Wednesday, June 21, 2017

အရူး နဲ့ သူခိုး

………………
နေချင်သလိုနေတယ် ။
ပိပိရိရိ နေတယ် ။
အမှန်ပြောတယ် ။
လိမ်ညာ ပြောတယ် ။
သူထင် မြင်ရာ ကို အလောတကြီးပြောတယ် ။
သိုသိုသိပ်သိပ် အကွက်ချ ပြောတယ် ။

" ရန်သူတွေ၊ မိတ်ဆွေဖြစ်အောင် လုပ်ကြရတဲ့ နိုင်ငံရေး (သို့မဟုတ်) သေနတ်မလိုတဲ့ နိုင်ငံရေး "

Image may contain: text
Kyaw Win
စကားပလ္လင်
မြန်မာနိုင်ငံတွင်၊ လွတ်လပ်ရေးရအပြီး၊ သုံးလမျှမပြည့်တတ်သေးမီမှာပင်၊ ညီအကိုချင်း၊ စစ်ခင်းကြရသည့် ပြည်တွင်းစစ်ကြီးနှင့် တိုးခဲ့ရသည်မှာ အားလုံးအသိပင်ဖြစ်သည်။ ယခုအခါ နှစ်ပေါင်း (၇၀)နီးပြီဖြစ်သော၊ အဆိုပါ ‘ချသမိုင်း’ ကြီးအတွင်း၊ အဖွဲ့အစည်း တဖွဲ့စ နှစ်ဖွဲ့စလောက်နှင့် ငြိမ်းချမ်းရေး အရယူနိုင်ခဲ့သည်များ ရှိသလောက် ရှိပါသည်။ ၁၉၅၈ ခုနှစ်က ‘ပြည်သူ့ရဲဘော်ပါတီ’၊ ‘မွန်ပြည်သူ့တပ်ဦး’၊ ၁၉၆၄ ခုနှစ်က၊ ‘ကရင်တော်လှန်ရေးကောင်စီ’ စသည်တို့နှင့် ဖြစ်သည်။ သို့နှင့်တိုင်၊ ယခုလို တော်လှန်ရေးအင်အားစု တော်တော်များများနှင့် ညှိနှိုင်းဆွေးနွေးပြီးသကာလ၊ ငြိမ်းချမ်းရေး၏ အခြေခံမူအချို့ကို အရယူနိုင်ခဲ့သည် မှာကား၊ ပထမဆုံးအကြိမ်ပင်ဖြစ်သည်။

Saturday, June 10, 2017

ခွဲထွက်ခွင့်-နှင့် ကိုယ်ပိုင်ပြဋ္ဌန်းခွင့် အဆက်အစပ်


Kyaw Win

[ ကျော်ဝင်း ]
ခွဲထွက်ခွင့်
=======
နိုင်ငံတကာ ဖွဲ့စည်းပုံအခြေခံဥပဒေများကို၊ ပြန်ကြည့်လိုက်လျင် ‘ခွဲထွက်ပိုင်ခွင့်’ (right to secede) ကို၊ တရားဝင် ခွင့်ပြုထားသည့် နိုင်ငံဆို၍၊ ယ္ခင် ဆိုဗီယက်ယူနီယံ၊ ယူဂိုဆလပ်ဗီးယားနှင့် မြန်မာနိုင်ငံ၏ ၁၉၄၇ အခြေခံဥပဒေတို့သာ ရှိမည်ထင်ပါသည်။ ဆိုဗီယက်ယူနီယံနှင့် ယူဂိုဆလပ်ဗီးယားတို့မှာ ယခုအခါမရှိတော့ပါ။ ဆိုဗီယက်ယူနီယံပြိုကွဲပြီး၊ နိုင်ငံသစ်များ ပေါ်ထွက်လာချိန်မှာ၊ ဆိုဗီယက်တို့၏ အိုင်ဒီအိုလိုဂျီ လက်သီးဆုပ်ပြေကျချိန်ရောက်တော့မှ ဖြစ်သည်။

Thursday, June 1, 2017

မြန်မာ - ဗမာ အခေါ်အဝေါ် အသုံးအနှုန်း


Kyaw Kyaw Nyein Chan

မြန်မာ၊ ဗမာ အခေါ်အဝေါ် အသုံးအနှုန်း အကြောင်း
အတွေ့ အကြုံတချို့  ပြောချင်နေတာ ကြာပြီ …။
ဒါပေမဲ့ တခြား အရေးကြီးတဲ့ ပြဿနာတွေဖြေရှင်းတဲ့ဆီ
မရောက်ဘဲ အသုံးအနှုန်း စကားလုံး ဝေါဟာရနဲ့တင်
ရွာလည်နေမှာစိုးလို့ အဲ့ဒီကိစ္စ ရှေ့ တန်းမတင်ဖြစ်ဘူး …။

ဒေါ်အောင်ဆန်းစုကြည် ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲအပြီး
လွှတ်တော်ထဲရောက်သွားပြီးနောက် ပြည်ပခရီးစဉ်တွေ
ထွက်တဲ့ အခါ တိုင်းပြည်နာမည်အခေါ်အဝေါ်နဲ့ ပတ်သက်ပြီး
နိုင်ငံတကာက Myanmar လား၊ Burma လား မေးကြတယ်။

လေထန် မိုးသည်း ညမှ "အရွေ့"

၂၁ပင်လုံညီလာခံဒုတိယအစည်းအဝေး ဆွေးနွေးပွဲတွေထဲက အကြိတ်အနယ်တွေကို သူ့အမြင်၊သူ့ရှုထောင့်ကနေ ပြန်ရေးပြထားတဲ့ ဦးဇော်ဌေးရဲ့စာ..

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁)ရာစုပင်လုံ ၊ ဒုတိယအစည်းအဝေး အောင်မြင်စွာ ပြီးမြောက်ခဲ့ပါပြီ။
မေလ ၂၄ ရက်နေ့ကစလို့ ဆွေးနွေးပွဲတွေ ဆက်တိုက်ပြုလုပ်ခဲ့ရာမှာ ဒီကနေ့ ပြည်ထောင်စု လက်မှတ်ရေးထိုးပြီး စာချုပ်ချုပ်ဆိုနိုင်ခဲ့ကြပါတယ်။ ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုအတွက် ကြီးမားတဲ့ အရွေ့တစ်ခုလို့ ဆိုချင်ပါတယ်။
ဒီအရွေ့ဟာ အရေးကြီးပါတယ်။ နိုင်ငံရေးပြဿနာတွေကို နိုင်ငံရေးနည်းနဲ့ စားပွဲဝိုင်းမှာ ဖြေရှင်းကြဖို့ ကြိုးပမ်းအားထုတ်နိုင်ခဲ့ကြတဲ့ သက်သေတစ်ခု၊ မှတ်ကျောက်တစ်ရပ် ဖြစ်လာခဲ့ပါပြီ။ ဒီအရွေ့အတွက် ဖြတ်သန်းလာခဲ့တာတွေ ပြန်ကြည့်ရင် အခက်အခဲတွေ မျိုးစုံ ကျော်ဖြတ်ခဲ့ကြရပါတယ်။

ဒီနေ့ညနေရုံးချိန်း သွားသာနားထောင်ရရင် သိပ်ကြည့်ကောင်းမှာပဲ

Poem Myint

#အမေစု (နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်) အဖြစ်မှန် ကို အမြန်ဆုံး ဖတ်ရှု သိရှိ နိုင်စေဖို့ .. စာတိုက်က အမြန် ချောပို့နဲ့ပို့ခဲ့ပေမဲ့ မဖတ်ရသေးဘူးလို့ ယူဆတဲ့အတွက် ဒီကနေ့ဘဲ ပို့ပေးပါတယ် .. ကျွန်မအပေါ် ချောင်ပိတ် ဖိနှိပ်အနိုင်ကျင့် တရားစွဲထားတဲ့ အမတ် ၂ယောက်ကို အရေးယူပေးပါရန် …
(၆၆ - ဃ) ရုံးတင်
၃၁.၅.၁၇ (ဗုဒ္ဓဟူး)/ နေ့လည် ၁၂ နာရီ
ရန်ကင်းမြို့နယ် တရားရုံး။
(ပုဒ်မ - ၅၀၀)
၃၁.၅.၁၇ (ဗုဒ္ဓဟူး) နေ့လည် ၃ နာရီ
ရန်ကင်းမြို့နယ် တရားရုံး။
အဖြစ်မှန် သိဖို့ ကျွန်မ ရဲ့ ရုံးချိန်း တွေမှာ (Media အပါ အဝင်) မည်သူ မဆို လာရောက် ကြားနာ နားထောင် နိုင်ပါကြောင်း။

Tuesday, May 30, 2017

Sunday, May 28, 2017

ငါ့သားကို ဘယ်သူသတ်သလဲ

Tin Nyunt

အမေရိကန်တွေ ဗီယက်နမ်စစ်ပွဲကို စိတ်ပါသည်ဖြစ်စေ၊ စိတ်မပါသည်ဖြစ်စေ ဝင်ရောက် ဆင်နွှဲနေရချိန်ဖြစ် သည်။ စစ်သားတစ်ယောက်က ဆန်ဖရန်စစ္စကိုမှ သူ့မိဘများဆီသို့ ဖုန်းဆက်သည်။
“မေမေလား … မေမေ”
“သားလေး … သားလေး အသက်ရှင်နေသေးတယ်နော် … ပျော်လိုက်တာကွယ် … သားဘယ်တော့ ပြန်လာမလဲဟင်”
“သား … မကြာခင်ပြန်လာမယ်မေမေ … သားပြန်လာရင် သားသူငယ်ချင်းကို အိမ်ခေါ်လာချင်လို့ ရမလားမေမေ”
“ရတာပေါ့ သားရယ် … သားသူငယ်ချင်းပဲ”
“ဒါပေမဲ့ မေမေ … သားသူငယ်ချင်းက မိုင်းနင်းမိပြီးတော့ ခြေထောက်တစ်ဘက်၊ လက်တစ်ဘက် မရှိတော့ဘူး။ ဆိုးဆိုးဝါးဝါး ဒဏ်ရာရာထားတာ။ အဲဒါ သူ့ကို သားခေါ်လာမှာ”

သစ်ထူးလွင် သတင်းစုစည်း (၂၇-၅)

သစ်ထူးလွင်



Saturday, February 4, 2017

**** ဝင်္ကပါ အတွေး ****

Ashin Uttama

ဦးကိုနီ အသတ်ခံရမှုအပေါ် အရှင်ဘုရားဘယ်လိုမြင်လဲဘုရား။ ဒီအမှုက
ဘယ်လိုဖြစ်လာနိုင်သလဲဘုရား။တဲ့
အင်း...၁။ အချက်က ဦးကိုနီကိုဘာ့ကြောင့်ရွေးပြီးသတ်သလဲဆိုတာပဲ။
ဒါက ပုဂ္ဂလိကရန်ငြိုးတော့မဟုတ်ဘူး။ ဘာ့ကြောင့်လဲဆိုတော့ သူတို့ဟာပြိုင်ဘက်တွေ
မဖြစ်နိုင်ဘူး။ နောက်ပြီးတော့ ဘာသာရေးလို့ပြောရအောင်လည်း သတ်သူဟာ
အမျိုးဘာသာ သာသနာကို နည်းနည်းမှစိတ်မဝင်စားတဲ့ ဘုရားသူခိုးထောင်ထွက်။
ဒီတော့သတ်သူဟာ ကြေးစားဖြစ်ရမယ်။
ကြေးစားဆိုတဲ့နေရာမှာ တစ်ချက်စဉ်းစားစရာရှိတာက ကြည်လင်းကို ခိုင်းစေသူဟာ
ဦးကိုနီနဲ့ ပြိုင်ဘက်ဖြစ်နိုင်တယ်။ နောက်တစ်ချက်က ပြိုင်ဘက်ဖြစ်လို့သေစေချင်ရုံ
သက်သက်ဆိုရင်လည်း လူမြင်သူမြင် အစောင့်တွေရှိတဲ့လေယာဉ်ကွင်းမှာထက်
ဦးကိုနီရဲ့အိမ်မှာ တိတ်တဆိတ်လုပ်ကြံတာကပိုပြီးလွယ်ကူနိုင်တယ်။

စင်ကာပူကို ကျော်ချင်ရင်

စင်ကာပူကို နောက် နှစ် ၂၀ မှာ ကျော်ဖို့ဆိုတော့ စင်ကာပူလို စည်းကမ်းရှိဖို့၊ ဥပဒေလိုက်နာဖို့တော့ လိုမယ် ထင်တယ်ဗျ။ လုပ်ချင်တိုင်း မလုပ်ရလို့၊ ဖြစ်ချင် တာတွေ မဖြစ်ရလို့ အားအားရှိ အစိုးရကို ဆန္ဒပြနေတာနဲ့တော့ ကျော်ဟိန်းပြော သလို “ဆယ်နှစ်” “ဆယ်နှစ်” ဆိုပြီး လက်ငါးခါထောင်၊ ငါးခါလောက်အော်၊ ငါးနဲ့မြှောက်တာ တောင် ရောက်လာမယ်မထင်ပါဘူး။
စင်ကာပူနိုင်ငံရဲ့ ထူးဆန်းတဲ့ ဥပဒေတွေကို အွန်လိုင်းမှာ ဖတ်မိတယ်။ စင်ကာပူကို Fine City လို့ ခေါ်ကြောင်း သိရတယ်။ မဟုတ်တာလုပ်လို့ကတော့ အနည်းဆုံး ဒဏ်ငွေချတာပဲလို့ ဆိုပါတယ်။
တရားဥပဒေစိုးမိုးရေး၊ ပြည်သူတွေ စည်းကမ်းလိုက်နာရေးကို အဓိကထားလွန်းတာကြောင့် သူတို့နိုင်ငံမှာ ဘာလုပ်လုပ် အဆင်ချောနေတာပဲလို့တောင် ပြောပါတယ်။ အစိုးရက ပြည်သူတွေအတွက် အလုပ်ကောင်း ကောင်းလုပ်တယ်။ ပြည်သူတွေကလည်း စည်းကမ်းသာ မဖောက်နဲ့ “ဘာမှ မလုပ်ရင်၊ ဘာမှ မဖြစ်ဘူး” ဆိုတဲ့ သဘောနဲ့ နေထိုင်နိုင်ကြတယ်။

သစ်ထူးလွင် (3-2)

သစ်ထူးလွင်



Saturday, December 24, 2016

တဘက်လပ်နဲ့  တဘက်ပြတ်

Phyo Ko Ko Naing

တခါက ဘုရင် တာမလိန်းနဲ့  ဘုရင် ဘိုင်ဇတ် တို့  စစ်ဖြစ်ကြတယ်။ ဘိုင်ဇတ်က စစ်ရှုံးတော့ တာမလိန်းရှေ့ မှာ ဒူးထောက် ခစားဖို့  ဖမ်းခေါ်လာတယ်။ ဖမ်းခံထားရတဲ့ ဘိုင်ဇတ်ကို ကြည့်ပြီး တာမလိန်းက အူလှိုက်သည်းလှိုက် ရယ်တယ်။ အလှောင်ခံလိုက်ရတဲ့ ဘိုင်ဇတ်က ခေါင်းကို မော့ပြီး
"ဒီမှာ တာမလိန်း စစ်တပွဲနိုင်လို့  သိပ်မာန်တက်မနေနဲ့၊ ရှုံးနိမ့်တဲ့သူကို လှောင်ပြောင်နေတဲ့ မင်းလည်း တနေ့  ဝဋ်လည် မှာပဲ၊ အဲချိန်သာ မင်း ငါ့လို သတ္တိရှိပါစေ" လို့  ပြောလိုက်တယ်။
ဘုရင် တာမလိန်းက ခြေတဘက်ပြတ်ဖြစ်တယ်။ ဘုရင် ဘိုင်ဇတ်က မျက်စိ တဘက်လပ်တယ်။ ဒါက စစ်က ပေးထားတဲ့ ဒဏ်ရာတွေ။
ဘိုင်ဇတ်ရဲ့  ရဲဝံ့တဲ့ ဒီစကားကြားတော့ တာမလိန်း က ထပ်ရယ်တယ်။ ပြီးတော့မှ
"ဘိုင်ဇတ်ရေ ဒီအောင်မြင်မှုအတွက် ရယ်ရင် ငါ ငတုံးပေါ့၊ ငါရယ်တာက ငါတို့  နှစ်ယောက် အဖြစ်ကို တွေးမိလို့ ပါ၊ မင်းက တဘက်လပ်၊ ငါက တဘက်ပြတ်လေ၊ ဘာလို့ များ ငါတို့ လက်ထဲကို ဘုရားသခင်က တိုင်းပြည်တွေ ထည့်ထားတာလဲ ဆိုတာ စဉ်းစားမိလို့  ရယ်မိတာပါ"တဲ့။

သစ်ထူးလွင် (23-12)

သစ်ထူးလွင်



Wednesday, December 21, 2016

နာရီပတ်မယ်ဆိုရင်

Tin Nyunt

နာရီအကြောင်း လူပြောများနေတော့ ကျွန်တော်က အမေရိကန်သမ္မတပတ်တဲ့ နာရီအကြောင်း စိတ်ဝင်စားစွာ စူးစမ်းမိသဗျ။ အဲဒီမှာ ခေတ်အဆက်ဆက် သမ္မတတွေရဲ့ နာရီဇာတ်ကြောင်းတွေကို သွားတွေ့တော့တာပဲ။ အလွန်စိတ် ဝင်စားစရာကောင်းတယ်။ ခုတော့ အိုဘားမားနာရီအကြောင်း ပြောရဦးမယ်။
အိုဘားမားဆိုတာသိတယ် မဟုတ်လား။ ခေတ်ကိုယှဉ်ပြီး လိုက်ချင်နေတာ။ နည်းပညာကို အရမ်းစိတ်ဝင်စား တော့ ၂၀၁၆ ခုနှစ် ဇန်နဝါရီလမှာဝယ်ပတ်တာ ဒေါ်လာ ၂၅၀ တန်တဲ့ Fitbit Surge နာရီ။ GPS ရလို့ သဘောကျ တာတဲ့။

သစ်ထူးလွင် 20-12

သစ်ထူးလွင်



Sunday, November 13, 2016

ထရမ့် ဘာလို့ နိုင်သလဲ

Tint Swe

By ဒီဗွီဘီ 11 November 2016
အမေရိကန်သမ္မတရွေးကောက်ပွဲမှာ ရင့်သီးကြမ်းတမ်းပြီး လက်လွတ်စပယ် ပြောတတ်တဲ့ သူ၊ အသက်လည်းကြီးတဲ့သူ၊ ထင်မထားသူ ဘာလို့ နိုင်သလဲ။ ဒေါ်နယ်ထရမ့်ကို ‘စီအင်အင်’၊ ‘ဘီဘီစီ’၊ ‘အယ်လ်ဂျာဇီးရာ’ လို ကမ္ဘာ့ထိပ်တန်း မီဒီယာတွေကအစ မျှော်လင့်မထားခဲ့ကြပါ။ ဒါပေမယ့် တရားဝင်မဲပေးခွင့် ရှိသူတွေက တရားသဖြင့် ရွေးပေးလိုက်တာကို ဟယ်လာရီကိုယ်တိုင် ညတွင်းချင်း ဝန်ခံပြီး ဒေါ်နယ်ထရမ့်ကို ချီးကျူးစကားပြောပြီးပါပြီ။ ပြိုင်ဘက်နှစ်ဦးလုံးကနေ ဒီမိုကရေစီသံစဉ်နဲ့အညီ နယူးယောက်ဟိုတယ်တွေကနေ ပြောကြပါတယ်။

အဆုံးအဖြတ်

Tin Nyunt

တိုက်ပွဲက အလွန်ပြင်းထန်နေချိန်ဖြစ်သည်။ တစ်ဘက် ရန်သူတွေကလည်း အင်အား များသည်ထက် များလာ သည်။ ဂျပန်တပ်မှူးကြီးကလည်း မိမိစစ်သားများကို ဆက်လက်တိုက်ပွဲဝင်ခိုင်းရမည်ကို ချင့်ချိန်နေမိသည်။
စစ်သားများ ချီတက်လာရာ လမ်းကြောင်းပေါ်တွင် ဂျပန် နတ်ဘုရားကျောင်းတစ်ကျောင်းရှိသည်။ ဘုရား ကျောင်းရှေ့သို့ စစ်သားများ ရောက်ချိန်တွင် တပ်မှူးကြီးက အားလုံးကို ရပ်ခိုင်းလိုက်ပြီး
“ရဲဘော်တို့ ဒီတိုက်ပွဲဟာ ငါ့အတွက် ဆုံးဖြတ်ရခက်လှတယ်။ တိုက်သင့်သလား၊ ရှောင်သွားသင့်သလား၊ ငါ့အဆုံးအဖြတ်ဆိုတာထက် တန်ခိုးရှင်ရဲ့ အဆုံးအဖြတ်ကို ခံယူဖို့ မင်းတို့ သဘောတူကြသလား”
စစ်သားအားလုံးက ဝမ်းသာအားရ
“သဘောတူပါတယ်” ဟုအော်လိုက်ကြသည်။

သစ်ထူးလွင် (12-11)

သစ်ထူးလွင်



Thursday, November 3, 2016

ရာဇတောဝါ

Tin Nyunt

ကမ္ဘာဦးတုန်းက လူတွေကို လူတွေကို ပြန်အုပ်ချုပ်ဖို့ မဟာသမ္မတမင်းကို တင်မြှောက်ကြသတဲ့ဗျ။ ကျမ်းဂန်တွေမှာတော့ မဟာသမ္မတမင်းကို ရသေ့မုနိ အစရှိတဲ့ သူတော်ကောင်းတွေနဲ့ တိုင်ပင်ပြီး အုပ်ချုပ်ဖို့ တင်မြှောက်ခဲ့ကြတာပဲ။
ဟိုးတုန်းကတည်းက အထူးထူးသော ဓမ္မသတ်တွေကို ကူးရေးထားပြီး အဲဒီ ဓမ္မသတ်တွေအတိုင်း အုပ်ချုပ်ကြ သတဲ့။ ဓမ္မသတ်တွေအတိုင်း အဂတိတရားလေးပါးမလိုက်ပဲ စီရင်ဖို့ မဟာသမ္မတမင်းကလည်း ကတိခံရတယ်။
လူတွေက သူတို့ထဲက လူတစ်ယောက်ကို သမ္မတမင်းတင်မြှောက်တော့ တောင်းဆိုတာ လေးချက်ပဲရှိတယ်။
(၁) ငါတို့ကို တရားအတိုင်း ဆုံးဖြတ် အုပ်ချုပ်ပေးပါ
(၂) ငါတို့ကောင်းရောင်း ကောင်းဝယ် စိတ်ငြိမ်းချမ်းစွာ နေထိုင် လုပ်ကိုင် စားသောက်နိုင်ဖို့ စောင့်ရှောက်ပါ
(၃) ငါတို့ အကျိုးစီးပွားများ ဖြစ်ထွန်းစေဖို့ ကူညီပါ
Related Posts Plugin for WordPress, Blogger...