Tuesday, April 30, 2013

God Army ရတ်ခ်ျဘူရီ ဆေးရုံကိုဝင်စီးသောနေ့...


ဒီနေ့ပဲ့ ၂၄ - ၁- ၂၀၀၀ တုန်းက God Army ရတ်ခ်ျဘူရီ ဆေးရုံကိုဝင်စီးသောနေ့...အခုဆို (၁၃)နှစ် တိတိပြည့်ပြီ...ဂျော်နီ(ခ)ဗေဒါ ဦးဆောင်သည့် မြန်မာကျောင်းသားတပ် (ABSDF) ဟောင်း ၅ ဦး.. ဘန်ကောက်မြန်မာသံရုံးကို ဝင်စီးပြီး စစ်အစိုးရအပေါ်ဖိအားပေးခဲ့တယ်.. ထိုင်းအစိုးရနဲ့ ဂျော်နီတို့အုပ်စု ညှိနှိုင်းပြီး ထိုင်း - မြန်မာနယ်စပ်မှာ ဟယ်ရီကော့ပတာနဲ့တင်ပြီး သွားလွှတ်လိုက်တယ်...(အဲဒီအချိန်က ဂျော်နီတို့အဖွဲ့နဲ့အတူ လိုက်ပါလာသူကတော့ လက်ရှိ ဘန်ကောက်မြို့တော်ဝန် ဆူခိုဖန် ဘောရိဖတ် အဲဒီအချိန်က နိုင်ငံခြားရေး ဒု-ဝန်ကြီး ဖြစ်တယ်)...အဲဒီမှာ မြန်မာစစ်တပ်က ဂျော်နီတို့ ခိုအောင်းတဲ့ KNU တပ်ရှိရာ တနင်္သာရီတိုင်း ပလောက်နယ်မြေကို အပြင်းထန်ထိုးစစ်ဆင်တယ်...KNU ကလည်း သံရုံးဝင်စီးတဲ့ကိစ္စမှာ ထိုင်းအစိုးရနဲ့ မျက်နှာမပျက်ရအောင် အဲဒီအဖွဲ့ကို သီးသန့် God Army ဆိုပြီးနာမည်ပေး...ခွဲထွက်စေခဲ့တယ်. .. မြန်မာအစိုးရတပ်တွေနဲ့ ပြင်းထန်တဲ့ တိုက်ပွဲကြောင့် ရဲဘော်ရဲဘက်တွေ၊ ဒေသခံကရင်တွေ ဒါဏ်ရာရသူ များပြားလာတော့ ကျောင်းသားအပါဝင် ကရင်တွေနဲ့ပူးပေါင်းနေတဲ့ God Army ဟာ ရတ်ခ်ျဘူရီဆေးရုံကိုဝင်စီးပြီး ဆရာဝန်တွေကို ခေါ်သွားဖို့ကြံပါတော့တယ်...နောက်ဆုံး ထိုင်းစစ်တပ်က မလှိမ့်တပတ်နဲ့ လက်နက်ချခိုင်းပြီးမှ (၁၀)ယောက်လုံးကို မျက်နှာအဝတ်စည်းပြီး ခေါင်းတွေကို သေနတ်နဲ့ပစ်သတ်လိုက်ပါတယ်...အစပထမတော့ တိုက်ပွဲဖြစ်ချင်ဟန်ဆောင်ပြီး ပစ်ခတ်ရင်းသေသွားတယ်လို့ သတင်းလွှင့်ပေမယ့် ဒီကိစ္စကို မခံမရပ်နိုင် ဖြစ်ရတဲ့ ထိုင်းစစ်သားတဦးက ဖြစ်ရပ်မှန်ကိုပြောပြလို့ သိရတာပါ...အလောင်းတွေကိုတောင် ပြောက်ကြားယူနီဖေါင်းတွေချွတ် ကိုယ်လုံးတီးနဲ့ဓာတ်ပုံရိုက်ပြီး သတင်းစာမှာတင်ခဲ့တယ်....God Army ရဲ့လုပ်ရပ်ဟာ မှန်တယ်လို့ မဆိုနိုင်ပေမယ့် ရဲဘော်ရဲဘက်တွေအတွက် အသက်ကိုစတေးပြီး အနစ်နာခံခဲ့တာ သိမှတ်ပြုဖွယ်အဖြစ် ကျန်ရစ်ခဲ့ပါတယ်...
 
 
ဂျော်နီ့ကိုနောက်ပိုင်းမှာ ထိုင်းစစ်တပ်က အယုံသွင်းပီးသတ်လိုက်တယ်။ ၁၉၉၉ အောက်တိုဘာလမှာ ဗမာသံရုံးကိုစီးပီး စစ်အစိုးရကို အံတုခဲ့တာ မှတ်တမ်းတင်အပ်ပါတယ်။ http://news.google.com/newspapers?nid=2245&dat=19991002&id=_-c0AAAAIBAJ&sjid=NyEGAAAAIBAJ&pg=5372,3849061 

1 comment:

  1. ရပ်ခ်ျဘူရီ ဆေးရုံကိုဝင်စီးတာ ကိုဂျော်နီမပါဘူး
    ဗေဒါနဲ့ဆံရှည်ဦးဆောင်တာ အားလုံးပေါင်း၁၀ယေက်
    ကိုဂျော်နီိတို့အဖွဲ့ဟာ ကျောင်းသားစစ်သည်တော်အဖွဲ့ဖြစ်ပြီး
    God Army ကသတ်သတ် သီးခြားစီပါ ရပ်ခ်ျဘူရီ ဆေးရုံကိုဝင်စီးရာမှာလည်း
    နှစ်ဖွဲ့ပေါင်းပြီး စီစဉ်တာပါ ဒီဖြစ်ရပ်မှန်ကို ကိုယ်တိုင်ကြုံတွေရတဲ့
    နပ်(စ်)မက စတင်ဖွင့်ချတာဖြစ်ပြီး ကိုယ်တွေကြုံသူများမှ တယ်ရီဗေးရှင်း
    အင်တာဗျူး လိုင်းပေါင်းစုံသို့ပြောကြားရာမှာ( နပ်ဆူဆာ ဖားမား)မြန်မာကျောင်းသားတွေဟာ
    ထိုင်းစစ်တပ်မှ တဖက်သတ် စွတ်ပြစ်နေတဲ့ သေနပ်ကျဉ်ဆံတွေ လူနာတွေကို ထိမှန်မှာဆိုးလို့
    သူတို့ပြန်မပြစ်တဲ့အပြင် လူနာတွေကို ကျဉ်လွတ်ရာကိုတောင်ရွှေ့ ပေးခဲ့ပြီးမှ ကျောင်းသားတွေက ဆက်လက်မပြစ်ခတ်တော့ဘို့ သူတို့အနေဖြင့်လက်နက်ချအဖမ်းခံမည်ဖြစ်ကြောင်း ထိုင်စစ်တပ်နှင့် စကားပြောစက်နဲ့အပြန်အလှန်ဆွေးနွေးပြီး နှစ်ဘက်သဘော်တူညီချက်ရပြီး လူနာတွေကိုရှင်းပြတယ်
    မကြောက်ကြဘို့သူတို့အနေဖြင့် ပြန်မပြစ်ဘူးလူနာတွေကိုထိမှာစိုးလို့ဆိုပြီးလက်နက်ချအဖမ်းခံခဲ့ ပါတယ် ထို့နောက်ထိုင်းစစ်တပ်မှ ဆေးရုံတံခါးပေါက်အသီးသီးက၀င်ရောက်လာပြီး ကျောင်းသား တွေကိုဖမ်းပြီးအင်္ကျီဘောင်းဘီတွေကိုချွတ်ပြီးလက်နှစ်ဘက်ကိုနောက်ပြန်တုတ်ပြီး အားလုံးရဲ့ မျက်
    နှာတွေကို အ၀တ်ဖြင့်စီးပြီး ပြစ်သတ်ခဲ့ခြင်းဖြစ်ကြောင်း သတင်းဌာနအသီးသီး၏ မေးမြန်းအင်တာဗျူး
    ရာတွင် ဆေးရုံးတွင်းရှိကိုယ်တွေ့ကြုံသူအားလုံးနီးပါးက မြန်မာကျောင်းသား(နပ်ဆူဆာဖားမား)များကိုသနားကြကြောင်း ထိုင်းစစ်တပ်၏ အခုလိုလူသားချင်းမစာနာဘဲ လက်နက်ချ အဖမ်းခံတဲ့
    သူတွေကို နားထင်ကိုသေနပ်ဖြင့်တေ့ပြစ်သတ်လိုက်ခြင်းအား ၀ိုင်းရှုံးချခဲ့ကြတာကို ထိုင်းနိုင်ငံ
    တ၀ှမ်းလုံးသာမက ကမ္ဘာအရပ်ရပ်မှာပါ ဟိုးလေးတကြော်ကြော်ဖြစ်ခဲ့ပါတယ် ။

    ဒီရဲဘော်တွေရဲ့ လုပ်ရပ်ဟာ မှန်ကန် / မြတ်တရားပြီး ဂုဏ်ယူ ဂုဏ်ပြုထိုက်ပေတယ်
    ဒါကြောင့် ရပ်ခ်ျဘူရီ ဆေးရုံးစီးနှင်းမှုဟာ မြန်မာသမိုင်းမှာပါမက ထိုင်းအပါအ၀င် ကမ္ဘာသမိုင်းမှာပါ
    မမေ့သင့်မမေ့အပ်သော မြန်မာကျောင်းသားနှင့်ကရင်လူငယ် သူရဲကောင်းများကျဆုံးသည့်
    ( ၁၃ ) နှစ်ပြည် သူရဲကောင်းများနေ့လို့ အမည်ပေး ကဗျဉ်းမော်ကွန်းတင်၍ ဂုဏ်ပြုလိုက်ပါသည်
    သူရဲကောင်းများ ကောင်းရာသုဂတိလားပါစေ ...........

    ယင်းအဖြစ်မှန်အားလုံးကို ထိုအချိန်က DVB သတင်းဌာန၏ ဂုဏ်ရောင်ကို တင်ပေးခဲ့သူ DVB သတင်းဌာနမှ သတင်းထောက်ဖြစ်သူ ကိုထက်အောင်ကျော်က စဆုံးတိုင်ရွတ်ရွတ်ချွန်ချွန် စွန့်စွန့် စားစား သတင်းယူခဲ့သူအားမေးမြန်နိုင်ပါသည် ။

    သူရဲကောင်းများအား အစဉ်လေးစားလျှက်
    ရဲဘော်အောင်မြင့်ထွန်း

    ReplyDelete

Related Posts Plugin for WordPress, Blogger...