Saturday, May 18, 2013

သစ်ထူးလွင် သတင်းစုစည်းမှု (၁၇-၅)

သစ်ထူးလွင်



Posted: 17 May 2013 06:45 AM PDT
ပြည်တွင်းမှာ အမေရိကန် ဒေါ်လာတန်ဖိုး မြင့်တက်လို့ ပြည်ပသွင်းကုန် အမယ်တွေထဲမှာ ဆေးဝါး တင်သွင်းမှု အထိနာ ဆုံးပါလို့ မြန်မာနိုင်ငံ ဆေးနှင့် ဆေးပစ္စည်း ကုန်သည်များနှင့် လုပ်ငန်းရှင်များ အသင်းက ပြောပါတယ်။
အသင်းရဲ့ အတွင်ရေးမှူး ဦးဇော်မိုးခိုင်က “ဒေါ်လာ တန်ဖိုးတက်လို့ ဆေးဝါး ဈေးနှုန်းလည်း လိုက်တက်တာက ကောင်းတဲ့ လက္ခဏတော့ မဟုတ်ဘူးပေါ့။ ဒါပေမယ့် ဆေးဝါး import လုပ်နေတဲ့ ကုမ္ပဏီတွေ အားလုံးက ဒေါ်လာနဲ့ တင်သွင်းနေရတာဖြစ်လို့ သူတို့ကိုတော့ အပြစ်သွားပြောလို့ မရဘူး။ ဒါကြောင့် ဒေါ်လာတန်ဖိုး တက်လာတာက ကျနော် တို့ ဆေးဝါးရောင်းချတဲ့ ဈေးကွက်အပေါ်မှာတော့ အထိဆုံးပါပဲ” လို့ ပြောပါတယ်။

ပြည်တွင်သုံး ဆေးဝါးတွေရဲ့ ဆယ်ပုံကိုးပုံကို ပြည်ပကနေ တင်သွင်းနေတာဖြစ်လို့ ဒေါ်လာဈေး အတက်အကျပေါ် မူတည်ပြီး ဆေးဝါးဈေးနှုန်းတွေကလည်း အတက်အကျရှိနေတာပါ။

ဒီအတွက်ကြောင့် နိုင်ငံခြားဆေးဝါးတင်သွင်းရောင်
းချနေတဲ့ ဆေးဝါးကုမ္ပဏီကြီး ၅ ခုက ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း ဆေးအမျိုးအမည် တခုအပေါ် ၄ ဒဿမ ၅ ရာခိုင်နှုန်းကနေ ၆ ရာခိုင်နှုန်းအထိ ဈေးတက်သွားတာပါ။ ဆေးအမယ်ပေါ်မူတည်ပြီး ခံနိုင်ရည်ရှိတဲ့  ဆေးအမယ် ဆိုရင်တော့ ဈေးမတက်ဘဲ ဆက်ရောင်းပေးနေတယ်လို့ သိရပါတယ်။
အရင်ဈေးဟောင်းနဲ့ ၀ယ်ထားတဲ့ကုမ္ပဏီတွေရဲ့လက်ထဲမှာ
လဲ လက်ကျန်ရှိသေးလို့ ဈေးမတက်သေးဘဲ အရင်နှုန်းထားနဲ့ဘဲ ဆက်ရောင်းနေကြတယ်လို့ ဦးဇော်မိုးခိုင်က ပြောပါတယ်။
တကယ်လို့  ဒေါ်လာဈေးက ပြန်မကျဘဲ လက်ကျန်ကုန်ပစ္စည်း ပြတ်လတ်ရင်တော့ ဆေးဈေးနှုန်းတွေ တက်နိုင်သလို ဒေါ်လာဈေး ဆက်တက်ရင်တော့ ဆေးဝါးတင်သွင်းတာ လျော့ကျမယ့် အခြေအနေ ရှိပါတယ်။

ဦးဇော်မိုးခိုင်က “ဒေါ်လာဈေးတွေ တက်တဲ့ချိန်မှာ တင်သွင်းတဲ့သူက သူ့လက်ထဲမှာ stock အများကြီး မကျန်အောင် သတိထားပြီးတော့ တင်သွင်းမှာဖြစ်တယ်။ ဘာလို့လဲဆိုတော့ ဒေါ်လာဈေးပြန်ကျခဲ့ရင် အရင် အမြင့်ဈေးနဲ့ဝယ်ခဲ့တာကို ဈေးမြင့်နဲ့ ပြန်ရောင်းဖို့က မလွယ်ဘူး။ ပြီးတော့ မြန်မာပြည်မှာက ဒေါ်လာဈေးကျရင် ဆေးဈေးနှုန်းပါ လိုက်မချတဲ့ကုမ္ပဏီက မရောင်းရဘူး။ ဒါကြောင့် ဆေးဝါးတင်သွင်းတဲ့ ကုမ္ပဏီတွေက အရင်ဝယ်တဲ့ stock level လောက်တော့ ထားချင်မှထားတော့မှာ ဖြစ်ပါတယ်။” လို့ ပြောပါတယ်။

နိုင်ငံခြားဆေးမျိုးစုံရောင်း
ဝယ်တဲ့ဈေးကွက်မှာ  အိန္ဒိယနိုင်ငံထုတ် ဆေးဝါးတွေက ၃၀ ရာခိုင်နှုန်းကျော်နဲ့ အများဆုံးတင်သွင်းနေပြီး ထိုင်း၊ တရုတ်၊ ဖိလစ်ပိုင်၊ မလေးရှား၊ အင်ဒိုနီးရှား၊ ကိုရီးယား၊ ပြင်သစ်နဲ့ ဥရောပစတဲ့ နိုင်ငံတွေကနေလည်း တင်သွင်းနေပါတယ်။
ပြီးခဲ့တဲ့ဘဏ္ဍာရေးနှစ်က မြန်မာနိုင်ငံက ပြည်ပကနေ နိုင်ငံခြားဆေးဝါးမျိုးစုံ အမေရိကန်ဒေါ်လာ သန်း၂၀၀ ကျော်ဖိုး တင်သွင်းခဲ့ပါတယ်။

by သိုက်ဇင် (ဒီဗွီဘီ)


Posted: 17 May 2013 06:30 AM PDT
တောမီးရှို့မှုနဲ့ ရဲစခန်းမှာ သမ္မတရုံးဝန်ကြီး ဦးစိုးမောင် တိုင်ကြားထားတဲ့ အမှုကို မေလ ၂၇ ရက်နေ့ တရားရုံးတင်မယ်လို့ ရဲစခန်းက ပြောပါတယ်။

ပြီးခဲ့တဲ့ ဧပြီလထဲမှာ ပင်လောင်းမြို့နယ် ကိုးကွေ့ရွာနားက နိုင်ငံတော်သမ္မတရုံးဝန်ကြီး ဦးစိုးမောင် ပိုင်ဆိုင်တဲ့ သရက်ပင်တွေ တောမီးလောင်တဲ့အထဲ ပါဝင်ပျက်စီးသွားတဲ့အတွက် အဲဒီအနီးက တောင်ယာခုတ်သူ ကိုးကွေ့ရွာသား ၇ ဦးနဲ့ တောင်ကျ ရွာသား ၄ ဦးကို မီးလောင်မှုမှာ ပတ်သက်တယ်လို့ စွပ်စွဲပြီး အရေးယူပေးဖို့ တိုင်ကြားတဲ့အတွက် ပင်လောင်းရဲစခန်းက ဖမ်းဆီးခဲ့တာပါ။

ပင်လောင်ရဲစခန်း တာဝန်ရှိသူတဦးက “သူတို့ကို အပေါ်ကနေ တိုင်စာနဲ့ အမှုဖွင့်ခိုင်းလို့ ကျနော်တို့ စခန်းမှာချုပ်ပြီး အမှုဖွင့်ထားပါတယ်။ သမ္မတရုံးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိုးမောင်ကနေပြီး တိုင်စာနဲ့ ပေးထားတယ်ခင်ဗျ။ ၂၇ ရက်နေ့ကို ကျနော်တို့ တရားရုံး တင်ပေးရမှာ။ ရမန်ကြီး ၂ ပတ်။ ရဲလုပ်ငန်းအကုန်စင်အောင် လုပ်ရမှာ” လို့ ပြောပါတယ်။

ရွာသားတွေကို မတရားဖမ်းဆီးထားတာဖြစ်တဲ့အတွက် အမြန်ဆုံးပြန်လွှတ်ပေးဖို့ ကယန်း နဲ့ ကရင်နီ အဖွဲ့အစည်းတွေက ဒီနေ့ ကြေညာချက်ထုတ်ပြန်တောင်းဆိုလို
က်ပါတယ်။

ကယန်းမျိုးဆက်သစ် လူငယ်အဖွဲ့ခေါင်းဆောင် ခွန်းဘီဒူးက “ပိုင်နက်ကျူးလွန်မှု၊ အကျိုးစီးပွားဖျက်ဆီးမှုတခု၊ အာဏာဖီဆန်မှု၊ နယ်မြေကျူးကျော်တာတွေ ပုဒ်မ ၆ ခုလောက်နဲ့ ဖြစ်ပါတယ်။ ရွာသားတွေကို မတရားဖမ်းပြီး ပုဒ်မတွေလျှောက်တပ်တာမျိုးက မလုပ်သင့်ဘူး” လို့ ပြောပါတယ်။

ဝန်ကြီး ဦးစိုးမောင်ရဲ့ သရက်ပင်တွေမီးလောင်တဲ့ နေရာနဲ့ ရွာသားတွေတောင်ယာခုတ်တဲ့ နေရာဟာ အင်မတန်ဝေးကွာပြီး အလယ်မှာ ချောင်း ၃ ချောင်း ခြားနေသလို အဖမ်းခံရွာသားတွေဟာ တောမီးကို မရှို့ခဲ့ဘူးလို့ ဆိုပါတယ်။

ဒီအခြေအနေနဲ့ ပတ်သက်ပြီး ပင်လောင်ရဲစခန်း တာဝန်ကျ ရဲအရာရှိက ရွာသားတွေ အပြစ်ရှိမရှိ တချို့တ၀က် စစ်ဆေးပြီးပြီလို့ ပြောပါတယ်။

“လောလောဆယ် သူတို့ရှို့တဲ့နေရာတော့ ပြတယ်။ အခင်းနဲ့တော့ နည်းနည်းဝေးပါတယ်။ တောမီးတော့ တောမီးပဲ။ သူတို့က တောင်ယာခုတ်တာ။ တောမီးက လေ့သင့်ရာလောင်တာ ဆိုတော့ ကျနော်တို့က မျက်မြင်သက်သေကလည်း မရှိ၊ တိုင်ထားတဲ့သူကတော့ အတိအကျ တိုင်ထားပါတယ်။ စွဲတင်ပြီးရင်တော့ အခြေအနေက ပြောင်းရင် ပြောင်းသွားမှာပေါ့။”

အဲဒီနေရာဟာ ပေါင်းလောင်းကြိုးဝိုင်းနဲ့လည်း နီးတဲ့အတွက် ရွာသားတွေ  တောင်ယာမခုတ်ဖို့လည်း ဒီနှစ် ဖေဖော်ဝါရီလတုန်းက ၀န်ခံချက် လက်မှတ်ထိုးခဲ့ရတယ်လို့ ခွန်းဘီဒူးက ဆိုပါတယ်။

သူတို့လွတ်မြောက်ရေးအတွက် ကယန်းအမျိုးသားပါတီကရော ကယန်းလူငယ်အဖွဲ့တွေပါ သက်ဆိုင်ရာ မြို့နယ်ရဲစခန်း၊ မြို့နယ်မှူး၊ ရှမ်းပြည်နယ် ၀န်ကြီးချုပ်ရုံး စသဖြင့် ချဉ်းကပ်ညှိနှိုင်းဖို့ ကြိုးစားခဲ့ပေမယ့် မအောင်မြင်ခဲ့ဘူးလို့ ဆိုပါတယ်။

မီးလောင်မှုကြောင့် ၀န်ကြီးရဲ့ သရက်ပင်ပေါင်း ၅၀ ကျော် ဆုံးရှုံးတာကို နယ်မြေခံ တောအုပ်ကြီး၊ ရဲမှူး နဲ့ ရာအိမ်မှူးတို့က စစ်ဆေးတွေ့ရှိခဲ့ပေမယ်လည်း ၀န်ကြီးကိုယ်စားလှယ် ဦးစိုးမင်းထွေးက သရက်ပင် ၅၀၀ ကျော်ဆုံးရှုံးမှုနဲ့ ဖမ်းဆီးအရေးယူပေးဖို့ တိုင်တမ်းခဲ့တာလို့ ခွန်းဘီဒူးက ပြောပါတယ်။

ရွာသားတွေ ပြန်လွတ်လာရေးအတွက် ကယန်းအဖွဲ့အစည်းက ရှေ့နေငှားရမ်းပြီး အမှုမှန်ပေါ်ရေး ကြိုးပမ်းသွားမှာဖြစ်သလို တရားရင်ဆိုင်ပြီးမှ ရွာသားတွေ မလွတ်လာဘူးဆိုရင် သတင်းစာရှင်းလင်းပွဲ၊ ဆန္ဒပြပွဲတွေ တိုးမြင့်လုပ်ဆောင်သွားမယ်လို့ ပြောပါတယ်။

မေ ၁၇ ရက်နေ့ နေ့စွဲနဲ့ထုတ်ပြန်လိုက်တဲ့ ကြေညာချက်မှာ ကယန်းပြည်သစ်ပါတီ၊ ကယန်းအမျိုးသားပါတီ၊ ကယန်းမျိုးဆက်သစ်လူငယ်အဖွဲ့၊ ကရင်နီအမျိုးသားလူငယ်အစည်းအရုံး
၊ ကယန်းအမျိုးသမီးများအစည်းအရုံး၊ ကောင်ရွေ လူမှုလှုပ်ရှားမှုဆောင်ရေးရေး ကွန်ရက်အဖွဲ့ စတဲ့ အဖွဲ့အစည်းပေါင်း  ၆ ခုက ၀ိုင်းဝန်းတောင်းဆိုထားတာ ဖြစ်ပါတယ်။

 by နန်းမြနဒီ (ဒီဗွီဘီ)




Posted: 17 May 2013 06:19 AM PDT
ရှမ်းပြည်နယ် ကလောမြို့တွင် ဖြစ်သော မုန်တိုင်းဒဏ်ကြောင့် ရွှေတွင်း လုပ်သား သေဆုံးခဲ့ပြီး နောက် လုပ်သား ၁၂၀ လုပ်ငန်းမှ နှုတ်ထွက်ခဲ့ကြကြောင်း အာရှကမ္ဘာမြေ စက်မှုနှင့် သတ္တုတူးဖော်ရေးလုပ်ငန်း ကုမ္ပဏီ မှ ဥက္ကဌ ဦးမြင့်ဦးက ပြောသည်။
“သဘာဝအန္တရာယ် နဲ့ကြုံရပြီး ၊ သူတို့မျက်စိရှေ့မှာ လူသေတာတွေလည်း မြင်ရတဲ့အတွက် လူသဘာဝ အရ ဒီနေရာမှာမလုပ်ချင်တော့လို့ ထွက်ကြတာ” ဟု ၄င်းက ဆက်ပြောသည်။

မေ လ ၂ ရက်နေ့ နံနက်စောပိုင်းတွင် တိုက်ခိုက်ခဲ့သော မုန်တိုင်းကြောင့် တွင်းပြိုခြင်း ၊ သစ်ပင်ပိခြင်း တို့ကြောင့် ၁၇ ဦး သေဆုံးပြီး ၊ ဒဏ်ရာ ရရှိသူ ၈ ဦးခန့် ရှိခဲ့ကြောင်းြ့ပည်တွင်းမီဒီယာ အချို့၌ ဖော်ပြခဲ့ကြောင်း သတင်းများတွင် လူရာကျော်သေဆုံးသည့် သတင်းမှာ မဟုတ်မှန်ကြောင်း ကုမ္ပဏီမှ ငြင်းဆိုသည်။

“ဖြစ်စဉ်က တစ်နာရီလောက်ပဲကြာတယ် ၊ ၁၂ ခွဲကနေ ၄၅ မိနစ် လောက်ထိပဲ မုန်တိုင်းဒဏ်ကို ၁၅ မိနစ်လောက်ပဲ ခံရတာ ၊ သေဆုံးရတာ အများစုက သစ်ပင်ပိသေတာပါ” ဟု ဦးမြင့်ဦးက ပြောသည်။
မုန်တိုင်းတိုက်ခတ်နေစဉ်ချိန်တွ
င် ၄င်းလည်း လုပ်ငန်းခွင်တွင်ရောက်ရှိနေ၍ မုန်တိုင်းဒဏ်ခံရသော်လည်း အသက်ဘေးမှလွတ်မြောက်လွတ်ခဲ့ပြီး ၊ လက်ရှိ သေဆုံးသူ ၁၇ ဦး အတွက် အာရှကမ္ဘာမြေ မှ လျော်ကြေးငွေ အဖြစ် အရာရှိတစ်ဦးကို သိန်း ၂၀ နှင့် ကျန်ဝန်းထမ်းများကို ၁၀ သိန်း စီပေးခဲ့ကြောင်း ၊ Golden Star Inn ကုမ္ပဏီမှ သေဆုံးသူ ၈ ဦးအတွက် ၁၃ သိန်းနှင့် Royal Star ကုမ္ပဏီမှ သေဆုံးသူ ၁ ဦးအတွက် သိန်း ၂၀ နှင့် ကျန်အရပ်သား များအတွက် ၂ သိန်းပေးခဲ့ကြောင်း သိရသည်။
ခိုင်နွယ်ဦး
Popular Myanmar News Journal


Posted: 17 May 2013 03:40 AM PDT
ဒီမိုကရေစီနဲ့ လူ့အခွင့် အရေးပါတီရဲ့ ဗဟိုအလုပ်အမှုဆောင် ၆ ဦးကို ပါတီကနေ ထုတ်ပယ်ဖို့ ပြည်ထောင်စု ရွေးကောက်ပွဲ ကျင်းပရေး ကော်မရှင်က အဲဒီပါတီကို ညွှန်ကြား လိုက်ပါတယ်။ အဲဒီညွှန်ကြားစာကို မေ ၈ ရက်နေ့က ပေးပို့တာဖြစ်ပြီး နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေပုဒ်မ ၁၀ (က) နဲ့ ငြိစွန်းတာကြောင့်လို့ ပြည်ထောင်စု ရွေးကောက်ပွဲ ကျင်းပရေးကော်မရှင် ညွှန်ကြားရေးမှူး ဦးတင်မောင်ချိုက ဒီဗွီဘီကို ရှင်းပြပါတယ်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဌ ဦးတင်အေး

Posted: 17 May 2013 03:18 AM PDT
ရခိုင်ပြည်နယ် မောင်းတော ခရိုင် အတွင်းရှိ ဘင်္ဂါလီလူမျိုးများ ၏ အိမ်ထောင်ပြုခြင်း ကိစ္စနှင့် ကလေး မွေးဖွားနှုန်းကို ကန့်သတ် သည့် ညွှန်ကြားချက်ကို ဒေသန္တ ရ အမိန့်အဖြစ် ထုတ်ပြန်လိုက် ကြောင်း သတင်းရရှိသည်။ မောင်းတော ခရိုင်လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အား ဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးစောနိုင် မှ ပြောကြားရာတွင် မောင်းတော ခရိုင်အတွင်း နေထိုင်သည့် ဘင်္ဂါ လီလူမျိုးများ အိမ်ထောင်ပြုခြင်း နှင့် ကလေး မွေးဖွားနှုန်းကို ကန့် သတ်ထိန်းချုပ်သည့် ----
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 17 May 2013 02:35 AM PDT
ယနေ(၁၇.၅.၂၀၁၃) သောကြာနေ့ နံနက် အင်းစိန်အကျဉ်း ထောင် မှ လွှတ်မြောက်သောနိုင်ငံရေးအကျဉ်းသား(၁၀) ဦး

၁. ကံမင်းသာ
၂. စိုင်းတင်မင်းကို
၃. ထွန်းထွန်းဦး
၎. စိုင်းခန်းလှ
၅. ၀င်းမြင့်
၆. ဟေမာနေ၀င်း
၇.ရဲထွဠ်ခေါာင်
၈. ကျော်မိုးထက်
၉.စိုးရွှေ (ခ) ပညာဝံသ
၁၀. အောင် နိုင်

ယနေ(၁၇.၅.၂၀၁၃) သောကြာနေ့ နံနက်တောင်ငူထောင် မှ လွှတ်မြောက်သောနိုင်ငံရေးအကျဉ်း
သား(၂) ဦး

(၁)စောရှဒြ
(၂) စိုင်းသီဟ

ယနေ(၁၇.၅.၂၀၁၃) သောကြာနေ့ နံနက် သာယာဝတီထောင် မှ လွှတ်မြောက်သောနိုင်ငံရေးအကျဉ်း
သား (၅) ဦး

(၁) အေးမင်းနိုင်
(၂) စန်းစန်းမော်
(၃) ထက်ကိုလွင်(ခ) ဘုန်းကြီး
(၄)ကျော်ဇင်ဦး(ခ) ဖိုးကျော်
(၅) ဇော်လွင်

ယနေ(၁၇.၅.၂၀၁၃) သောကြာနေ့ နံနက် မန္တလေးအကျဉ်းထောင် မှ လွှတ်မြောက်လာသောနိုင်ငံရေးအကျဉ်
းသား (၁) ဦး

(၁)ဌေးလွင်

ယနေ(၁၇.၅.၂၀၁၃) သောကြာနေ့ နံနက် အင်းစိန်အကျဉ်း ထောင် မှ လွှတ်မြောက်သောနိုင်ငံရေးအကျဉ်း
သား(၉) ဦး

၁. ကံမင်းသာ
၂. စိုင်းတင်မင်းကို
၃. ထွန်းထွန်းဦး
၎. စိုင်းခန်းလှ
၅. ၀င်းမြင့်
၆. ဟေမာနေ၀င်း
၇.ရဲထွဠ်ခေါာင်
၈. ကျော်မိုးထက်
၉.စိုးရွှေ (ခ) ပညာဝံသ

ယနေ(၁၇.၅.၂၀၁၃) သောကြာနေ့ နံနက် မအူပင် အကျဉ်း ထောင် မှ လွှတ်မြောက်သောနိုင်ငံရေးအကျဉ်း
သား(၁) ဦး

၁. နေမျိုးဇင်

ယနေ(၁၇.၅.၂၀၁၃) သောကြာနေ့ နံနက်တွင် လွှက်မြောက်လာ ကြသော နိုင်ငံရေးအကျဉ်းသား များကို နိုင်ငံရေးအကျဉ်းသားဟောင်းများ
အဖွဲ့ မှ ကြိုဆိုပါတယ် နိုင်/ကျဉ်း မှလည်း ကျန်းမာရေး၊လူမှုရေးစောင့်ရှောက်မှု များကိုတက်နိုင်သလောက်ကူညီပေး နိုင်ရန်အတွက် နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့သို
့ဆက်သွယ်ကြပါရန်လေးစားစွာပန်ကြာ
းပါတယ်။

ဆက်သွယ်ရန်လိပ်စာ

တိုက်အမှတ်(၁) အခန်းအမှတ်(၂၀၁) ၁၅၄ လမ်း တာမွေကြီး(က/ဂ)ရပ်ကွက် တာမွေမြို့နယ် ရန်ကုန်မြို့
ဆက်သွယ်ရန် ဖုန်း

ဦးသက်ဦး ၀၉ ၇၃၁၀၇၉၃၃
ဦးဘိုဘိုထွန်း ၀၉ ၇၃၀၁၇၅၃၆
ဦးဇော်လင်းအောင် ၀၉ ၇၃၀၈၃၀၇၅
ဦးစိန်လှိုင် ၀၉ ၄၉၅၈၁၅၉၅
ဦးကျော်ဆန်း ၀၉ ၄၃၁၂၆၅၉၀
ဦးထွန်းကြည် ၀၉ ၄၉၂၅၅၀၂၄
ဦးဘမျိုးသိန်း ၀၉ ၄၃၁၅၄၉၄၉
ဦးတင်မောင်ဦး ၀၉ ၅၅၀၁၄၂၉
ဦးမြင့်အောင် ၀၉ ၅၁၃၄၆၈၅
မမေမေသန်း ၀၉ ၄၂၀၀၃၅၉၃၅
ဦးရဲအောင် ၀၉ ၄၉၅၉၀၄၉၅
ဦးသော်ထွန်းဦး ၀၉ ၄၂၁၁ ၃၄၁၃၅
ဦးလှဋ္ဌေး ၀၉ ၄၃၀၉ ၄၂၅၉

Former Political Prisoners


Posted: 17 May 2013 02:15 AM PDT
လွတ်ငြိမ်း ချမ်းသာခွင့်နဲ့ ပတ်သက်ပြီး လွတ်မြောက်ခဲ့တဲ့ နိုင်ငံရေး အကျဉ်းသားတွေကို အကြပ်ကိုင်တဲ့ သဘော သက်ရောက်နေတဲ့ ပုဒ်မ ၄၀၁ ကျင့်သုံးမှုကို လွှတ်တော်မှာ ကြယ်ပွင့်ပြ မေးခွန်း မေးမြန်းမယ်လို့ အန်အယ်လ်ဒီပါတီ ပြည်သူ့ လွှတ်တော်အမတ် ဒေါ်စန္ဒာမင်းက ဒီဗွီဘီကို ပြောပါတယ်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ




Posted: 17 May 2013 02:03 AM PDT
ဝင်ငွေနည်း လူတန်းစားများ အိမ်ရာ ပိုင်ဆိုင်ရေး ဆိုသော စီမံချက်ဖြင့် အကောင် အထည်ဖော် တည်ဆောက်နေသော နှစ် ၃၀ ကျော် အရစ်ကျစနစ်ဖြင့် ရောင်းမည့် ဒဂုံဆိပ် ကမ်းမြို့နယ်ရှိ ဧရာဝဏ်နှင့် ရတနာ အိမ်ရာစီမံကိန်းကို ၂၀၁၅ ခုနှစ်တွင် အပြီး တည်ဆောက် မည်ဖြစ်ကြာင်း မြို့ ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးမှု ဦးစီးဌာန အကြီးတန်း အရာရှိတစ်ဦးက ပြောကြားသည်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 17 May 2013 01:37 AM PDT
သတင်းစာ ဆရာကြီး ဟံသာဝတီ ဦးဝင်းတင်ဟာ ၂၀၀၈ ခုနှစ်က အင်းစိန် အကျဉ်းထောင်မှ လွတ်မြောက်စဉ် ထောင်အင်္ကျီကို ယူဆောင်လာခဲ့မှုဖြင့် ထောင်အာဏာပိုင်များမှ နိုင်ငံတော်ပစ္စည်း အလွဲသုံးစားလုပ်မှု (အပခ) ဖြင့် ဒဏ်ငွေ ကျပ် ၂၀၀၀ ပေးဆောင်ရန် သို့မဟုတ်ပါက ဒဏ်ကြေးအား ၎င်းတို့မှ စိုက်ဆောင်ပြီး ဦးဝင်းတင်မှ ကြေအေးကြောင်း လက်မှတ် ရေးထိုးပေးရန်နှင့် မလုပ်ဆောင်ပါက တရားဥပဒေအရ အရေးယူသွားမည်ဟု ၂၀၁၃ ခုနှစ် ဧပြီလ ၂၅ ရက်နေ့ ညပိုင်းက လာရောက် ခြိမ်းခြောက် ပြောဆိုကြောင်း သိရှိရပါသည်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 17 May 2013 01:28 AM PDT
မြန်မာနိုင်ငံကနေ တရုတ်နိုင်ငံကို သွယ်တန်းဖောက်လုပ်နေ တဲ့ ရေနံနဲ့ သဘာဝဓာတ်ငွေ့ ပိုက်လိုင်း အစီအစဉ်နဲ့ ဆက်နွယ်ပြီး တရုတ်နိုင်ငံမှာလည်း ကန့်ကွက်ဆန္ဒပြမှုတွေနဲ့ ရင်ဆိုင်နေ ရပါတယ်။ မြန်မာနိုင်ငံကတဆင့် တင်ပို့မယ့်ရေနံတွေ ကို ချက်လုပ်မယ့် စက်ရုံတခု တည်ဆောက်မယ့် စီမံကိန်းကြောင့် နစ်နာမှုတွေ ဖြစ်ရတယ်ဆိုပြီး ဒေသခံတွေနဲ့ တက်ကြွသူတွေ ဆန္ဒပြခဲ့ကြတာပါ။ အပြည့်အစုံကိုတော့ ကိုအောင်လွင်ဦး ကပြောပြပေးမှာ ဖြစ်ပါတယ်။ ---
ရုပ်/သံ ကြည့်ရှုရန် ဒီနေရာကို နှိပ်ပါ



Posted: 17 May 2013 12:35 AM PDT
အစိုးရက ဒီနေ့မှာ နိုင်ငံရေး အကျဉ်းသား တချို့ကို လွတ်ငြိမ်း ချမ်းသာခွင့်နဲ့ ပြန်လွှတ် လိုက်ပါတယ်။ ပြန်လွတ်လာ သူတွေထဲမှာ နှစ်ရှည် နိုင်ငံရေး အကျဉ်းသား တွေလည်း ပါ ၀င်ပါတယ်။

ဒီလို နိုင်ငံရေး အကျဉ်းသားတွေရဲ့ လွတ်မြောက်လာမှုဟာ မြန်မာသမ္မတ ဦးသိန်းစိန်ရဲ့ အမေရိ ကန်ပြည်ထောင်စုကို သွားရောက်မယ့် သမိုင်းဝင် ခရီးစဉ်မတိုင်ခင် ၂ ရက်အလိုမှာ စီစဉ်လိုက်တာ ဖြစ်ပါတယ်။

ဒီနေ့မှာ တနိုင်ငံလုံးရှိ အကျဉ်းထောင် တွေကနေ နိုင်ငံရေး အကျဉ်းသား ၂၃ ဦး လွတ်မြောက်လာမယ်လို့ သိရကြောင်း ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင် တဦးဖြစ်တဲ့ ကိုအံ့ဘွယ်ကျော်က ပြောပါတယ်။

ဒီဗွီဘီက မွန်းလွဲ ၁ နာရီခန့်ထိ မေးမြန်းချက် တွေအရ သာယာဝတီထောင်က ၅ ဦး၊ တောင်ငူထောင်က ၂ ဦး၊ မန္တလေးထောင်က ၁ ဦး လွတ်မြောက်လာပြီ ဖြစ်ပါတယ်။  တောင်ငူထောင်ကနေ စောဂျက်တင်နဲ့ ကိုစိုင်းသီဟတို့ ပြန်လွတ်လာပါတယ်။  ပြန်လွတ်လာတဲ့ ကိုစိုင်းသီဟ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ အနှောင်အဖွဲ့မရှိ လွတ်ပေးလိုက်တာလို့ အခုလို ပြောပါတယ်။

“ကျနော့်ကို အခုလွှတ်တာ ၄၀၁(၁)နဲ့။ အနှောင်အဖွဲ့ ဘာမှ မထားဘူးပေါ့။ အရင်က ခံဝန်ချက်လက်မှတ်ထိုးရတယ်။ ကျနော်တော့ အခု ခံဝန်ချက်လက်မှတ်မထိုးဘူး။ အရင်ခံဝန်ချက်နဲ့ဆို အမှုထပ်ဖြစ်ရင် ကျန်တဲ့အပြစ်ဒဏ်ခံရမှာပေါ့။ ကျနော်တို့ကတော့ ဘာမှမခံရဘူးပြောတယ်။ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၈ နှစ်နဲ့ ကျနော် ၁ နှစ် ၃ လလောက်ပဲ နေရပါတယ်။ ကိုယ်မဟုတ်ဘဲ ခံလိုက်ရတာ ပြန်လွတ်လာတော့ ၀မ်းသာပါတယ်။ အခု ကိုယ်လွတ်လာတော့လည်း ကျန်ခဲ့တဲ့ သူငယ်ချင်းတွေအတွက် စိတ်မကောင်းပါဘူး။ ကိုယ်လွတ်လာပြီး သူတို့မလွတ်ဘူး၊ အတူတူလွတ်စေချင်ပါတယ်။”

တောင်ငူထောင်ကနေ ပြန်လွတ်လာတဲ့ စောဂျက်တာကလည်း ပြန်လွတ်လာလို့ ၀မ်းသာပေမယ့် ထောင်တွင်းကျန်နေသူအတွက် စိတ်မကောင်းဘူးလို့ ပြောပါတယ်။ စောဂျက်တာဟာ ပုဒ်မ ၁၇ (၁) ဖောက်ခွဲမှု စတဲ့အမှု ၄ ခုနဲ့ ၂၀၀၈ ခုနှစ်မှာ ထောင်ဒဏ် ၂၄ နှစ် ချမှတ်ခံခဲ့ရသူ ဖြစ်ပါတယ်။

အစိုးရက နိုင်ငံရေးအကျဉ်းသားဆိုတာကို လက်တွေ့အားဖြင့် အသိအမှတ်ပြုခဲ့ပြီးနောက် ပြန်လည်လွတ်မြောက်လာတာ ဖြစ်ပါတယ်။

အစိုးရက ပြည်ထောင်စုဝန်ကြီးဦးစိုးသိန်း ဦးဆောင်ဖွဲ့စည်းထားတဲ့ လက်ကျန်နိုင်ငံရေး အကျဉ်းသားများ စိစစ်ရေးကော်မတီကတော့ နိုင်ငံတ၀န်းအကျဉ်းထောင်တွေမှာ နိုင်ငံရေးအကျဉ်းသား ၁၈၃ ဦးလောက် ကျန်ရှိနေတယ်လို့ ထုတ်ပြန်ထားပါတယ်။

“အနည်းဆုံး စာရင်း ၁၈၃ ယောက် ဖြစ်ပါလိမ့်မယ်။ ၄၀၁နဲ့မဟုတ်ဘဲ ချွင်းချက်မရှိလွှတ်ပေးဖို့၊ ဘာမှစည်းကမ်းချက်မထားဘဲ လွှတ်ပေးဖို့ တောင်းဆိုထားပါတယ်။ ဒီကိစ္စ တိတိကျကျ အဖြေမရသေးပါဘူး။”

by နော်နိုရင်း  (ဒီဗွီဘီ)


Posted: 17 May 2013 12:30 AM PDT
ထားဝယ်မြို့နယ်က လယ်သမားတွေဟာ အသိမ်းခံထားရတဲ့ လယ်ယာမြေတွေ ပြန်လည် ရရှိရေးနဲ့ လျော်ကြေး ပေးမယ်ဆို ရင်လည်း ကာလ တန်ဖိုးနဲ့အညီ ပေးရေး အတွက် တောင်းဆို လိုက်ပါတယ်။ တနင်္သာရီတိုင်း ထားဝယ်မြို့နယ် ဒေသခံ လယ်သမား တွေပိုင် လယ်မြေဧက ၈၀၀ လောက်ကို အစိုးရ၊ စစ်တပ်၊ စီးပွားရေး ကုမ္ပဏီတွေနဲ့ မြေစာရင်းဌာနက သိမ်းယူခဲ့တာနဲ့ ပတ်သက်ပြီး ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 17 May 2013 12:06 AM PDT
မေလဆန်းမှ စတင်၍ ဒေါ်လာဈေး မြင့်တက်လာ မှုကြောင့် ဓါတ်ဆီ၊ ဒီဇယ်နှင့် အောက်တိန်း ဆီ ဈေးနှုန်းများ မြင့်တက်လာ ခဲ့ကြောင်း စက်သုံးဆီ တင်သွင်း သူများထံမှ သိရသည်။ “ဒီရက်ထဲမှာ ဒီဇယ် ၁ ပီပါကို ၁၇၀,၂၀၀ ကျပ်အထိ ဖြစ်လာတယ်။ အောက်တိန်း(အဆင့်မြင့် ဓါတ်ဆီ) က ၁ ဂါလန်ကို ၃၀ ကျပ်လောက် ဈေးတက်လာတယ်။ လက်ကား ဖြန့်ဈေးအနေနဲ့ ၁ ဂါလန်ကို ကျပ် ၃,၆၀၀ ကျပ် ရှိတယ်” ဟု ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ




Posted: 17 May 2013 12:13 AM PDT
ရှမ်းပြည်နယ် တောင်ပိုင်း ပင်လုံမြို့နယ်မှ မွေးရာပါ ခြေလေးချောင်း ပါရှိသည့် (၃)လခွဲ အရွယ် ကလေးငယ် (မိန်းခလေး)အား လိုအပ်သည့် ခွဲစိတ်ကုသမှု ပြုလုပ်နိုင်ရန်နှင့် ပကတိ ကျန်းမာလာသည် အထိ ဆေးကုသမှုများ ဆက်လက် ပြုလုပ်နိုင်ရန် အတွက် ဧရာဝတီ ဖောင်ဒေးရှင်းမှ အလုံးစုံ တာဝန်ယူ ပံ့ပိုးပေးသွားမည် ဖြစ်သည်။ ပင်လုံမြို့ တောင်ဘက် (၄၅)မိုင်ခန့် အကွာ ရွာလေးတစ်ရွာမှ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ




Posted: 17 May 2013 12:19 AM PDT
မြန်မာနိုင်ငံ ရခိုင်ပြည်နယ် ကနေ တရုတ်နိုင်ငံ ယူနန်ပြည်နယ်ကို ပိုက်လိုင်းတွေက တဆင့် ရောက်ရှိလာတဲ့ ရေနံ နဲ့ သဘာဝဓါတ်ငွေ့တွေကို သိုလှောင်ချက် လုပ်ဖြန့်ဖြူးမယ့် စက်ရုံနဲ့ ပတ်သက်ပြီး ကူမင်းမြို့ခံ နှစ်ထောင်ကျော်က တစ်လအတွင်း ဒုတိယ အကြိမ် အဖြစ် မနေ့က ဆန္ဒပြခဲ့ကြပါတယ်။ အမေရိကန်ဒေါ်လာ သန်းသုံးထောင် လောက်ကုန်ကျခဲ့တဲ့ အဲဒီစက်ရုံကို ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 16 May 2013 11:09 PM PDT
ဗဟိုဘဏ် ငွေလဲနှုန်း မြင့်တက်မှုနှင့် အတူ ကိုင်တွယ်သူများ ဒေါ်လာဘက် လှည့်ကိုင် လာသဖြင့် ဒေါ်လာ ဈေးနှုန်းများ မြင့်တက် လာကြောင်း ငွေကြေး လုပ်ငန်း လုပ်ကိုင်သူများထံမှ သိရသည်။

“မေလ ဆန်းက စတင်ပြီး ဗဟိုဘဏ်ရဲ့ ငွေလဲနှုန်းတွေ မြင့်တက်ခဲ့ သလို နိုင်ငံခြားငွေလဲ စင်တာတွေရဲ့ ဒေါ်လာ ရောင်းဈေး-ဝယ်ဈေးတွေလည်း မြင့်တက်ခဲ့ပါတယ်။ ဒေါ်လာဈေး တက်ရတဲ့ အဓိက အကြောင်းရင်းတွေက အစိုးရက FEC တွေ ပြန်သိမ်းတဲ့အတွက် FEC ကိုင်တွယ်သူ အများစုက ဒေါ်လာဘက် လှည့်လာတာကြောင့်ပါ။ ဒေါ်လာ သုံးစွဲသူတွေ များလာတဲ့အတွက် ငွေဈေး တက်လာတာပါ” ဟု အာရှ စိမ်းလန်းမှု ဖွံ့ဖြိုးရေးဘဏ်မှ ဒုတိယအုပ်ချုပ်မှု ဒါရိုက်တာ ဦးသက်လွင်ရွှေ က ပြောသည်။

မေလ ၁၆ ရက်နေ့ နံနက်တွင် ငွေလဲစင်တာများ၏ ဒေါ်လာ ရောင်းဈေးမှာ ၉၃၆ ကျပ်ဖြစ်ပြီး ဝယ်ဈေးမှာ ၉၂၆ ကျပ် ဖြစ်ခဲ့သည်။

“မေ ၁၄ ရက်မှာ ဒေါ်လာ ရောင်းဈေး ၉၁၆ ကျပ်ဖြစ်ပြီး ဝယ်ဈေးက ၉၀၆ ကျပ် ဖြစ်ပါတယ်။ မေ ၁၅ ရက်မှာ ရောင်းဈေး ၉၂၅ ကျပ် ဖြစ်ပြီး ဝယ်ဈေးက ၉၁၅ ကျပ် ဖြစ်ခဲ့ပါတယ်” ဟု သိမ်ဖြူလမ်း ငွေလဲစင်တာ တခုမှ တာဝန်ရှိသူတဦးက ဆိုသည်။

သိမ်ဖြူလမ်းရှိ ပုဂ္ဂလိက ငွေလဲစင်တာများ၏ ဒေါ်လာ ပေါက်ဈေးများမှာ မေလ ၁၂ ရက်တွင် ရောင်းဈေး ၉၀၈ ကျပ်နှင့် ဝယ်ဈေးမှာ ၈၉၈ ကျပ် ဖြစ်သည်။ မေလ ၁၃ ရက်တွင် ရောင်းဈေး ၉၁၀ ကျပ်နှင့် ဝယ်ဈေး ၉၀၀ ကျပ် ဖြစ်ခဲ့သည်။

“ဒေါ်လာဈေး တက်ရင် ပို့ကုန်သမားတွေအတွက် အဆင်ပြေပါတယ်။ သွင်းကုန် လုပ်ငန်းသမားတွေ အထိနာပေမယ့် တနည်းအားဖြင့် ပဲ၊ ဆန်နဲ့ လယ်ယာထွက် ကုန်ပစ္စည်းတွေ၊ ရေထွက် ကုန်ပစ္စည်းတွေ စတဲ့ ပို့ကုန် လုပ်ငန်းသမားတွေ ဈေးနှုန်းကိုက်တော့ ပို့နိုင်ကြမယ်။ အစိုးရ အနေနဲ့ ပို့ကုန် တက်အောင် ဆွဲတင်တာလားလို့တော့ စဉ်းစားစရာရှိတယ်” ဟု ရေထွက်ပို့ကုန် လုပ်ငန်းရှင် ဦးတင်အောင် က သုံးသပ်သည်။

ယခင်နှစ် ဇွန်လအတွင်းကလည်း ၁ ဒေါ်လာလျှင် ကျပ် ၉၀၀ ခန့်အထိ မြင့်တက်မှု ရှိခဲ့ပြီး ပြန်လည် ကျဆင်းခဲ့သည်။

ခင်မျိုးသွယ် |  ရန်ကုန် (မဇ္ဈိမ)။   ။
by Mizzima - News in Burmese


Posted: 16 May 2013 11:01 PM PDT
ရှမ်းပြည်နယ် မြောက်ပိုင်း မူစယ်မြို့ သစ်တောဦးစီးဌာနရုံး အနီးမှာ မေလ ၁၆ ရက်နေ့ မနေ့ညပိုင်းက ဗုံးတစ်လုံး ပေါက်ကွဲခဲ့ပြီး အမည်မသိ အမျိုးသား တစ်ဦး သေဆုံးခဲ့တယ်လို့ သတင်းရရှိပါတယ်။
ဗုံးပေါက်ကွဲတဲ့နေရာဟာ လူသွားလူလာပြတ်တဲ့ နေရာဖြစ်တဲ့ အတွက် ဗုံးကြောင့် သေဆုံးသူဟာ သူကိုယ်တိုင် ဗုံးလာထောင်ရင်းနဲ့ မတော်တဆ ပေါက်ကွဲသွားတယ်လို့ တာဝန်ရှိသူတွေက ယူဆနေကြပါတယ်။ သေဆုံးသူဟာ လူလတ်ပိုင်း ဖြစ်ပြီး ဗုံးပေါက်ကွဲမှု ဒဏ်ရာများကြောင့် ဘယ်ဘက် ခြေလက်၊ မျက်နှာနဲ့ ဝမ်းဗိုက်ပွင့်ထွက်သွားတယ်လို့ သိရပါတယ်။

ထို့အပြင် ဒီကနေ့ မနက်ပိုင်းကလည်း မိုးလုံလေလုံ အားကစားကွင်း အနီးမှာ ပေါက်ကွဲခြင်း မရှိသေးတဲ့ ဗုံးတစ်လုံးတွေ့ရှိရလို့ မနက် ၈ နာရီကျော်မှာ လုံခြုံရေး တာဝန်ရှိသူများက အလွယ်တကူပဲ လာရောက်ဖြုတ်ယူသွားကြတယ်လို့ သိရပါတယ်။

မိုးလုံလေလုံ အားကစားကွင်း အနီးမှာတော့ အရင်နှစ်တွေကလည်း လူသူထိခိုက်မိမရှိတဲ့ ဗုံးပေါက်ကွဲမှု အသေးစားလေးတွေ မကြာခဏဖြစ်လေ့ရှိပါတယ်။

အစိုးရတပ်က RCSS/SSA တပ် အခြေစိုက်ရာ နမ့်ခမ်းမြို့နယ် နောင်မတာကို မေလ ၉ ရက်နေ့က တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးနောက် မူစယ်နဲ့ နမ့်ခမ်းမြို့နယ်တွေမှာ အမည်မသိ အဖွဲ့အစည်းများက လုပ်ဆောင်ခဲ့တဲ့ ဗုံးကွဲမှုများ၊ လူသေဆုံးအောင် လက်နက်ငယ်များနဲ့ ပစ်ခတ်မှုများ ဆက်တိုက်ဖြစ်ပွားခဲ့ပါတယ်။

ကော့လီမီဒီယာ

Posted: 16 May 2013 07:48 PM PDT
ဘင်္ဂလာဒေခ်ျ့ နိုင်ငံ တက်ကနက် ပင်လယ်ကမ်းခြေ တလျှောက် ရေထဲ မျောပါလာတဲ့ သေဆုံးသူ အလောင်း ၂၄ လောင်းကို ဘင်္ဂလာဒေခ်ျ့ရဲက ရှာဖွေ တွေ့ရှိခဲ့ပါတယ်။ သူတို့ရဲ့ ကိုယ်ပေါ်က မြန်မာကျပ်ငွေ (၄) သောင်းကို ရှာဖွေတွေ့ရှိတဲ့ အတွက် သူတို့ဟာ မြန်မာနိုင်ငံသားတွေ ဖြစ်ပြီး  မြန်ဘက်ကနေ ဘင်္ဂလာဒေခ်ျ့ ရေပြင်ထဲကို မျောပါလာတဲ့ အလောင်းတွေ ဖြစ်တယ်လို့ ဘင်္ဂလာဒေခ်ျ့ အာဏာပိုင်တွေက ပြောပါတယ်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

အလောင်းတွေကို ကြည့်နေကြတဲ့ ဒေသခံ ဘင်္ဂလီ အမျိုးသားတွေ ( ဓါတ်ပုံ- The Daily Ittefaq)

Posted: 16 May 2013 07:34 PM PDT
မြန်မာနိုင်ငံ တွင်းက ပြုပြင် ပြောင်းလဲရေး လုပ်ငန်းတွေ ပိုပြီး အားကောင်း လာဖို့နဲ့ အစိုးရ အုပ်ချုပ်မှုအပါအ၀င် အရပ်ဖက်လူမှု အဖွဲ့အစည်းတွေရဲ့ စွမ်းရည်မြင့် တက်လာ ဖို့ အတွက် အမေရိကန်ပြည်ထောင်စု အနေနဲ့ အကူအညီ အထောက်အပံ့တွေ ပေးသွားဖို့ ရှိနေပါတယ်။ မြန်မာနိုင်ငံတွင်း လက်ရှိ ပြုပြင် ပြောင်းလဲရေး လုပ်ငန်းတွေမှာ စိန်ခေါ်ချက်တွေ ရှိနေပြီး၊ အဲဒီအထဲ အောက်ခြေပိုင်းမှာ ပြုပြင် ပြောင်းလဲရေး အတွက် လိုအပ်ချက်တွေ ရှိနေတယ်လို့လည်း အမေရိကန်တာဝန်ရှိသူတွေက ယူဆပါတယ်။ အကြောင်းစုံကို ကိုသားညွန့်ဦးက တင်ဆက်ပေးမှာပါ။

မြန်မာနိုင်ငံမှာ လာမယ့် ၂၀၁၅ ရွေးကောက်ပွဲ လွတ်လပ်မျှတဖို့အပြင် ပြုပြင်ပြောင်းလဲရေးလုပ်ငန်းတွေ ပိုပြီး ခိုင်မာအားကောင်းလာဖို့နဲ့ အခြားတဖက်မှာ တိုင်းပြည်တွင်း စီးပွားရေး လူမှုရေး လူမှုအကြပ်အတည်းတွေကို ဖြေရှင်းကူညီနိုင်ဖို့ အမေရိကန်ပြည်ထောင်စုအနေနဲ့ မြန်မာနိုင်ငံကို အထောက်အပံ့တွေ ပေးသွားဖို့ ပြင်ဆင်ထားတယ်လို့ အမေရိကန် တာဝန်ရှိသူတွေ ပြောသွားတာပါ။

မနေ့တုန်းက အမေရိကန်အောက်လွှတ်တော်မှာပြုလု
ပ်တဲ့ ၂၀၁၄ ခုနှစ်အတွက် အရှေ့အာရှရေးရာ အသုံးစရိတ်ဆိုင်ရာ ကြားနာပွဲပြုလုပ်ရာမှာ အမေရိကန်ပြည်ထောင်စုရဲ့ အရှေ့အာရှဆိုင်ရာ ယာယီလက်ထောက်နိုင်ငံခြားရေးဝန်ကြီး Joseph Yun နဲ့ အမေရိကန်ပြည်ထောင်စုရဲ့ နိုင်ငံတကာအကူအညီပေးရေးအဖွဲ့ USAID ရဲ့ အာရှဒေသဆိုင်ရာ လက်ထောက်အုပ်ချုပ်ရေးမှုး Nisha Biswal တို့ ထွက်ဆိုကြရာမှာ မြန်မာနိုင်ငံနဲ့ပတ်သက်လို့ အကူအညီပေးရေးကိစ္စတွေကို ဖြေရှင်းချက် ပေးသွားကြတာဖြစ်ပါတယ်။ မြန်မာနိုင်ငံတွင်းက ပြုပြင်ပြောင်းလဲမှုတွေအတွက် အဓိကထားပြီး အကူအညီတွေပေးသွားမှာဖြစ်တယ်လို့ ယာယီလက်ထောက်နိုင်ငံခြားရေးဝန်ကြီး ဂျိုးဇက် ယွန်းက ပြောပါတယ်။

“မြန်မာနိုင်ငံတွင်းက သမိုင်းဝင် နိုင်ငံရေးနဲ့စီးပွားရေးအသွင်ကူ
းပြောင်းမှုတွေကို အမေရိကန်ပြည်ထောင်စုအနေနဲ့ ထောက်ခံအားပေးနေပါတယ်။ တရားဥပဒေစိုးမိုးရေး၊ လူ့အခွင့်အရေးလေးစားလိုက်နာမှုရှိလာရေး၊ လူ့အဖွဲ့အစည်း အားကောင်းခိုင်မာလာရေး၊ မြန်မာပြည်သူတွေအတွက် ပွင့်လင်းမြင်သာပြီး တာဝန်ခံမှုရှိတဲ့ အစိုးရအုပ်ချုပ်မှုဖြစ်လာစေရေးအတွက် အဓိကထားရည်ရွယ်ပြီး ကူညီဆောင်ရွက်နေပါတယ်။”

အာရှ ပစိတ်ဖိတ်ဒေသတွင်း ဒီမိုကရေစီဖွံဖြိုး တိုးတက်လာရေးအတွက် ဆိုတဲ့ ခေါင်းစဉ်အောက်မှာ မြန်မာနိုင်ငံတွင်းက နိုင်ငံရေးစီးပွားရေးပြုပြင်ြေ
ပာင်းလဲမှုတွေကို အထောက်အကူပေးရေးကို အဓိက အလေးပေးဆောင်ရွက် သွားမယ်လို့ မစ္စတာယွန်းက ပြော ပါတယ်။ နိုင်ငံခြားရေးဌာနရဲ့ အရှေ့အာရှဒေသအတွက် ပြီးခဲ့တဲ့ ၂၀၁၂ ဘဏ္ဍာရေးအသုံးစရိတ်ထက်၊ အခု ၂၀၁၄ ခုနှစ် အသုံးစရိတ်မှာ ၇.၁ ရာခိုင်နှုန်း လွှတ်တော်ကို တိုးမြင့် တောင်းခံထားတာပါ။ USAID က Ms.Biswal ကတော့ လက်ရှိ အပြောင်းအလဲမှာ ထိပ်ပိုင်းမှာ နိုင်ငံရေးအရ ပိုင်းဖြတ်ချက်ရှိရှိ ဆောင်ရွက်တာကို တွေ့ရပေမယ့်၊ အောက်ခြေပိုင်းမှာ လိုအပ်ချက်တွေ ရှိနေတာကြောင့် ဒီအတွက် လိုအပ်သလို အကူအညီတွေပေးဖို့လိုမယ်လို့ မြင်ပါတယ်။

“ကျန်နေတဲ့ အဓိကကျတဲ့ စိန်ခေါ်ချက်တခုကတော့ ထိပ်ပိုင်းမှာ အပြောင်းအလဲအတွက် စိတ်ဆန္ဒပြင်းပြပြီး၊ လုပ်နိုင်စွမ်းရည်တွေလည်း ရှိနေပေမယ့်လို့၊ အောက်ခြေပိုင်းမှာ တော်တော်လေး ပြဿနာတစုံတရာရှိပါသေးတယ်။ ဒီအခြေအနေတွေကို စောင့်ကြည့်ြ့ပီးတော့၊ လုပ်နိုင် စွမ်းရည်တွေကို မြင့်တင်ပေးဖို့လိုပါတယ်။”

USAID အနေနဲ့ အကူအညီတွေပေးဖို့ သုံးသပ်စဉ်းစားတဲ့နေရာမှာ သမတအိုဘားမားရဲ့ ရန်ကုန်ရောက်တုန်း မြန်မာနိုင်ငံဆိုင်ရာ ပြောကြားချက် မူဝါဒကို အခြေခံပြီးဆောင်ရွက်သွားမယ်လို့ ပြောပါတယ်။ ဒီနေရာမှာတော့ အစိုးအုပ်ချုပ်ရေးပိုင်းကိုရော အောက်ခြေ လူမှုအဖွဲ့အစည်းတွေနဲ့ နိုင်ငံရေးပါတီတွေကိုပါ အကူအညီပေးနိုင်ဖို့ ပြင်ဆင်နေတယ်လို့ Ms. Biswal က ပြောပါတယ်။

“ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလ သမ္မတအိုဘားမား မြန်မာပြည် သွားတုန်းက မြန်မာနိုင်ငံနဲ့ အမေရိကန်ပြည်ထောင်စုကြားမှာ ဒီမိုကရေစီရေး၊ ငြိမ်းချမ်းရေးနဲ့ ဖွံဖြိုးတိုးတက်မှုတွေအတွက် လက်တွဲဆောင်ရွက်မယ် ဆိုပြီး ကြေညာခဲ့ပါတယ်။ ဒီ မူဝါဒကိုအခြေခံပြီး ကျမတို့ ဆောင်ရွက်နေတာပါ။ အဲဒီအတွက် မြန်မာနိုင်ငံဖက်က နိုင်ငံရေးအရ စိတ်ပိုင်းဖြတ်မှုနဲ့ အတူ ပြုပြင်ပြောင်းလဲမှု လုပ်ငန်းစဉ်တွေ လုပ်ဖို့ လိုပါတယ်။ ဒီအတွက် လုပ်နိုင်စွမ်းရည်တွေရှိလာဖို့ အမေရိကန်ပြည်ထောင်စုဖက်က နည်းနာဆိုင်ရာ အကူအညီတွေ ပေးပါတယ်။ အရေးကြီးတဲ့ အစိုးရအုပ်ချုပ်မှုပိုင်းက လုပ်နိုင်စွမ်းရည်တွေ မြင့်တက်လာဖို့ ကူညီရုံတင်မဟုတ်ပဲ၊ အရပ်ဖက်လူမှုအဖွဲ့အစည်းတွေနဲ့ အစိုးရမဟုတ်တဲ့ အသင်းအပင်း အဖွဲ့အစည်းတွေမှာ စွမ်းရည်မြင့်တက်လာဖို့လည်း ကူညီမှာပါ။ ဒီအတွက် ကူညီဆောင်ရွက်သွားရမယ့် လုပ်ငန်းစဉ်တွေကို ချမှတ်ရေးဆွဲနေပါတယ်။ ဒါကြောင့် လက်ရှိ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းတွေ
ကို ဘယ်လို ကူညီနိုင်မလဲ၊ စွမ်းရည်မြင့်လုပ်ငန်းတွေကို ဘယ်လို လုပ်နိုင်မလဲဆိုတာကို သုံးသပ်ပြင်ဆင်နေပါတယ်။ နိုင်ငံရေးပါတီတွေပဲဖြစ်ဖြစ်၊ တရားရေးစနစ်နဲ့  ဥပဒေစိုးမိုးမှု ခိုင်မာအာေးကာင်းလာဖို့ပဲဖြစ်ဖြစ် နည်းနာဆိုင်ရာအကူအညီတွေ ပေးသွားမှာပါ။”

မြန်မာနိုင်ငံက လက်ရှိ အပြောင်းအလဲတွေနဲ့ပတ်သက်လို့ လွှတ်တော် အမတ်တွေက မေးမြန်းကြရာမှာတော့ ယာယီလက်ထောက်နိုင်ငံခြားရေးဝန်ကြီး ဂျိုးယွန်းက မြန်မာနိုင်ငံအပြောင်းအလဲအတွက် တွန်းအားဖြစ်စေခဲ့တဲ့ အချက်နှစ်ချက်ရှိမယ်လို့ သူ့အမြင်ကို အခုလို ပြောသွားပါတယ်။

“မြန်မာနိုင်ငံဟာ မိမိဖာသာ ပြောင်းလဲမှုလုပ်လာတဲ့ကိစ္စမှာ အခြေခံအားဖြင့် အကြောင်း နှစ်ချက်ရှိမယ်လို့ ကျနော် ယူဆပါတယ်။ တချက်ကတော့ နိုင်ငံရေးစီးပွားရေးနောက်ကျကျ
န်ခဲ့တဲ့အခြေအနေပါ။ သူ့ပတ်ဝန်းကျင်နိုင်ငံတွေမှာ ရှိနေသလို စီးပွားရေးအလားအလာကောင်းတွေ ဆုံးရှုံးနေတယ်လို့ သူ သဘောပေါက်လာပုံရပါတယ်။ ဒုတိယအချက်ကတော့ ဆယ်စုနှစ်တွေနဲ့ချီပြီး သူဟာ နိုင်ငံရေးအရ အထီးကျန်ခဲ့ ပါတယ်။ ခေါင်းဆောင်မှုပြောင်းလဲလာတဲ့အချိန်မှာပဲ သူတို့အနေနဲ့ အဲလို အထီးကျန်နေတာမျိုး ဆက်မဖြစ်သင့်တော့ဘူးလို့ ဆုံးဖြတ်လိုက်ပုံရပါတယ်။ ဒီနှစ်ချက်ကြောင့် ပြောင်းလဲမှုတွေလုပ်လာတယ်လို့ ယူဆပါတယ်။”

အမေရိကန်ပြည်ထောင်စုအနေနဲ့ မြန်မာနိုင်ငံနဲ့ပတ်သက်လို့ အခုလို အကူအညီပေးရေးတွေ တိုးမြင့်ဆောင်ရွက်ဖို့ရှိနေသလိ
ုပဲ၊ အခြားတဖက်မှာလည်း စီးပွားရေးအရ ပူးပေါင်းဆောင်ရွက်မှုတွေ တိုးမြင့်မှုတွေ လုပ်လာပါတယ်။ အမေရိကန်ပြည်ထောင်စုက ယခင် မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်ချက် အတော်များများကို ယာယီဆိုင်းငံထားပြီး၊ အမေရိကန် ရင်းနှီးမြုပ်နှံမှုတွေ မြန်မာနိုင်ငံမှာ လုပ်နိုင်ဖို့လည်း နိုင်ငံခြားရေးဌာနက ကမကထ လုပ်ပေးတာတွေ အတော်များများတွေ့ရပါတယ်။ မြန်မာသမ္မတ ဦးသိန်းစိန်ဟာလည်း မကြာခင် ရက်ပိုင်းအတွင်းမှာ ၀ါရှင်တန်ဒီစီကို လာရောက်ဖို့ရှိပြီး သမ္မတအိုဘားမားနဲ့ လာမယ့် တနင်းလာနေ့မှာ တွေ့ဆုံမှာဖြစ် ပါတယ်။ အဲဒီ ခရီးစဉ်အတွင်းမှာလည်း နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုတွေ အထူးသဖြင့် စီးပွားရေးအရ လက်တွဲဆောင်ရွက်နိုင်မယ့် အခွင့်အလမ်းတွေ ကို ဆွေးနွေးကြလိမ့်မယ် လို့ မျှော်လင့်ရပါတယ်။

ကိုသားညွန့်ဦး (ဗွီအိုအေ မြန်မာဌာန)


...

[Message clipped]  View entire message

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...