Wednesday, May 1, 2013

ဥပဒေတွင်းကပဲ တိုက်ပွဲဝင်ကြမယ်ဆိုတဲ့သူများသို့ပေးစာ

by Ko Oo (Notes) on Tuesday, April 30, 2013 at 12:29pm



ဒီနေ့လက်ရှိနိုင်ငံရေးအခြေအနေကိုပြန်ဆန်းစစ်ကြည့်လိုက်တော့ ရန်သူ (သို့) စစ်အစိုးရနဲ့ လက်တွဲမှရမယ်ဆိုတဲ့ အကြမ်းမဖက်တဲ့ နည်းလမ်းနဲ့ တိုက်ပွဲဝင်ကြမယ်၊ ဥပဒေတွင်းကပဲ
တိုက်ပွဲဝင်ကြမယ် ဆိုတဲ့သူတွေ လွတ်တော်ထဲရောက်တော့ အသံတွေတိတ်ပြီး
တိုက်ပွဲတွေပျောက်နေတယ်၊


လူတစ်ချို့ကတောင် မေ့တေ့တေ့ဖြစ်နေကြလို့ ဖြိုးမင်းသိမ်းတို့
ဖြူဖြူသင်းဘယ်ရောက်နေကြပြီလဲလို့ မေးယူရလောက်အောင်
အသံတွေပျောက်ကုန်ကြတယ်၊ ဟုတ်ပါပြီ..အခုဆိုလယ်သမား
တွေက သူတို့ရဲ့ဒီမိုကရေစီအခွင့်အရေးကို အသုံးချပြီး ဧကရာဇ်
ကြီးတွေပိုင်ဆိုင်ထားတဲ့ ဦးပိုင်နဲ့ဝမ်ပေါင်ကို ရင်ဆိုင်တိုက်ပွဲဝင်
နေကြတယ်၊ လက်ရှိအရပ်သားအမည်ခံ စစ်အစိုးရကနေပြီး
ပုဒ်မ(၁၄၄)ကိုထုတ်ပြီး ဦးပိုင်နဲ့တတိုင်းပြည်လုံးကိုအေးဓါးပြ
တိုက်ယူနေကြတဲ့ ခရိုနီတွေကို တိုက်ပွဲဝင်နေကြတဲ့ လယ်သမား
နဲ့တောသူတောင်သားတွေကို အားမပေးတဲ့အပြင် အပြစ်တောင်
ဆိုနေကြသူတွေရှိနေတာကိုတွေ့နေရတော့ နိုင်ငံရေးဟာ အပြောင်း
အလဲမြန်လွန်းလို့ အလွန်ကိုအံ့သြစရာကောင်းလှပါတယ်၊

အနည်းဆုံးပုဒ်မ(၁၄၄)ကို တိုင်းပြည်အကျိုးစီးပွါးထက်
ကုမ္မဏီတွေအကျိုးစီးပွါးအတွက် အသုံးပြုနေတာကို တားမြစ်နိုင်
အောင်လုပ်ရမယ်၊ တိုင်းပြည်ဘဏ္ဍာကိုအသုံးပြု
ပြီးအကာအကွယ်ပေးနေရတဲ့အတွက် တိုင်းပြည်ကနစ်နာမှုတွေ
အများကြီးရှိနေပါတယ်၊ အဲဒီတော့ လက်ပံတောင်းတောင်
အစီရင်ခံစာထဲမှာပါတဲ့အချိုးအစားအရ တိုင်းပြည်ကရတဲ့ဝင်ငွေဟာ
အလဟဿမဖြစ်ကုန်ပေဘူးလား၊ ပန်နီထဲကလာရေ ကုလားခြေ
ဆေးတာနဲ့ကုန်ပြီပေါ့၊ ဒါဟာ အချောက်တိုက် သူ့ဆီနဲ့သူပြန်
အကျော်ခံရတာပဲ၊

ဒါတွေကိုမြင်တွေ့ကြားနေရက်သားနဲ့ ဘာဖြစ်လို့လွတ်တော်ထဲမှာ
ဒီမိုအမတ်တွေနှုတ်ဆိတ်နေကြတာလဲ၊ လူထုကိုကိုယ်စားပြုမဲ့သူ
တွေက ဆွံအနားမကြားဖြစ်နေကြလို့လား၊

ဝန်ကြီးဌါနတစ်ခုက ပုဂ္ဂလိကစီးပွါးရေးလုပ်ငန်းထဲမှာ ၀င်ရောက်
စွက်ဖက်နေတာဟာ ဘယ်လိုအခြေခံဥပဒေအရကြည့်ကြည့်
မညီညွတ်နိုင်ပါဘူး၊ သူတို့အကျိုးစီးပွါးအတွက် နိုင်ငံတော်က
အခွင့်ပေးထားတဲ့ အခွင့်အာဏာကိုအသုံးချမှာကိုတော့ ငြင်းလို့
ရမယ်မထင်ပါဘူး၊ အလားတူပဲ ပြည်သူ့ရဲတွေကို စီးပွါးရေးလုပ်
ခွင့်ပေးလိုက်ပါလား၊ နဂိုကတည်းက လာဘ်လာဘအတွက်
ရဲလုပ်စားနေကြသူတွေက စီးပွါးရေးကိုပါလုပ်ခွင့်ပေးလိုက်ရင်
မြင်းကိုဂျိုတတ်ပေးသလိုဖြစ်နေမယ်၊

ဒီတော ဥပဒေရှု့ထောင်ကကြည့်မယ်ဆိုရင့် ပြည်ထဲဝန်ကြီးဌါန
အောက်က ပြည်သူ့ဝန်ထမ်းတွေ နိုင်ငံတော်စီးပွါးရေးလုပ်ငန်း
တွေမှာ တိုက်ရိုက်ဝင်ရောက်စွက်ဖက်ခွင့်မရှိသလို ကာကွယ်ရေး
ဝန်ကြီးဌါနကလည်း ၀င်ရောက်လုပ်ပိုင့်ခွင့်မရှိရပါဘူး၊ ဘယ်ဝန်ကြီး
ဌါနတစ်ကမှ တိုက်ရိုက်ဝင်ရောက်စွက်ဖက်ခွင့်မရှိစေရပါဘူး၊

တရားဥပဒေစိုးမိုးရေးလို့ ကြွေးကျော်ထားပြီး
တရားဥပဒေစိုးမိုးရေးကိုလုပ်မဲ့သူတွေက တရားမဲ့နေမှတော့
ဘယ်လိုလာပြီး ဒီမိုကရေစီကထွန်းကားလာတော့မှာလဲ၊

စစ်တပ်ယူနီဖေါင်းဝတ်၊ နိုင်ငံတော်ကပေးတဲ့စစ်တပ်လစာကို
စားပြီးတဲ့အပြင် ဦးပိုင်ကုမ္မဏီရဲ့လစာကိုပါနှစ်သီးစားနေကြတဲ့
ဗိုလ်ချုပ်ခင်ဇော်ဦးတို့လူမျိုးကို လက်ရှိဥပဒေနဲ့မညီညွတ်ပါဘူး
လို့ပြောသံတွေကိုလည်းလုံးဝမကြားရပါဘူး၊

ဘယ်နှယ့်ဗျာ ဥပဒေတွင်းကပဲတိုက်ပွဲဝင်ကြမယ်ဆိုတဲ့သူတွေက
ဒီလိုဥပဒေတို့ လူသိရှင်ကြားဖေါက်ပြန်နေတာကိုမှ ဘာမှမပြောရင်
ခင်ဗျားတို့ဟာ အမတ်လိမ်တွေ လူလိမ်အကြီးစားတွေဖြစ်နေပြီ၊
အခြေခံလူထုက ဆင်းရဲမွဲတေနေတဲ့ကြားက စားဝတ်နေရေးအတွက်
တိုက်ပွဲဝင်နေကြတာကို ခင်ဗျားတို့ကနေပြီး ဥပဒေရေးရာဘက်က
နေပြီး လူထုအကျိုးစီးပွါးကိုအကာအကွယ်ပေးသောအားဖြင့်
တဖက်တလမ်းကနေပြီး တိုက်ပွဲမ၀င်ဘူးဆိုရင် ဒီမိုကရေစီဆိုတာ
ထွန်းကားလာပါ့မလား၊ ခင်ဗျားတို့ ပြောပြောနေတဲ့ ပြုပြင်ပြောင်း
လဲရေးဆိုတာ တကယ်ရောဖြစ်လာပါ့မလား၊ အရှုံးပေးပြီး
ကိုယ့်နိုင်ငံရေးကိုယ် အမြတ်ထုတ်နေတာနဲ့မတူဘူးလား၊

ဒီတော့ ဥပဒေတွင်းကပဲတိုက်ပွဲဝင်ကြမယ်ဆိုမယ်ဆိုတဲ့
ဥပဒေပြုအမတ်မင်းများခင်ဗျား၊ ခင်ဗျားတို့တတွေ
လူထုအတွက် တာဝန်လုံးဝရှိနေပါတယ်၊

ကိုကိုဦး(တပ်ရင်း-၁၀၂)၊ ဧပြီလ(၃၀)ရက်၊ ၂၀၁၃


Maj Gen> Khin Zaw Oo In China

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...