Saturday, May 25, 2013

ဂျပန်မီဒီယာကရိုက်ကူးခဲ့တဲ့ ABSDFမြောက်ပိုင်းလူသတ်ပွဲမှတ်တမ်းVideo အစအဆုံး- ၂၁ရာစု၏အမှန်တရား ( TRUTH OF 21 CENTURY ) (ရုပ်/သံ)

လွန်ခဲ့တဲ့ နှစ် ၂၀ ကျော်က ABSDF ကျောင်းသားတပ်မတော်အတွင်းမှာ ဖြစ်ပွားခဲ့တဲ့ ကျောင်းသား အချင်းချင်းပြန်လည် ဖမ်းဆည်းသတ်ဖြတ်မှုကို ထိုစဉ်က ကျောင်းသားစခန်းသို့ ရောက်ရှိနေသာ ဂျပန်သတင်းထောက်တစ်ဦးရဲ့ မှတ်တမ်းဗီဒီယို ဖြစ်ပါသည်။

မှတ်တမ်းဘာသာပြန်အချို့
တိုင်းရင်သားလက်နက်ကိုင်အဖွဲ့အစည်းများထဲမှာ အင်အားတောင့်တင်းတဲ့ မြန်မာစစ်တပ်နဲ့ ဆန့်ကျင်တိုက်ပွဲဖြစ်နေတဲ့ ကချင်လွတ်မြောက်ရေး တပ်မတော်ဌာနေမြေထဲမှာ ဒီမိုကရေစီအရေးလှုပ်ရှားသူကျောင်းသားများ ၈၀၀ခန့် နေထိုင်ခဲ့ပါတယ် မနက်၅နာရီဆိုရင် အားလုံး အိပ်ယာထပြီး စစ်ရေးလေ့ကျင့်နေခဲ့ပါတယ်..အဲဒီအချိန်မှာဘဲ စစ်အစိုးရဘက်က သူလျှိုဆိုပြီး ဖမ်းထားတဲ့ သူတွေကို အပြင်ထုတ်လိုက်ပါတယ်..
သူတို့တွေဟာ ဒီမိုကရေစီအရေးလှုပ်ရှားသူကျောင်းသားများထဲမှာ ရောနှောပါဝင်နေတဲ့ စစ်အစိုးရရဲ့ သူလျှိုတွေ..ပါဂျောင်ဒေသမှာ ပြီးခဲ့တဲ့နှစ်က သူလျှိုအယောက် ၈၀လောက်လွှတ်ခဲ့ပါတယ်။။ အဲဒီအယောက် ၈၀ထဲမှ ၁၅ ယောက်ဟာ ဒီနေရာကို မလာခင်မှာ အဖမ်းခံခဲ့ရတာပါ..ကျနော်တို့လို သူလျှိုတွေ စစ်အစိုးရက အများကြီးလွှတ်ထားပါတယ်..တချို့ကတော့ စစ်အစိုးရက အတင်းအကြပ်ခိုင်းလို့၊တချို့ကတော့ငွေပေးလို့ သူလျှိုလုပ်ခဲ့ရပါတယ်..တခြားနေရာတွေမှာလည့်း  သူလျှိုတွေအများကြီးလွှတ်ထားပါတယ် (စမားညီညီရဲ့ ပြောကြားချက်)

အဲဒီအချိန်အခါတုန်း ရော်နယ်အောင်နိုင်ပြောသွားတာကတော့ မြန်မာအစိုးရက ဂျပန်အစိုးရထံမှ ကူညီငွေအထောက်အပံအများကြီးရနေပါတယ်..အဲဒီငွေတွေဟာ ဂျပန်နိုင်ငံသားတွေရဲ့ အခွန်ပေးဆောင်ထားတဲ့ငွေတွေပါ..အဲဒီငွေတွေနဲ့ စစ်အစိုးရက မြန်မာပြည်သူတွေကို သတ်နေပါတယ်.ဒီဟာက ဂျပန်ပြည်သူတွေက မြန်မာနိုင်ငံသားတွေအပေါ် နှိပ်စက်နေတာနဲ့ တူတူပါဘဲ..ကျနော်တို့ဟာ ဂျပန်ပြည်သူပြည်သားတွေကို တောင်းဆိုချင်တာကတော့ မြန်မာစစ်အစိုးရ ကိုထောက်ပံနေတာတွေ လုံးဝရပ်တန့်သွားအောင် ဂျပန်အစိုးရထံ ဖိအားပေးတောင်းဆိုဖို့ပြောချင်ပါတယ် (ရော်နယ်အောင်နိုင်)
 
http://www.dawnmanhon.com/2013/05/absdf-video-truth-of-21-century.html

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...