Thursday, May 16, 2013

သစ်ထူးလွင် သတင်းစုစည်းမှု (၁၅-၅)

သစ်ထူးလွင်



Posted: 15 May 2013 07:22 AM PDT
၁၃.၅.၂၀၁၃ ရက်နေ့ (၀၈း၀၀) အချိန် ဒေါပုံမြို့နယ် ယမုံနာ (၂)ရပ်ကွက်၊ စွယ်တော်လမ်း၊ အမှတ် (ခ/၈၀)နေ၊ ဒေါ်ခင်သောင်း၊ (၈၁)နှစ်သည်၊ ယမုံနာ (၂)ရပ်ကွက်၊ အသောကရာမ၊ ဘုန်ကြီးကျောင်း ၀န်းရှိ၊ မြစေတီဘုရား လှိုဏ်ဂူအတွင်း ၀တ်ပြုနေစဉ် နောက်မှ အမျိုးသားတစ်ဦး က ဓါးဖြင့် ထောက်၍ နားတွင် ၀တ်ဆင်ထားသော ရွှေချိန် (၂)ပဲ(၄)ရွေး(၁)ခြမ်း၊ ရှိကျောက်ဖြူဇာရံ၊ နားကပ်(၁)ရံ တန်းဖိုး (၈၀၀၀၀/ိ)ကျပ်ကို ချွတ်ခိုင်းရာ ----

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 15 May 2013 07:03 AM PDT
ရခိုင်ပြည်နယ် စစ်တွေမြို့မှာ မွတ်စလင် ဒုက္ခသည်တွေက မုန်တိုင်းလွတ်ရာကို ရွှေ့ပြောင်း ဆောင်ရွက်နေတဲ့ အစီအစဉ်ကို လက်မခံဘဲ ပြောင်းရွှေ့ဖို့ ငြင်းဆန် နေတယ်လို့ အဲဒီဒုက္ခသည် စခန်းတွေမှာ ဒီနေ့သတင်းယူနေတဲ့ ဒီဗွီဘီ သတင်းထောက် ကိုကျော်ဇေယျာဝင်းက ပြောပါတယ်။

ရခိုင်ပြည်နယ်အစိုးရ နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ထိန်လင်း ဦးဆောင်တဲ့အဖွဲ့က ပြောင်းရွှေ့ဖို့ တိုက်တွန်းနေပေမယ့် မပြောင်းရွှေ့လိုကြဘဲ ငြင်းဆန်နေတာလို့ ဆိုပါတယ်။

“မုန်တိုင်းကျရင် ပင်လယ်လှိုင်းလုံးတွေက ၁၂ ပေလောက်မြင့်မယ်၊ အန္တရာယ်ရှိတယ်။ အဲတော့ ပင်လယ်နဲ့ ၁ မိုင်လောက်ဝေးရင် ပိုကောင်းမယ်ပေါ့။ တချို့ရှိနေတဲ့ သဲချောင်းတို့ တခြား ဒုက္ခသည်စခန်းတွေက ပင်လယ်နဲ့ တော်တော်နီးနေလို့ ပြောင်းခိုင်းတယ်။ ဒါပေမယ့် သူတို့မပြောင်းရဲကြဘူး၊ သူတို့မှာ သံသယတွေ ရှိနေတဲ့ သဘောမှာရှိတယ်။”

မိုးဇလက ထုတ်ပြန်ထားချက်အရ မနက်ဖြန် မုန်တိုင်းတိုက်ခတ်ရင် ရေအမြင့် ၁၀ ပေလောက်တက်နိုင်တာကြောင့် လက်ရှိ မွတ်စလင်ဒုက္ခသည်တွေ နေထိုင်တဲ့စခန်းတွေဟာ ရေမြုပ်မှာ စိုးရိမ်ရတဲ့ နေရာတွေဖြစ်ပါတယ်။

အစိုးရကလည်း အမျိုးသားအဆင့် သဘာဝဘေး ကာကွယ်စောင့်ရှောက်ရေး ကော်မတီတရပ်ကို ဖွဲ့စည်းဆောင်ရွက်နေသလို ပြည်ထောင်စုအစိုးရ သမ္မတရုံးဝန်ကြီးတွေကလည်း ဒီနေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောင်းရွှေ့ရမယ့် ရွာတွေထဲမှာ စစ်တွေက မွတ်စလင်ဒုက္ခသည်စခန်း ၁၀ ခုက ဒုက္ခသည်တွေလည်း ပါဝင်ပါတယ်။

ဒီဖြစ်ရပ်နဲ့ပတ်သက်လို့ ရခိုင်ပြည်နယ်အစိုးရ ပြန်ကြားရေးဆပ်ကော်မတီဝင် ပြည်နယ်ဥပဒေချုပ် ဦးဦးလှသိန်းက မီဒီယာတွေကို ရှင်းပြပါတယ်။

“မနေ့က အထိ ဘင်္ဂါလီ ဒုက္ခသည်တွေကို ရွှေ့ဖို့ပြောရာမှာ သူတို့က ယာယီတဲတခုနဲ့ သူတို့ဘာသာနေရတယ်။ ဒီအစိုးရ တခါရွှေ့ရင် ယာယီတဲတွေ ပြန်ရချင်မှရနိုင်မယ်ဆိုတဲ့ စိတ်ကူးတွေပါနေသလို၊ တခြားသော မရွှေ့မပြောင်းနဲ့ဆိုပြီး နောက်ကွယ်ကပြောနေသူတွေများ ရှိလားမသိဘူး. ကျနော်တို့အစိုးရ စီမံခန့်ခွဲမှုကို လိုက်နာမှုမရှိဘဲ တုံ့ပြန်တာရှိတယ်။ ဒီလောက်များတဲ့လူတွေအတွက် ဘယ်လိုစီမံထားသလဲဆိုရင် သူ့ဟာနဲ့သူရှိတယ်။ နောက်ဆုံး သူတို့အတွက် အနီးစပ်ဆုံး အခိုင်မာဆုံး အဆောက်အအုံ စစ်တွေတက္ကသိုလ်ကြီး ရှိတယ်။ လိုအပ်သလို အသုံးပြုသွားဖို့ စိတ်ကူးရှိပြီးသားပါ။”

ဒီဖြစ်ရပ်နဲ့ ဆန့်ကျင်ဘက် မြေပုံမြို့က မွတ်စလင်ဒုက္ခသည် ၄၀၀၀ ကတော့ မြို့နယ်အုပ်ချုပ်ရေးမှူး စီစဉ်တဲ့အတိုင်း ကုန်းအမြင့်ပိုင်းနေရာကို ပြောင်းမယ်လို့ သဘောတူပေမယ့် ရခိုင်တချို့ရဲ့ ကန့်ကွက်မှုတွေကြောင့် အစီအစဉ်ကို ရွှေ့ခဲ့ရပါတယ်။

မေ ၁၄ ရက် မွန်းတည့်ပိုင်းမှာ  မွတ်စလင်ဒုက္ခသည်တွေကို ကုန်းအမြင့်ပိုင်းပေါ်က စီမံကိန်းရုံး၊ စည်ပင်ရုံး၊ စည်ပင်လိုင်းခန်းတွဲ၊ သမ၀ါယမရုံးနဲ့ မူလတန်းကျောင်းတကျောင်းကို ပြောင်းဖို့ ဖြစ်ပေမယ့် ရခိုင်အမျိုးသမီးကွန်ရက်က ဦးဆောင်ပြီး အုပ်စုနှစ်စု နီးကပ်ရင် ပြဿနာဖြစ်နိုင်တယ်လို့ ကန့်ကွက်တာကြောင့် ဒီအစီအစဉ်ကို ဆိုင်းငံ့ခဲ့ရတယ်လို့ မြို့မိမြို့ဖတဦးက ပြောပါတယ်။

ဆိုင်းငံ့ခံရတဲ့ မြေပုံမွတ်စလင်ဒုက္ခသည်စခန်းတွင်းက ဒုက္ခသည်တွေကို ဆက်သွယ်မေးမြန်းတဲ့အခါ သူတို့အနေနဲ့ ရေဒီယိုသတင်းကိုသာ နားစွင့်နေရပြီး မုန်တိုင်းအတွက် စိုးရိမ်ပူပန်နေတာကို ပြောပြကြပါတယ်။

“အဆောင်တွေမှာထားတာကို သူတို့လက်မခံဘူး။ သူတို့ မွတ်ဆလင်တွေနဲ့ အနီးကပ်မနေနိုင်ဘူး ပြောတယ်။ အုပ်ချုပ်ရေးမှူးက ကျနော်တို့တဲတွေနဲ့ မနက်ဖြန် ၁၂ နာရီ ရွှေ့လို့ရတဲ့နေရာ ရွှေ့ပေးမယ်တော့ ပြောထားတယ်။”

ဒီဖြစ်ရပ်နဲ့ပတ်သက်လို့ ရခိုင်တိုင်းရင်းသားများတိုးတက်ရေး ပါတီက မြေပုံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖေသန်းကို ဆက်သွယ်မေးမြန်းရာမှာ အခက်အခဲကြုံလာရင် ဘာသာလူမျိုးမခွဲဘဲ အမိုးအကာရောက်ရေးနဲ့ အသက်ရှင်သန်နိုင်ရေး ဆောင်ရွက်ဖို့ လိုတယ်လို့ ပြောပါတယ်။

ဒါ့အပြင် လွှတ်တော်ကိုယ်စားလှယ်တဦးဆိုပေမယ့် သဘာဝဘေးဒဏ်ကြိုတင် ကာကွယ်စီမံတဲ့နေရာမှာ မြို့နယ်အုပ်ချုပ်ရေးမှူးက တိုင်ပင်ညှိနှိုင်းခြင်းမရှိတာကြောင့် အခုကိစ္စမှာ ကြားဝင်ဆောင်ရွက်ရေး ခက်ခဲနေတယ်လို့ ပြောပါတယ်။

 by ​အေး​နိုင် (ဒီဗွီဘီ)


စစ်တွေမြို့ရှိ ဒုက္ခသည်စခန်းတချို့ (ဓာတ်ပုံ-ကျော်ဇေယျာဝင်း)

Posted: 15 May 2013 06:58 AM PDT
ဘင်္ဂလာဒေခ်ျ့နိုင်ငံ မိုးလေ၀သနှင့် ဇလဗေဒ ဌာနမှ မုန်တိုင်း သတိပေးမူ အဆင့်ကို ကော့စ်ဘဇားနှင့် စစ်တကောင်းမြို့တွင် နံပတ် ၅ အဆင့်မှ ၇ ထိ တိုးမြှင့်လိုက်ပြီ တနိုင်ငံလုံးကို မုန်တိုင်း သတိပေးမူ ထုတ်ပြန်လိုက်ပြီ ဖြစ်သည်။  မဟာဆန် မုန်တိုင်းသည် မေလ ၁၆ ရက် (မနက်ဖြန်) နံနက် ပိုင်းပိုင်းတွင် ဘင်္ဂလာဒေခ်ျ့နိုင်ငံ ပင်လယ်ကမ်းခြေကို စတင် ၀င်ရောက် တိုက်ခိုက်နိုင်ကြောင်း ခန့်မှန်းထားသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

မုန်တိုင်းကြောင်း ဆိပ်ကမ်းတွင် ရပ်နားထားသော ဘင်္ဂလာ ငါးဖမ်း စက်ဘုတ်များ။

Posted: 15 May 2013 06:32 AM PDT
၂၀၁၃ခုနှစ်၊ မေလ(၁၅)ရက်နေ့ မြန်မာစံတော်ချိန် (၁၉း၀၀)နာရီ အချိန်ထုတ်ပြန်ချက်

ယနေ့ မြန်မာစံတော်ချိန် (၁၈း၃၀)နာရီ အချိန်  တိုင်းထွာချက်များ အရ ဘင်္ဂလား ပင်လယ်အော်အနောက် အလယ်ပိုင်းတွင် ဖြစ်ပေါ်နေသော ဆိုင်ကလုန်း မုန်တိုင်း မဟာစင်(MAHASEN)သည် မြန် မာနိုင်ငံ၊ မောင်တောမြို့၏ အနောက်တောင် ဘက်မိုင်(၂၇၀)ခန့်၊ စစ်တွေမြို့၏ အနောက်တောင်ဘက် မိုင်(၂၈၀)ခန့်၊ ကျောက်ဖြူမြို့၏ အနောက်ဘက်မိုင်(၃၀၀) ခန့်၊ အိန္ဒိယနိုင်ငံ၊ ကိုလ်ကတ္တားမြို့၏ တောင်ဘက် မိုင်(၂၆၀)ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေပါသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

ဓါတ်ပုံ - mmweather.com


Posted: 15 May 2013 06:05 AM PDT
မဟာဆင်မုန်တိုင်း ကျရောက်နိုင်တဲ့ စစ်တွေမြို့နယ် ပလ္လင်တောကျေးရွာက ဒေသခံတွေကို အာဏာပိုင်တွေက ဘေးလွတ်ရာ စစ်တွေမြို့ပေါ်ကို ပြောင်းရွှေ့ပေးခဲ့ပါတယ်။ ဦးအံ့ဘုန်းမြတ် သတင်းပေးပို့ ထားပါတယ်။ ရိုက်ကူး - ကိုကိုကြည်

ရုပ်/သံ ကြည့်ရှုရန် ဒီနေရာကို နှိပ်ပါ


စစ်တွေမြို့တ၀ိုက်က ဒုက္ခသည် စခန်းတချို့ မြင်ကွင်းများ။ (ဓါတ်ပုံ - ကျော်ဇေယျာဝင်း) ဒီဗွီဘီ






Posted: 15 May 2013 06:40 AM PDT
ရန်ကုန်ဆင်ခြေဖုံး မြို့နယ်တစ်ခုဖြစ် သော ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်တွင် ဇန်နဝါရီလမှ မေလ ၁၄ ရက်နေ့အထိ ငါးလအတွင်း လူပျောက်ဆုံးမှု ၂၄ မှု ဖြစ်ပွားခဲ့ကြောင်း အဆိုပါမြို့နယ် ရဲစခန်း ထံမှ သိရသည်။ အဆိုပါ လူပျောက်ဆုံးမှုများတွင် ဆယ်ကျော်သက် အရွယ်မှ အသက် ၅၀ အရွယ်ရှိသူများ ပျောက်ဆုံး ခဲ့ခြင်းဖြစ်ပြီး ပျောက်ဆုံးသူ ထက်ဝက်ခန့်ကို ပြန်လည် တွေ့ရှိခဲ့ကြောင်း ယင်းရဲစခန်းထံမှ စုံစမ်း သိရှိရသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 15 May 2013 06:44 AM PDT
တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၏ လက်နက်နှင့် စီးပွားရေး အထောက်အပံ့များ ရယူထားသော “ဝ”ပြည် သွေးစည်းညီညွတ်ရေး ပါတီက “ဝ” ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ပြည်နယ် တောင်းဆိုမှုသည် လွှတ်တော် နှစ်ရပ်ကသာ အဆုံးအဖြတ်ပေးရမည့် ကိစ္စဖြစ်ကြောင်း အစိုးရက ဖွဲ့စည်းထားသည့် မြန်မာငြိမ်းချမ်းရေး စင်တာမှ အကြီးတန်း တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


ဝ တပ်ဖွဲ့ 

Posted: 15 May 2013 05:18 AM PDT
နယ်သာလန် အခြေစိုက် ဟန်နီကမ် (Heineken) ဘီယာကုမ္ပဏီက မြန်မာက ဘီယာကုမ္ပဏီနဲ့အကျိုးတူ ရင်းနှီးမြှုပ်နှံမှုတွေ လုပ်ဆောင်ဖို့အတွက် မြန်မာနိုင်ငံကို ၀င်ရောက်တော့မှာ ဖြစ်ပါတယ်။

မြန်မာက အလိုင်းရင့် ဘရှုးဝါရီ ကုမ္ပဏီ (ABC) နဲ့ ဟန်နီကမ် ဘီယာကုမ္ပဏီတို့ မြန်မာပြည်မှာ အကျိုးတူ ပူးပေါင်းထုတ်လုပ်ရောင်းချဖို့ ဟန်နီကမ် ကုမ္ပဏီက မေလ ၁၃ ရက်နေ့ ထုတ်ပြန်ချက်မှာ ကြေညာလိုက်တာ ဖြစ်ပါတယ်။

အကျိုးတူ  ပူးပေါင်းလုပ်ဆောင်ဖို့ မြန်မာရင်းနှီးမြှုပ်နှံမှုကော်မတီထံကနေ အတည်ပြုချက်ရရှိခဲ့ပြီးတော့ ရန်ကုန်အနီးနားမှာ ဘီယာချက်စက်ရုံ တည်ထောင်ကာ ၂၀၁၄ ခုနှစ်မှာ စတင်နိုင်မယ်လို့ မျှော်လင့်ထားတဲ့အကြောင်းလည်း ကြေညာချက်က ရေးပါတယ်။

လုပ်ဆောင်ခွင့်ရတဲ့ ABC ကုမ္ပဏီကို ဦးအောင်မိုးကျော်က ပိုင်ဆိုင်တာဖြစ်ပြီး အကျိုးတူ ရင်းနှီးမြှုပ်နှံမှုအတွက် အမေရိကန်ဒေါ်လာ သန်း ၆၀ စီစဉ်ထားပြီးတော့ အလုပ်အကိုင် ၄၀၀ လောက် ဖန်တီးပေးနိုမှာ ဖြစ်ပါတယ်။

ဟန်နီကမ် အမှုဆောင်အကြီးအကဲကတော့ ဒီလိုလုပ်ဆောင်ခွင့်ရတာဟာ စိတ်လှုပ်ရှားစရာ အခွင့်အရေးတခုဖြစ်ပြီးတော့ ဒီရင်းနှီးမြှုပ်နှံမှုကနေ အလုပ်အကိုင်တွေ ဖန်တီးပေးနိုင်မယ်လို့ ပြောပါတယ်။

ဒီကိစ္စအတွက် ဦးအောင်မိုးကျော်ကို ဆက်သွယ်ပေမယ့် ဆက်သွယ်မရဖြစ်ခဲ့ပြီး သူ့ရဲ့ အတွင်းရေးမှူးကတော့    ဒီကိစ္စကို မသိတဲ့အကြောင်း ပြောပါတယ်။

သဘောတူညီချက်အရ အကျိုးတူ လုပ်ငန်းအတွက် ဟန်နီကမ်က ၅၇ ရာခိုင်နှုန်း ထိန်းချုပ်ထားပြီး စီမံခန့်ခွဲမှုတွေအားလုံးကို လုပ်ဆောင်မှာဖြစ်သလို ဘီယာချက်လုပ်ပုံနဲ့ နည်းပညာတွေကိုလည်း ထောက်ပံ့ပေးမှာ ဖြစ်တယ်လို့ ဟန်နီကမ်ရဲ့ ထုတ်ပြန်ချက်မှာ ရေးပါတယ်။

ဧပြီ ၂၂ ရက်နေ့ နောက်ပိုင်း ဥရောပသမဂ္ဂက မြန်မာအပေါ် ဒဏ်ခတ်ပိတ်ဆို့တာတွေ ရုပ်သိမ်းပြီးတဲ့ နောက်မှာ ဟန်နီကမ်က အခုလို ကြေညာလိုက်တာလည်း ဖြစ်ပါတယ်။ ၁၉၉၆ ခုနှစ်တုန်းကလည်း ဟန်နီကမ်က မြန်မာနိုင်ငံမှာ ၀င်ရောက် လုပ်ကိုင်ခဲ့ပေမယ့် ပြန်လည် ရုပ်သိမ်းသွားခဲ့ပါတယ်။

ဇန်န၀ါရီလက မြန်မာ ရင်းနှီးမြှုပ်နှံမှုကော်မတီက ဒေသတွင်းမှာ လုပ်ဆောင်ဖို့ အတွက် နိုင်ငံတကာ ကုမ္ပဏီတွေကို လိုင်စင် ၄ ခုကမ်းလှမ်းခဲ့ပါတယ်။

ဖေဖော်ဝါရီလက ထိုင်းအဖျော်ယမကာကလည်း ချမ်းဘီယာစက်ရုံတွေကို ရန်ကုန်၊ မန္တလေးနဲ့ ရှမ်းပြည်မှာ ထုတ်လုပ်ဖို့ ခွင့်ပြုချက်ရရှိခဲ့သလို ဒိန်းမတ် ကားလ်ဘတ်စ်က မြန်မာဂိုးဒင်းစတားနဲ့ လက်တွဲလုပ်ဆောင်ဖို့အတွက် အတည်ပြုချက်ရရှိခဲ့တယ်လို့ ထိုင်း အခြေစိုက် ဘန်ကောက်ပိုစ့် သတင်းက ရေးပါတယ်။

မြန်မာအဖျော်ယမကာ ကုမ္ပဏီ (MBL)ဟာ နိုင်ငံတွင်းမှာ အကြီးဆုံး ဘီယာကုမ္ပဏီဖြစ်ပြီးတော့ ဦးပိုင်က ၄၅ ရာခိုင်နှုန်းနဲ့ စကာင်္ပူအခြေစိုက် ကုမ္ပဏီတွေက အကျိုးတူ လုပ်ဆောင်နေတာတာလို့လည်း သတင်းက ဆိုပါတယ်။ တိုက်ဂါး၊ မြန်မာ၊ အေဘီစီစတော့၊ မြန်မာဒွာဗာလ်စတောင်း၊ ဘာရွန်စတောင်းနဲ့ အာဒမန်ဂိုလ်း ဘီယာတွေကို ထုတ်လုပ်တယ်လို့ ဆိုပါတယ်။

ပက်စီ၊ ကိုကာကိုလာ အချိုရည်ကုမ္ပဏီတွေ၊ ကားလ်ဘတ် ဘီယာနဲ့ ဖိုဒ် ကားကုမ္ပဏီတွေကလည်း မြန်မာကို ၀င်ရောက်ဖို့ ကြေညာထားပါတယ်။

by ဒီဗွီဘီ


Posted: 15 May 2013 05:07 AM PDT
ဘင်္ဂါလီ ဒုက္ခသည် စခန်းများကို မုန်တိုင်း အန္တရာယ် ကင်းရာ ဘေးလွတ်ရာသို့ ယနေ့ရွှေ့ပြောင်းပေးရာတွင် အချို့စခန်းများမှာ ရွှေ့ပြောင်းရန် ငြင်းဆိုခဲ့ကြောင်း သတင်းရရှိသည်။ စစ်တွေမြို့နယ် သဲချောင်းတစ်ဝိုက်ရှိ မိမိ အစီအစဉ်ဖြင့် နေထိုင်ကြသော ဘင်္ဂါလီဒုက္ခသည် စခန်းများကို ပုလင်ပြင်ကျေးရွာ ဇုန်တောကြီး ကယ်ဆယ်ရေး စခန်းတွင် ဆောက်လုပ်ထားသော တဲတန်း လျားကြီးများသို့ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

 ဓာတ်ပုံ- ဂျေမောင်မောင် (အမရပူရ)


Posted: 15 May 2013 04:19 AM PDT
(၁၅-၅-၂၀၁၃)ရက်ညနေပိုင်းမှာ TC 01B Mahasen ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကမ်းခြေကို ဖြတ် ကျော် စဉ် လေတိုက် နူန်း ပမာဏ မူလ ခန့်မှန်း ထားသည်ထက် လျော့နည်း နိုင်တာကို တွေ့လာရပါတယ်။

(၁၆-၅-၂၀၁၃)ရက်နေ့ ညနေပိုင်း Mahasen Cyclonic Storm ဟာ (၁၅-၅-၂၀၁၃)ရက်နေ့ ၁၂း၃၀ နာရီမှာ လေတိုက်နှုန်း တစ်နာရီ (၉၅)မိုင်နှုန်း လောက်တိုက်မယ်လို့ ခန့်မှန်းခဲ့ပေမယ့် ဒီကနေ့ နေ့လည်ပိုင်းမှာ တစ်နာရီ (၅၅)မိုင်နှုန်း လောက်သာ တိုက်ခတ်နေခဲ့တာ ကို တွေ့ရ ပါတယ်။ ဒါ့အပြင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ စစ်တကောင်းမြို့ အနီးမှ ဖြတ်ကျော်ကာ ၀င်ရောက်တဲ့ အချိန် လေတိုက်နှုန်းကို 70 knots (85 mph) လောက်ရှိမယ်လို့ ခန့်မှန်းထားခဲ့ပေမယ့် (15-5-2013)ရက်နေ့ ညနေ(၃း၃၀) နာရီ အချိန် ခန့်မှန်းချက်ကတော့ မုန်တိုင်းဝင်ရောက် စဉ်မှာ လေတိုက်နှုန်း 55 knots (60 mph) ခန့်သာ ရှိနိုင်လိမ့်မယ်လို့ ခန့်မှန်းရ ပါတယ်။

ဒါဟာ..Mahasen ဆိုင်ကလုန်းမုန်တိုင်းဟာ မှန်းထားသလောက် အားမပြင်းနိုင်ဘူးဆိုတဲ့ သဘော ကို (၁၅-၅-၂၀၁၃)ရက်နေ့ တွက်ချက်မှုများအရ တွေ့ရှိရခြင်းပါဘဲ။ ဒေသခံများ နဲ့ ကြိုတင် ကာကွယ်ရေး၊ ကယ်ဆယ်ရေးဆောင်ရွက်နေကြတဲ့ သူတွေအားလုံး အတွက် စိတ်သက်သာ ရာရစရာ သတင်းကောင်းပါဘဲ။

ဒါပေမယ့် တစ်နာရီ (60 mph) ဆိုတဲ့ လေတိုက်နှုန်း ပမာဏဟာလည်း ပင်လယ်ပြင်မှာ လှို်င်းအမြင် (၁၂)ပေခန့် လောက်အထိ နဲ့ လှိုင်းကြီးမှုကို ဖြစ်စေနိုင်ပါတယ်။
နောက်ပြီး..ဒါဟာ လက်ရှိအနေအထား(၁၅ရက်နေ့ ညနေ ၃း၃၀ နာရီအချိန်)သာဖြစ်ပါတယ်။ မုန်တိုင်းတစ်ခုရဲ့အနေအထားဟာ အချိန်နဲ့အမျှ အပြောင်းအလဲတွေရှိနိုင်တာကြောင့် ဒီနောက်ပိုင်း အချိန်တွေမှာ ဖြစ်လာနိုင်တာတွေကိုတော့ အချိန်နဲ့တပြေးညီ ဆက်လက် ထုတ်ပြန်ပေးသွားမှာ ဖြစ်ပါတယ်။

မုန်တိုင်းဟာ မနက်ဖန် (၁၆-၅-၂၀၁၃)ရက်နေ့လည်ပိုင်းလောက်ကစပြီး မုန်တိုင်းရဲ့ ရှေ့အဖျား (advancing edge or bar) ဟာ အရင်ဆုံးစဖြတ်ပါ့မယ်။ ဖြတ်ကျော်စဉ်မှာ လေတိုက်နှုန်းဟာ တစ်နာရီ မိုင်(၄၀)လောက်နဲ့ စပါမယ်။ အဲဒီအချိန်မှာ မုန်တိုင်းရဲ့ဗဟိုချက်ဟာ ပင်လယ်ပြင်ထဲမှာ ကမ်းက မိုင်(၉၀)အကွာမှာဘဲ ရှိနေပါဦးမယ်။ ညနေပိုင်းလောက်မှာတော့ ဗဟိုချက်က ဖြတ်ပါ လိမ့်မယ်။ အဲဒီအချိန်မျာတော့ လေဟာအပြင်းဆုံးဖြစ်လာပြီး တစ်နာရီ မိုင်(၆၀)နှုန်းလောက် တိုက်နိုင်တယ်လို့ တွက်ချက်ရရှိထားပါတယ်။

မနက်ဖန်ညနေဆိုရင်..ဒီပွဲ အဖြေပေါ်ပါပြီ။

ဒေါက်တာထွန်းလွင် (MCCW)


Posted: 15 May 2013 03:15 AM PDT
ယနေ့ မြန်မာ စံတော်ချိန် (၁၅း၃၀)နာရီ အချိန် တိုင်းထွာ ချက်များ အရ ဘင်္ဂလား ပင်လယ်အော် အနောက် အလယ်ပိုင်းတွင် ဖြစ်ပေါ်နေသော ဆိုင်ကလုန်း မုန်တိုင်း မဟာစင်(MAHASEN)သည်မြန်မာနိုင်ငံ (မောင်တောမြို့)၏ အနောက် တောင်ဘက်မိုင်(၃၀၀)ခန့်၊ စစ်တွေမြို့၏ အနောက် တောင်ဘက်မိုင် (၃၁၀)ခန့်၊ ကျောက်ဖြူမြို့၏ အနောက်တောင် ဘက်မိုင်(၃၃၀)ခန့်၊ အိန္ဒိယနိုင်ငံ(ကိုလ်ကတ္တားမြို့)၏ တောင်ဘက်မိုင်(၂၉၀)ခန့် အကွာ ပင်လယ်ပြင်ကှို ဗဟိုပြုနေ ပါသည်။  ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ




Posted: 15 May 2013 02:57 AM PDT
ရန်ကုန် သင်္ကန်းကျွန်းမြို့နယ်၊ မိကျောင်းကန် အပိုင်း ၁၊ ၂ ၊ ၃ ရပ်ကွက်မှာ လွန်ခဲ့တဲ့ ၁၉၉၁ ခုနှစ်က စစ်တပ်က သိမ်းယူထားတဲ့ မြေကွက်တွေနဲ့ ပတ်သက်ပြီး ဆန္ဒပြတဲ့အတွက် ဖမ်းဆီးခံထားရသူတဦးကို ဒီနေ့ ထပ်မံ ရုံးထုတ်စစ်ဆေးရာမှာ သင်္ဃန်းကျွန်းဒေသခံတွေက အဲဒီရုံးချိန်းကို ဆန္ဒပြခဲ့ကြပါတယ်။ အပြည့်အစုံကို RFA သတင်းထောက် ကိုသီဟထွန်း တင်ပြပေးထားပါတယ်။

ရုပ်/သံ ကြည့်ရှုရန် ဒီနေရာကို နှိပ်ပါ




Posted: 15 May 2013 02:49 AM PDT
အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ်၏ ၆-၅-၂၀၁၃ ရက်နေ့ တွင် ကျင်းပသော ဗဟိုအလုပ်မှုဆောင် အစည်းအဝေး ဆုံးဖြတ်ချက်အရ အောက်အမည်ပါ ပုဂ္ဂိုလ်များအား ၄င်းတို့ အမည်နှင့် ယှဉ်တွဲဖော်ပြ ထားသော တာဝန်များအရ ပြန်ကြားရေး ကော်မတီ ပြန်လည် ဖွဲ့ စည်း တာဝန် ပေးအပ်လိုက်သည်။

by Myanmar News Now


Posted: 15 May 2013 03:37 AM PDT
နေ့စဉ် ကိုယ်ပိုင်ကား မစီးနိုင် သူများ၊ ယာဉ်ကြော အလိုက်ကား ဒုက္ခခံနေ ကြရသည်။ တစ်လတစ် ကြိမ် ရန်ကုန်လာပြီး မြန်မာနိုင်ငံ စာရေးဆရာ အသင်းသို့ အစည်း အဝေး တက်ရောက်နေရတဲ့ စာ ရေးဆရာ တစ်ယောက်အနေနဲ့ ကိုယ်ပိုင်ကားမရှိတဲ့ဘ၀မှာ ဂျာ နယ်တိုက်၊ သတင်းစာတိုက်၊ စာပေဗိမာန် တို့သို့သွားတိုင်း ရန် ကင်းနယ်မြေမှ ကားလိုင်းများရဲ့ ယာဉ်နောက်လိုက်များ၏- ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 15 May 2013 03:44 AM PDT
အထူးတလည် လမ်းရှင်းပေးရ မည့်အထဲတွင် နိုင်ငံတော် သမ္မတကြီး ကတော်ပင် မပါဝင်ဟု ယာဉ်ထိန်းရဲ တပ်ဖွဲ့ရုံးမှ ရဲမှူးကြီး ကျော်ထွေး က ပြောသည်။ ယာဉ်ထိန်း ရဲတပ်ဖွဲ့၏ တာဝန် နှင့်ဆောင်ရွက် ပိုင်ခွင့်အရ အချက် ငါး ချက်ရှိရာ နောက်ဆုံး အချက်တွင် အရေးကြီး ပုဂ္ဂိုလ် ယာဉ်တန်း၊ ဧည့်သည် တော် ယာဉ်တန်းနှင့် နိုင်ငံတော် အဆင့် အခမ်းအနားများ အတွက် ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 15 May 2013 03:58 AM PDT
နိုင်ငံသား မဟုတ်ကြောင်း ဝေဖန် ခံနေရသည့် ရခိုင်ပြည်နယ်မှ ပြည်ခိုင် ဖြိုး လွှတ်တော် ကိုယ်စားလှယ် သုံးဦး၏ ကိုယ်ရေး ရာဇဝင် တွေ့ရှိမှုကို လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန် ကြီးဌာနက ပြည်ထောင်စု အစိုးရ အဖွဲ့ သို့ တင်ပြ တော့မည်ဟု လဝက ညွှန်ချုပ် ဦးမောင်မောင် သန်းက ပြောသည်။ ဝေဖန်မှု ခံနေရသည့် ပြည်ခိုင်ဖြိုး ပါတီ လွှတ်တော်အမတ် သုံးဦး၏ အဖေ၊ အမေ၊ အဘိုး၊ အဘွား မှတ်တမ်းများ အား တိုက်ဆိုက် စစ်ဆေးမှုကို ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 15 May 2013 01:45 AM PDT
နောက်ဆုံး တိုင်းထွာချက်အရ မေလ ၁၆ ရက်နေ့ ညနေပိုင်းမှာ မဟာစင်မုန်တိုင်း ၀င်ရောက်နိုင်တဲ့ အတွက် ရခိုင်ပြည်နယ် စစ်တွေမှာ ကြိုတင်ပြင်ဆင်မှုတွေ ပြုလုပ်နေဆဲ ဖြစ်ပြီး တချို့နေရာတွေမှာ အကူအညီတွေ မရသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။ ဒေါ်ခင်ရူပါ တင်ဆက်။ ရိုက်ကူး ဖိုးကျော်။ ဇေကြီး

ရုပ်/သံ ကြည့်ရှုရန် ဒီနေရာကို နှိပ်ပါ



Posted: 15 May 2013 01:34 AM PDT
MAHASEN မုန်တိုင်း - ဒေါက်တာထွန်းလွင် မေလ ၁၅ ရက် မြန်မာ စံတော်ချိန် မနက် ၉ နာရီ ခန့်မှန်းပြောကြားချက် / (ရိုက်ကူး - ကိုဆန်) ဒီဗွီဘီ

ရုပ်/သံ ကြည့်ရှုရန် ဒီနေရာကို နှိပ်ပါ



Posted: 15 May 2013 01:31 AM PDT
မေလ(၁၈)ရက်နေ့ Netguide ဂျာနယ် အတွဲ ၂ ၊ အမှတ် ၈၄

ဂျာနယ် ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ




Posted: 15 May 2013 04:06 AM PDT
လက်ရှိအချိန် ရခိုင်ပြည်နယ်မှာ မုန်တိုင်းဘေးက အန္တရာယ် ကင်းစေဖို့အတွက် သက်ဆိုင်ရာက ဘေးလွတ်ရာကို ရွှေ့ပြောင်း ပေးနေတာမှာ မလိုက်နာသူတွေ၊ တားဆီး သူတွေကို ဘေး အန္တရာယ် ကာကွယ်ရေး ဆိုင်ရာ ဥပဒေနဲ့ အရေးယူမယ်လို့ သမ္မတရဲ့ ပြောခွင့်ရသူ ပြန်ကြားရေး ၀န်ကြီးဌာန ပြည်ထောင်စု ဒုဝန်ကြီး ဦးရဲထွဋ်က ပြောပါတယ်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 15 May 2013 04:27 AM PDT
ရခိုင်ပြည်နယ် မြေပုံမြို့နယ် ငမန်းရဲ ကျွန်းမှ ဒေသခံ ၄၀၀၀ ကျော်ကို ရခိုင်ပြည်နယ် အစိုးရ၏ အစီအစဉ်ဖြင့် ဘေးလွှတ်ရာ ဒေသများသို့ ရွှေ့ပြောင်း လိုက်ပြီဟု ရွှေ့ပြောင်းရေးကို စီစဉ် ဆောင်ရွက် နေသူ ပေါက်တော မြို့နယ် ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးတက်ထွန်းအောင် က နိရဉ္စရာသို့ ပြောသည်။ “ အခုရွှေ့ပြောင်း နေတာက အသက် အရွယ် ကြီးရင့် နေသူတွေနဲ့ အမျိုးသမီးတွေ၊ ကလေးတွေ ဖြစ်ကြပါတယ် ။ လေးထောင် ကျော် ငါးထောင်နီးပါး ရွှေ့ပြောင်းခဲ့ပြီ ဖြစ်ပါတယ်” ဟု သူက ဆိုသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ




Posted: 15 May 2013 12:50 AM PDT
၂၀၁၃ခုနှစ်၊ မေလ(၁၅)ရက်နေ့ မြန်မာစံတော်ချိန် (၁၀း၀၀)နာရီ အချိန်ထုတ်ပြန်ချက်

ယနေ့ မြန်မာ စံတော်ချိန် (၀၉း၃၀) နာရီ အချိန် တိုင်းထွာ ချက်များ အရ ဘင်္ဂလား ပင်လယ်အော် အနောက် အလယ်ပိုင်းတွင် ဖြစ်ပေါ်နေသော ဆိုင်ကလုန်း မုန်တိုင်း မဟာစင်(MAHASEN)သည် အရှေ့မြောက် ဘက်သို့ မိုင်(၅၀)ခန့် ရွေ့လျားခြဲ့ပီး၊ မြန်မာနိုင်ငံ(မောင်တောမြို့)၏ အနောက်တောင် ဘက်မိုင်(၃၇၀)ခန့်၊ စစ်တွေမြို့၏ အနောက် တောင်ဘက်မိုင်(၃၇၀)ခန့်၊ ကျောက်ဖြူမြို့၏ အနောက်တောင် ဘက်မိုင်(၃၈၀)ခန့်၊ အိန္ဒိယနိုင်ငံ(ကိုလ်ကတ္တားမြို့)၏ တောင်ဘက်မိုင်(၃၆၀)ခန့် အကွာ ပင်လယ်ပြင်ကှို ဗဟိုပြုနေပါသည်။  ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 15 May 2013 12:42 AM PDT
သတင်း ဂျာနယ် ဈေးကွက် အတွင်း ဦးဆောင်နေသော ဂျာနယ်အများစုမှ ထုတ်ဝေသော ပုဂ္ဂလိက သတင်းစာများ ဈေးကွက်တွင် စုံသလောက် ဖြစ်လာပြီးနောက် ပုဂ္ဂလိက သတင်းစာများ ဈေးကွက်ဝေစု ရရှိရန် ယှဉ်ပြိုင်မှု ပြင်းထန်လာသည်။

ဖွံ့ဖြိုးပြီးနိုင်ငံအများစုတွင် နေ့စဉ်ထုတ်သတင်းစာများ၏ ရပ်တည်ရေးမှာ ခက်ခဲနေပြီး ပုံနှိပ်မီဒီယာမှ အွန်လိုင်းမီဒီယာသို့ ပြောင်းလဲရပ်တည်နေရချိန်တွင် မြန်မာနိုင်ငံတွင်မူ ဆယ်စုနှစ်လေးခုကျော်ကြာမှ ပြန်လည်ထွက်ရှိလာသော ပုဂ္ဂလိကနေ့စဉ်ထုတ် သတင်းစာများ၏ ယှဉ်ပြိုင်မှုရေချိန်မှာ အမြင့်ဆုံးအချိန်ဖြစ်နေသည်။

သတင်းစာတစ်စောင်၏ စီမံခန့်ခွဲမှုနှင့် သတင်းခန်းကုန်ကျမှုမပါ အသားတင်ကုန်ထုတ်မှု ကုန်ကျစရိတ်မှာ ကျပ် ၁၆၀ ၀န်းကျင် ရှိနေသည်။ သို့သော် ဖြန့်ချိရေးကိုယ်စားလှယ်များထံသို့ တစ်စောင်လျှင် ကျပ်တစ်ရာဝန်းကျင်နှုန်းဖြင့်သာ လက်ကားစနစ်ပေးရရာ ဖြန့်ချိသည့်စရိတ်၌ပင် ကျပ်ခြောက်ဆယ်ခန့် ရှုံးနေပြီဖြစ်ကြောင်း စံတော်ချိန် နေ့စဉ်သတင်းစာတိုက်ပိုင်ရှင် ဦးကိုကိုလေးက တွက်ချက်ပြသည်။

သတင်းစာထုတ်ဝေသူအများစု၏ တူညီသော မျှော်လင့်ချက်မှာ ထုတ်ဝေပြီး ကာလတစ်ခုအကြာတွင် ရပ်တည်ကျန်ရစ်ခဲ့မည့် သတင်းစာထဲ၌ မိမိတို့သတင်းစာ ပါဝင်ရေးပင်ဖြစ်သည်။ လက်ရှိ ထုတ်ဝေနေသည့် ပုဂ္ဂလိကနေ့စဉ်ထုတ် သတင်းစာများမှာ တစ်နှစ်တာကာလကို ပစ်မှတ်ထား၍ ဈေးကွက်ဝေစုရရှိရန် သတင်းထူးသတင်းဦး တင်ဆက်မှုများစွာဖြင့် သတင်းစာပြေးလမ်းတွင် မိုင်ကုန်မောင်းနှင်နေကြပြီဖြစ်သည်။

“ဘယ်သူဘယ်လောက်ထိ အရှုံးခံနိုင်မလဲဆိုပြီး အရှုံးနဲ့ဆက်သွားနေချိန်မှာ ပုဂလိကနေ့စဉ် ထုတ် သတင်းစာတွေကို သတင်း
စာလို့မြင်ပြီး ဖတ်လာဖို့ ပြည်သူလူထုရဲ့ Mind Set တွေ အပြောင်းကို သတင်းစာထုတ်တဲ့သူတိုင်းက စာင့်ကြည့်နေကြတယ်” ဟု ရန်ကုန်တိုင်းမ်နေ့စဉ်ထုတ် သတင်းစာ အယ်ဒီတာချုပ်ဦးကိုကိုက ပြောသည်။

ပုဂ္ဂလိကနေ့စဉ်ထုတ် သတင်းစာများကို သတင်းစာအင်္ဂါရပ်နှင့် အနီးစပ်ဆုံးတူညီအောင် လုပ်ကိုင်နေသော်လည်း နိုင်ငံပိုင်သတင်းစာများကဲ့သို့ အစိုးရနှင့် နီးစပ်သည့် သတင်းများ ဖော်ပြနိုင်မှုအားနည်းခြင်း၊ လူမှုရေး၊ သာရေး၊
နာရေးကြော်ငြာများတွင် နိုင်ငံပိုင်သတင်းစာများလောက် နေရာယူနိုင်မှု အားနည်းသေးခြင်းနှင့် နိုင်ငံပိုင်သတင်းစာများ၏ ဈေးနှုန်းနှင့် လေးဆနီးပါး ကွာဟခြင်းတို့မှာလည်း စိန်ခေါ်မှုတစ်ရပ် ဖြစ်နေသေးကြောင်း ဦးကိုကိုက ဆိုသည်။ ဈေးကွက်ဝေစုရရန်ထက် နေ့စဉ်ထုတ်သတင်းစာ အများစုထဲတွင် စာဖတ်သူအတွက် အမှန်တကယ်
သိသင့်သိထိုက်သည့် သတင်းများတင်ဆက်နိုင်သော၊ သတင်းစာပီသသည့် သတင်းစာများသာ ရေရှည်ရပ်တည်နိုင်မှာဖြစ်ကြောင်း The Daily Eleven မှ အယ်ဒီတာချုပ်ဦးဝေဖြိုးက ပြောသည်။

သတင်းစာပြေးလမ်းတွင် ထုတ်ဝေသူအများစု ရင်ဆိုင်နေရသည့် အခက်အခဲမှာ လူသားရင်းမြစ် ရှားပါးမှု၊ အခြေခံအဆောက်အအုံ မလုံလောက်မှုနှင့် ဖြန့်ချိရေးပြဿနာတို့ ဖြစ်သည်။ ယင်းအခက်အခဲကို ဖြေရှင်းနိုင်မှု ပမာဏပေါ်မူတည်၍ ရေရှည်ရပ်တည်နိုင်မည့် သတင်းစာများ ကျန်ရစ်နိုင်မည်ဖြစ်ကြောင်း စံတော်ချိန်နေ့စဉ်သတင်းစာမှ ဦးကိုကိုလေးက ပြောသည်။

“အခုဒီမှာ သတင်းစာတွေက Door To Door အိမ်အရောက်ပို့စနစ်မသွားနိုင်တာကလည်း သတင်းစာတွေစောင်ရေမတက်တဲ့ ရှိသင့်ရှိထိုက်တဲ့ စောင်ရေကို ချက်ချင်းတက်မလာနိုင်တဲ့ အခက်အခဲပဲ” ဟု The Voice Daily သတင်းစာမှ အယ်ဒီတာချုပ် ဦးကျော်မင်းဆွေက ပြောသည်။

သတင်းစာများ ရေရှည်ရပ်တည်နိုင်ရေးအတွက် သတင်းစာတိုက်ကြီးများ ရုန်းကန်နေရချိန်၊ ဖြန့်ချိရေးအများစုမှာလည်း ထွက်ရှိသည့်သတင်းစာ များလာသည်နှင့်အမျှ ၀န်ထမ်းများထပ်ခန့်ရပြီး အကျိုးအမြတ်ထက် အလုပ်ပိုများလာခြင်းသာ အဖတ်တင်နေကြောင်း ဖြန့်ချိရေးအများစုက ဆိုသည်။

“နောက်ခုနစ်လ၊ ရှစ်လလောက်ဆိုရင် ကောင်းကောင်းရပ်တည်နိုင်မယ့် သတင်းစာ၊ ဂျာနယ်ကျန်ခဲ့မယ့်အချိန်ကို မျှော်လင့်ပြီး ရပ်တည်နေရတာ။ အကျိုးအမြတ်ကလည်း အခု ဘာမှ မရှိသေးဘူး” ဟု နန်းဦးစာပေက ပြောသည်။

သတင်းစာများကြောင့် အမှန်တကယ် အလုပ်ဖြစ်နေသည့် ပုံနှိပ်စက္ကူရောင်းဝယ်သူများ၊ ပုံနှိပ်တိုက်များ၊ ကာလာခွဲသည့် လုပ်ငန်းများနှင့် သတင်းစာခေါက်သည့် ဘိုင်းနင်းလုပ်ငန်းစသော သတင်းစာနှင့် ဆက်စပ်လုပ်ငန်းတို့ဖြစ်သည်။ ပုံနှိပ်တိုက်များတွင် ယခင်က အပတ်စဉ်ထုတ် ဂျာနယ်များအတွက် ညဘက်ဂျူတီ သုံးရက်ခန့်ဆင်း၍ ပုံနှိပ်ရသော်လည်း ယခုအခါ နေ့၊ ည အဆိုင်းနှစ်ခုခွဲ၍ ၂၄ နာရီ လည်ပတ်နေရခြင်းကြောင့် ပုံနှိပ်နေ့စားအလုပ်သမားများအတွက် အလုပ်အကိုင်အခွင့်အလမ်းပိုများလာကြောင်း သုဝဏ္ဏသိင်္ဂီ ပုံနှိပ်တိုက်မှ ကိုမိုးကျော်က ပြောသည်။

“ကျွန်တော်တို့ ပုံနှိပ်တိုက်မှာ နေ့စားပုံနှိပ်သမား ဆယ်ယောက်ထပ်ခေါ်ထားရတယ်။ နေ့ညအဆိုင်းနှစ်ခုခွဲပြီး နားရက်မရှိ လည်ပတ်နေရတယ်။ သတင်းစာအပ်ထည်တွေ ပိုရလာတဲ့အတွက် ၀န်ထမ်းထပ်ခန့်တာနဲ့အမျှ ၀င်ငွေလည်း ကျွန်တော်တို့ ပိုတိုးပါတယ်။ ပုံနှိပ်သမားတွေကတော့ ကိုယ်လုပ်ရင် လုပ်နိုင်သလောက်ကို ရနေတာ” ဟု ကိုမိုးကျော်က ပြောသည်။

ထို့အပြင် ဖလင်ခွဲသည့် လုပ်ငန်းများတွင်လည်း နေ့စဉ်ထုတ် သတင်းစာအပ်နှံမှုများ ပိုမိုရရှိလာပြီး ၀င်ငွေတိုးလာကြောင်း ၂၄ နာရီ ဖလင်ကာလာခွဲနေသည့် Eagle ပုံနှိပ်နှင့် ဖလင်ခွဲလုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ “အရင်ကတည်းက ၂၄ နာရီဖွင့်တော့ ၀န်ထမ်းထပ်ခေါ်စရာတော့ မလိုဘူး။ နေ့စဉ်သတင်းစာက လေး၊ ငါးစောင်လောက် တိုးလာတော့ ၀င်ငွေတော့ ပိုလာတာပေါ့” ဟု ၎င်းကပြောသည်။

ပြန်ကြားရေးဝန်ကြီးဌာနက ပုဂ္ဂလိကနေ့စဉ်ထုတ်သတင်းစာများကို ဖေဖော်ဝါရီ ၂၈ ရက်မှ စတင်၍ ထုတ်ဝေခွင့်ပြုလိုက်ပြီး လက်ရှိတွင် မြန်မာဘာသာဖြင့် ၂၄ စောင်၊ အင်္ဂလိပ်ဘာသာဖြင့် နှစ်စောင်၊ စုစုပေါင်း ၂၆ စောင် ရှိပြီဖြစ်သည်။ ထိုထဲမှ သတင်းစာ ၁၀ စောင် ထုတ်ဝေနေပြီး ခေတ်သစ်နေ့စဉ်သတင်းစာမှာ ရက်အနည်းငယ်ထုတ်ဝေပြီး ရပ်နားသွားသည်။ ထို့ကြောင့် လက်ရှိတွင် ပုဂ္ဂလိကသတင်းစာ ကိုးစောင်သာ ဈေးကွက်ဝေစုရရှိရေး ယှဉ်ပြိုင် ထုတ်ဝေနေသည်။

ဖြန့်ချိရေးကိုယ်စားလှယ်များ အဆိုအရ Daily Eleven ၊ The Voice Daily နှင့် 7DAY Daily တို့မှာ လက်ရှိဈေးကွက်တွင် ဦးဆောင်နေသည်။

“အရှုံးကိုတော့ ကြိုပြီးတွက်ချက်ထားတာတော့ ရှိပါတယ်။ တစ်နိုင်တစ်ပိုင် လုပ်တာဆိုတော့ တတ်နိုင်သမျှ မရှုံးအောင်လုပ် တယ်။ ဘယ်လောက်ထိ အရှုံးခံနိုင်မလဲ ဆိုတာတော့ ပြောရခက်ပါတယ်” ဟု ဦးကျော်မင်းဆွေက ပြောသည်။

လွန်ခဲ့သည့် ဆယ်စုနှစ်လေးခုကျော်က ပုဂ္ဂလိကနေ့စဉ်ထုတ် သတင်းစာကြီးများ အပြိုင်အဆိုင် အားကောင်းခဲ့သော တော်လှန်ရေးကောင်စီလက်ထက် မတိုင်မီကာလက သတင်းစာဈေးကွက် အောင်မြင်မှုမျိုးကို ပြန်လည်ရရှိရန် စိန်ခေါ်မှု၊ စွန့်စားမှုများစွာကို ရင်ဆိုင်ရဦးမည်ဖြစ်ပြီး အရေးကြီးဆုံးအချက်ကို ဦးဝင်းတင်က ယခုကဲ့သို့ပြောသည်။

“သတင်းစာမှာ အရေးကြီးဆုံးက အရည်အသွေးရှိတဲ့ အားကိုးရတဲ့ သတင်းထောက်တွေရှိဖို့ ပဲ”။

အရှုံးခံနိုင်မည့်သူသာ ဈေးကွက်တင်ကျန်ခဲ့မည်ဟု ပုံသေနည်းကျ တွက်ဆ၍ မရသော်လည်း ငွေအင်အားများမျာနှင့် လည်ပတ်နိုင်ခြင်းက သတင်းစာတစ်စောင် ရေရှည်ရပ်တည်ရေးအတွက် အဓိကမောင်းနှင်အားဖြစ်ကြောင်း သတင်းစာထုတ်ဝေသူများက မှတ်ချက်ပြုသည်။

“သတင်းစာတွေက အချင်းချင်းပြိုင်တာထက် သတင်းစာထုတ်တဲ့သူ ဘယ်သူပိုချမ်းသာလဲဆိုတာ ပြိုင်နေတာဖြစ်နေပြီ” ဟု စံတော်ချိန်နေ့စဉ်မှ ဦးကိုကိုလေးက ပြောသည်။



ရေးသားသူ- အေးသူစံ၊ ဗိုလ်ဗိုလ်ဝင်း၊ ဆွေမွန်
7Day News Journal

ဓာတ်ပုံ- ဂျေမောင်မောင် (အမရပူရ)
...

[Message clipped]  View entire message

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...