နယ် လုံးခင်းကျေးရွာ အနီးဝန်းကျင်မှာ လုပ်ကိုင် စားသောက်နေတဲ့ ရေမဆေး ကျောက်ရှာတဲ့ လူတွေကို အာဏာပိုင်တွေက အခုရက်ပိုင်းအတွင်း ဖမ်းဆီးနေတာကြောင့် ဒေသခံကျောက်ကုန်သည်တွေပါ အခက်အခဲတွေ့နေကြရတယ်လို့ သိရပါတယ်။ လွန်ခဲ့တဲ့ မေလ ၂၄ ရက်နေ့က စတင်ပြီးတော့ ဖားကန့်မြို့နယ် လုံးခင်းကျေးရွာ အုပ်စုအတွင်းရှိ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 27 May 2013 06:10 AM PDT
မေလ(၃၀)ရက်နေ့ ထုတ် shade journal အတွဲ(၇)၊အမှတ်(၁၉)

ဂျာနယ် ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ



Posted: 27 May 2013 06:08 AM PDT
မေလ (၂၀)ရက်နေ့ ထုတ်  ဈေးဝယ်လမ်းညွန် အတွဲ(၃) အမှတ်(၃၉)
ဂျာနယ် ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ




Posted: 27 May 2013 06:05 AM PDT
မေလ(၃၀)ရက်နေ့ ထုတ် အင်တာနက် ဂျာနယ် အတွဲ (၁၄) အမှတ် (၂၀)

ဂျာနယ် ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ



Posted: 27 May 2013 06:13 AM PDT
ဈေးချိုကို တစ်ခေါက် ရောက်တော့ ဈေးချို လမ်းတွေ ရှင်းနေတယ်။ ဈေးသည်တွေလည်း ယပ်တောင်လေးတွေ ကိုင်ရင်း အချင်းချင်း စကားပြောနေ ကြတာကို တွေ့ခဲ့ရတယ်။ ဈေးချို ဈေးရုံတွေထဲ လှည့်ပတ် ကြည့်ရင်းက ရွှေမန်းရုံ ဘက်ရောက် ခဲ့ပါတယ်။ မိတ်ဆွေ ဦးလေးကြီးနဲ့ စကားပြော ဖြစ်ကြရင်း ဈေးရောင်းပါးတဲ့ အကြောင်းနဲ့ ဟိုးအရင် ဈေးချိုရုံဟောင်းတုန်းက စည်းလုံးခဲ့။ ညီညွတ်ခဲ့ကြတဲ့ ဈေးချိုသူ၊ ဈေးချိုသားတွေရဲ့ ပုံရိပ်တွေကို ပြန်ပြောပြတယ်။ ဈေးချိုရုံဟောင်းတွေ ဖျက်လိုက်တော့ ဒီဈေးချိုထဲမှာ ဘ၀တွေရင်းပြီး စီးပွားရေး ရင်းနှီးမြှုပ်နှံထားသူ မန္တလေးသူ မန္တလေးသား၊ ဈေးချိုသူ၊ ဈေးချိုသား စစ်စစ်တွေရဲ့ ဘ၀တွေ ပျက်စီးယိုယွင်းကုန်တဲ့ အကြောင်းတွေလည်း တစ်သီတစ်တန်းကြီး ပြောပြခဲ့တယ်။
အခုလက်ရှိဈေးချိုကြီးကလည်း မှောင်တဲ့အခါမှောင်။ စက်လှေကားကြီးကလည်း ရပ်တဲ့အခါရပ်၊ မိုးရွာလို့ မိုးရေတွေ ပေါက်ကျလို့ ပစ္စည်းတန်ဖိုးတွေ ဆုံးရှုံးရသူက ဆုံးရှုံးနဲ့။ ဟိုးအ၇င် ဈေးချိုရုံဟောင်းကြီးရဲ့ အနားသတ်ကြွက်ကြွက်ညံနေရော့သလား ထင်မိတယ်။ ဟုတ်ပ။ ဒီဈေးချို၊ ဒီရုံဟောင်းကြီးကို ဘယ်သူကဖျက်လို့ ဘယ်လိုလူတွေ ဘယ်ဘ၀ကိုများ ရောက်ကုန်ပါလိမ့်လို့ တွေးမိခဲ့တယ်။
အရှေ့ အနောက် (၂၃) မိုင်ခန့်၊ တောင်မြောက် (၃၂) ကျယ်ပြီး အရှေ့ လောင်ဂျီတွဒ် ၉၆ ဒီဂရီ အလွန်နဲ့ မြောက်လတ္တီတွဒ် ၂၂ ဒီဂရီတို့ဆုံရာ မျဉ်းပေါ်မှာတည်ရှိနေတာကတော့ မန္တလေးလို့ခေါ်တဲ့ ရွှေမြို့တော်ကြီးပါပဲ။အရှေ့မှာ နတ်ထိပ်တောင်ရိုး၊ တောင်ဘက်မှာ ဒုဋ္ဌဝတီ (ခေါ်) မြစ်ငယ်၊ အနောက်မှာ ဧရာဝတီနဲ့ မြောက်ဘက်မှာ ချောင်းမကြီးခေါ် မတ္တရာမြစ်ဆိုတာကလည်း နယ်နိမိတ်ပိုင်းခြားထားတဲ့ စည်းတွေပဲဖြစ်ပါတယ်။

ကုန်းဘောင်မင်းဆက် (၁၁) ဆက်မှာ ဒုတိယနောက်ဆုံးမင်းဖြစ်တဲ့ “သီရိပဝရ ဝိဇယာနန္တယ သပဏ္ဍိတ မဟာဓမ္မရာဇာဓိရာဇာ” ဘွဲ့တံဆိပ် နာမံခံတဲ့ ဆဒ္ဒန်ဆင်မင်းသခင် မင်းတုန်းမင်းဟာ မန္တလေးကို တည်စဉ်ကတည်းက တာ၅၀(ပေ ၅၅၀ ၀န်းကျင်)ကို တစ်ပြနှုန်းသတ်မှတ်ပြီး လေးပြပတ်လည် စတုရန်းကွက်တွေနဲ့ ဖွဲ့စည်းထားခဲ့တယ်လို့ စာအုပ်စာပေတွေကနေ လေ့လာမှတ်သားရပါတယ်။
ဒီလို မန္တလေးရတာနာပုံ တည်စဉ်ခါကတည်းကလည်း လူနေအိမ်ခြေတွေနဲ့အတူ ဈေးတွေကိုပါ တည်ထားခဲ့တာပါ။ မန္တလေးရဲ့ အထင်အရ ၊ မန္တလေးလို့ပြောရင် ဈေးချိုနာရီစင်နဲ့ ဈေးချိုတော် ၁၂ ရုံကို ပြေးပြေးမြင်တယ်လို့ လူကြီးသူမတွေကလည်း စကားဝိုင်းတိုင်းမှာ ထည့်ထည့်ပြောလေ့ရှိပါတယ်။ အခုတော့ ဘယ်သူဖျက်လို့ ပျက်ခဲ့မှန်းမသိ၊ ဘယ်သူ့ကြောင့် ဘယ်သူတွေဘ၀ပျက်ပါတယ်လို့ လက်ညှိးထိုးပြရမှန်းမသိလိုက်ဘဲ မိ၇ိုးဖလာလုပ်ငန်းကိုင်ငန်းတွေ ပျက်စီးပြိုလဲကုန်ရင်း ဘ၀တွေလည်း လုံချာလည်လိုက်ခဲ့ကြရတာကတော့ ဈေးသူ/သားတွေပဲ ဖြစ်မှာပါ။

“လွတ်လပ်ရေး မရခင်ကတည်းက ဦးလေးတို့ မိဘဘိုးဘွားတွေက ဈေးချိုထဲမှာ ဆိုင်ဖွင့်လာကြတာလေ။ ဦးလေးဈေးထဲမလိုက်ခင် အမတွေက အရင်ဈေးထဲလိုက်ကြတယ်။ ဦးလေးဈေးထဲလိုက်တော့ရုံဟောင်း
တွေကို ဖျက်နေပြီ။ ရုံဟောင်းတွေဖျက်တော့ အခု ဦးလေးတို့ “g” လည်းအသစ်ပြန်ဆောက်လိုက်တယ်။ ပထမ ရုံခြောက်ရုံကိုဖျက်တယ်။ ခြောက်ရုံကျန်တယ်။ ဖျက်လိုက်တဲ့ ခြောက်ရုံက ဈေးသည်တွေကို သုံးထပ်လေးထပ်တွေမှာ နေရာပြန်ပေးတော့ ဈေးကရောင်းမကောင်းကြတော့ဘူး။ အရင်အရမ်းကို ဈေးရောင်းကောင်းကြတဲ့ ဆိုင်တွေတောင် အပေါ်ထပ်ကိုလည်းရောက်သွားရော တစ်လလုံးနေလို့ ငွေငါးထောင်တောင် ပြန်မရကြတာတွေရှိလာတယ်။ တဖြည်းဖြည်းနဲ့ မွဲငတ်ကုန်တာပေါ့ကွယ်။ ဈေးဦးမပေါက်တဲ့ ဆိုင်တွေဆိုလည်း အများကြီးပဲ။ ဒီလိုနဲ့ပဲ ဘ၀ပျက်ကုန်ကြတာ။ ဒါ ကိုယ်သိတဲ့သူကိုပဲ ပြောတာနော်။ မသိတဲ့သူတွေလည်း အများကြီးပဲ။ ”လို့ ရွှေမန်းရုံမှာ ဒန်ပစ္စည်းရောင်းဝယ်တဲ့ ဆိုင်ရှင်ဦးလေးကြီးက သူကြုံတွေ့သမျှ ပြောပြခဲ့တယ်။
ဈေးချို၊ ယိုးဒယားဈေး၊ မလွန်ဈေး၊ ရဟိုင်းဈေး၊ ညောင်ပင်ဈေးနဲ့ ညွန့်ပေါင်းဈေးဆိုတာက မန္တလေးမြို့ရဲ့ အမှတ်တံဆိပ် ဈေးတွေလို့ သိခဲ့၇တယ်။ ပြဒါးမှုန် မန္တလေးမှန်ရိပ်(၃) မှာ ရေးဖွဲ့ထားတဲ့ စာရေးဆရာဆူးငှက်ကတော့ မန္တလေးဈေးချိုအကြောင်းကို “ဈေးချိုသည်“ဈေးကြို”အမည်မှ ပြောင်းလဲလာပြီး၊ အင်းဝနှင့် အမရပူရမြို့များ ပန္နက်၌ပင် “ဈေးကြို” “ဈေးကြိုရပ်”များ ပါရှိခဲ့သည်။ ထို့ကြောင့် အင်းဝနှင့် အမရပူရတွင် ယနေ့အထိဈေးချိုရပ်ကွက်မှာ အထင်အရှားရှိသည်။ ဖြင့် သာသာယာယာရှိသည်။ အများသိကြုံ၊ မြင်တွေ့ဖူးသော ဈေးချိုကြီးမျာ ၁၉၀၂ ခု။ ဧပြီလ ၁၂ ရက်တွင်ပြန်လည်ဖွင့်လှစ်နိုင်ခဲ
့သည်။ မန္တလေးဈေးချိုနှင့် ပုံစံတူမှာ အီတလီပြည် မီလင်မြို့တွင် တစ်ခုသာရှိသည်။ ယခုအခါ အီတလီ မီလင်မြို့ရှိဈေးက ပြိုင်ဘက်မရှိ တစ်ခုတည်းသော ရှေးဟောင်းပစ္စည်းဖြစ်သွားပါပြီ။ ”လို့ ရေးသားဖော်ပြထားပါတယ်။
“အခုဆိုရင် ဈေးချိုရုံဟောင်းမှာ ဈေးရောင်းခဲ့ကြတဲ့ မန္တလေးသူ၊ မန္တလေးသားစစ်စစ်တွေ က သိပ်မရှိကြတော့ဘူး။ အခုက လူသစ်တွေများတယ်။ လူမျိုးကြားတွေများတယ်။ဟိုးအရင်
ကတည်းကစပြီးတည်လာခဲ့တဲ့ ဈေးချိုသူ/သား အစစ်တွေက အခုဆိုရင် သုံးပုံတစ်ပုံတောင် ကျန်ချင်မှ ကျန်တော့မယ်။ အပြင်က ၀င်လာတဲ့သူတွေကများတယ်။ ဗမာတွေကလည်း မတတ်နိုင်ကြတော့ဘူးလေ”လို့ ဈေးချို “G”ရုံမှာ ဆိုင်ဖွင့်ထားတဲ့ ဆိုင်ခန်း၇ှင်တစ်ဦးက ပြောပါတယ်။
မန္တလေးဈေးချိုတော်မှာ ရှိတဲ့ဈေးသူဈေးသားတွေရဲ့ စည်းလုံးမှု ။ ညီညွတ်မှု။ အမျိုးဘာသာ သာသနာအပေါ် မြတ်နိုးကာကွယ်မှု၊ ရိုးရာအစဉ်အလာအပေါ် သံယောဇဉ်ကြီးမှု… ဆိုတဲ့ အမျိုးသားရေး စိတ်ဓာတ်တွေ ဟာ လူတိုင်းကိုယ်စီရင်ထဲမှာရှိေ
နကြတဲ့ စိတ်ဓာတ်တွေလို့ မန္တလေးမြို့ခံတွေက ပြောပါတယ်။
စည်းလုံးညီညွတ်မှုတွေ မန္တလေးအင်အားတွေ ပေါင်းစည်းနေတဲ့ ဒီဈေးချိုတော်ကြီးကို စတင်ဝါးမြိုလိုက်တာကတော့ မန်ကျည်းပင်ဈေးအရပ်က မီးဘဲဖြစ်ပါတယ်။ ၁၂၃၆ ခုနှစ် ကဆုန်လပြည့်ကျော် ၃ ရက်နေ့မှာ လောင်လိုက်တဲ့မီးကြောင့် ပျက်စီးသွားတဲ့ အဆောက်အဦးတွေကို ၁၂၃၈ ခုနှစ်ပြာသိုလဆန်း ၁၄ရက်နေ့မှာ ဈေးချိုတော်အသစ် ထပ်မံတည်ဆောက်ခဲ့တယ်လို့ မြို့ခံတွေပြောပြချက်အရ သိရပါတယ်။

ဒီဈေးသစ်ကြီးကိုပဲ ၁၂၅၈ခုနှစ်မှာ မီးထပ်သင့်ခဲ့ပြီး နောက် ၃နှစ်အကြာ ၁၉၀၀ပြည့်နှစ် ဧပြီ ၃ရက် မှာလည်း ဈေးချိုတော်ကို နောက်ထပ်တစ်ကြိမ် မီးထပ်လောင်ခဲ့ပါတယ်။ နောက်ဆုံးအကြိမ်မီးလောင်မှု ဖြစ်တဲံ ၁၉၀၂ခုနှစ် ဧပြီ ၂ရက်နေ့ မီးလောင်မှုအပြီးမှာတော့ ရုံကြီး ၁၂ရုံနဲ့ ဖွဲ့စည်းထားတဲ့ ဈေးချိုတော်ကြီးကို ပြန်လည်တည်ဆောက်ခဲ့ခြင်းဖြစ်တယ်
လို့ သိရပါတယ်။
ဘယ်လိုပဲ မီးဘေးနဲ့ ကြုံတွေ့ရပါစေ။ အခက်အခဲတွေကို ရင်ဆိုင်ကြရင်း ကုန်းရုန်းတည့်မတ်နိုင်ခဲ့ကြတဲ့ ဈေးချိုရဲ့ ပုံရိပ်တွေက မန္တလေးသူ၊ မန္တလေးသားတွေရဲ့ စိတ်ကို ပိုမိုခိုင်မာစေခဲ့သလို ပိုမိုပြီးလည်း စည်းလုံးညီညွတ်ခဲ့ကြပါတယ်။ ဒါတွေကြောင့်လည်း ဈေးချိုဆိုတဲ့ ပုံ၇ိပ်ကြီးဟာ မန္တလေးမြို့ခံတွေအတွက်တော့ နှလုံးသည်းပွတ်ဖြစ်ခဲ့ကြတာ မဆန်းဘူးလို့လည်း ဆိုနိုင်ပါတယ်။

ဈေးချိုကို မိဘအိမ်သဖွယ် နေထိုင်လုပ်ကိုင်လာကြတဲ့ ဈေးသူဈေးသားတွေဟာ ဈေးချိုရုံဟောင်းတွေကို ဖျက်လိုက်တဲ့အခါမှာ နဂိုမူလ မိမိတို့ဆိုင်ခန်းတည်ရှိရာ နေရာတွေမှာပြန်လည်မရရှိဘဲ အ၀င်အထွက် အသွားအလာနည်းတဲ့ အထပ်မြင့်တွေပေါ်က ဆိုင်ခန်းတွေကို ပြန်လည်ဝယ်ယူ၇တာဖြစ်တဲ့အတွက် အချို့ဈေးသည်တွေဟာ ငွေကြေးမတတ်နိုင်ကြတော့ဘဲ အဲဒီချိန်ခါကတည်းကဈေးချိုကို ကျောခိုင်းခဲ့ရသူတွေလည်း အများအပြားရှိခဲ့တယ်လို့ ဆိုပါတယ်။

ဈေးချိုရုံဟောင်းမှာ ဈေးရောင်းခဲ့တဲ့ ကိုကျော်ကတော့“ကျွန်တော်တို့ အဖွားတွေလက်ထက်ကတည်းက ဈေးချိုထဲမှာပဲကျင်လည်ခဲ့ကြတာ။ ကျွန်တော်တို့ဆိုရင် မိုးလင်းတာနဲ့ ဈေးထဲရောက်ပြီ။ ကျောင်းပိတ်ရက်ဆိုရင် ဒီဈေးထဲမှာပဲနေတာ။ ဆိုင်ပိတ်မှ မိသားစု အိမ်ပြန်ကြတာ။ အခုလို ရုံတွေဖျက်လိုက်တော့ အဖေကောအမေကော ဒီစိတ်နဲ့ ဆုံးသွားတယ်။

ကျွန်တော့်ရဲ့ အဖေက ပျော်ပျော်နေတတ်တဲ့သူ။ လူချစ်လူခင်လည်းပေါတယ်။ ဒီလိုလူက ဈေးချိုအဖျက်ခံရတော့ စိတ်ဓာတ်တွေကျပြီး အပြင်ကိုမထွက်သလောက်ဖြစ်သွားတယ်
။ စိတ်ကျရောဂါတွေဝင်ပြီးဒီစိတ်နဲ့ပဲဆုံးသွားတာ။ ”လို့ ရင်ဖွင့်ခဲ့ပါတယ်။
“အရင်က အရမ်းကို ရောင်းကောင်းကြတဲ့သူတွေက အပေါ်ထပ်တွေကိုလည်းရောက်ကုန်ရော တစ်လလုံးနေလို့ ငွေငါးထောင်တောင် ပြန်မရကြတာတွေဖြစ်လာတယ်။ ဈေးဦးမပေါက်တဲ့ရက်တွေဆိုလည်း အများကြီးပဲ။ ဒီလိုနဲ့ ဘ၀ပျက်ကုန်ကြတာ။ ဒါကိုယ်သိတဲ့ကိုယ့်မျက်စိရှေ
့တင်ဖြစ်သွားတဲ့သူတွေကို ပြောတာနော်။ ကိုယ်မသိလိုက်တဲ့သူတွေလည်း အများကြီးပဲ။ ”လို့ သူက ဆက်ပြောပါတယ်။
လွတ်လပ်ရေးကြိုးပမ်းမှုဒီရေအမြင်
့ဆုံးဖြစ်ခဲ့တဲ့ ၁၃၀၀ပြည့် ကာလ(၁၉၃၉ ခုနှစ်)မှာလည်း နယ်ချဲ့ကို ဆန့်ကျင်သပိတ်ဆင်နွဲကြတဲ့ ရဟန်းပျိုအဖွဲ့၊ ဗဟိုအမျိုးသား အထက်တန်းကျောင်းသူ၊ ကျောင်းသားများနဲ့ မန္တလေးမြို့လူထုကို ဈေးချိုတော် က အထူးအားပေးပူးပေါင်းဂုဏ်ပြုလို့ အစိုးရက ဈေးချိုမှာ ပုဒ်မ၂၃(၇)ကို ထုတ်ပြန်ပြီး ဖိနှိပ်ခဲ့တယ်လို့ စာအုပ်စာပေတွေမှာ ဖတ်မှတ်ခဲ့ရပါတယ်။ ဒါကြောင့် ဈေးချိုသူ၊ ဈေးချိုသား တွေက ဈေးချိုရုံကြီး ၁၂ရုံကို သပိတ်မှောက်ကာ အိမ်တော်ရာဘုရားဝင်းထဲမှာ ဈေးသွားဖွင့်ပြီး ဆန့်ကျင်ကန့်ကွက်ခဲ့ကြတဲ့အထိ ဈေးချိုရဲ့ နှလုံးသားဟာ မာခဲ့တယ်ဆိုတာကို အားလုံးလည်း သိပြီးဖြစ်ပါတယ်။
“ဒီဈေးချိုကလူတွေက ဘာသာရေးနဲ့ပဲဖြစ်ဖြစ်၊ ပွဲလမ်းသဘင်အတွက်ပဲဖြစ်ဖြစ်၊ ဈေးချိုက အထင်ကရပဲ။ ရွှေဆိုင်တန်းကထိန်ဆိုရင်လည်း အထင်ကရပဲ။ ဒီလိုပဲ အားပေးမှုခြင်း၊ စည်းလုံးမှုခြင်းက ဈေးချိုက အရမ်းစုစည်းတယ်။ ညီညွတ်တယ်။ စုစည်းမှုအားကောင်းတယ်လို့ ပြောလို့ရတယ်။ အရေးအခင်းကာလတွေမှာဆိုရင် ဈေးချိုမိသားစုရဲ့ လှုပ်ရှားမှုကလည်း တော်တော်လေးကို အားကောင်းခဲ့တယ်။ ကျွန်တော်ထင်ပါတယ်။ အဲဒီဈေးချိုရဲ့ စည်းလုံးမှုကြီးကို ဖြိုခွဲချင်တာလည်း ပါပါလိမ့်မယ်။ ”လို့ ဈေးချိုဟောင်း “J” ရုံမှာ ဆိုင်ဖွင့်ခဲ့ဖူးသူ ကိုကျော်က ပြောပြပါတယ်။

လွတ်လပ်ရေးကြိုးပမ်းမှုကာလတွေမှာ ဈေးချိုတော်ဟာ မပါမပြီး ပါဝင်ကာ ရပ်တည်ချက်မှန်ကန်ခဲ့တယ်။ လွတ်လပ်ရေးခေတ် ပြည်တွင်းစစ်ကာလမှာလည်း မြို့သူ၊ မြို့သား တိုင်းသူ ပြည်သားလူထုဆန္ဒနဲ့ ကိုက်ညီ တဲ့ ပြည်တွင်းငြိမ်းချမ်းမှုကို ဈေးချိုသူ၊ ဈေးချိုသားတို့က ထောက်ခံခဲ့ကြတယ်။ အထူးသဖြင့် ၁၉၈၈ရဲ့ သမိုင်းဝင် အရေးတော်ပုံကြီးမှာ ဈေးချိုတော်ဟာ ရဲရဲဝံ့ဝံ့နဲ့ ပြည်သူလူထုဘက်တော်သားဖြစ်ခဲ့ပြီ
း၊ ရဟန်း ကျောင်းသား ပြည်သူတွေရဲ့ လူထုတိုက်ပွဲတွေကို ရုပ်ဝတ္ထုအရရော စိတ်ဓာတ်အရရော အားပေးပူးပေါင်းခဲ့ကြတယ်လို့လည်း မန္တလေးမြို့ခံ စာရေးဆရာဆူးငှက်က ဆောင်းပါးမှာရေးသားထားတာကိုဖတ်မှတ်ခဲ့ရပါတယ်။
“ဒီဈေးချိုရုံတွေကို တိုင်းအမိန့်ဆိုပြီးဖျက်တာပဲ။ ဦးလေးကြားဖူးသလောက်တော့ အဲဒီတုန်းက မြေလှန်လှန်ဘာလုပ်လုပ်ဆိုပြီး အာဏာရှိတဲ့စစ်ဦးဘီလူးပေါ့နော်။ ၈၈၊ ၉၀၊၉၁ ခုနှစ်ဆိုတာက တိုင်းမှူးနဲ့ မြို့တော်ဝန်မှာအာဏာအပြည့်ရှိ
တယ်။ ဈေးချိုရုံတွေဖျက်ပြီး ချယ်လှယ်သွားတဲ့အထဲမှာ ဈေးချိုမိသားစုဘ၀တွေ အကုန်ပေးဆပ်လိုက်၇တယ်။ ဆိုင်ခန်းအစားချပေးတော့ ပြန်မ၀ယ်နိုင်ကြတော့ဘူး။ ဈေးတွေက အ၇မ်းကြီးနေတယ်။
အချို့ ကိုယ့်အိမ်ရောင်းပြီးဆိုင်ခန်း
ဝယ်ကြတော့ နေစရာပေါပျောက်ကုန်ကြရတယ်လေ။ ဦးလေးသူငယ်ချင်းက အိမ်ရောင်းပြီးဆိုင်ခန်းဝယ်လိုက်တာ။ ဆိုင်ကလည်း အထပ်မြင့်ပေါ်မှာဆိုတော့ ဈေးဝယ်ကမလာဘူး။ ဒီလိုနဲ့ပဲ မြို့ပေါ်မှာ မရပ်တည်နိုင်တော့ဘဲ မိသားစုလိုက်ပြောင်းကုန်ကြတယ်။ အခြေပျက်ကုန်တယ်။ ဦးလေးတို့ အသိမိတ်ဆွေတွေ အများကြီး ဘ၀ပျက်ကုန်ကြတယ်။
ဒီဈေးရုံကြီးကို ဗန်းပြပြီး သိန်းသောင်းဂဏန်းပိုက်သွားသူတွေ
က ခရိုနီတွေချည်းပါပဲ။ ခံလိုက်၇တဲ့မြေဇာပင်တွေက ဈေးသူ/သားတွေပေါ့။ မ၀ယ်နိုင်လို့ ဘ၀ပျက်တဲ့သူနဲ့၊ ၀ယ်ပြီး ရောင်းကောင်းနိုးမျှောလိုက်ရင်း ဘ၀ပျက်တဲ့သူနဲ့ ဒါပါပဲကွယ်”လို့ ဈေးချိုမှာ အစဉ်အဆက်ဈေးရောင်းလာတဲ့ ဈေးသည်တစ်ဦးက ရင်ဖွင့်ပါတယ်။
“ကျွန်တော်တို့ဆိုလည်း စားဝတ်နေရေးတွေ ခက်ခဲသွားတယ်။ ဒီလိုလေးပြန်ရပ်တည်နိုင်ဖို့ အချိန်တွေအကြာကြီးယူခဲ့ရတာ။ တကယ်ဆို ဒီဘက်ခြောက်ရုံက လူတွေကို အမြင့်ပေါ်တင်လိုက်တာပိုဆိုးသွား
တယ်။ ရုံပြန်ဆောက်ရင် အစားပြန်ပေးသင့်ပေမယ့် ပြန်မပေးဘဲ သိန်းပေါင်းများစွာနဲ့ေ၇ာင်းစားတော့ ကိုယ့်ဗမာလူမျိုးက မတတ်နိုင်တော့ဘူး။ ”လို့ ရွှေမန်းရုံမှာ တာရာပုံးတွေေ၇ာင်းတဲ့ ဆိုင်ရှင်တစ်ဦးက ပြောပါတယ်။
ဖျက်ခံရတဲ့ဆိုင်ခန်း အစားပြန်ပေးတော့ ငွေနှစ်သိန်းခွဲပေးဝယ်ခဲ့ရတာပါ။ အဲဒီခေတ်ကာလမှာ ငွေကျပ်နှစ်သိန်းခွဲဆိုတာ ဘယ်လိုမှ မတတ်နိုင်ကြတဲ့ ငွေကြေးမျိုးမို့ တစ်ချို့သော ဗမာလူမျိုးတွေဟာ ငွေမတတ်နိုင်တဲ့အတွက် လက်ရှိဘ၀ကနေ လက်မဲ့ဘ၀ကို အလိုလိုတွန်းပို့ခံရပြီးသားဖြစ်
သွားခဲ့ပြီး ဈေးချိုကြီးရဲ့ ပြင်ပကို ရောက်ရှိခဲ့ကြရပါတယ်။
“အခုအပေါ်ထပ်ဆိုင်ခန်းတွေကအခွန်ေ
ဆာင်ပြီး ပိတ်ထားရတယ်။ အဲဒီမှာ လူမရှိ၊ ဈေးဝယ်မလာတော့ လုံခြုံရေးအရ ပိတ်ထားတယ်”လို့ တာရာပုံးရောင်းတဲ့ဆိုင်ရှင်က ဆက်ပြောပြပါတယ်။
မန္တလေးဟာ နောက်ဆုံးမင်းစိုက်သွားတဲ့မြို
့ဖြစ်တဲ့အတွက် သမိုင်းအမွေအနှစ်တွေ အများဆုံးကျန်ရစ်ခဲ့တဲ့ မြို့လည်းဖြစ်ပါတယ်။
“သမိုင်းဆိုတာ ဖျောက်လို့မရဘူး။ သမိုင်းဆိုတာ ရောင်ခြည်နဲ့တူတယ်။ တံခါးပွင့်တာနဲ့ ရောင်ခြည်ဝင်လာသလို အခုပွင့်လင်းရာသီရောက်လာပြီဆို တော့လည်းဖျက်ထားတဲ့ သမိုင်းက အကုန်ပြန်ပေါ်လာမှာပါပဲ။

စိတ်အနာဆုံးကတော့ မန္တလေးဟာ မီးခဏတိုင်းလောင်တဲ့မြို့ဖြစ်လိ
ု့ မီးဘေးအန္တရာယ် ကာကွယ်တဲ့ မီးခံအုတ်တွေနဲ့ ဆောက်လုပ်ထားတဲ့ မန္တလေးဈေးချိုတော်ကြီးကို ရည်ရွယ်ချက်ရှိရှိဆောက်ထားတာကို ဖျက်ပစ်လိုက်တာက သမိုင်းတရားခံပဲ။ တိုက်သစ်ကြီးတွေ တည်တိုင်းအနောက်နိုင်ငံက အထင်ကြီးတာမဟုတ်ဘူး။ သမိုင်းကို လာကြည့်ကြတာ။ အခု ၂၆ ဘီလမ်း၊ ဈေးချိုမြောက်ဖက်တိုက်တန်း၊ အရှေ့ဘက်တိုက်တန်း ပျောက်သွားတယ်။ ဈေးချို ၁၂ ရုံဆိုတာက သူ့သမိုင်းနဲ့သူ ရှိပြီးသား။ “လို့လည်း မန္တလေးမြို့မိမြို့ဖ တစ်ဦးဖြစ်တဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ သဘာပတိဖြစ်တဲ့ ဦးသိန်းတန်က လည်း ပြောပါတယ်။
ဈေးချို ၁၂ ရုံမှာ တစ်ရုံချင်းစီမှာ ကုန်ပစ္စည်းတစ်မျိုးစီကို သီးသန့်ရောင်းဝယ်ဖောက်ကားကြပြီး ဆိုင်ခန်းတွေ။ ဈေးရုံတွေမှာလည်း သီးသန့်ကြားလမ်းလေးတွေ ရှိတယ်လို့ ဆိုပါတယ်။ ဈေးချိုမှာ လမ်းလယ်ခေါင် ပလက်ဖောင်းကြီးနဲ့ ကုက္ကိုလ်ပင်တန်းကြီးကိုလည်း အဓိပ္ပာယ်ရှိရှိ ထားရှိခြင်းဖြစ်တယ်လို့လည်း သိရပါတယ်။

“ဒါတွေထားရခြင်းက ဈေးချိုကို ဈေးဝယ်လာရင် စက်ဘီးကို လမ်းလယ် ပလက်ဖောင်းမှာ ရပ်ထားလို့ရအောင် လုပ်ထားတာ။ နောက်ပြီးကုက္ကိုလ်ပင်တန်းကြီးထာ
းတာက အရှေ့ဘက်က နေထိုးရင်အရိပ်ရဖို့အတွက် ထားခဲ့တာ။ ဒါတွေကို ဖျက်ဆီးပစ်လိုက်ကြတယ်”လို့ ဦးသိန်းတန်က ဆိုပါတယ်။
သိလို့ဖြစ်စေ၊ မသိလို့ဖြစ်စေ အခုလို ဖျက်ဆီးခံလိုက်ရတဲ့အတွက် မန္တလေးရဲ့ ပုံရိပ်တွေပျောက်သွားခဲ့တဲ့အြ
ပင် မန္တလေးရဲ့ အသည်းနှလုံးတွေလည်း ကြွေမွပျက်စီးခဲ့ရပါတယ်။ ဒါကြောင့် မန္တလေးကို ချစ်မြတ်နိုးကြသလို မန္တလေးရဲ့ အသည်းနှလုံးဖြစ်တဲ့ ဈေးချိုတော် ၁၂ ရုံကို ဖျက်ဆီးပစ်ခဲ့တဲ့သူတွေကို သမိုင်းတရားခံအဖြစ် နှလုံးပိုက်ထားကြမြဲဖြစ်တယ်ဆိုတာ မန္တလေးရဲ့ ရင်ဖွင့်သံအစစ်အမှန်တွေပဲဖြစ်ပါတော့တယ်။
မြနန္ဒါ ဂျာနယ် အတွဲ-၂ အမှတ် -၁၉ ။ ဆောင်းပါးရှင် - သင်းသင်းသော်

မန္တလေးခေတ်


Posted: 27 May 2013 05:58 AM PDT
ရခိုင်ပြည်နယ်မှ ဒုတိယ အကြီးဆုံး ကျွန်းတစ်ကျွန်းဖြစ်သည့် မာန်အောင်ကျွန်းမှ မြေဧက ၃၇၈၀၀ ကို စတုဒီပ အများပိုင် ကုမ္ပဏီက မြေလွှတ်မြေရိုင်းများ ဖြစ်သည်ဟု ဆိုကာ အာဏာပိုင်များထံမှ လုပ်ပိုင်ခွင့် တောင်းထားသည်ဟု ဒေသခံများက ပြောသည်။ထိုသို့ တောင်းဆိုထားခြင်း အပေါ် ကျွန်းသူ ကျွန်းသားများက လက်မခံကြောင်း၊ ဆန့်ကျင်ကန့်ကွက်ကြောင်း ပြောဆိုထားသည်ဟု
ဒေသခံ လူမူရေး လူပ်ရှားသူ ကိုတင်ဝင်းက ပြောသည်။

“ အခု လောလောဆယ်တော့ လုပ်ငန်း စလုပ်တာတော့ မရှိသေးပါဘူး။ ရခိုင်ပြည်နယ် အစိုးရ တာဝန် ရှိသူတွေကို မေးတော့လည်း သူတို့ မသိသေးဘူးလို့ ပြောတယ်။ ဒါပေမယ့် အတွင်းကို လေ့လာစုံစမ်းတော့ ခွင့်ပြုမယ်လို့ ကြားရပါတယ်။ ဒါကြောင့် လက်မခံနိုင်ကြောင်း ကျွန်းသူ ကျွန်းသားတွေက ကမ်းလှမ်း ပြောဆို ထားပါတယ်” ဟု ဆိုသည်။

စတုဒီပ ကုမ္ပဏီမှ တာဝန်ရှိသူ တစ်ဦး ဖြစ်သော စိန်ဦး ဦးဆောင်သော အဖွဲ့တစ်ဖွဲ့သည် များမကြာမှီက မာန်အောင်မြို့သို့ ရောက်ရှိလာပြီး မြို့ပေါ်ရှိ မြို့မိ မြို့ဖများနှင့် တွေ့ဆုံကာ မာန်အောင်ကျွန်း ဖွံ့ဖြိုးတိုးတက်ရေးကို လုပ်ကိုင် ဆောင်ရွက်ပေးမည်ဟု ပြောဆိုခဲ့သည်ဟု ဆိုသည်။

အဆိုပါ နောက်ပိုင်းတွင် စတုဒီပ ကုမ္ပဏီမှ မာန်အောင်ကျွန်းရှိ မြေလွှတ်မြေရိုင်း သုံးသောင်းကျော်ကို လုပ်ပိုင်ခွင့် ရရှိရန် တောင်းခံထားသည်ဟု ဆိုသည်။

“ ဦးစိန်ဦးက သူ့ကိုယ်သူ မိတ်ဆက်ပေးတော့ ထူးကုမ္ပဏီက အတွင်းရေးမှူးဆိုပြီး မိတ်ဆက်ပေးပါတယ်။ ဒီမှာလာပြီး အစည်းအဝေး တစ်ခါ လုပ်တုန်းက ကျွန်းသူ ကျွန်းသားတွေကိုလည်း သူတို့ လုပ်မယ့် စီးပွားရေးမှာ ချယ်ယာခေါ်တဲ့ ပုံစံမျိုးနဲ့ ခေါ်ခဲ့တာ ရှိပါတယ်။ ခုတော့ ဒီလိုမဟုတ်ဘဲ သူတို့ လုပ်မယ့် ဒေသ ဖွံ့ဖြိုးရေးကို ဒေသခံတွေက သဘောတူတယ်ဆိုပြီး မြေလွှတ်မြေရိုင်းတွေကို သမ္မတဆီမှာ တောင်းထားတယ်လို့ ကြားရပါတယ်။”

ယခုကဲ့သို့ မြေလွှတ် မြေရိုင်းများကို လုပ်ပိုင်ခွင့်တောင်းထားသဖြင် ကျွန်းသူ ကျွန်းသားများ အနေဖြင့် စိုးရိမ်မူများလည်း ရှိနေကြသည်ဟု ဆိုသည်။

“ မြေလွှတ် မြေရိုင်းတွေဆိုလို့ မာန်အောင်ကျွန်းမှာ ဧက တစ်သောင်းကျော်၊ နှစ်သောင်း လောက်ဘဲ ရှိနိုင်ပါတယ်။ အခုက သုံးသောင်းကျော်ဆိုတော့ ဒေသခံတွေ လုပ်ကိုင် စားသောက်နေတဲ့ မြေတွေပါ ပါဝင်သွားနိုင်တယ်။ ဒါကြောင့် စိုးရိမ်နေကြပါတယ်” ဟု ပြောသည်။

ဒေသခံ ပြည်သူများ လုပ်ကိုင်စားသောက်နေသော မြေများတွင် ဂရမ် မဖေါက်ရသေးသော မြေများ၊ ခုတ်ထွင် ရှင်းလင်းပြီး တနိုင်တပိုင် လုပ်ကိုင်စားသောက်နေသော မြေများ၊ အထက် ခရိုင်၊ မြို့နယ် အဆင့်ရှိ တာဝန်ရှိသူများ လက်မှတ်မထိုး၍ စောင့်ဆိုင်းနေရသော ဂရမ်ဖေါက်ရန် ကျန်ရှိနေသေးသော မြေများ ရှိနေသည်ဟု ဆိုသည်။

ဒေသခံ ပြည်သူများ အနေဖြင့် မာန်အောင်မြို့နယ်ဖွံ့ဖြိုးတိုး
တက်ရေး အတွက် ဟိုတည်များ တည်ဆောက်ခြင်း၊ ပင်လယ်ကမ်းခြေများကို ခေတ်မှီ အပန်းဖြေ နေရာများ တည်ဆောက်ခြင်းကို ကန့်ကွက်မည် မဟုတ်သော်လည်း အများပြည်သူများ ဘိုးစဉ် ဘောင်ဆက် လုပ်ကိုင် စားသောက်လာသော မြေယာများကို ဒေသဖွံ့ဖြိုးရေးအတွက် မြေလွှတ် မြေရိုင်းစာရင်းသွင်းကာ သိမ်းယူမည်ဆိုပါက ပြင်းပြင်းထန်ထန် ကန့်ကွက်သွားမည်ဟု ဆိုသည်။

နိရဉ္စရာသတင်းဌာန


Posted: 27 May 2013 05:52 AM PDT
ယဉ်ကျေးမှုဝန်ကြီးဌာနက မန္တလေးမြို့မှာရှိတဲ့ မြနန်းစံကျော်ရွှေနန်းတော်၊ နန်းမြို့ရိုးနဲ့ ကျုံး၊ ရွှေဘိုမြို့မှာရှိတဲ့ ရွှေဘုံရတနာ မင်္ဂလာနန်းတော်နဲ့ ပဲခူးမြို့မှာရှိတဲ့ ကမ္ဘောဇသာဒီနန်းတော်၊ ရှေးဟောင်းသမိုင်းဝင် ခံတပ်တွေဖြစ်တဲ့ သပြေတန်း၊ အစေခံ၊ ဆင်ကျုံးခံတပ် နေရာတွေကို အမျိုးသားဥယျာဉ်စီမံကိန်း လုပ်မယ်ဆိုတဲ့ သတင်းတွေကို လွန်ခဲ့တဲ့ လတွေကတည်းက ကြားသိဖတ်မိခဲ့ရပါပြီ။

 အခု စီမံကိန်းလျာထားတဲ့အထဲမှာ အမျိုးသားဥယျာဉ်လို့ သတ်မှတ်လုပ်ကိုင်တဲ့နေရာမှာ ဈေးဆိုင်တန်းတွေ၊ ရိုးရာယဉ်ကျေးမှု အ၀တ်အစားတွေဖြစ်တဲ့ ရှေးခေတ် မြန်မာတို့ ၀တ်ဆင်ခဲ့တဲ့ ၀တ်စားဆင်ယင်မှုတွေနဲ့ ဖျော်ဖြေပွဲတွေလည်း ပြုလုပ်သွားမယ်လို့ ကြားသိနေရပါတယ်။
 ရှေးဟောင်းသမိုင်းအမွေအနှစ်တွေ မွှန်းထုံနေတဲ့ မန္တလေးမြို့ရဲ့ အမျိုးသားအမွေအနှစ်တွေကို တကယ်ပဲ မပျောက်မပျက် ထိန်းသိမ်းစောင့်ရှောက်မှုတွေ ပြုလုပ်နိုင်ပါ့မလား။ အနယ်နယ်အရပ်ရပ်က လာရောက်လည်ပတ်သူတွေ၊ လေ့လာသူတွေ၊ မှတ်တမ်းတင်လိုသူတွေအတွက် တကယ်ပဲ လေ့လာချင်စရာ။ သမိုင်းမှတ်တမ်းတင်ချင်စရာ၊ အနားယူအပန်းဖြေဖို့ နေရာဖြစ်လာမလာကိုတော့ စောင့်ကြည့်ရလိမ့်ဦးမယ်လို့ မန္တလေး ဒေသခံ ၊ မန္တလေးကို ချစ်မြတ်နိုးကြသူများက ဆွေးနွေးပြောဆိုနေကြပါတယ်။ အမှန်တကယ် ၀င်ထွက်သွားလာ အနားယူ အပန်းဖြေဖို့၊ လေ့လာဖို့အတွက် က အခုချိန်ခါမှာ ခက်ခဲလွန်းလှတယ်လို့လည်း ပြောဆိုနေကြပါတယ်။

    လက်ရှိ မန္တလေး နန်းမြို့ဝင်ပေါက်တွေမှာ ဂိတ်အ၀င်ဝ အစစ်အဆေးတွေကြောင့် လာရောက်သူတွေ အပန်းမပြေဖြစ်ခဲ့ကြတယ်လို့ မန္တလေးမြို့ခံအများစုက ပြောပါတယ်။

    “ကျွန်တော့်အမြင်ပြောရရင်တော့ ၀င်ခဲ့တဲ့ အပေါက်မှာ မှတ်ပုံတင်(ဒါမှမဟုတ်) လိုင်စင်ထားခဲ့ပြီး ဒီအပေါက်ကနေ ပြန်ထွက်၇တာကို သဘောမကျဘူး။ အချိန်ကုန်တယ်လို့ ယူဆတယ်။ လွတ်လွတ်လပ်လပ် ၀င်ထွက်ခွင့်ရချင်တယ်။ နောက်တစ်ချက်က ဘုရင့်သားသမီးတွေ ကစားဖို့ ဖန်တီးခဲ့တဲ့ ဘုတ်တလုတ်ကန်က နွားကျောင်းတဲ့နေရာဖြစ်နေတာကို
လဲ ပြင်သင့်တယ်။ လှပသေသပ်အောင် လုပ်ပြီး ဧည့်သည်တွေကို ဆွဲဆောင်တဲ့နေရာလေးဖြစ်စေချင်သလို အရှေ့ဘက်မှာရှိတဲ့မင်းတုန်းမင်းရဲ့ အုတ်ဂူကိုကလည်း ဧည့်သည်တွေကို ပြဖို့ကောင်းတဲ့နေရာလေးတစ်ခုပါ။”လို့ မန္တလေးမြို့ခံတစ်ဦးက ပြောပါတယ်။

    မန္တလေးလို့ ရေရွတ်လိုက်တာနဲ့ မန္တလေးမြို့အစွန်က မဟာမုနိဘုရားကြီး၊ မန္တလေးကျုံးမြို့ရိုးနဲ့ နန်းတော်၊ ကျုံးမြို့ရိုးနဲ့ မန္တလေးတောင် ၊ ပြအိုးပြသာဒ်နဲ့ အတူ မြန်မာတို့ရဲ့ နောက်ဆုံးမင်းဆက် နန်းစိုက်ခဲ့တဲ့ စံနန်းတော်တွေက မန္တလေးသူမန္တလေးသားတွေအတွက် ဂုဏ်ယူစရာ အမွေအနှစ်တွေ ဖြစ်ခဲ့ပါတယ်။

    မြနန်းစံကျော်ရွှေနန်းတော်။ သီဟာသန ပလ္လင်၊ မှန်းနန်းတော်ကြီး၊ ဗဟိုရ်စင်၊နန်းမြင့်မျှော်စင်နဲ
့ဇေတ၀န်ဆောင်၊ စွယ်တော်စင်ဘုရားတွေကတော့ နန်းတွင်း သမိုင်းမှာ လေ့လာမှတ်သား စရာသမိုင်းအမွေအဖြစ် ကျန်ရှိနေခဲ့ပါတယ်။ နိုင်ငံရပ်ခြားက ဧည့်သည်တွေ မန္တလေးကို ရောက်ရင် ၀င်ရောက်လေ့လာမှတ်တမ်းတင်ရတဲ့ နေရာတစ်ခုဖြစ်ပါတယ်။

    မန္တလေး သူ၊ မန္တလေးသားတွေကတော့ ကိုယ့်ဘုရင်။ ကိုယ့်သခင်နဲ့ ကိုယ့်ထီးကိုယ့်နန်း။ ကိုယ့်ကြငှန်းကို ကိုယ်တိုင်သာ ပိုင်ဆိုင်ခွင့်ရရှိလိုကြတယ်လို
့လည်း ပြောဆိုဆွေးနွေးမှုတွေရှိခဲ့ပါတယ်။ အများပြည်သူ ပိုင်ဆိုင်တဲ့ ဒီနန်းတွင်းနယ်မြေကြီးကိုလည်း အများပြည်သူ ၀င်ရောက်လေ့လာအနားယူ လို့၇မယ့် နန်းတွင်းကြီး ပြန်ဖြစ်စေချင်ပြီလို့လည်း အများက ပြောကြပါတယ်။

    “မန္တလေးမှာက အရင်တုန်းက မန်းသီတာဥယျာဉ်ဆိုတာ ထင်ထင်ရှားရှားကို ရှိခဲ့တယ်။ န၀တ အစိုး၇တက်လာပြီးတဲ့နောက်တော့ ဒီဥယျာဉ်က မရှိတော့ဘူး။ အရင်က ဒီဥယျာဉ်မှာ အစုံပဲ။ ဈေးရောင်းတဲ့လူတွေရော။ အနားယူတဲ့သူတွေရော ညနေဆိုရင် ပျော်စရာကြီးပဲ။ အခုတော့ ပျောက်ကုန်ပြီ။ ဒီအတွက် နန်းတော်ကြီးကို လူအများ အပန်းဖြေစခန်းလုပ်ရင်တော့ ပိုကောင်းတာပေါ့။ အခုရှိနေတာကလည်း ဘာမှမဟုတ်တော့ဘူးလေ။ နန်းတော်ထဲဝင်ချင်တယ်ဆိုရင် မှတ်ပုံတင်ပေးရတာနဲ့။ လိုင်စင်ပေးခဲ့၇တာနဲ့ ။ ဒါတွေကြောင့် နန်းတော်ကြီးကို သွားကြည့်တဲ့သူက နည်းသွားတယ်”လို့ မန္တလေးမြို့ခံ စာရေးဆရာညီစေမင်းက ပြောပါတယ်။

    အခုလို အများသူငါ လေ့လာစရာ။ အပန်းဖြေစရာ၊ အများသူငါနဲ့ သက်ဆိုင်တဲ့ နန်းတော်လို့ နေရာမျိုးကို သွားရောက်လည်ပတ် အနားယူအပန်းဖြေနိုင်ဘို့ အတွက် မလွယ်ကူရခြင်း အကြောင်းတွေလည်း ရှိနေတယ်လို့ သုံးသပ်ပြောဆိုသူတွေလည်း အများအပြားပါ။ မင်းတုန်းမင်းနတ်ရွာစံတဲ့ ၁၈၇၈ခုနှစ်မှာ သားတော်သီပေါမင်း ဆက်လက်စိုးစံခဲ့ပါတယ်။ ၁၈၈၅ ခုနှစ်မှာ မြန်မာတစ်ပြည်လုံး အင်္ဂလိပ်သိမ်းပိုက်မှုအောက်ရောက်
ချိန်မှာ မြန်မာဘုရင်ကို ဖမ်းဆီးခေါ်ဆောင်ပြီး အိန္ဒိယနိုင်ငံကို ပို့ဆောင်ချိန်ကစလို့ ဒီနန်းတော်ကြီးက စစ်တပ်နယ်မြေအဖြစ် အလိုလိုပြောင်းလဲသွားခဲ့တာက ယနေ့အချိန်ထိလို့လည်း မန္တလေးမြို့ခံတွေက ပြောပါတယ်။

    ကျုံးမြို့ရိုးနဲ့ နန်းတော်ဆိုတာကတော့ မပျက်မစီးဘဲ ကျန်ရစ်ခဲ့တဲ့ မန္တလေးမြို့ရဲ့ တစ်ခုတည်းသော သမိုင်းအမွေအနှစ်ပဲဖြစ်ပါတယ်။ မန္တလေးသမိုင်းကြောင်းတွေကို မန္တလေးမြို့ခံစာရေးဆရာကြီးတွေက တခန်းတနားဖွဲ့ဆိုသီကုံးတတ်ကြပါ
တယ်။ ရွှေတောင်၊ ငွေတောင် ၊ ပတ္တမြားတောင်၊ ဆေးဒါန်းတောင်၊ နဂါးရစ်တောင်။ တောင်ထူးတောင်မြတ်တွေနဲ့ တန်ဆာဆင်အပ်တဲ့ မန္တလေးတောင်ကို မဏ္ဍိုင်ထားပြီးတောင်ဘက်အလား ဇောင်းကလောကန်အထိတာ(၂၅၀၀)(တစ်တာ-ခုနှစ်တောင်၊ တစ်တောင်၁၉.၅လက်မ) အနောက်လားသော် ဧရာဝတီမြစ်အထိ တာ(၁၆၀၀) အတွင်း၊ အရှေ့အောင်ပင်လယ်ကန်တော်၊ အနောက်ဧရာဝတီမြစ်၊ မြောက်မဟာနန္ဒါကန်တော်တို့မှာ ကြာမျိုးစုံဖူးပွင့်ဝေဆာကာ ငှက်အပေါင်းတို့ မြူးတူးပျော်ပါးဝတ်ရည်သောက်စားခြင်း၊ ရွှေလောင်း၊ ရွှေတချောင်း စတဲ့ ဆယ့်နှစ်လရာသီလုံးတသွင်သွင်စီးနေတဲ့ ရေကောင်းရေရှင်ပေါများခြင်း၊ တောင်စွယ်တောင်ကုန်းတွေနဲ့ တင့်တယ်ခြင်း၊ တောင်စွယ်တောင်ကုန်းတွေရဲ့ အလယ်မှာမှ စည်မျက်နှာလို ပြန့်ပြူးတဲ့ မြေမျက်နှာသွင်ပြင်ရှိခြင်း ဆိုတဲ့ ရောင်စုံရွှေကြိုးသတ်နယ်မြေ မြေပုံကို ရေးဆွဲပြီး မြို့တော်သစ်တည်နိုင်အောင် ဘ၀ရှင်မင်းတရားကြီးထံ ဆက်သွင်းခဲ့ကြတယ်လို့ စာရေးဆရာဆူးငှက်က ရေးသားထားပါတယ်။

    ခုနှစ်ဌာနဖြစ်တဲ့ မြို့ရိုးတော်ကြီး ၊ ကျုံးတော်၊ မဟာလောကမာရဇိန်စေတီတော်၊ သိမ်တော်၊ မဟာအတုလဝေယန်ကျောင်းတော်၊ ပိဋကတ်တိုက်တော်နဲ့ သုဓမ္မာ ဇရပ်တော်ဆိုတဲ့ ဒီခုနစ်ဌာနတွေအပြင် တံခါး၁၂ ရပ် ပြသာဒ်တိုင်တွေကိုလည်း ထူထားခဲ့ပါတယ်။ မြို့တွင်းမြို့ပြင်ဈေး၊ အိမ်ဝင်းတွေနဲ့ မြို့ကွက်သစ်ရာထားပြီး နန်းမြို့တော်ကို ပန္နက်တင်ခဲ့ပါတယ်။ မြနန်းစံကျော် ရွှေနန်းတော်၊ နန်းမြို့ရိုးနဲ့ ကျုံးကို မြန်မာသက္ကရာဇ် ၁၂၁၈ ခုနှစ်မှာ မင်းတုန်းမင်းတရားကြီးက စတင်တည်ထောင်ခဲ့ပြီး ၁၂၂၀ခုနှစ်မှာ ပြောင်းရွှေ့စံမြန်းခဲ့တယ်လို့ သိရပါတယ်။

    နန်းတွင်းမှာ အဓိကအားဖြင့် အုပ်ချုပ်သူဘုရင်နဲ့ မင်းညီမင်းသားအများစုနေထိုင်
ကြတယ်လို့ ဆိုပါတယ်။ အုပ်ချုပ်မှုဆိုင်ရာရုံးတွေ၊ ညီလာခံခန်းမကြီးတွေ၊ လွှတ်တော်အဆောက်အဦး၊ သာသနိက အဆောက်အဦးတွေ လည်း တည်ရှိပါတယ်။ မြို့လေးပြင်လေးရပ်မှာတော့ မူးကြီးမတ်ရာတွေ အပါအ၀င် တိုင်းသူပြည်သားတွေ နေထိုင်ကြပါတယ်။

    မြန်မာဘုရင်ရဲ့ ရုံးစိုက်တဲ့နေရာ၊ အထွဋ်အမြတ်နေရာတွေကို အင်္ဂလိပ်တိုင်းတစ်ပါးသားတွေက လာရောက်သိမ်းယူအုပ်ချုပ်ခဲ့ကြပါ
တယ်။ ကိုယ့်ဘုရင်ကိုယ့်သခင်ကို ထိပါးစော်ကားတဲ့အတွက် မကျေမနပ်ဖြစ်ကာဆူပူထကြွ မှုတွေဖြစ်ပေါ်လာခဲ့ပါတယ်။

    “အင်္ဂလိပ်တွေက မန္တလေးကို သိမ်းပိုက်လိုက်တာနဲ့တစ်ပြိုင်
နက် ဘုရင်နေတဲ့နေ၇ာကို အပိုင်စီးလိုက်ပြီး ကလပ်တွေ၊ ပါတီတွေ ဖွင့်ခဲ့တယ်။ တိုင်းသူပြည်သားတွေက ပုန်ကန်ထကြွမှာစိုးတဲ့အတွက် အင်္ဂလိပ်ရဲ့ အုပ်ချုပ်ရေးယန္တရားနဲ့ သက်ဆိုင်တဲ့ အရာရှိတော်တော်များများဟာ ဒီနန်းတွင်းမှာပဲ နေထိုင်ခဲ့ကြတယ်။ စည်သာတံခါးရဲ့အတွင်းကို ပြန်လည်မွမ်းမံပြီး ဘုရင်ခံအိမ်တော်အဖြစ် ပြောင်းလဲခဲ့တယ်။ အင်္ဂလိပ်တွေ နန်းတွင်းကို သိမ်းတာသည်တိုင်းပြည်ကို မတရားသဖြင့် အုပ်ချုပ်ဖို့ ၊ ပြီးတော့သူတို့လုံခြုံရေးကို ယူတဲ့ပုံစံမျိုးမို့ စစ်တပ်က နန်းတွင်းထဲရောက်လာတာ။ ဒီတစ်လျှောက်လုံး ရေကျုံးပတ်လည်ထား၊ မြေမြို့ရိုးကြီးနဲ့ အခိုင်အမာကို သူတို့လုံခြုံရေးအတွက် တပ်စွဲခဲ့တာ”လို့ စာရေးဆရာဆူးငှက်က ပြောပါတယ်။

    မြန်မာလူမျိုးတွေကို ဖိနှိပ်ညှဉ်းစဲဖို့အတွက် နန်းတွင်းမှာ အခိုင်အမာတပ်စွဲလာခဲ့တဲ့ အစဉ်အလာဟာ ဒုတိယကမ္ဘာစစ်နောက်ပိုင်း လွတ်လပ်ရေးရပြီးချိန် ကိုယ့်တိုင်းကိုယ့်ပြည် ကိုယ့်လူမျိုးနဲ့ ကိုယ်ပိုင်လွတ်လပ်ခွင့်နဲ့ ဖြစ်သွားခဲ့ပါတယ်။ ဒီအခြေအနေမျိုးမှာ အင်္ဂလိပ်ခေတ်က သူ့ကျွန်ဘ၀ရောက်ခဲ့၇တာတွေကို ပြောင်းပြန်လှန်ပစ်နိုင်ပေမယ့် အင်္ဂလိပ်စစ်တပ်နေရာမှာ မြန်မာစစ်တပ်တွေက ဆက်ပြီးနေတာဟာ အင်္ဂလိပ်ရဲက အမွေဆိုးကို ဆက်လက်ကျင့်သုံးလက်ခံလိုက်တာလို
့လည်း ဆက်ပြောပါတယ်။

    မန္တလေးမြို့ခံတစ်ဦးကလည်း “မန္တလေးမှာ ရှိတဲ့ပြည်သူတွေက နန်းတော်ရဲ့ အပြင် ဘက်မှာရှိတယ်။ အများပြည်သူလူထုကို ကာကွယ်စောင့်ရှောက်မယ့် စစ်တပ်ကတော့ နန်းတွင်းထဲမှာရှိနေတယ်။ ပြောင်းပြန်ဖြစ်နေသလိုပဲ။ ပြည်သူတွေက စစ်တပ်ကို ပြန်ပြီးကာကွယ်စောင့်ရှောက်ေ
နရသလိုဖြစ်နေတယ်။ နန်းတွင်းက အများနဲ့မသက်ဆိုင်သလိုပဲ။ အများနဲ့ သက်ဆိုင်တဲ့ နေရာကို အများပြည်သူ သက်တောင့်သက်သာ ၀င်ေ၇ာက်လေ့လာ အပန်းဖြေနိုင်ဖို့တော့ လိုအပ်တာပေါ့။ ”လို့ ဆိုပါတယ်။

    “နန်းတော်ထဲမှာ စစ်တပ်ရှိနေတာလည်း မဟုတ်သေးဘူး။ အင်္ဂလိပ်လက်ထက်ကတည်းက အခုအချိန်ထိ စစ်တပ်က ရှိနေခဲ့တယ်။ ဒါကနန်းတော်နဲ့ စစ်တပ် မသင့်တော်ဘူးလေ။ သီးခြားရှိရမှာပေါ့။ စစ်တပ်က နန်းတွင်းထဲကနေ ရွှေ့မယ်ဆိုရွှေ့လို့ရတယ်။ အခု နန်းတွင်းမှာ စစ်တပ်ရှိနေတော့ တော်ရုံ လူကြီးလူငယ်တွေက မသွားကြတော့ဘူး။ အသွားအလာ နည်းသွားကြတယ်”လို့ မြို့ခံ တစ်ဦးက ပြောပါတယ်။

    အခုလို ခန်းနားထည်ဝါစွာ တည်ရှိနေပြီး အများပြည်သူနဲ့ သက်ဆိုင်တဲ့ နေရာကို အ၀င်အထွက် အတင်းအကြပ် ဖြစ်နေခဲ့တာကိုတော့ စိတ်မသက်သာလှဘူးလို့လည်း ပြောဆိုနေကြပါတယ်။ အရင်က နန်းတွင်းထဲကို လွတ်လွတ်လပ်လပ် ၀င်ထွက်လို့ရခဲ့သော်လည်း ၁၉၇၀ နောက်ပိုင်းမှာ ပိုတင်းကျပ်လာခဲ့တယ်လို့ သိရပါတယ်။ မတ်လလောက်မှာတောင် ဖက်ဆစ်တော်လှန်ရေး (၂၅)နှစ်မြောက်ဆိုပြီး ပွဲလုပ်ခဲ့ဘူးပြီး နောက်ပိုင်းတော့ ဘာမှမလုပ်ကြတော့ဘူးလို့လည်း ဆိုပါတယ်။

    “တစ်မျိုးသားလုံးနဲ့ ဆိုင်တာ။ တစ်မျိုးသားလုံးနဲ့ ဆိုင်တဲ့ ဒီနန်းတော်ကြီးထဲကို ၀င်တာကို မ၀င်ရ၊ ကန့်သတ်နယ်မြေဆိုတာတွေက ရှိသေးတယ်။ အကောင်းဆုံးကတော့ နန်းတွင်းက စစ်တပ်ကို ရွှေ့ပေးတာအကောင်းဆုံးပဲ၊ တစ်မျိုးသားလုံးနဲ့ ဆိုင်တဲ့နေ၇ာတွေအဖြစ် ပြန်လည်ပြုပြင်သင့်ပြီ” လို့ အသက်(၇၀) ၀န်းကျင် မန္တလေးမြို့ခံတစ်ဦးက သုံးသပ်ပြောကြားပါတယ်။

    “မြနန်းစံကျော်ရွှေနန်းတော်အတွင်
း သွားရောက်လိုသူတွေအနေနဲ့ “နန်းရှေ့တံတားခေါ် ဦးထိပ်တံတား”ကနေ ၀င်ရပြီး အ၀င်ဝမှာကတည်းက နာမည်စာရင်းပေးသွင်း၊ နိုင်ငံသားစိစစ်ရေးကတ်တွေ ထားခဲ့ပြီးမှ အထဲကို ၀င်ေ၇ာက်လေ့လာခွင့်ရတယ်။ စက်ဘီးဆိုင်ကယ်စီးခွင့်မရှိဘူး။ သတ်မှတ်နေရာရောက်မှ စီးခွင့်ရတယ်”လို့ သွားရောက်လည်ပတ်ခဲ့သူ တစ်ဦးက ပြောပါတယ်။

    ၁၉၄၅ ခုနှစ်အတွင်းမှာ နန်းဆောင် ၁၁၄ ဆောင်ရှိတဲ့ နန်းတော်ကြီးတစ်ခုလုံး မီးလောင်ပြာကျသွားခဲ့ပြီး ၂၆ မီတာ၉၁၀၀၄ပေ) ၊ တောင်မြောက် ၁၇၅မီတာ(၅၇၄ပေ) ရှိပြီး အကျယ်အ၀န်းစတုရန်းဧရိယာ ၅၃၅၅၀ မီတာရှိတဲ့ နန်းတော်နေရာကို မြေကွက်လပ်ကြီးအဖြစ် ထားရှိခဲ့ရာကနေ ၁၉၈၉ ခုနှစ်မှာ ရှေးမူမပျက်ပြန်လည်တည်ဆောက်ခဲ့
ပါတယ်။ အရှေ့နန်းဆောင်(၃၂ )ဆောင်၊ အနောက်နန်းဆောင် ၄ ဆောင်အပါအ၀င် နန်းဆောင်၈၉ ဆောင်ကို ပြန်လည်တည်ဆောက်ခဲ့တာပါ။

    မြန်မာတို့ အသည်းစွဲ မန္တလေး မြနန်းစံကျော်ရွှေနန်းတော်ကြီးဟာ မြန်မာဘုရင်မင်းမြတ်တို့ရဲ့ ဘ၀နေထိုင်မှုပုံစံတွေကို မြင်တွေ့နိုင်တဲ့နေရာတစ်ခုလည်း ဖြစ်တဲ့အပြင် မြန်မာတစ်မျိုးသားလုံးနဲ့ သက်ဆိုင်တဲ့ ဒီလို နန်းတွင်းနယ်မြေကြီးမှာ ပြုပြင်စရာ၊ ထိန်းသိမ်းစရာ။ပြင်ဆင်စရာ၊ ဖြည့်စွက်စရာတွေအားလုံး ပြုပြင်ထိန်းသိမ်း စောင့်ရှောက်သင့်သလို တစ်မျိုးသားလုံး ပိုင်ဆိုင်တဲ့ ယဉ်ကျေးမှုအမွေအနှစ်ကို တစ်မျိုးသားလုံး ကာကွယ်စောင့်ရှောက်သင့်တဲ့အပြင် ယဉ်ကျေးမှုနဲ့ မအပ်စပ် မရှိသင့်တဲ့ အရာတွေကိုလည်း ရွှေ့ပြောင်းပြင်ဆင်ပြောင်းလဲမှုေ
တွ ပြုလုပ်သင့်ပြီလို့ လည်း အများစုက သုံးသပ်ပြောဆိုခဲ့ကြပါတယ်။

    “စစ်တပ်ဆိုတာက တိုင်းပြည်ကို ကာကွယ်ဖို့၊ မြို့ပြကို ကာကွယ်ဖို့၊ မြို့လူထုကို ကာကွယ်ဖို့ဆိုရင် မြို့ရဲ့အပြင်ကနေပြီး ကာကွယ်ရမှာလေ။ အခုက စစ်တပ်က တကယ့်အထွဋ်အမြတ်နေရာအတွင်းမှာေ
နပြီး မြို့လူထုက အပြင်ကနေ ပြန်ကာ ပေးထား ရသလိုဖြစ်နေတယ်။ ပြည်သူလူထုရဲ့ အစောင့်ရှောက်ခံကြီးဖြစ်နေတာ အင်မတန် စိတ်မချမ်းမြေ့စရာဖြစ်နေရတယ်”လို့လည်း ဆရာဆူးငှက်က သုံးသပ်ပါတယ်။

    လွတ်လပ်ရေးရပြီးကတည်းက စစ်တပ်ဟာ ရွှေ့ပြောင်းရမှာအမှန်ဖြစ်ပေမယ့် ပြည်တွင်းသောင်းကျန်းမှုတွေ၊ နယ်မြေမငြိမ်သက်မှုတွေ ရှိနေတဲ့အတွက် နန်းတွင်းမှာ တပ်စွဲထားတယ်လို့ ဆိုနိုင်သော်လည်း အခုလက်ရှိအချိန်အခါမှာတော့ တည်ငြိမ်အေးချမ်းနေပြီး သောင်းကျန်းမှုဆိုတာလည်း မရှိတော့ဘူးလို့ ဆိုပါတယ်။ ခေတ်စနစ်တွေလည်း ပြောင်းလဲလာပြီဖြစ်တဲ့အတွက် နန်းတွင်းမှာ ဆက်လက်ရှိမနေသင့်တော့ပါဘူးလို
့လည်း မြို့ခံအများစုက ပြောဆိုဆွေးနွေးနေပါတယ်။

    “နန်းတွင်းဟာ ဗမာလူမျိုးတွေအားလုံးနဲ့ သက်ဆိုင်တဲ့နေရာဖြစ်သွားပြီ။ ရှေးဟောင်းယဉ်ကျေးမှုအရရော၊ ရိုးရာအမွေအနှစ်အရပါဆိုရင် ပြတိုက်အကြီးကြီးဖြစ်သွားမယ်။ ရှေးခေတ်နန်းမူနန်းရာ အသစ်တွေ။ မြေ၀ိုင်းဇာတ်တွေ၊ ရုပ်သေးစင်တော်ကြီးတွေ၊ တိုင်းရင်းသားနဲ့ ပတ်သက်တဲ့ အစီအစဉ်တွေ၊ ရိုးရာအားကစားတွေ ပါတဲ့ပြကွင်းပြကွက်ကြီးသာဖြစ်ခဲ
့မယ်ဆိုရင် အများပြည်သူ အနားယူအပန်းဖြေနိုင်မယ့် တကယ့် ဥယျာသ်ကြီးတစ်ခု ဖြစ်လာမယ်”လို့ ဆရာဆူးငှက်က ပြောပါတယ်။

    “ဟိုးအရင်တုန်းကတော့ ရောက်တယ်။ ကလေးတွေကို လိုက်လိုက်ပို့တာလေ။ ရုပ်ရှင်ရုံရှိတယ်။ အားကစားရုံက ဂျွမ်းဘားရုံရှိတယ်။ နောက် ဘုတ်တလုတ်ကန်ရှိတယ်။ ရေကူးကန်ရှိတယ်။ နန်းတွင်းကျောက်တိုင်ကြီး ပတ်ပတ်လည်မှာ ပြေးခုန်ပစ် ပြိုင်ပွဲတွေလုပ်တယ်။ အဲဒီထဲမှာပဲ လွတ်လပ်ရေးနေ့ဆိုရင် ပျော်ပွဲရွှင်ပွဲတွေ လုပ်တယ်။ အဲဒါတွေကို ကလေးတွေကို လိုက်ပြတာ။ အခုတော့ ခေတ်က ပြောင်းသွားပြီး ကလေးတွေကို ပြစရာလည်းမရှိဘူး။ ရောက်လည်းမရောက်ဖြစ်တော့ဘူး”လို
့ အသက် ၅၆ နှစ်ရှိ အမျိုးသမီးတစ်ဦးက ပြောပြပါတယ်။

    မြို့လူထုတွေ အနေနဲ့လည်း နန်းတွင်းဆိုတာနဲ့ တစ်သီးတစ်ခြားစီဖြစ်မနေတော့ဘဲ ၀င်ထွက်သွားလာလို့ ရနိုင်ဖို့ မျှော်လင့်နေကြတယ်လို့ လည်း သိရပါတယ်။ အလားတူပြည်ပကလာရောက်လေ့လာသူတွေ
အတွက်လည်း မြန်မာလူမျိုးတွေရဲ့ နေထိုင်မှု ဓလေ့တွေကို မြင်တွေ့နိုင်မှာ ဖြစ်ပါတယ်။

    “ဒီအချိန်မှာ တပ်မတော်သည် မိမိနေရာ မိမိပြန်သွားပြီး လွှဲအပ်လိုက်မယ်ဆိုရင် လူသာဓုခေါ်။ နန်သာဓုခေါ် ဖြစ်မှာပါ”လို့ စာရေးဆရာကြီး တစ်ဦးက သုံးသပ်ပါတယ်။
    ဒီမိုကရေစီခေတ်ကို ကူးပြောင်းနေတဲ့ အချိန်ကာလမှာ အင်္ဂလိပ်အမွေဆိုးကို ဆက်ခံမကျင့်သုံးသင့်တော့ဘူးလို
့လည်းဆိုပါတယ်။ မန္တလေးနန်းတွင်းထဲမှာ တည်ရှိနေတဲ့ အကျဉ်းထောင်ကိုတောင် ရွှေ့ပြောင်းခဲ့ပြီးဖြစ်ပါတယ်။ ယခင်ကာလများဆီက တယက ဆိုလျှင် နန်းတွင်းထဲမှာရှိသော်လည်း အခုအခါမှာတော့ သက်ဆိုင်ရာ တိုင်းဒေသကြီးအစိုးရတွေသည် နန်းတွင်းပြင်ပကို ရောက်လာပြီး ပြည်သူလူထုနဲ့ ပိုမိုနီးစပ်လာတာကို မြင်တွေ့ရပြီးဖြစ်ပါတယ်။

    အများပြည်သူ အမှန်တကယ်အနားယူ အပန်းဖြေဖို့နေရာ လည်း လိုအပ်နေပါတယ်။ ဒီနန်းတွင်းက ယဉ်ကျေးမှုအရလည်း ထိန်းသိမ်းသင့်တဲ့နေရာ၊ မင်းနေပြည်တော် ပြယုဂ်အဖြစ်လည်း ပြသနိုင်တဲ့နေရာဖြစ်လို့ မြနန်းစံကျော်ရွှေနန်းတော်အပါ
အ၀င် လေးဘက်လေးတန်နေရာတွေကို စုပေါင်းပြီး မြို့ပြဥယျာဉ်တော်ကြီးအဖြစ် ပညာရှင်တွေနဲ့ တိုင်ပင်သင့်တယ်လို့လည်း သုံးသပ်သူတွေရှိပါတယ်။
    ကုမ္ပဏီတွေကို လက်လွှဲအပ်ကာ မြို့နေလူထု အပန်းဖြေနားနေစရာ အစစ်အမှန်ဥယျာဉ်တော် မဖြစ်ဘဲ စားသောက်ဆိုင်တွေဖြစ်မသွားဖို့၊ ကာစီနို်တွေ၊ ဟော်တယ်တွေ၊ ကလပ်တွေဖြစ်မသွားဖို့ကိုတော့ အားလုံးဝိုင်းဝန်းထိန်းသိမ်းသင်
့ပါတယ်။

မန္တလေးခေတ်


Posted: 27 May 2013 05:46 AM PDT
နေပြည်တော်၊ မေ- ၂၆

နေပြည်တော်ကောင်စီနယ်မြေတွင် ယခုလအတွင်း သွေးလွန်တုပ်ကွေးဖြစ်ပွားသူ ၄၀ ဦးခန့် ရှိလာ၍ အရေးပေါ်ကာလအဖြစ် သတ်မှတ်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း နေပြည်တော်ကျန်းမာရေးဦးစီးဌာ
နမှ ဌာနမှူးဒေါက်တာထွန်းမြင့်ကပြောသည်။

၂၀၁၃ခုနှစ် ဖေဖော်ဝါရီ ၂၇ ရက်မှ ယနေ့အထိ နေပြည်တော် ရှစ်မြို့နယ်အတွင်း သွေးလွန်တုပ်ကွေး ဖြစ်ပွားမှုအရေအတွက်မှာ ၁၇၂ဦးရှိပြီး တစ်ဦးသေဆုံးခဲ့သည်။

ထို့အပြင် ဆေးရုံသို့ရောက်မလာသောသွေး လွန်တုပ်ကွေးလူနာများလည်းရှိနို
င်သည်။ အဆိုပါ ဦးရေထဲမှ ယခုလအတွင်း ၄၀ ဦးခန့်ဖြစ်ပွားခဲ့ခြင်းနှင့် ပတ်သက်၍
...

[Message clipped]  View entire message

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...